ဗုဒ္ဓဘာသာဝင်တွေကလည်း လူသားတွေပါ။ တခြားသူတွေလိုပဲ မိမိဘာသာကိုပဲ အကောင်းဆုံး အမှန်ဆုံးလို့ ယုံကြည်ကြသူတွေပါ။ ကမ္ဘာအရပ်ရပ်ကို လိုက်ပြီးမဖြန့်ဖြူးနိုင်လျှင်ေ
တချို့ပြောနေကြတဲ့ ဗုဒ္ဓဘာသာဟာ ငြိမ်းချမ်းတဲ့ ဘာသာ၊ ကိုယ့်ရဲ့သီလ သမာဓိကို လုံခြုံအောင် မိမိဘာသာ ကျင့်ကြံရတဲ့ဘာသာ၊ သည်းခံရတဲ့ ဘာသာဆိုတာတွေ အားလုံးမှန်ပါတယ်။ ဗုဒ္ဓရဲ့ အဆုံးအမထဲမှာ ၉၆၉ ဆိုတာတိုက်ရိုက်မပါဘူး ဆိုတာလဲ မှန်ပါတယ် (ဒါပေမယ့်မိမိအမျိုးအနွယ်ကို စောင့်ရှောက်ဖို့တော့ ဇာတ်တော်အတိကျနှင့်တကွ ဟောကြားခဲ့ပါတယ်။)(အမျိုးစောင့်သော ကြွက်မင်း)
ခက်တာက ဗုဒ္ဓဘာသာကွယ်ပျောက်သွားခဲ့ရင် ကျွန်တော်တို့က၊ ကျွန်တော်တို့ရဲ့ သားမြေးမြစ်တွေက သံသရာရဲ့ ၀ဲသြဃက လွတ်မြောက်အောင် ဘယ်မှာသွား တရားအားထုတ်ရမှာလဲ။ ဘယ်သူတွေက တရားပြပေးဦးမှာလဲ။ ဘယ်မှာသွားတရားနာပြီး အဆုံးအမ ခံယူရမှာလဲ။ ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော အကျိုးအတွက် ဘာတွေကကောင်းတယ်၊ ဘာတွေက မကောင်းဘူးဆိုတာကို ဘယ်သူတွေက ပြောပြကြမှာလဲ။
ဘာသာတရားဆိုတာ နိုင်ငံခြားက ကားတင်သွင်းသလို တင်သွင်းလို့မရပါဘူး။ တစ်ခုမရှိရင် နောက် တစ်ခုရှိရင်ပြီးရော မဟုတ်လားဆိုပြီး လုပ်လို့မရပါဘူး။ ခုအခါ မြန်မာနိုင်ငံထဲမှာ ဘာသာ လူမျိုးမတူတဲ့ အုပ်စုတစ်ခုက လူ့အခွင့်အရေး အကြောင်းပြပြီး ၀င်ရောက်ဖို့ ကြိုးစားနေပါတယ်။ ဘာသာတူသူ ပြည်တွင်းနေတချို့ကလဲ အဲဒီကိစ္စကို ထောက်ခံနေကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဖက်ကကြည့်ရင် (သူတို့ရဲ့သမိုင်းကြောင်းဖက်က တွေးကြည့်ရင်) ဒါဟာ နယ်ချဲ့ခံရတာပါ။ အမျိုး၊ ဘာသာ၊ သာသနာ အတွက် အန္တရာယ်ပါ။ အဲဒီအန္တရာယ်ကနေ ဗုဒ္ဓဘာသာကွယ်ပျောက်သွားနိုင်တဲ့
ဗုဒ္ဓဘာသာဝင်တွေက မိမိဘာသာကွယ်ပျောက်သွားမှာကို အရမ်းစိုးရိမ်နေကြပါပြီ။ ဒီအချိန်မှာ သူတို့ လုပ်နိုင်တာ တစ်ခုပဲရှိပါတော့တယ်။ မိမိဘာသာဝင်တွေ ကိုမိမိရဲ့ ဘာသာတရားကို တန်ဖိုးထား လာအောင်နဲ့ တည်တံ့အောင် စောင့်ရှောက်ဖို့ တွန်းအားပေးဖို့ပါ။
ထူးခြားတာက ဗုဒ္ဓဘာသာဝင်တွေက တခြားလူနည်းစု ခရစ်ယာန်နဲ့ ဟိန္ဒူဘာသာဝင်တွေနဲ့တော့ ပြဿနာက လုံးလုံး ကို မရှိတာပါ။ သူတို့အချင်းချင်းကြားမှာက Fair play ပါ။ လူမှုရေးအရလည်း ပြဿနာ မရှိပါဘူး။ ထမင်းအတူစား လို့ရတယ်။ ချစ်ခင်စုံမက်ရင် အတူလက်ထပ်လို့လည်း ရပါတယ်။ ဘာသာတရားရဲ့ အဆုံးအမက ဘာမှအနှောင့်အယှက် မဖြစ်ပါဘူး။
မိမိနှင့်သက်ဆိုင်ရာ အပိုင်းအလိုက် ယူငင်၍ စဉ်းစားအသုံးချနိုင်ကြပါစေ။
moe gyoe
No comments:
Post a Comment