Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Friday, April 5, 2013

၉၆၉ အပေါ် ဆရာတော်များ၏သုံးသပ်ချက်

မိတ္ထီလာအပါအဝင် လတ်တလောဖြစ်ပွားနေသော ပဋိပက္ခများမှာ ၉၆၉ နှင့် ပတ်သက်မှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ဦးဝီရသူ၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ အတွင်းရေးမှူး ဆရာတော် အရှင်ကုသလသာမိ၊ ပဲခူးမြို့ အောင်ဇေယျာ စာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးသာသနသိရီတို့နှင့် တွေ့ဆုံကာ ၉၆၉ ပေါ်ပေါက်လာပုံနှင့် ၉၆၉ အပေါ် ဆရာတော်ကြီးများ၏ အမြင်ကို တွေ့ဆုံမေးမြန်း ထားသည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

ဆရာတော် ဦးဝီရသူနှင့် တွေ့ဆုံခြင်း


Voice ။ ။ အခုဖြစ်နေတဲ့ ပဋိပက္ခ တွေ မှာ ၉၆၉ နဲ့ ပတ်သက်မှုရှိတယ်လို့ တချို့သော သူတွေက သံသယဖြစ်နေကြတယ်။ အဲဒီအပေါ်မှာ ဆရာတော်အနေနဲ့ ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။

ဆရာတော် ။ ။ ၉၆၉ က ဘုရားဂုဏ်တော် ကိုးပါး၊ ဓမ္မဂုဏ်တော်ခြောက်ပါး၊ သံဃာ ဂုဏ်တော်ကိုးပါး ရတနာသုံးပါးကို ရည်ရွယ် ပြီးတော့ သင်္ကေတေပြုထားတာ။ အဓိကရုဏ်းနဲ့ ဘာမှမဆိုင်ပါဘူး။ မိတ္ထီလာ မြို့ကို ၉၆၉ လှည့်လည်ဟောပြောတဲ့အဖွဲ့ တစ်ဖွဲ့မှ ရောက်မလာဘူး။ ၉၆၉ လည်း တစ်ရွက်မှ မရောက်ဘူး။ ၉၆၉ အဖွဲ့ ရောက်တဲ့ နေရာတိုင်းမှာ ဘာအဓိကရုဏ်းမှ မဖြစ်ဘူး။ မန္တလေးဆိုရင် မောင်တော အဓိကရုဏ်း ကတည်းကိုက သွေးကြွနေတဲ့ သူတွေ၊ နိုင်ငံရေးသမားတွေ ပါတယ်။ ဦးပဉ္စင်းဆီကို လာကြတယ်။ ဒါပေမဲ့ ဦးပဉ္စင်း ထိန်းနိုင်ခဲ့တယ်။ မိတ္ထီလာမှာဖြစ်တယ်၊ မန္တလေးမှာ ဘာမှမဖြစ်ဘူး။ ၉၆၉ ပေါက်ဖွားရာနေရာ မော်လမြိုင်မှာ ဘာမှမဖြစ်ဘူး။ ၉၆၉ ကူးစက်သွားတဲ့ သံတွဲဘာမှမဖြစ်ဘူး။ အခြားမြို့နယ်တွေမှာပါ ဘာမှမဖြစ်ဘူး။ ပဲခူးမှာ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေဆိုရင်လည်း ၉၆၉ နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ မရောက်ဘူး။ လုံးဝအချိတ်အဆက် မရှိဘူး။ အဆက်အသွယ် လုံးဝမရှိဘူး။ ၉၆၉ ဥပဒေ ကိုသာ လိုက်နာမယ်ဆိုရင် ဘာအဓိကရုဏ်း မှ မဖြစ်ဘူး။ ဦးပဉ္စင်း ရဲရဲ အာမခံရဲတယ်။
၉၆၉ ကို တရားခံအဖြစ် လုပ်နေတာဟာ လူကို မဖော်ထုတ်နိုင်လို့ အပြစ် မရှိတဲ့သူကို ထုထောင်းပြီး တရားခံပါလို့ အတင်းဝန်ခံ ခိုင်းသလိုမျိုး ဖြစ်နေတယ်။ အခုလည်း မိတ္ထီလာပဋိပက္ခမှာ တကယ်အပြစ်ရှိတဲ့ သူကို မဖော်ထုတ်နိုင်တဲ့အခါ အပြစ်မရှိတဲ့ ၉၆၉ ကို ထုထောင်း ရိုက်နှက်နေတယ်လို့ ခံစားမိပါတယ်။
"၉၆၉ကြောင့် အဓိကရုဏ်း ဖြစ်တယ်လို့ အထောက်အထားပြနိုင်ရင် ဦးပဉ္စင်းတို့ ဒီနေ့ ရပ်တန့်ပေးပါမယ်"
Voice ။ ။ တချို့ကလည်း ၉၆၉ က ၇၈၆ ကို တုံ့ပြန်တဲ့အနေနဲ့ လုပ်တယ်လို့ လည်း သတင်းတွေထွက်နေတယ်။ အဲဒီ အပေါ်မှာရော ဘယ်လိုမြင်ပါလဲဘုရား။

ဆရာတော်။ ။ ၇၈၆ ကို တုပြီးပေါ်လာတဲ့ ဂဏန်းသုံးလုံးပါ။ ကိန်းဂဏန်းအားဖြင့် တော့ ၇၈၆ က သာတယ်။ ဒါပေမဲ့ ဦးပဉ္စင်းတို့ အခုလုပ်နေတဲ့ မူဝါဒတွေ၊ ဟောပြောနေတာ တွေက ဦးပဉ္စင်းတို့မှာ ကိုယ်ပိုင် အိုင်ဒီယာ ဘာမှမရှိဘူး။ မွတ်ဆလင်တွေ လုပ်တဲ့အတိုင်းပဲ လိုက်လုပ်နေရတာ။ ပြောရမယ်ဆိုရင် ခံစစ်နဲ့ လုပ်နေရတာ၊ တိုက်စစ်တစ်ခုမှ လုပ်တာမရှိသေးဘူး။ သူတို့က သူတို့ဆိုင်အချင်းချင်း ဈေးဝယ် ရမယ်လို့ ကန့်သတ်လို့ ဦးပဉ္စင်းတို့ကလည်း ကိုယ့်လူမျိုးဆိုင်ကပဲ ဝယ်ရမယ်လို့ ကန့်သတ်တာ။ သူတို့က ၇၈၆ လုပ်လို့ ဦးပဉ္စင်းတို့က ၉၆၉ လုပ်တာ။ ဒါပေမဲ့ အကုန်လုံး မတုပနိုင်သေးဘူး။ ဥပမာ - မွတ်ဆလင်ကို ညားရင် သူတို့ဘာသာကို ဝင်ရတယ်။ ဦးပဉ္စင်းတို့ကျတော့ အဲဒီလို မကျင့်သုံးရဲဘူး။ အဲဒါကြောင့် ဦးပဉ္စင်းတို့ လုပ်နေတာက ၇၈၆ နည်းဗျူဟာတွေပါ။

Voice ။ ။ ၉၆၉ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဆက်လုပ်ဖို့ရှိပါသလား။ သို့မဟုတ် ရုပ်သိမ်းဖို့ ရှိပါသလား။

ဆရာတော် ။ ။ ရတနာသုံးပါးရဲ့ သင်္ကေတ ကို ဦးပဉ္စင်းတို့လူမျိုး တည်ရှိနေသရွေ့ သုံးစွဲသွားမှာပါ။ အသက်ထက်ဆုံး ဦးထိပ်ထားပြီးတော့ သုံးစွဲသွားမှာပါ။ ၉၆၉ လှုပ်ရှားမှုကတော့ ဦးပဉ္စင်းတို့က အမြဲတမ်း ဆက်လုပ်နေရမှာပဲ။ ၇၈၆ ကို တိတိကျကျ ထုတ်ပြန်ပြီးတော့ ၇၈၆ က ၂၁ ရာစုမှာ မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့လုပ်တာ မဟုတ်ဘူးလို့ တရားဝင် ကြေညာပေးရင် ၉၆၉ လှုပ်ရှားမှုကိုလည်း ရပ်တန့်မယ်။ ၉၆၉ ကြောင့် ဖြစ်တာမဟုတ်ဘဲနဲ့ ၉၆၉ ကို ရုပ်သိမ်းပေးရမယ်ဆိုတာ လုံးဝသဘာဝ မကျဘူး။

Voice ။ ။ ၉၆၉ ကြောင့် ပဋိပက္ခ တစ်စုံတစ်ရာဖြစ်ခဲ့ရင် ဆရာတော်တို့အနေနဲ့ ဘယ်လိုလုပ်ဖို့ရှိပါသလဲ။

ဆရာတော် ။ ။ ၉၆၉ ကြောင့် ဖြစ်တယ် ဆိုရင်တော့ ဦးပဉ္စင်းကိုယ်တိုင် အရေးယူ သွားမယ်။ ၉၆၉ကြောင့် အဓိကရုဏ်း ဖြစ်တယ်လို့ အထောက်အထားပြနိုင်ရင် ဦးပဉ္စင်းတို့ ဒီနေ့ ရပ်တန့်ပေးပါမယ်။ မိတ္ထီလာမှာ အဓိကရုဏ်း စဖြစ်တယ်။ ဒါပေမဲ့ ၉၆၉ တစ်ရွက်မှ မရောက်ဘူး။ ဦးပဉ္စင်းတို့ ဖြန့်ခဲ့တာက Save Our Country, Save Our Future ဒါပဲ ဖြန့်ခဲ့ တယ်။ မိတ္ထီလာမှာ ဖြစ်ခဲ့တာနဲ့ ဘာဆိုင်လဲ။ ၉၆၉ ကို တရားခံလို့ ဖော်ထုတ်နိုင်ရင် ၉၆၉ ကို ဒီနေ့ ရပ်တန့်ပေးပါ့မယ်။

Voice ။ ။ ၉၆၉ ရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လိုမျိုး ပေါ်ပေါက်လာတာလဲဆိုတာ ရှင်းပြပေးပါဘုရား။
ဆရာတော် ။ ။ ၉၆၉ စတင်တီထွင်တဲ့ သူကတော့ နဖလ ဦးကျော်လွင်ပါ။ သာသနာထွန်းကား ပြန့်ပွားရေးမှာ ညွှန်ချုပ်အဆင့်အထိ လုပ်ခဲ့ပါတယ်။ ဘာသာရေး စာရေးဆရာပါ။ ရှေ့နေလည်း ရှေ့နေပါ။ သူဘယ်တုန်းက တီထွင်တယ် ဆိုတာ မသိပေမယ့် သူရေးထားတဲ့ စာအုပ် မှာတော့ စပြီးဖော်ပြတာက ၁၉၉၈ ခုနှစ်ပါ။ အဲဒါကို သဘောကျလို့ ဦးပဉ္စင်း အသုံး ပြုခဲ့တာကတော့ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃ ခုနှစ်လောက်မှာ ၉၆၉ သင်္ကေတလေးတွေကို ဦးပဉ္စင်းကစပြီး တီထွင်တာ။ အဲဒီတုန်းက စတစ်ကာ ခေတ်မစားသေးတဲ့အတွက် သိပ်ကျယ်ကျယ်ပြန့်ပြန့် မရှိခဲ့ပါဘူး။ အခု စတင်သုံးစွဲတာကတော့ သီတင်းကျွတ် လောက်က ဖြစ်တယ်။ မော်လမြိုင် ဂဏဝါစက သံဃာ့ကွန်ရက်က လိုဂိုနဲ့ စတစ်ကာကို တီထွင်လို့ ကျယ်ပြန့်သွားတာ။ ဒါပေမဲ့ ဦးပဉ္စင်းက တစ်ရွက်မှ မဖြန့်ရသေးဘူး။ ရည်ရွယ်ချက်က ကိုယ့်လူမျိုး ကိုယ့်ဘာသာ အချင်းချင်း စီးပွားရေး၊ လူမှုရေး အားပေးဖို့ပါ။

ကျောင်းထိုင်ဆရာတော် ဦးသာသနသိရီ နှင့် တွေ့ဆုံခြင်း


Voice ။ ။ ၉၆၉ ဆိုတဲ့ ဝေါဟာရတွေ အတော်လေး ခေတ်စားလာတာ တွေ့ရပါတယ်ဘုရား။ ၉၆၉ နဲ့ ပတ်သက်ပြီး အရှင်ဘုရားရဲ့ အမြင်ကို သိပါရစေ။

ဆရာတော် ။ ။ ၉၆၉ ဆိုတာ ခုမှ စသုံးတာတော့ မဟုတ်ဘူး။ နှစ်ဖက်လှ ဦးကျော်လွင် ဆိုတာ ၉၆၉ ကို ဗုဒ္ဓဘာသာရဲ့ သင်္ကေတ အနေနဲ့ သတ်မှတ်ဖို့ ပြောခဲ့ဖူးတယ်။ ဗုဒ္ဓ ဘာသာက ဘုရား၊ တရား၊ သံဃာကို ဦးထိပ် ထားတာကိုး။ ဦးထိပ်ထားတယ် ဆိုတဲ့နေရာ မှာ ဂုဏ်တော်ကို ဦးထိပ်ထားစေချင်လို့ ၉၆၉ လို့ ပြောခဲ့တာ။ ဦးကျော်လွင်က လမ်းညွှန်တဲ့သဘော၊ အကြံပြုတဲ့သဘော အနေနဲ့ပဲ ရေးခဲ့တာ။ ၉၆၉ ဆိုတာကို ခုတုံး လုပ်တာမဟုတ်ဘဲ ဦးထိပ်ရွက်တဲ့သဘော ဆိုရင် လက်ခံပါတယ်။ ခုတုံးလုပ်တယ်၊ အုပ်စုဖွဲ့တဲ့ သဘောဆိုရင် မကောင်းပါဘူး။ အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့ဖို့ပြောခဲ့တာတော့ မဟုတ်ပါဘူး။

Voice ။ ။ တရားတစ်ပုဒ် ဟောတယ် ဆိုတာ ဟောတဲ့ပုဂ္ဂိုလ်အပေါ်မှာ ဘယ်လောက် တာဝန်ကြီးပါသလဲဘုရား။

ဆရာတော် ။ ။ ဦးပဉ္စင်းတို့ဘုရားက တရားတွေဟောခဲ့တယ် ဆိုတာ ကောင်းစေချင်လို့ ကောင်းတာတွေကိုပဲ ဦးတည်ဟောခဲ့တာ။ ကောင်းတာတွေပဲ လမ်းညွှန်ခဲ့တာ။ ကောင်းတာတွေကို ဖော်ထုတ်ပြီး လိုက်နာ ကြမယ်ဆိုရင် နားထောင်တဲ့ပုဂ္ဂိုလ်အတွက် ကျေနပ်စရာတွေဖြစ်စေတယ်။ စိုးရိမ်စရာ ပူပန်စရာတွေ ငြိမ်းစေရမယ်။ အဆင်ပြေမှု တွေနဲ့ ကြုံတွေ့စေရမယ်။ ဘုရားကို စံထား ပြီးတော့ ကောင်းတာတွေပြောမယ်။ ကောင်းတာတွေ ဟောမယ်ဆိုရင် ကောင်းတာပေါ့။ ဟောတဲ့ တရားတစ်ပုဒ်ဟာ နာကြားလိုက်ရလို့ ပီတိ ဖြစ်တယ်၊ စိတ်ကြည်နူးတယ်၊ နှစ်သက်စရာ၊ ကျေနပ်စရာတွေ ဖြစ်သွားတယ်ဆိုရင် ကောင်းတာပေါ့။ တရားဟောတာ ဟုတ် မဟုတ် ဆိုတာကို ဒါနဲ့ပဲ စစ်တမ်းထုတ်ရမယ်။ စကားပြောတာကတော့ ဘယ်လိုပြောပြော ဖြစ်ပေမယ့် တရားဟောတာကတော့ ဘုရားရဲ့နည်းအတိုင်းပဲ ကျင့်ကြံဟောပြ နိုင်ရမယ်။ တရားဆိုတာ စိတ်ကြည်နူး စေရမယ်၊ ကောင်းတဲ့ဘက်ကို လမ်းညွှန် နိုင်ရမယ်။ စိုးရိမ်ပူပန်စရာတွေ ကင်းရမယ်။ ထိတ်လန့်ကြောက်ရွံ့မှုတွေ မဖြစ်ပေါ် စေရဘူး။ ဗုဒ္ဓဝင်ပါဠိတော်မှာလည်း ဘုရားက ဒီအတိုင်းဟောခဲ့ပါတယ်။

အရှင်ကုသလသာမိနှင့် တွေ့ဆုံခြင်း


Voice ။ ။ အခုအချိန်မှာ လူတွေကြားထဲ ၉၆၉ ဘာလဲဘယ်လဲဆိုပြီး သို့လော သို့လော ဖြစ်နေကြတဲ့အတွက် ၉၆၉ အကြောင်း အများနားလည်အောင် မိန့်ပါဘုရား။

ဆရာတော် ။ ။ ၉၆၉ ဆိုတာ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော် ကို ကိုယ်စားပြုပါတယ်။ တခြားဘာသာ တွေမှာ အမှတ်တံဆိပ်တွေရှိသလို ကိုယ့်ဘာသာမှာလည်း ရှိသင့်တယ်ဆိုပြီး လုပ်ကြတာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာတိုင်းဟာ ၉၆၉ ကို တန်ဖိုးထားရမယ်။ ၉၆၉ ဆိုတာ ဂိုဏ်းလည်းမဟုတ်ဘူး။ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ ဗုဒ္ဓဘာသာတွေ အားလုံးလည်း နားလည်သင့်တာက ၉၆၉ သည် ဂိုဏ်းဂဏမဟုတ်၊ အဖွဲ့အစည်း မဟုတ်၊ အဲ့ဒီလိုသိထားရမယ်။ တချို့က အဖွဲ့အစည်းတစ်ခုလို့ ထင်နေတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာအားလုံးသည် ၉၆၉ တွေပဲ ဆိုတဲ့ သဘောလေးကို သိစေချင်တယ်။

Voice ။ ။ ၉၆၉ လှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက်က ဘာဖြစ်မလဲဘုရား။

ဆရာတော် ။ ။ အဓိကရည်ရွယ်ချက် ကတော့ ဗုဒ္ဓဘာသာဝင်တွေဟာ နောက်ပိုင်းမှာ စည်းလုံးမှုအားနည်းလာတယ်။ အဲ့ဒါကြောင့် အချင်းချင်းစည်းလုံးမှုရှိအောင် လူမှုရေး၊ စီးပွားရေးမှာ ကူညီရိုင်းပင်းနိုင်အောင် ၉၆၉ ဆိုတဲ့တံဆိပ်ကို ဆိုင်တိုင်းနေရာတိုင်းမှာ ကပ်ကြဖို့ပြောတာ။ ၉၆၉ ဆိုတာ မြင်လိုက်တာနဲ့ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ် ကို ချက်ချင်းအောက်မေ့ပြီး ကုသိုလ်စိတ် တွေဖြစ်အောင်ပါ။

Voice ။ ။ ၉၆၉ ကို ဘယ် အချိန်မှာ ဘယ်သူတွေကစခဲ့တယ်ဆိုတာ သိလိုပါတယ်။

ဆရာတော် ။ ။ ၉၆၉ ဘယ်အချိန်မှာ ဘယ်သူတွေက စခဲ့တာ အတိအကျပြောဖို့ တော့ ခက်တယ်။ သိသလောက်ဆိုရင်တော့ ၉၆၉ ကို ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်တွေကို ရည်ညွှန်းပြီး ဗုဒ္ဓဘာသာ အမှတ်တံဆိပ် လုပ်သင့်တယ်လို့ ပြောကြတာတွေရှိတယ်။ ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ပေမယ့် ၉၆၉ ကို ကားတွေ၊ အိမ်တွေမှာ ရေးကြတာ တွေ့ရတယ်။ ဒီဘက်ခေတ်မှာ အခြေအနေအရ ဗုဒ္ဓဘာသာတွေဟာ ပိုမို စည်းလုံးဖို့ လိုအပ်တယ်လို့ ယူဆပြီး ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေက ၉၆၉ ကို တွင်တွင်ကျယ်ကျယ် ဟောပြောလာကြတယ်။ ဒါကြောင့် ၉၆၉ အမှတ်တံဆိပ်ဟာ လူသိများ လာတယ်လို့ ဆိုရမယ်။

Voice ။ ။ လတ်တလောပဋိပက္ခ တွေမှာ ၉၆၉ အဖွဲ့တွေရဲ့ ပယောဂကြောင့် လို့ ပြည်ပမီဒီယာတွေနဲ့ လူတွေအကြား ပျံ့နှံ့နေတဲ့အပေါ် အရှင်ဘုရား ဘာများ မိန့်ချင်ပါလဲဘုရား။

ဆရာတော် ။ ။ လတ်တလောဖြစ်ပျက် ခဲ့တာတွေမှာ ၉၆၉ ကြောင့်ဖြစ်သယောင် မီဒီယာအသုံးချ ဖန်တီးတာတွေဟာ တကယ်တော့ အဖြစ်အပျက်မှန်သမျှ ၉၆၉ နဲ့ လုံးဝ မဆိုင်ပါဘူး။ ပြည်ပမီဒီယာတွေကို အသုံးချပြီးတော့ အကြမ်းဖက်ပါတယ်ဆိုပြီး မိတ္ထီလာ အဖြစ်အပျက်နဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်တဲ့ အကြမ်းဖက်မှုတွေကို နောက်ခံထား တိုက်ခိုက်နေကြတာပါ။ ၉၆၉ လှုပ်ရှားမှုပေါ်လာတဲ့ အတွက်ကြောင့် တခြားအဖွဲ့အစည်းတွေက သူတို့စီးပွားရေး အဆင်မပြေဘူးဆိုပြီးတော့ ပြောကြတယ်။ အဲ့ဒါကြောင့် ၉၆၉ ဟာ သူတို့ရဲ့ ရန်သူလို့ သတ်မှတ်ကြတယ်။ အဲ့တော့ ၉၆၉ နာမည်ပျက်အောင်၊ လူတွေ အကြည်ညိုမဲ့အောင် ပုံစံအမျိုးမျိုးနဲ့ လုပ်နေကြတာ။

Voice ။ ။ ၉၆၉ အပေါ် သံဃာ့အကြီးအကဲတွေရဲ့ သဘောထားက ဘယ်လိုရှိပါလဲဘုရား။

ဆရာတော် ။ ။ အကြီးအကဲဆရာတော် တွေရဲ့ သဘောထားကို တိုက်ရိုက် မလျှောက်ဖူးတဲ့ အတွက် သေချာမသိပါဘူး။ ဒါပေမဲ့ ပြောရဲပါတယ်။ ဗုဒ္ဓဘာသာဝင် တိုင်းဟာ ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာသုံးပါး ဂုဏ်တော်တွေကို ကိုယ်စားပြုတဲ့ ဒီ ၉၆၉ ကိုသေသေချာချာသိရင် မလို လား ကန့်ကွက်တာတွေရှိမှာ မဟုတ်ပါဘူး။

Voice ။ ။ နိဂုံးချုပ်ဘာများ မိန့်ချင် ပါသလဲဘုရား။

ဆရာတော် ။ ။ ၉၆၉ ဟာ လတ်တလော ဖြစ်ပျက်တဲ့ ပဋိပက္ခတွေနဲ့ လုံးဝပတ်သက် ဆက်နွှယ်ခြင်းမရှိဘဲ ၉၆၉ ဟာ အဖွဲ့အစည်း ပုံစံတွေ၊ ဂိုဏ်းဂဏပုံစံတွေ၊ အကြမ်းဖက်မှု ပုံစံတွေဖြစ်နေတာ အားလုံးမှန်သမျှဟာ တစ်ဖက်အဖွဲ့အစည်းက မီဒီယာနဲ့ပေါင်းပြီး လုပ်ကြံတဲ့အတွက်ကြောင့် သာလျှင် ဒီလိုနာမည် ထွက်နေရတာဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။

No comments:

Post a Comment