Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Tuesday, April 30, 2013

"အဖိုးတန်တဲ့ မြတ်စွာဘုရား သာသနာတော်ကို မစော်ကားမိပါစေနှင့်"

Photo: "အဖိုးတန်တဲ့ မြတ်စွာဘုရား သာသနာတော်ကို 
မစော်ကားမိပါစေနှင့်"

******************************************

မြတ်စွာဘုရားပွင့်တော်မူခြင်းသည် ခဲယဉ်းခြင်း၊ လူဘဝကိုရခြင်းသည် 
ခဲယဉ်းခြင်း၊ သဒ္ဓါတရားနှင့်ပြည့်စုံဖို့ ခဲယဉ်းခြင်း၊ 
ရဟန်းဘဝကိုရဖို့ခဲယဉ်းခြင်း၊ သူတော်တရားကိုနားကြားရဖို့ 
ခဲယဉ်းခြင်းငါးမျိုးကို မြတ်စွာဘုရားဟောတော်မူခဲ့ပါတယ်။ 
မြတ်စွာဘုရားပွင့်တော်မူဖို့ခဲ့ယဉ်းခြင်းဆိုတာက ဖြည့်ကျင့်ရတဲ့ ပါရမီတွေ၊ 
ပါရမီဖြည့်ကျင့်ရတဲ့ နှစ်တွေ၊ အင်မတန်ပင်များပြားလှပါတယ်။ (၁) ပညာဓိက 
ဘုရားဆိုလျှင် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း၊(၂)။  သဒ္ဓါဓိက ဘုရားဆိုလျှင် 
ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ (၃)ဝီရယာဓိဘုရားဆိုလျှင် 
တစ်ဆယ်ခြောက်သင်္ချေနှင့်ကမ္ဘာတစ်သိန်းဖြည့်ကျင့်ရခြင်း၊ ထိုမှတဖန် 
ဘုရားအလောင်းတော်တစ်ဦးဖြစ်ဖို့ 

(၁)။ လူဇာတ်စင်စစ်ဖြစ်ရခြင်း၊

(၂)။ ယောက်ျားစင်စစ်ဖြစ်ရခြင်း။

(၃)။ ထိုဘဝမှာပင် အရဟတ္တဖိုလ်ကို ရနိုင်လောက်သော ကုသိုလ် 
ပါရမီထူးနှင့်ပြည့်စုံသူဖြစ်ရခြင်း။

(၄)။ သက်တော်ထင်ရှား မြတ်စွာဘုရားကို ဖူးတွေ့ဖူးခြင်း။

(၅)။ ကမ္မဝါဒီ(ကံကိုယုံကြည်သူ) ရသေ့။(သို့မဟုတ်) သာသနာအတွင်းရဟန်း 
ဖြစ်ရခြင်း။

(၆)။ ဈာန်သမာပတ် ဂုဏ်ကျေးဇူးနှင့်ပြည့်စုံသူဖြစ်ရခြင်း။

(၇)။ ကိုယ့်အသက်ကို မငဲ့ကွက်ဘဲ အလွန်အကျူးပါရမီကုသိုလ်တို့ကို 
ပြုစုပွားများအားထုတ်ခြင်း။

(၈)။ ဘုရားအဖြစ်ကို တောင့်တအားကြီးသော ကုသိုလ်ဆန္ဒရှိသူဖြစ်ရခြင်း။ 
ဘုရားအဖြစ်သို့ ရောက်မည့် ပုဂ္ဂိုလ်များမှာ 
အထက်ပါအင်္ဂ`ါရပ်များနှင့်လည်းပြည့်စုံရ၏။ ထိုကြောင့်ပင်လျှင် 
မြတ်စွာဘုရားတစ်ဆူ ပွင့်တော်မူဖို့ 
ခဲယဉ်းခြင်းတယ်လို့ဟောတော်မူခြင်းဖြစ်ပေသည်။



လူဘဝကိုရဖို့ခဲယဉ်းတယ်ဆိုတာလည်း တစ်ကမ္ဘာလုံးရှိလူအရေအတွက်နဲ့  
တစ်ကမ္ဘာလုံးရှိ တိရစ္ဆာန်များ မြေပေါ် မြေအောက် ၊ ရေမှာ လေမှာနေတဲ့ 
တိရစ္ဆာန်များအရေအတွက်၊ ထို့ပြင် ငရဲသူ ငရဲသား၊ ပြိတ္တာ၊ အသူရကာယ်စတဲ့ 
အပါယ်လေးဘုံသားများနှင့် နှိုင်းယှဉ်လိုက်ပါက ပြောဖွယ်ရာပင်မရှိပါ။ 
ဒါကြောင့် လူအဖြစ်ကို ရဖို့ ခဲယဉ်းတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။



သဒ္ဓါတရားနှင့်ပြည့်စုံဖို့ခဲယဉ်းခြင်းဆိုတာကလည်း လှုချင်တန်းချင်၊ 
သီလစောင့်ထိန်းချင်၊ တရားနာချင်၊ တရားအားထုတ်ချင်၊ ရတနာသုံးပါးကြည်ညိုချင်၊
 ကံ ကံနှင့်ကံ၏ အကြောင်း အကျိုးတို့ကို သက်ဝင်ယုံကြည် ခြင်းစတဲ့အရာတွေဟာ 
သဒ္ဓါတရားပင်ဖြစ်၏။ ထိုသဒ္ဓါတရားနှင့်လည်း ပြည့်စုံဖို့ ခဲ့ယဉ်းပြန်ပါတယ်။ 
လှုမှုတန်းမှုများကိုအများအားဖြင့် ပြုလုပ်နိုင်သော်လည်း 
သီလစောင့်ထိန်းမှုများ၊ တရားနာမှုများ၊ 
တရားအားထုတ်ချင်မှုများစတဲ့အကြောင်းတရားများကတော့ အားလျော့နေခြင်းပင်ဖြစ်ပါ 
လိမ့်မည်။ ထိုကြောင့်ပင် ယုံကြည်မှုသဒ္ဓါတရားနှင့်ပြည့်စုံဖို့ 
ခဲယဉ်းတယ်လို့ဆိုလိုခြင်းဖြစ်ပါသည်။



ရဟန်းဘဝကိုရဖို့ခဲယဉ်းတယ်ဆိုတာကလည်း ဗုဒ္ဓဘာသာဝင်ဖြစ်ပါမှ 
ရဟန်းဘဝကိုခံယူရသလို၊ ယောက်ျား စစ်စစ်ဖြစ်မှသာလျှင်ခံရခြင်း၊ လူလည်းမဖြစ်၊ 
လူဖြစ်သော်လည်း အခြားဘာသာဝင်ဖြစ်နေခြင်း၊ ဗုဒ္ဓဘာသာဝင် ဖြစ်သော်လည်း 
အပေါ်ကပြောခဲ့သလို စစ်မှန်တဲ့သဒ္ဓါတရားမရှိ၊ စစ်မှန်တဲ့သဒ္ဓါတရား ရှိသော်လည်း 
ယောက်ျားစစ်စစ်မဖြစ်ခြင်း၊ ယောက်ျားဖြစ်နေသော်လည်း စွံ့အ 
နားမကြားစတဲ့သူဖြစ်နေခြင်း ထိုထိုသော အကြောင်းတရားများကြောင့် 
ရဟန်းဘဝကိုခံယူဖို့ ရဖို့မလွယ်ကူခြင်းဖြစ်ပါတယ်။



သူတော်ကောင်းတရားနာကြားရဖို့ကတော့ အလွန့်လွန်ခဲယဉ်းခြင်းဆိုတာမျိုးက 
မြတ်စွာဘုရားရှင်၏ တရားတော်ကို နားရကြားရဖို့ 
ထိုမြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားတော်များကို တဆင့်ပြန်လည် 
ဟောခြင်းမရှိလျှင်လည်းကောင်း၊ တိရစ္ဆာန်ဖြစ်နေ၍လည်းကောင်း၊ တိရစ္ဆာန်မဖြစ်ဘဲ 
လူဖြစ်နေသော်လည်း ဗုဒ္ဓဘာသာဝင်မဖြစ်ခဲ့လျှင်သော်လည်းကောင်း၊ 
ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း တရားနာယူလိုတဲ့ သဒ္ဓါတရားမရှိ၍လည်းကောင်း၊ 
တရားနာယူလိုတဲ့ သဒ္ဓါတရားရှိသော်လည်း 
အကြားအင်္ဂ`ါချို့တဲ့လျှင်သော်လည်းကောင်း၊ အကြားအင်္ဂ`ါမချို့တဲ့သော်လည်း 
တရား၏သဘောသွားကို ဆုံးဖြတ်နားထောင်နိုင်တဲ့ ဥာဏ်နားမရှိလျှင်သော်ကောင်း၊ 
ရပ်ပြစ်ရှစ်ပါးအရပ်မှာ ဖြစ်၍သော်လည်းကောင်း နားကြားခွင့်ရမည်မဟုတ်ပါ။ 
ထိုကြောင့်ပင်လျှင် သူတော်ကောင်းတရားနာကြားရဖို့ ခဲယဉ်းတယ်လို့ 
ဟောတော်မူခဲ့ခြင်းဖြစ်ပါသည်။



ထို့ကြောင့် ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေနဲ့ မြတ်စွာဘုရားမရှိသော်လည်း 
မြတ်စွာဘုရားရှင်း၏ အဆုံးမတော်များက မြတ်စွာဘုရားကိုယ်စားဆိုတော့ 
မြတ်စွာဘုရားနှင့်လည်းကြုံကြိုက်နေတဲ့အချိန်၊လူအဖြစ်ကိုလည်းရနေတဲ့အချိန်၊ 
သဒ္ဓါတရားနှင့်လည်းပြည့်စုံနေသူ၊ သူတော်ကောင်းတရားများကိုလည်း 
စိတ်တိုင်းကျနာယူခွင့်ရတဲ့၊ ရဟန်းဘဝကိုလည်းခံယူခွင့်ရတဲ့ 
အင်မတန်..တန်ဘိုးကြီးတဲ့ မြတ်စွာဘုရား သာသနာတော်မှာ လူဖြစ်ခွင့်ရနေခိုက်မှာ
 ဘာသာ သာသနာ လူမျိုးကို တန်ဘိုးထားတတ်ဖို့၊ ဘာသာ သာသနာ လူမျိုးကို 
မြတ်နိုးဖို့ ၊ ဘာသာ သာသနာ လူမျိုးကို သစ္စာမဖောက်ဖို့ ၊ ဘာသာ သာသနာ 
လူမျိုးကို မစော်ကားဖို့၊ အသိပေးတိုက်တွန်းလိုက်ရပါသည်။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း 
ပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)


                                  ******************************************

မြတ်စွာဘုရားပွင့်တော်မူခြင်းသည် ခဲယဉ်းခြင်း၊ လူဘဝကိုရခြင်းသည် ခဲယဉ်းခြင်း၊ သဒ္ဓါတရားနှင့်ပြည့်စုံဖို့ ခဲယဉ်းခြင်း၊ ရဟန်းဘဝကိုရဖို့ခဲယဉ်းခြ...င်း၊ သူတော်တရားကိုနားကြားရဖို့ ခဲယဉ်းခြင်းငါးမျိုးကို မြတ်စွာဘုရားဟောတော်မူခဲ့ပါတယ်။ မြတ်စွာဘုရားပွင့်တော်မူဖို့ခဲ့ယဉ်းခြင်းဆိုတာက ဖြည့်ကျင့်ရတဲ့ ပါရမီတွေ၊ ပါရမီဖြည့်ကျင့်ရတဲ့ နှစ်တွေ၊ အင်မတန်ပင်များပြားလှပါတယ်။ (၁) ပညာဓိက ဘုရားဆိုလျှင် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း၊(၂)။ သဒ္ဓါဓိက ဘုရားဆိုလျှင် ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ (၃)ဝီရယာဓိဘုရားဆိုလျှင် တစ်ဆယ်ခြောက်သင်္ချေနှင့်ကမ္ဘာတစ်သိန်းဖြည့်ကျင့်ရခြင်း၊ ထိုမှတဖန် ဘုရားအလောင်းတော်တစ်ဦးဖြစ်ဖို့
(၁)။ လူဇာတ်စင်စစ်ဖြစ်ရခြင်း၊
(၂)။ ယောက်ျားစင်စစ်ဖြစ်ရခြင်း။
(၃)။ ထိုဘဝမှာပင် အရဟတ္တဖိုလ်ကို ရနိုင်လောက်သော ကုသိုလ် ပါရမီထူးနှင့်ပြည့်စုံသူဖြစ်ရခြင်း။
(၄)။ သက်တော်ထင်ရှား မြတ်စွာဘုရားကို ဖူးတွေ့ဖူးခြင်း။
(၅)။ ကမ္မဝါဒီ(ကံကိုယုံကြည်သူ) ရသေ့။(သို့မဟုတ်) သာသနာအတွင်းရဟန်း ဖြစ်ရခြင်း။
(၆)။ ဈာန်သမာပတ် ဂုဏ်ကျေးဇူးနှင့်ပြည့်စုံသူဖြစ်ရခြင်း။
(၇)။ ကိုယ့်အသက်ကို မငဲ့ကွက်ဘဲ အလွန်အကျူးပါရမီကုသိုလ်တို့ကို ပြုစုပွားများအားထုတ်ခြင်း။
(၈)။ ဘုရားအဖြစ်ကို တောင့်တအားကြီးသော ကုသိုလ်ဆန္ဒရှိသူဖြစ်ရခြင်း။ ဘုရားအဖြစ်သို့ ရောက်မည့် ပုဂ္ဂိုလ်များမှာ အထက်ပါအင်္ဂ`ါရပ်များနှင့်လည်းပြည့်စုံရ၏။ ထိုကြောင့်ပင်လျှင် မြတ်စွာဘုရားတစ်ဆူ ပွင့်တော်မူဖို့ ခဲယဉ်းခြင်းတယ်လို့ဟောတော်မူခြင်းဖြစ်ပေသည်။

လူဘဝကိုရဖို့ခဲယဉ်းတယ်ဆိုတာလည်း တစ်ကမ္ဘာလုံးရှိလူအရေအတွက်နဲ့ တစ်ကမ္ဘာလုံးရှိ တိရစ္ဆာန်များ မြေပေါ် မြေအောက် ၊ ရေမှာ လေမှာနေတဲ့ တိရစ္ဆာန်များအရေအတွက်၊ ထို့ပြင် ငရဲသူ ငရဲသား၊ ပြိတ္တာ၊ အသူရကာယ်စတဲ့ အပါယ်လေးဘုံသားများနှင့် နှိုင်းယှဉ်လိုက်ပါက ပြောဖွယ်ရာပင်မရှိပါ။ ဒါကြောင့် လူအဖြစ်ကို ရဖို့ ခဲယဉ်းတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။

သဒ္ဓါတရားနှင့်ပြည့်စုံဖို့ခဲယဉ်းခြင်းဆိုတာကလည်း လှုချင်တန်းချင်၊ သီလစောင့်ထိန်းချင်၊ တရားနာချင်၊ တရားအားထုတ်ချင်၊ ရတနာသုံးပါးကြည်ညိုချင်၊ ကံ ကံနှင့်ကံ၏ အကြောင်း အကျိုးတို့ကို သက်ဝင်ယုံကြည် ခြင်းစတဲ့အရာတွေဟာ သဒ္ဓါတရားပင်ဖြစ်၏။ ထိုသဒ္ဓါတရားနှင့်လည်း ပြည့်စုံဖို့ ခဲ့ယဉ်းပြန်ပါတယ်။ လှုမှုတန်းမှုများကိုအများအားဖြင့် ပြုလုပ်နိုင်သော်လည်း သီလစောင့်ထိန်းမှုများ၊ တရားနာမှုများ၊ တရားအားထုတ်ချင်မှုများစတဲ့အကြောင်းတရားများကတော့ အားလျော့နေခြင်းပင်ဖြစ်ပါ လိမ့်မည်။ ထိုကြောင့်ပင် ယုံကြည်မှုသဒ္ဓါတရားနှင့်ပြည့်စုံဖို့ ခဲယဉ်းတယ်လို့ဆိုလိုခြင်းဖြစ်ပါသည်။

ရဟန်းဘဝကိုရဖို့ခဲယဉ်းတယ်ဆိုတာကလည်း ဗုဒ္ဓဘာသာဝင်ဖြစ်ပါမှ ရဟန်းဘဝကိုခံယူရသလို၊ ယောက်ျား စစ်စစ်ဖြစ်မှသာလျှင်ခံရခြင်း၊ လူလည်းမဖြစ်၊ လူဖြစ်သော်လည်း အခြားဘာသာဝင်ဖြစ်နေခြင်း၊ ဗုဒ္ဓဘာသာဝင် ဖြစ်သော်လည်း အပေါ်ကပြောခဲ့သလို စစ်မှန်တဲ့သဒ္ဓါတရားမရှိ၊ စစ်မှန်တဲ့သဒ္ဓါတရား ရှိသော်လည်း ယောက်ျားစစ်စစ်မဖြစ်ခြင်း၊ ယောက်ျားဖြစ်နေသော်လည်း စွံ့အ နားမကြားစတဲ့သူဖြစ်နေခြင်း ထိုထိုသော အကြောင်းတရားများကြောင့် ရဟန်းဘဝကိုခံယူဖို့ ရဖို့မလွယ်ကူခြင်းဖြစ်ပါတယ်။

သူတော်ကောင်းတရားနာကြားရဖို့ကတော့ အလွန့်လွန်ခဲယဉ်းခြင်းဆိုတာမျိုးက မြတ်စွာဘုရားရှင်၏ တရားတော်ကို နားရကြားရဖို့ ထိုမြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားတော်များကို တဆင့်ပြန်လည် ဟောခြင်းမရှိလျှင်လည်းကောင်း၊ တိရစ္ဆာန်ဖြစ်နေ၍လည်းကောင်း၊ တိရစ္ဆာန်မဖြစ်ဘဲ လူဖြစ်နေသော်လည်း ဗုဒ္ဓဘာသာဝင်မဖြစ်ခဲ့လျှင်သော်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း တရားနာယူလိုတဲ့ သဒ္ဓါတရားမရှိ၍လည်းကောင်း၊ တရားနာယူလိုတဲ့ သဒ္ဓါတရားရှိသော်လည်း အကြားအင်္ဂ`ါချို့တဲ့လျှင်သော်လည်းကောင်း၊ အကြားအင်္ဂ`ါမချို့တဲ့သော်လည်း တရား၏သဘောသွားကို ဆုံးဖြတ်နားထောင်နိုင်တဲ့ ဥာဏ်နားမရှိလျှင်သော်ကောင်း၊ ရပ်ပြစ်ရှစ်ပါးအရပ်မှာ ဖြစ်၍သော်လည်းကောင်း နားကြားခွင့်ရမည်မဟုတ်ပါ။ ထိုကြောင့်ပင်လျှင် သူတော်ကောင်းတရားနာကြားရဖို့ ခဲယဉ်းတယ်လို့ ဟောတော်မူခဲ့ခြင်းဖြစ်ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေနဲ့ မြတ်စွာဘုရားမရှိသော်လည်း မြတ်စွာဘုရားရှင်း၏ အဆုံးမတော်များက မြတ်စွာဘုရားကိုယ်စားဆိုတော့ မြတ်စွာဘုရားနှင့်လည်းကြုံကြိုက်နေတဲ့အချိန်၊လူအဖြစ်ကိုလည်းရနေတဲ့အချိန်၊ သဒ္ဓါတရားနှင့်လည်းပြည့်စုံနေသူ၊ သူတော်ကောင်းတရားများကိုလည်း စိတ်တိုင်းကျနာယူခွင့်ရတဲ့၊ ရဟန်းဘဝကိုလည်းခံယူခွင့်ရတဲ့ အင်မတန်..တန်ဘိုးကြီးတဲ့ မြတ်စွာဘုရား သာသနာတော်မှာ လူဖြစ်ခွင့်ရနေခိုက်မှာ ဘာသာ သာသနာ လူမျိုးကို တန်ဘိုးထားတတ်ဖို့၊ ဘာသာ သာသနာ လူမျိုးကို မြတ်နိုးဖို့ ၊ ဘာသာ သာသနာ လူမျိုးကို သစ္စာမဖောက်ဖို့ ၊ ဘာသာ သာသနာ လူမျိုးကို မစော်ကားဖို့၊ အသိပေးတိုက်တွန်းလိုက်ရပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
 

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment