Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Wednesday, April 10, 2013

အိုးကိုကြည့်ပြီး စလောင်းဖုံးပါ



လူမျိုး ဘာသာ မခွဲခြားဘူးဆိုရင် ...
ကိုယ်ဟာ ဘယ်လိုလူမျိုး ဖြစ်နေမလဲ၊
ကိုယ်ဟာ ဘယ်လို ဘာသာဝင် ဖြစ်နေမလဲ။ ဝေခွဲရ ခက်ပါတယ်။
လူမျိုး ဘာသာ ခွဲခြားမယ်ဆိုရင်တော့...
ကိုယ်ဟာ ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဝင် ဖြစ်တယ်။ ဖြေစရာ အဆင်သင့်ရှိတယ်။
ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်အဖြစ် တည်ရှိနေပြီး သူများယောင်လို့ လိုက်ယောင်ပြီး လူမျိုးဘာသာ မခွဲခြားဘူးလို့ မပြောဆိုချင်ပါဘူး။
လူမျိုး ဘာသာ မခွဲခြားသူဟာ ဘာသာမဲ့ဖြစ်ပြီး Neutral သဘောမျိုး ရှိသင့်ပါတယ်။ လူမျိုးဆိုတာက မိဘက ကြိုတင်ပြဋ္ဌာန်းထားတာဆိုတော့ အပြောင်းအလဲ လုပ်လို့မရဘူး။ ဘာသာကိုတော့ အပြောင်းအလဲလုပ်ပေးလို့ ရနိုင်တယ်။ ကြိုက်နှစ်သက်ရာ ဘာသာကို ယူနိုင်သလို အပြောင်းအလဲလည်း လုပ်နိုင်တယ်။ ဘယ်ဘာသာကိုမှ မကိုးကွယ်ဘဲ ဘာသာမဲ့အနေနဲ့လည်း နေနိုင်ခွင့်တယ်။ ဘာသာမခွဲခြားသူဟာ ဘယ်လိုဘာသာကိုမှ မကိုးကွယ်သူ ဘာသာမဲ့ ဖြစ်သင့်ပါတယ်။ ဒါမှသာ သူပြောတဲ့ ဘာသာမခွဲခြားဘူး..ဆိုတဲ့စကားကို ယုံကြည်ထိုက်ပါတယ်။ ဘာသာတစ်ခုကို ယုံကြည်ထားသူရဲ့ ဘာသာမခွဲခြားဘူး..ဆိုတဲ့စကားဟာ ကြားလို့ကောင်းယုံမျှပါပဲ။ ဒါကို တချို့က ယောင်ဝါးဝါးနဲ့ နားယောင်နေတတ်သေးတယ်။ ပါးပါးနပ်နပ် စဉ်းစားမိဖို့လိုပါတယ်။
အတိတ်မြန်မာ့သမိုင်းကို သုံးသပ်ကြည့်ရင် ကိုယ့်ဗုဒ္ဓဘာသာဖက်က သဘောထားကြီးစွာနဲ့ မခွဲခြားသော်လည်း တစ်ဖက်က ခွဲခြားခဲ့တာဟာ ကြည့်လေမြင်လေပါပဲ။ ခွဲခြားခြင်းကို ရပ်စားမိသူတို့က အမျိုးဘာသာကိုကာကွယ်ဖို့ တန်ပြန်ခွဲခြားခြင်း ကို ပြုလုပ်ကြတဲ့အခါတိုင်း ပြဿနာဖြစ်လာတာပါပဲ။ ခွဲခြားခြင်းနဲ့ တန်ပြန်ခွဲခြားခြင်းဟာ ပဋိပက္ခဖက်ကို ဦးတည်မသွားသင့်သလို သဘောထားကြီးခြင်းဟာလည်း ရိုးအတဲ့အဆင့်ကို ရောက်မသွားဖို့ အရေးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ပဋိပက္ခဖြစ်ခြင်းဟာ ဒီနိုင်ငံရဲ့ ဖွံဖြိုးတိုးတက်ဖို့ အတားအဆီးတစ်ခုဖြစ်နေပြီး ရိုးအခြင်းဟာလည်း အမျိုးဘာသာသာသနာ ကွယ်ပျောက်ဖို့ အကြောင်းတစ်ခု ဖြစ်နေလို့ပါပဲ။ ဒါကြောင့် ခွဲခြားတဲ့နေရာမှာ လိမ္မာဖို့ လိုပါတယ်။
အရာရာမှာ သတိထား ဆင်ခြင်မှုပြုပြီး ခွဲခြားမလား..မခွဲခြားဘူးလားဆိုတာ မဆုံးဖြတ်ရသေးတဲ့သူ မဆုံးဖြတ်နိုင်သေးသူ..မဆုံးဖြတ်ရသေးသူတွေလည်း ရှိနေတယ်။ အနှီပုဂ္ဂိုလ်များအတွက် မန်လည်ဆရာတောကြီရဲ့ လင်္ကာကို ကုန်ကြမ်းအဖြစ် လက်ဆောင်ပေးလိုပါရဲ့။ အာရုံပြုပြီး ဆင်ခြင်ကြည့်ကြပါဦး။
“မသူတော့်လျောက်၊ သူက ကောက်မူ၊ ကောက်သော်ကောက်ချင်း၊ မြွေနှင့် တွင်းသို့၊ ကောက်လျှင်းတုံမှ၊ ဤလောကနှိုက်၊ ကိစ္စပြီးလို၊ ရှေးအဟိုက၊ သံကို ကြွက်စား၊ သားကို စွန်ချီ၊ ရွှေနီကား ကြေး၊ ရင်သွေး မျောက်ဖြစ်၊ လူစစ် တသီး၊ သမီး ဆိတ်မ၊ ပုံကို ဆ၍၊ ၀င်္က ၀င်္ကီ၊ ပလီ ညဏ်ဆိုး၊ ထိုလူမျိုးကို၊ အိုးရွဲ့စလောင်း၊ ပိတ်တုံရှောင်းသို့၊ စောင်းလျှင် စောင်းတူ၊ တည့်မူ တည့်လိုက်၊ မှုချင်းတိုက်လော့”...(မဃပိုဒ် ၂၁၇)
(သတိ=သူကောက်လို့ ကိုယ်ကောက်တာဟာ အမိုက်ပြိုင်တာ မဟုတ်ပါ။ ကိစ္စပြီးဖို့ ပညာပြိုင်တာပါ။ အိုးရွဲ့လို့ စလောင်းရွဲ့ပေးရတာဟာ အရွဲ့ပြိုင်တာ မဟုတ်ပါ။ ရွဲ့ပေးမှ လုံခြုံမှာ ဖြစ်လို့ပါ။)

facebook

No comments:

Post a Comment