Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Tuesday, April 23, 2013

“ ဗုဒ္ဓဘာသာအစစ်ဆိုတာ ”

•••••••••••••••••••••••

“ ဖြစ်သင့်ဖြစ်ထိုက်တာ ဖြစ်စေချင်ရင်
လုပ်သင့်လုပ်ထိုက်တာ လုပ်ရလိမ့်မယ်။
... လုပ်သင့်လုပ်ထိုက်တာကိုလုပ်မှ ဖြစ်သင့်
ဖြစ်ထိုက်တာ ဖြစ်လာလိမ့်မယ်လို့
အကြောင်းနဲ့အကျိုး ပြတ်ပြတ်သားသား
ဆက်သွယ်ပြီးတော့ ယူတတ်တယ်။
တွေးခေါ်တတ်တယ်။ သိမြင်တတ်တယ်။
အဲဒါကို သမ္မဿကတာ သမ္မာဒိဋ္ဌိလို့
ခေါ်ပါတယ်။ ကမ္မဿကတာ သမ္မာဒိဋ္ဌိဟာ
ဗုဒ္ဓဘာသာရဲ့အခြေခံပညာပါပဲ။ ကမ္မဿကတာ
သမ္မာဒိဋ္ဌိပညာ ပြတ်ပြတ်သားသားရှိမှသာလျှင်
ဗုဒ္ဓဘာသာအစစ်လို့ ခေါ်ပါတယ်။ ”

(ကမ္မဿကတာ သမ္မာဒိဋ္ဌိ )-
“ မိမိတို့ လုပ်သလိုရလာတဲ့ ရလဒ်ရှိတဲ့ အတိုင်း မိမိတို့
ခံစားပြီးတော့ နေကြရတာ။ တစ်နည်းအားဖြင့်
အလုပ်လုပ်သလောက် ခံစားခွင့်ရှိတယ်ဆိုတဲ့
သဘောကိုပြောပါတယ်။
ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးရတယ်။ မကောင်း
တာလုပ်ရင် မကောင်းတဲ့အကျိုးရတယ်ဆိုတဲ့ သဘောပေါ့။

------------ *-----*-----*---------------------

“ လောကကြီးကို ဘယ်သူမှ မဖန်ဆင်းနိုင်ပါဘူး။
ကိုယ့်အကြောင်းနဲ့ ကိုယ့်အကျိုး။ သူ့အကြောင်းနဲ့
သူ့အကျိုးပါ။ ဘယ်သူမှ မဖန်ဆင်းနိုင်ပါဘူး ။

သတ္တ၀ါတွေမှာ ကံတရားနဲ့တူတဲ့ ထောက်တည်
အားကိုးရာမရှိပါဘူး။ ကံတရားမှ တစ်ပါးသော၊
အစိုးရသောပုဂ္ဂိုလ်၊ ဗြဟ္မာကြီး၊ တန်ခိုးရှင်များက
ဝင်ရောက်ပြီးတော့ ဖန်ဆင်းနိုင်တာ မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ စီမံခန့်ခွဲခြင်း၊ ဖန်တီးခြင်း၊
ဖန်ဆင်းခြင်းငှာ မစွမ်းနိုင်လို့ပါပဲ။

တကယ်လို့ လောကကြီးကို ဖန်ဆင်းနိုင်တဲ့ပုဂ္ဂိုလ်
ရှိတယ်ဆိုရင် အတူတူဖန်ဆင်းရမယ်။ လှရင်လဲ
အတူတူ ဖန်ဆင်းရမယ်။ ဥာဏ်ကောင်းရင်လဲ
အတူတူပါပဲ။ ကျန်းမာရေးလဲ အတူတူပဲ။ ပစ္စည်း
ပေါရင်လဲ အတူတူပဲ စသည်ဖြင့် အတူတူပဲ ဖန်ဆင်း
သင့်ပါတယ်။

အတူတူပဲ မဖန်ဆင်းနိုင်ဘူးဆိုရင် တန်ခိုးပညာ
မပြည့်စုံလို့ပဲ ဖြစ်ရပါလိမ့်မယ်။ တန်ခိုးပညာ ပြည့်စုံ
ပါလျက်သားနဲ့ ခွဲခြားပြီး ဖန်ဆင်းတယ်ဆိုရင်လဲ
မေတ္တာတရား၊ ကရုဥဏာတရားထားပုံ မညီမျှတဲ့
အတွက်ကြောင့် လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်နိုင်မှာ
မဟုတ်ပါဘူး။ အဲသလို သိရတာ ကမ္မဿကတာ
သမ္မာဒိဋ္ဌိကြောင့် သိရပါတယ်။

ဘယ်သူမှ ဖန်ဆင်းတာမဟုတ်ပါဘူး။ ကိုယ့်အကြောင်း
ရှိသလောက် ကိုယ့်အကျိုးရနေတာ။ သူ့အကြောင်း
ရှိသလောက် သူ့အကျိုးရနေတာ။ အဲသလို ကံနဲ့ကံရဲ့
အကျိုးကို ပြတ်ပြတ်သားသား သိလာတဲ့အခါ ဒါတွေကို
ရှောင်ရမှာ။ ဒါတွေကို ဆောင်ရမှာ၊ ဒီလမ်းကို ရှောင်ရမှာ။
ဒီလမ်းအတိုင်း သွားရမယ်ဆိုတာ ပြတ်ပြတ်သားသား
သိပြီးတော့ ကိုယ်ပိုင်စိတ်ဖြစ်တဲ့ စိတ်စွမ်းရည် ကံတရားကို
အစွမ်းကုန်မြင့်တက်လာအောင် မြှင့်တင်တတ်ပါတယ်။

အဲသလို ကမ္မဿကတာ သမ္မာဒိဋ္ဌိ အသိဥာဏ်ရှိလာပြီဆိုရင်
ကိုယ်ပိုင်ဖြစ်တဲ့ စိတ်စွမ်းရည်အင်အားများကို မရမနေ
ဖော်ထုတ်တော့တာပါပဲ။ ”


- (ကျေးဇူးတော်ရှင် ယောဆရာတော်ဘုရားကြီး
အရှင်သိရိန္ဒာဘိဝံသ )
 

No comments:

Post a Comment