Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Wednesday, April 10, 2013

၉၆၉-မှ လွင့်ပျံ့လာသောအတွေးများ



(၁)
စာရေးသူ ပညာသင်ကြားနေသော သီရိလင်္ကာနိုင်ငံတွင် သီရိလင်္ကာနိုင်ငံလက်ရွေးစင် ခရစ်ကတ်အသင်းနှင့် ပါကစ္စတန်နိုင်ငံ၊ ခရစ်ကတ်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားသောအခါ သီရိလင်္ကာနိုင်ငံသား  မွတ်စလင်များက  မိခင်နိုင်ငံအသင်းဖြစ်သော သီရိလင်္ကာနိုင်ငံခရစ်ကတ်အသင်းကို အားမပေးဘဲ မွတ်စလင်ချင်းဖြစ်သော ပါကစ္စတန်လက်ရွေးစဉ်အသင်းကိုသာ အားပေးကြပါသတဲ့..။

(၂)
 ဘင်္ဂါလီမွတ်ဆလင်များရဲ့ စနစ်တကျ အကြမ်းဖက်မှုအောက်မှာ ရခိုင်တစ်ပြည်လုံး မီးဟုန်းဟုန်းတောက်နေစဉ်က သီရိလင်္ကာနိုင်ငံလေဆိပ်မှာ သူငယ်ချင်းတစ်ယောက်ကို သွားကြိုတော့ ကားပါကင်မှာ ရခိုင်ဋိပက္ခ အကြောင်းစပ်မိကြ၍ သီရိလင်္ကာနိုင်ငံသား၊ ဗုဒ္ဓဘာသာဆင်ဟာလလူမျိုး ကားဒရိုင်ဘာက “မွတ်စလင်တွေက သိပ်ဆိုးတယ်..အရင်တုန်းကဆို ၁၉၉၉-ခုနှစ်လောက်အထိ မကုတနားမှာ(ကိုလံဘိုရှိ၊ စာရေးသူတို့ မြန်မာ ရဟန်းတော် များနေထိုင်ရာမြန်မာကျောင်း) ဗုဒ္ဓဘာသာတွေပဲအများစု နေထိုင်ခဲ့ကြ တယ်… အခု(၂၀၁၂-ခုနှစ်မှာ)တော့ အားလုံးလိုလို မွတ်စလင်တွေ ဖြစ်ကုန်ကြပြီ..” အစရှိသည်ဖြင့် စိတ်မ သက်မသာ ပြောပြနေသံကိုကြားရသောအခါ အမိမြန်မာနိုင်ငံတော်ကြီးကို မြင်ယောင်ရင်း သက်ပြင်းကိုသာ တွင်တွင်ချမိခဲ့၏။ 

(၃)
စာရေးသူ မကုတမြန်မာကျောင်းတွင် နေရာမရစဉ်က နေထိုင်ခဲ့ရာဖြစ်သော ဆင်ဟာလကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးသည် မြန်မာကော်ဖီမစ်အလွန်ကြိုက်ပြီး စာရေးသူတို့မြန်မာရ ဟန်းတော်များထံမှ မကြာခဏအလှူခံလေ့ရှိသည်ကို သတိရမိသဖြင့် ကော်ဖီမစ်ဖြင့် ဆရာတော်ကို ကန်တော့ရန် အခြားသူငယ်ချင်းတစ်ပါးဖြစ်သူနှင့် ရောက်သွားသောအခါ  ဆင်ဟာလ ဘုန်းတော်ကြီးမှ ကော်ဖီမစ်ထုပ် ပေါ်မှ အလ္လာတံဆိပ်ကို လက်ညိုးထိုးပြရင်း “ ဒီကော်ဖီမစ်က မွတ်စလင်တွေ လုပ်တာ ထင်တယ်.. မွတ်စလင်တွေ လုပ်တာဆိုရင် အရှင်ဘုရားတို့ မသောက်သင့်ဘူး..” စသော ဆုံးမသံကို ကြားခဲ့ရသောအခါ မိမိကိုယ်ကိုတွေးရင်း ရှက်မိခဲ့၏။ (သို့သော် ကံကောင်း၍ ထိုကော်ဖီမစ်သည် မြန်မာပြည်ထုတ်မဟုတ်ဘဲ စင်္ကာပူထုတ်ဖြစ်နေခဲ့၏)

(၄)
     သီရိလင်္ကာနိုင်ငံသား၊ ဗုဒ္ဓဘာသာများက ဗုဒ္ဓဘာသာကို သူတို့နိုင်ငံနှင့် ခွဲမရသော အစိတ်အပိုင်းအဖြစ် ဗုဒ္ဓဘာသာဖြစ်ရသည်ကို အမြဲပင်ဂုဏ်ယူတတ်ကြပြီး ဟိုးရှေးဘုရင်များ လက်ထက် ကတည်းက နိုင်ငံနှင့်ဘာသာကို အစဉ်အမြဲဒုက္ခပေးနေခဲ့သော တမီးလ်(ကျေးကုလား)များကို လက်ရှိသမ္မတမဟိန္ဒ လက်ထက်တွင် အပြီးအပိုင်အောင်နိုင်ခဲ့သောအခါ သူတို့သမ္မတနှင့် သူတို့နိုင်ငံ၏ စစ်တပ်အတွက် ဂုဏ်ယူမဆုံးရှိခဲ့ကြ၏။

(၅)
စစ်ကြီးပြီးသွား၍ တမီးလ်ရန်မှ ဝေးသွားသောအခါ ထေရ၀ါဒ ငါးနိုင်ငံတွင် မိမိတို့နိုင်ငံသည် မွတ်စလင်ဗလီပေါင်း ငါးထောင်ကျော်ဖြင့် အများဆုံးဖြစ်နေပြီး မွတ်စလင်တို့၏ နည်းလမ်းပေါင်းစုံဖြင့် နယ်ချဲ့မှုတို့သည် ကြောက်ခမန်းလိလိ မြင့်တက်နေကြောင်း (အချို့သောနိုင်ငံရေး သမားများမှတပါး) သိကြမြင်ကြရသောအခါ ဘာသာရေးခေါင်းဆောင်များဖြစ်သော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများမှ ဦးဆောင်ကာ ဗုဒ္ဓဘာသာများ အမျိုးချစ်ကြရန်..ပစ္စည်းဝယ်စရာ ခြမ်းစရာရှိလျှင်လည်း မွတ်စလင်များ၏ ဆိုင်များတွင် မ၀ယ်ကြဘဲ ဗုဒ္ဓဘာသာများ၏ဆိုင်များတွင်သာ ၀ယ်ကြရန်ဟော   ပြောပွဲများကို ကျောင်းများတွင်လည်ကောင်း၊ တီဗွီအစီအစဉ်များတွင်လည်ကောင်း   ဟောပြောကြရာ   အောင်မြင်မှုရရှိ သည်ကိုကြည့်ပြီး မြန်မာနိုင်ငံတွင်လည်း အလားတူ လှုပ်ရှားမှုများ ကို ပြုလုပ်နေသော ၉၆၉- အဖွဲ့ဝင်များအား ဗုဒ္ဓဘာသာဟုဆိုသောဆိုသော အာဏာပိုင်များက အကြမ်းဖက်မှုနဲ့ ပတ်သက်သယောင် ကုလားမနိုင် ရခိုင်မဲနေကြသည်ကို ဗုဒ္ဓဘာသာဟုပင်ဆိုကြသော အချို့သော ဘုန်းတော်ကြီးများ၊ သမ္မတနှင့် အချို့သောနိုင်ငံရေးခေါင်းဆောင် များက ထောက်ခံအားပေးနေသည်ကို   မြင်ရသောအခါ    ဤသို့သော စကောလောက်မှ စောက်မနက်သည့်ဘာသာရေးအသိဥာဏ်ရှိသူတို့၏ ဦးဆောင် မှုအောက်တွင် မြန်မာနိုင်ငံ ၏အနာဂတ်ဗုဒ္ဓသာသနာသည် လေထဲသို့ လွင့်ပျံတက် သွားသော ရေခိုးရေငွေ့ကို ကြည့်ရသည် ထက်ပင် မှုန်ဝါးဝါးရှိလှချေတော့သည်။
MSMA-ကျောင်းသားတစ်ဦး
၀၅-၀၄-၂၀၁၃

No comments:

Post a Comment