Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Saturday, April 27, 2013

"မိစ္ဆာဒိဋ္ဌိ (မှားယွင်းသောအယူ)"

"မိစ္ဆာဒိဋ္ဌိ (မှားယွင်းသောအယူ)"

********************

မိစ္ဆာဒိဋ္ဌိဟူသော ပါဠိပုဒ်သည် မြန်မာလို “ချွတ်ယွင်းဖောက်ပြန်၊ 
မမှန်ကန်သောအားဖြင့် မြင်ခြင်း၊ ယူခြင်း၊” ဟု အဓိပ္ပါယ်ရသည်။ အတိုချုပ်မှာ 
“မှားယွင်းသောအယူ” ဖြစ်သည်။ သဘောတရားအားဖြင့် သူတော်သူမြတ်တို့ 
ဟောဖော်ညွှန်ကြားထားသည့် တရားအမှန်ကို မယူဘဲ၊ မလိုက်နာဘဲ 
မှားယွင်းဖောက်ပြန်၊ မမှန်မကန် သိမြင်တတ်သည့် ဒိဋ္ဌိစေတသိတ်တရားဖြစ်သည်။



မိစ္ဆာဒိဋ္ဌိ(၂)မျိုး

မိစ္ဆာဒိဋ္ဌိသည်လည်း ကမ္မပထမြောက်သည့် မိစ္ဆာဒိဋ္ဌိနှင့် ကမ္မပထမမြောက်ဘဲ 
ကံမျှသာဖြစ်သည့် မိစ္ဆာဒိဋ္ဌိဟု နှစ်မျိုးရှိသည်။ ထိုတွင် ကမ္မပထမြောက်သည့် 
မိစ္ဆာဒိဋ္ဌိများမှာ နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ အကိရိယမိစ္ဆာဒိဋ္ဌိတို့ ဖြစ်ကြသည်။ 
ဤမိစ္ဆာဒိဋ္ဌိသုံးမျိုးလုံး ကံကိုလည်းကောင်း၊ ကံ၏အကျိုးကိုလည်းကောင်း၊ 
ပယ်သော(ဝါ) လက်မခံသော မိစ္ဆာဒိဋ္ဌိတို့ဖြစ်သည်။ ရုပ်၊ ဝေဒနာ၊သညာ၊ သင်္ခါရ၊ 
ဝိညာဏ်ဟူသော ခန္ဓာငါးပါးတွင် တစ်ပါးပါး၌ “အတ္တ” ဟု စွဲလမ်းယူသော 
သက္ကာယဒိဋ္ဌိ(၂၀)နှင့် ဗြဟ္မဇာလသုတ် စသည်တို့၌လာသော (၆၂)ပါးသော မိစ္ဆာဒိဋ္ဌိ 
တို့ကား ကမ္မပထမမြောက်၊ မိစ္ဆာဒိဋ္ဌိကံမျှသာဖြစ်သော မိစ္ဆာဒိဋ္ဌိတို့ ဖြစ်ကြသည်။



နတ္ထိကမိစ္ဆာဒိဋ္ဌိ

နတ္ထိကမိစ္ဆာဒိဋ္ဌိဆိုသည်မှာ ကုသိုလ်ကံ၊အကုသိုလ်ကံများကို 
မည်မျှလောက်ပင်လုပ်လုပ် ထိုကံများက အကျိုးမပေး၊ ထိုကံတို့၏ အကျိုးမရှိဟု 
ကံ၏အကျိုးကိုပယ်သော အယူမျိုးဖြစ်သည်။ ပယ်ပုံပယ်နည်းမှာ

(၁)။ လှူဒါန်းပေးကမ်းခြင်းသည် အမှန်တကယ်အကျိုးမရှိ။

(၂)။ ရတနာသုံးပါး၊ မိဘဆရာသမားစသည့် ပုဂ္ဂိုလ်မြတ်များကို ပူဇော်ခြင်းသည် 
အမှန်တကယ်အကျိုးမရှိ။

(၃)။ ပင့်ဖိတ်၍လှူခြင်း၊ ဧည့်သည်များကို ဧည့်ဝတ်စောင်ဝတ်ပြုခြင်း၊ 
လက်ဆောင်ပေးခြင်း၊ လက်ထပ်မင်္ဂလာပွဲ စသည်တို့၌ ဧည့်ခံကျွေးမွေးခြင်း 
စသည်များသည် အမှန်တကယ်အကျိုးမရှိ။

(၄)။ ကောင်းမှုကုသိုလ်ကံ၊ မကေင်းမှုအကုသိုလ်ကံတို့၏ အကျိုးမရှိ။

(၅)။ ရှေ့ဘဝလည်းမရှိ။

(၆)။ အပါယ်လေးရပ်၊ ခြောက်ထပ်နတ်ရွာ၊ ဗြဟ္မာနှစ်ဆယ်ဟူသော နောက်ဘဝလည်းမရှိ။

(၇)။ မိခင်ကို ပြစ်မှားလျှင်လည်း အပြစ်မရှိ။ ပြုစုလုပ်ကျွေးလျှင်လည်း 
အကျိုးမရှိ။

(၈)။ ဖခင်ကို ပြစ်မှားလျှင်လည်း အပြစ်မရှိ။ ပြုစုလုပ်ကျွေးလျှင်လည်း 
အကျိုးမရှိ။

(၉)။ ငရဲ၊ ပြိတ္တာ၊ နတ်၊ သိကြားစသည့် ဥပပါတ်သတ္တဝါမျိုးမရှိ။

(၁၀)။ လောက၌ ညီညီညွတ်ညွတ် ကောင်းကျင့်ကြံ၍ 
ဤလောကနှင့်နောင်တမလွန်လောကတို့ကို မျက်မှောက် ထင်ထင် ကိုယ်တိုင်မြင်ကာ 
ဟောပြောနိုင်ကုန်သော သမဏ ဗြဟ္မဏတို့ မရှိဟူ၍ဖြစ်သည်။



ဤဆယ်ချက်ကို “ဒသဝတ္ထုကမိစ္ဆာဒိဋ္ဌိ” ဟူ၍လည်းခေါ်သည်။ ဤမိစ္ဆာဒိဋ္ဌိသည် 
နတ္ထိကမိစ္ဆာဒိဋ္ဌိ၌ အကျုံးဝင်ပေ သည်။ ဤနတ္ထိက မိစ္ဆာဒိဋ္ဌိသည် 
မြတ်စွာဘုရားလက်ထက်တော်၌ “အဇိတကေသကမ္ပလ” ခေါ်သည့် ဂိုဏ်းဆရာကြီးယူသည့် 
အယူဖြစ်သည်။ ဤမိစ္ဆာဒိဋ္ဌိသည် အကျိုးကိုပယ်သည်ဟုဆိုသော်လည်း “အကျိုးကို 
ပယ်လျှင် အကြောင်းကံမှာ ပေးစွမ်းနိုင်သည့် သတ္တိမရှိရာရောက်သည့်အတွက်ကြောင့်
 ကံကိုလည်း ပယ်ပြီးသားဖြစ်သည်ဟု အဋ္ဌကထာများမှာ” မိန့်ဆိုထား၏။



အဟေတုကဒိဋ္ဌိ

အဟေတုကဒိဋ္ဌိဆိုသည်မှာ အကြောင်းတရားကို ပယ်သည့်အယူမျိုးဖြစ်၏။လောကတွင် 
သတ္တဝါများ ဆင်းရဲကြ၊ ချမ်းသာကြသည်မှာ အကြောင်းမရှိ။ သူ့အချိန်ရောက်လျှင် 
အလိုအလျောက်ဆင်းရဲကြ၊ ချမ်းသာကြခြင်း ဖြစ်သည်။သံသရာဝဋ်ဆင်းရဲမှ 
လွတ်မြောက်မှုမှာပင် အကြောင်းမရှိ။ တရားကျင့်စရာမလို၊ အချိန်စေ့လျှင် 
သူ့အလိုအလျောက် သူ့ဘာသာသူ လွတ်မြောက်ကြရ၏။ သံသရာသည် မဟာကပ်ရှစ်သန်း 
လေးသိန်းမျှသာ ကြာ၏။ ထိုအချိန်ကာလ ကုန်ဆုံးလျှင် သံသရာမှလွတ်မြောက်သွား၏။ 
အပ်ချည်လုံးကို ဖြေပြီးပစ်လွှတ်လိုက် သည့်အခါ ချည်ကုန်သည့်အခါ 
ချည်လုံးရပ်သွားသကဲ့သို့ သတ်မှတ်ထားသည့် အချိန်ကာလ ကုန်ဆုံးသည့်အခါ 
သံသရာကုန်ဆုံးသွားသည့်အတွက် သံသရာမှ လွတ်မြောက်သွား၏။



ဤမဟာကပ်ရှစ်သန်းလေးသိန်းကာလအတွင်းမှာ မိမိကျရာဘဝမျိုးစုံ၌ ကျင်လည်ကြရ၏။ 
မိမိတို့ကိုယ်တိုင် တစ်စုံတစ်ရာ ပိုကောင်းသွားအောင် မလုပ်နိုင်သလို 
ပိုဆိုးသွားအောင်လည်း ပြုပြင်ဖန်တီးနိုင်စွမ်းမရှိ။ ဖြစ်ချိန်တန်လျှင် 
ဖြစ်ပြီး၊ ပျက်ချိန်တန်လျှင် ပျက်ကြရသည်ဟု ယူသည့် 
အကြောင်းမဲ့အယူမျိုးဖြစ်၏။ ဘုရားရှင် လက်ထက်က 
မက္ခလိဂေါသာလဂိုဏ်းဆရာကြီးဟူသည့် အယူဖြစ်၏။ အကြောင်းမရှိဟု ယူသည့်အတွက် 
အကြောင်းနှင့် ဆက်သွယ်ပြီး ဖြစ်ပေါ်လာမည့် အကျိုးလည်းမရှိဟု 
ယူရာရောက်သောကြောင့် အကြောင်း အကျိုး နှစ်မျိုးလုံးကို 
ပယ်သည့်အယူမှားဖြစ်သည်ဟု အဋ္ဌကထာများ၌ မိန့်ဆိုထား၏။



အကိရိယဒိဋ္ဌိ

ကောင်းမှု၊ မကောင်းမှုကို ပြုပင်ပြုသော်လည်း ပြုသည်မမည်။ ပြုရာမရောက်ဟု 
ယူသည့်အယူမျိုးကို “အကိရိယဒိဋ္ဌိ”ဟု ခေါ်သည်။ လူစသော သတ္တဝါများသည် သူ့အသက် 
သတ်မှု၊ သူ့ဥစ္စာ ခိုးမှုစသည့် မကောင်းမှု ဒုစရိုက်များကို ပြုလုပ်နေကြသကဲ့သို့
 လှူဒါန်းပေးကမ်းခြင်း၊ သီလစောင့်ထိန်းခြင်းစသည့် ကောင်းမှုကုသိုလ်များ 
ကိုလည်း ပြုလုပ်နေကြသည်။ဤကဲ့သို့ ပြုလုပ်ကြခြင်းသည် ပတ်ဝန်းကျင် ရေ၊ မြေ၊ 
တော၊ တောင်၊အခြေအနေ အရ ပြုလုပ်ကြရသည့်အတွက် မကောင်းမှု အကုသိုလ်ဟု 
မခေါ်ရသကဲ့သို့ ကောင်းမှုကုသိုလ်ဟူ၍လည်း မခေါ်ရ။ ကုသိုလ်ကံ၊ 
အကုသိုလ်ကံဆိုသည်မှာ အမှန်တကယ်မရှိပေ။ လူများ၏ သတ်မှတ်ချက်အရသာ 
ခေါ်ဝေါ်ပြောဆိုနေကြခြင်း ဖြစ်သည်ဟု ယူသောအယူမှားဖြစ်သည်။(အကိရိယဒိဋ္ဌိ= 
ပြုလုပ်သော်လည်း ပြုရာမရောက်ဟု ယူသောအယူ) ဤအယူကား ဘုရားရှင် လက်ထက်တော်က 
ပူရဏကဿပဂိုဏ်းဆရာကြီး ယူသည့် အယူဖြစ်သည်။ ကံမဲ့ဝါဒဖြစ်သည့်အတွက် ကံနှင့် 
ကံ၏အကျိုးကို နှစ်မျိုးလုံးကို ပစ်ပယ်သည့် အယူ ဖြစ်သည်ဟု အဋ္ဌကထာ၌ 
မိန့်ဆိုထားသည်။



နိယတနှင့် အနိယတ

ဤဆိုခဲ့ပြီးသော ဒိဋ္ဌိကြီးသုံးမျိုးကို ယူရာ၌ ယူပုံယူနည်းကို 
လိုက်၍သော်လည်းကောင်း၊ အကျိုးပေးပုံကို လိုက်၍ သော်လည်းကောင်း၊ 
နိယတမိစ္ဆာဒိဋ္ဌိနှင့် အနိယတမိစ္ဆာဒိဋ္ဌိဟူ၍ နှစ်မျိုးကွဲပြားသည်။ နိယတဆိုသည်မှာ 
ခိုင်မြဲစွာယူခြင်း၊ စွဲမြဲစွာယူခြင်းဟု အဓိပ္ပာယ်ရ၏။ ပူရဏကဿပ၊ မက္ခလိဂေါသာလ၊
 အဇိတကေသကမ္ဗလ စသည့်ဂိုဏ်းခေါင်းဆောင် ဆရားကြီးများ၏ ယူပုံမျိုးသည် 
ဘုရားရှင် ချွတ်မရလောက်အောင် ခိုင်မြဲနေ၊ စွဲမြဲနေပြီ ဖြစ်သည့်အတွက် 
နိယတမိစ္ဆာဒိဋ္ဌိဖြစ်သည်။



အနိယတကား မစွဲမြဲသေး၊ မခိုင်မြဲသေးဟု အဓိပ္ပါယ်ရ၏။ထိုဆရာကြီးတို့၏ 
နောက်လိုက်တပည့်များကဲ့သို့ မစွဲမြဲ၊ မခိုင်မြဲသေး၊ ဝတ်ကျေတန်းကျေ 
မိရိုးဖလာ ပေါ့ပေါဆဆ ယူနေသူများဖြစ်သည့်အတွက် အနိယတမိစ္ဆာဒိဋ္ဌိများ 
ဖြစ်သည့်အတွက် အနိယတမိစ္ဆာဒိဋ္ဌိများ ဖြစ်သည်။ သို့သော်ထိုနောက်လိုက် 
တပည့်များသည် ထိုဆရာကြီးတို့ ၏ ကျမ်းစာကို ရွတ်အံခြင်း၊ အနက်အဓိပ္ပာယ် 
ကြံစည်စဉ်းစားခြင်း စသည်ဖြင့် အကြိမ်များစွာ (ကမ္မဋ္ဌာန်းစီးဖြန်း သကဲ့သို့) 
လေ့လာအားထုတ်လာရာ အလွန်သဘောကျ၍ မိစ္ဆာသမာဓိရ၏။ ထိုသို့ သဘောကျသော ဇောဝီထိ 
ပေါင်း အကြိမ်များစွာဖြစ်ပြီး နောက်ဆုံးအတည်တကျ ဆုံးဖြတ်သည့် ဇောဝီထိပေါင်း
 အကြိမ်များစွာဖြစ်ပြီး နောက်ဆုံး အတည်တကျဆုံးဖြတ်သည့် 
ဇောဝီထိဖြစ်ပြီးသည့်အခါ ဘုရားပေါင်းများစွာ ချေချွတ်ကုစား၍ မရအောင် ထိုအယူ၌
 ခိုင်မြဲသွားရကား နိယတမိစ္ဆာဒိဋ္ဌိ ဖြစ်သွားတော့၏။



အကျိုးပေးမြဲသည့် အတွက်ကြောင့်လည်း “နိယတ” ခေါ်သေးသည်။ အဓိပ္ပာယ်မှာ 
ထိုနိယတမိစ္ဆာဒိဋ္ဌိ အယူရှိ သူသည် ကွယ်လွန်သေဆုံးသည့်အခါ ငရဲမှာ မလွဲမသွေ 
ဖြစ်ရသည့်သဘောရှိ၍ “ငရဲဟူသော အကျိုးပေး မြဲသည့် အယူ” ဟုဆိုလိုပေသည်။



မိစ္ဆာဒိဋ္ဌိအင်္ဂါ(၂)ပါး

ထိုမိစ္ဆာဒိဋ္ဌိ၌လည်း ကမ္မပထမြောက် မမြောက်ကို ဆုံးဖြတ်နိုင်သည့် အင်္ဂ 
ါနှစ်ပါးရှိသည်။ ထိုအင်္ဂါ(၂)မျိုးမှာ

(၁)။ ယူသည့် အယူဝါဒ၏ ချွတ်ယွင်းဖောက်ပြန် မမှန်မကန်မှားယွင်းခြင်း။

(၂)။ထိုအယူမှားကို အယူမှန်ဟု ထင်မြင်ယူဆခြင်း။တို့ဖြစ်သည်။ ထိုအင်္ဂ 
ါနှစ်ပါးနှင့် ညီညွတ်စေကာမူ အမှတ်(၁) အင်္ဂါအရ 
မှားယွင်းသောအယူ(မိစ္ဆာဒိဋ္ဌိ)သည် ဖော်ပြခဲ့သည့် နတ္ထိက၊ အဟေတုက၊အကိရိယ 
မိစ္ဆာဒိဋ္ဌိ (၃)မျိုးတွင် တစ်မျိုးမျိုးဖြစ်ပါမှ ကမ္မပထမြောက်သည်။ 
ကျန်မိစ္ဆာဒိဋ္ဌိများမှာ ကမ္မပထမမြောက်၊ ကံမျှသာ ဖြစ်သည်။ 
ထိုဒိဋ္ဌိသုံးမျိုးသည်လည်း နိယတဖြစ်မှ ကမ္မပထမြောက်သည်၊ အနိယတဖြစ်လျှင် 
ကံမျှသာဖြစ်၏။



အပြစ်ကြီးငယ် အသွယ်သွယ်

ဤကံကို လွန်ကျူးရာ၌ အပြစ်အကြီးအငယ်တို့ကို အလေ့အကျင့်နည်းမှု၊ များမှုအရ 
သတ်မှတ်ရ၏။ မိစ္ဆာဒိဋ္ဌိနှင့် ပတ်သတ်သည့် သဘောတရားတို့ကို အဖန်ဖန်နာကြားခြင်း၊
 ကြံစည်စဉ်းစားခြင်း၊ ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ စသည်ဖြင့် အလေ့အကျင့်များလျှင် 
အပြစ်ကြီး၍ အလေ့အကျင့်နည်းလျှင် အပြစ်ငယ်၏။ တစ်နည်းအားဖြင့် နိယတဖြစ်လျှင် 
အပြစ်ကြီး၍ အနိယတဖြစ်လျှင် အပြစ်ငယ်၏။



ဤနိယတမိစ္ဆာဒိဋ္ဌိကံသည် ကံကြီးငါးပါး ခေါ်ကြသည့် ပဉ္စာနန္တရိကံတို့ထက်ပင် 
အပြစ်ကြီး၏။ ပဉ္စာနန္တရိယကံများ တွင် သံဃဘေဒကကံသည် အပြစ်အကြီးဆုံးဖြစ်သည်။ 
ထိုသံဃဘေဒကကံထက်ပင် ဤကံက ပိုပြီး အပြစ်ကြီး၏။ အဝီစိအာယုကပ် မပြည့်သေးလျှင် 
ကမ္ဘာပျက်သွားသော်လည်း မပျက်သောကမ္ဘာသို့ ရွှေ့ပြောင်း ၍ဖြစ်စေ၊ 
ကောင်းကင်မှာဖြစ်စေ၊ ဆက်လက်ခံရသေး၏။ သံဃဘေဒကကံမှာ ထိုကဲ့သို့ကမ္ဘာပျက်လျှင် 
အာယုကပ်မပြည့်သေးသော်လည်း ဆက်လက်မခံရတော့ပေ။ ကြိုးစားပါဦးမည်။

ကိုးကား။ ။ ဓမ္မာစရိယဦးအေးနိုင်(ဘီအေ)၏ ဗုဒ္ဓဘာသာဂုဏ်ရည်စာအုပ်။ 
သဂြိုဟ်ဘာသာဋီကာ။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ 
တစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

********************
မိစ္ဆာဒိဋ္ဌိဟူသော ပါဠိပုဒ်သည် မြန်မာလို “ချွတ်ယွင်းဖောက်ပြန်၊ မမှန်ကန်သောအားဖြင့် မြင်ခြင်း၊ ယူခြင်း၊” ဟု အဓိပ္ပါယ်ရသည်။ အတိုချုပ်မှာ “မှားယွင်းသောအယူ” ဖြစ်သည်။ သဘောတရားအားဖြင့် သူတော်သူမြတ်တို့ ဟောဖော်ညွှန်ကြားထားသည့် တရားအမှန်ကို မယူဘဲ၊ မလိုက်နာဘဲ မှားယွင်းဖောက်ပြန်၊ မမှန်မကန် သိမြင်တတ်သည့် ဒိဋ္ဌိစေတသိတ်တရားဖြစ်သည်။

မိစ္ဆာဒိဋ္ဌိ(၂)မျိုး
... မိစ္ဆာဒိဋ္ဌိသည်လည်း ကမ္မပထမြောက်သည့် မိစ္ဆာဒိဋ္ဌိနှင့် ကမ္မပထမမြောက်ဘဲ ကံမျှသာဖြစ်သည့် မိစ္ဆာဒိဋ္ဌိဟု နှစ်မျိုးရှိသည်။ ထိုတွင် ကမ္မပထမြောက်သည့် မိစ္ဆာဒိဋ္ဌိများမှာ နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ အကိရိယမိစ္ဆာဒိဋ္ဌိတို့ ဖြစ်ကြသည်။ ဤမိစ္ဆာဒိဋ္ဌိသုံးမျိုးလုံး ကံကိုလည်းကောင်း၊ ကံ၏အကျိုးကိုလည်းကောင်း၊ ပယ်သော(ဝါ) လက်မခံသော မိစ္ဆာဒိဋ္ဌိတို့ဖြစ်သည်။ ရုပ်၊ ဝေဒနာ၊သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟူသော ခန္ဓာငါးပါးတွင် တစ်ပါးပါး၌ “အတ္တ” ဟု စွဲလမ်းယူသော သက္ကာယဒိဋ္ဌိ(၂၀)နှင့် ဗြဟ္မဇာလသုတ် စသည်တို့၌လာသော (၆၂)ပါးသော မိစ္ဆာဒိဋ္ဌိ တို့ကား ကမ္မပထမမြောက်၊ မိစ္ဆာဒိဋ္ဌိကံမျှသာဖြစ်သော မိစ္ဆာဒိဋ္ဌိတို့ ဖြစ်ကြသည်။

နတ္ထိကမိစ္ဆာဒိဋ္ဌိ
နတ္ထိကမိစ္ဆာဒိဋ္ဌိဆိုသည်မှာ ကုသိုလ်ကံ၊အကုသိုလ်ကံများကို မည်မျှလောက်ပင်လုပ်လုပ် ထိုကံများက အကျိုးမပေး၊ ထိုကံတို့၏ အကျိုးမရှိဟု ကံ၏အကျိုးကိုပယ်သော အယူမျိုးဖြစ်သည်။ ပယ်ပုံပယ်နည်းမှာ
(၁)။ လှူဒါန်းပေးကမ်းခြင်းသည် အမှန်တကယ်အကျိုးမရှိ။
(၂)။ ရတနာသုံးပါး၊ မိဘဆရာသမားစသည့် ပုဂ္ဂိုလ်မြတ်များကို ပူဇော်ခြင်းသည် အမှန်တကယ်အကျိုးမရှိ။
(၃)။ ပင့်ဖိတ်၍လှူခြင်း၊ ဧည့်သည်များကို ဧည့်ဝတ်စောင်ဝတ်ပြုခြင်း၊ လက်ဆောင်ပေးခြင်း၊ လက်ထပ်မင်္ဂလာပွဲ စသည်တို့၌ ဧည့်ခံကျွေးမွေးခြင်း စသည်များသည် အမှန်တကယ်အကျိုးမရှိ။
(၄)။ ကောင်းမှုကုသိုလ်ကံ၊ မကေင်းမှုအကုသိုလ်ကံတို့၏ အကျိုးမရှိ။
(၅)။ ရှေ့ဘဝလည်းမရှိ။
(၆)။ အပါယ်လေးရပ်၊ ခြောက်ထပ်နတ်ရွာ၊ ဗြဟ္မာနှစ်ဆယ်ဟူသော နောက်ဘဝလည်းမရှိ။
(၇)။ မိခင်ကို ပြစ်မှားလျှင်လည်း အပြစ်မရှိ။ ပြုစုလုပ်ကျွေးလျှင်လည်း အကျိုးမရှိ။
(၈)။ ဖခင်ကို ပြစ်မှားလျှင်လည်း အပြစ်မရှိ။ ပြုစုလုပ်ကျွေးလျှင်လည်း အကျိုးမရှိ။
(၉)။ ငရဲ၊ ပြိတ္တာ၊ နတ်၊ သိကြားစသည့် ဥပပါတ်သတ္တဝါမျိုးမရှိ။
(၁၀)။ လောက၌ ညီညီညွတ်ညွတ် ကောင်းကျင့်ကြံ၍ ဤလောကနှင့်နောင်တမလွန်လောကတို့ကို မျက်မှောက် ထင်ထင် ကိုယ်တိုင်မြင်ကာ ဟောပြောနိုင်ကုန်သော သမဏ ဗြဟ္မဏတို့ မရှိဟူ၍ဖြစ်သည်။

ဤဆယ်ချက်ကို “ဒသဝတ္ထုကမိစ္ဆာဒိဋ္ဌိ” ဟူ၍လည်းခေါ်သည်။ ဤမိစ္ဆာဒိဋ္ဌိသည် နတ္ထိကမိစ္ဆာဒိဋ္ဌိ၌ အကျုံးဝင်ပေ သည်။ ဤနတ္ထိက မိစ္ဆာဒိဋ္ဌိသည် မြတ်စွာဘုရားလက်ထက်တော်၌ “အဇိတကေသကမ္ပလ” ခေါ်သည့် ဂိုဏ်းဆရာကြီးယူသည့် အယူဖြစ်သည်။ ဤမိစ္ဆာဒိဋ္ဌိသည် အကျိုးကိုပယ်သည်ဟုဆိုသော်လည်း “အကျိုးကို ပယ်လျှင် အကြောင်းကံမှာ ပေးစွမ်းနိုင်သည့် သတ္တိမရှိရာရောက်သည့်အတွက်ကြောင့် ကံကိုလည်း ပယ်ပြီးသားဖြစ်သည်ဟု အဋ္ဌကထာများမှာ” မိန့်ဆိုထား၏။

အဟေတုကဒိဋ္ဌိ
အဟေတုကဒိဋ္ဌိဆိုသည်မှာ အကြောင်းတရားကို ပယ်သည့်အယူမျိုးဖြစ်၏။လောကတွင် သတ္တဝါများ ဆင်းရဲကြ၊ ချမ်းသာကြသည်မှာ အကြောင်းမရှိ။ သူ့အချိန်ရောက်လျှင် အလိုအလျောက်ဆင်းရဲကြ၊ ချမ်းသာကြခြင်း ဖြစ်သည်။သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်မှုမှာပင် အကြောင်းမရှိ။ တရားကျင့်စရာမလို၊ အချိန်စေ့လျှင် သူ့အလိုအလျောက် သူ့ဘာသာသူ လွတ်မြောက်ကြရ၏။ သံသရာသည် မဟာကပ်ရှစ်သန်း လေးသိန်းမျှသာ ကြာ၏။ ထိုအချိန်ကာလ ကုန်ဆုံးလျှင် သံသရာမှလွတ်မြောက်သွား၏။ အပ်ချည်လုံးကို ဖြေပြီးပစ်လွှတ်လိုက် သည့်အခါ ချည်ကုန်သည့်အခါ ချည်လုံးရပ်သွားသကဲ့သို့ သတ်မှတ်ထားသည့် အချိန်ကာလ ကုန်ဆုံးသည့်အခါ သံသရာကုန်ဆုံးသွားသည့်အတွက် သံသရာမှ လွတ်မြောက်သွား၏။

ဤမဟာကပ်ရှစ်သန်းလေးသိန်းကာလအတွင်းမှာ မိမိကျရာဘဝမျိုးစုံ၌ ကျင်လည်ကြရ၏။ မိမိတို့ကိုယ်တိုင် တစ်စုံတစ်ရာ ပိုကောင်းသွားအောင် မလုပ်နိုင်သလို ပိုဆိုးသွားအောင်လည်း ပြုပြင်ဖန်တီးနိုင်စွမ်းမရှိ။ ဖြစ်ချိန်တန်လျှင် ဖြစ်ပြီး၊ ပျက်ချိန်တန်လျှင် ပျက်ကြရသည်ဟု ယူသည့် အကြောင်းမဲ့အယူမျိုးဖြစ်၏။ ဘုရားရှင် လက်ထက်က မက္ခလိဂေါသာလဂိုဏ်းဆရာကြီးဟူသည့် အယူဖြစ်၏။ အကြောင်းမရှိဟု ယူသည့်အတွက် အကြောင်းနှင့် ဆက်သွယ်ပြီး ဖြစ်ပေါ်လာမည့် အကျိုးလည်းမရှိဟု ယူရာရောက်သောကြောင့် အကြောင်း အကျိုး နှစ်မျိုးလုံးကို ပယ်သည့်အယူမှားဖြစ်သည်ဟု အဋ္ဌကထာများ၌ မိန့်ဆိုထား၏။

အကိရိယဒိဋ္ဌိ
ကောင်းမှု၊ မကောင်းမှုကို ပြုပင်ပြုသော်လည်း ပြုသည်မမည်။ ပြုရာမရောက်ဟု ယူသည့်အယူမျိုးကို “အကိရိယဒိဋ္ဌိ”ဟု ခေါ်သည်။ လူစသော သတ္တဝါများသည် သူ့အသက် သတ်မှု၊ သူ့ဥစ္စာ ခိုးမှုစသည့် မကောင်းမှု ဒုစရိုက်များကို ပြုလုပ်နေကြသကဲ့သို့ လှူဒါန်းပေးကမ်းခြင်း၊ သီလစောင့်ထိန်းခြင်းစသည့် ကောင်းမှုကုသိုလ်များ ကိုလည်း ပြုလုပ်နေကြသည်။ဤကဲ့သို့ ပြုလုပ်ကြခြင်းသည် ပတ်ဝန်းကျင် ရေ၊ မြေ၊ တော၊ တောင်၊အခြေအနေ အရ ပြုလုပ်ကြရသည့်အတွက် မကောင်းမှု အကုသိုလ်ဟု မခေါ်ရသကဲ့သို့ ကောင်းမှုကုသိုလ်ဟူ၍လည်း မခေါ်ရ။ ကုသိုလ်ကံ၊ အကုသိုလ်ကံဆိုသည်မှာ အမှန်တကယ်မရှိပေ။ လူများ၏ သတ်မှတ်ချက်အရသာ ခေါ်ဝေါ်ပြောဆိုနေကြခြင်း ဖြစ်သည်ဟု ယူသောအယူမှားဖြစ်သည်။(အကိရိယဒိဋ္ဌိ= ပြုလုပ်သော်လည်း ပြုရာမရောက်ဟု ယူသောအယူ) ဤအယူကား ဘုရားရှင် လက်ထက်တော်က ပူရဏကဿပဂိုဏ်းဆရာကြီး ယူသည့် အယူဖြစ်သည်။ ကံမဲ့ဝါဒဖြစ်သည့်အတွက် ကံနှင့် ကံ၏အကျိုးကို နှစ်မျိုးလုံးကို ပစ်ပယ်သည့် အယူ ဖြစ်သည်ဟု အဋ္ဌကထာ၌ မိန့်ဆိုထားသည်။

နိယတနှင့် အနိယတ
ဤဆိုခဲ့ပြီးသော ဒိဋ္ဌိကြီးသုံးမျိုးကို ယူရာ၌ ယူပုံယူနည်းကို လိုက်၍သော်လည်းကောင်း၊ အကျိုးပေးပုံကို လိုက်၍ သော်လည်းကောင်း၊ နိယတမိစ္ဆာဒိဋ္ဌိနှင့် အနိယတမိစ္ဆာဒိဋ္ဌိဟူ၍ နှစ်မျိုးကွဲပြားသည်။ နိယတဆိုသည်မှာ ခိုင်မြဲစွာယူခြင်း၊ စွဲမြဲစွာယူခြင်းဟု အဓိပ္ပာယ်ရ၏။ ပူရဏကဿပ၊ မက္ခလိဂေါသာလ၊ အဇိတကေသကမ္ဗလ စသည့်ဂိုဏ်းခေါင်းဆောင် ဆရားကြီးများ၏ ယူပုံမျိုးသည် ဘုရားရှင် ချွတ်မရလောက်အောင် ခိုင်မြဲနေ၊ စွဲမြဲနေပြီ ဖြစ်သည့်အတွက် နိယတမိစ္ဆာဒိဋ္ဌိဖြစ်သည်။

အနိယတကား မစွဲမြဲသေး၊ မခိုင်မြဲသေးဟု အဓိပ္ပါယ်ရ၏။ထိုဆရာကြီးတို့၏ နောက်လိုက်တပည့်များကဲ့သို့ မစွဲမြဲ၊ မခိုင်မြဲသေး၊ ဝတ်ကျေတန်းကျေ မိရိုးဖလာ ပေါ့ပေါဆဆ ယူနေသူများဖြစ်သည့်အတွက် အနိယတမိစ္ဆာဒိဋ္ဌိများ ဖြစ်သည့်အတွက် အနိယတမိစ္ဆာဒိဋ္ဌိများ ဖြစ်သည်။ သို့သော်ထိုနောက်လိုက် တပည့်များသည် ထိုဆရာကြီးတို့ ၏ ကျမ်းစာကို ရွတ်အံခြင်း၊ အနက်အဓိပ္ပာယ် ကြံစည်စဉ်းစားခြင်း စသည်ဖြင့် အကြိမ်များစွာ (ကမ္မဋ္ဌာန်းစီးဖြန်း သကဲ့သို့) လေ့လာအားထုတ်လာရာ အလွန်သဘောကျ၍ မိစ္ဆာသမာဓိရ၏။ ထိုသို့ သဘောကျသော ဇောဝီထိ ပေါင်း အကြိမ်များစွာဖြစ်ပြီး နောက်ဆုံးအတည်တကျ ဆုံးဖြတ်သည့် ဇောဝီထိပေါင်း အကြိမ်များစွာဖြစ်ပြီး နောက်ဆုံး အတည်တကျဆုံးဖြတ်သည့် ဇောဝီထိဖြစ်ပြီးသည့်အခါ ဘုရားပေါင်းများစွာ ချေချွတ်ကုစား၍ မရအောင် ထိုအယူ၌ ခိုင်မြဲသွားရကား နိယတမိစ္ဆာဒိဋ္ဌိ ဖြစ်သွားတော့၏။

အကျိုးပေးမြဲသည့် အတွက်ကြောင့်လည်း “နိယတ” ခေါ်သေးသည်။ အဓိပ္ပာယ်မှာ ထိုနိယတမိစ္ဆာဒိဋ္ဌိ အယူရှိ သူသည် ကွယ်လွန်သေဆုံးသည့်အခါ ငရဲမှာ မလွဲမသွေ ဖြစ်ရသည့်သဘောရှိ၍ “ငရဲဟူသော အကျိုးပေး မြဲသည့် အယူ” ဟုဆိုလိုပေသည်။

မိစ္ဆာဒိဋ္ဌိအင်္ဂါ(၂)ပါး
ထိုမိစ္ဆာဒိဋ္ဌိ၌လည်း ကမ္မပထမြောက် မမြောက်ကို ဆုံးဖြတ်နိုင်သည့် အင်္ဂါနှစ်ပါးရှိသည်။ ထိုအင်္ဂါ(၂)မျိုးမှာ
(၁)။ ယူသည့် အယူဝါဒ၏ ချွတ်ယွင်းဖောက်ပြန် မမှန်မကန်မှားယွင်းခြင်း။
(၂)။ထိုအယူမှားကို အယူမှန်ဟု ထင်မြင်ယူဆခြင်း။တို့ဖြစ်သည်။ ထိုအင်္ဂါနှစ်ပါးနှင့် ညီညွတ်စေကာမူ အမှတ်(၁) အင်္ဂါအရ မှားယွင်းသောအယူ(မိစ္ဆာဒိဋ္ဌိ)သည် ဖော်ပြခဲ့သည့် နတ္ထိက၊ အဟေတုက၊အကိရိယ မိစ္ဆာဒိဋ္ဌိ (၃)မျိုးတွင် တစ်မျိုးမျိုးဖြစ်ပါမှ ကမ္မပထမြောက်သည်။ ကျန်မိစ္ဆာဒိဋ္ဌိများမှာ ကမ္မပထမမြောက်၊ ကံမျှသာ ဖြစ်သည်။ ထိုဒိဋ္ဌိသုံးမျိုးသည်လည်း နိယတဖြစ်မှ ကမ္မပထမြောက်သည်၊ အနိယတဖြစ်လျှင် ကံမျှသာဖြစ်၏။

အပြစ်ကြီးငယ် အသွယ်သွယ်
ဤကံကို လွန်ကျူးရာ၌ အပြစ်အကြီးအငယ်တို့ကို အလေ့အကျင့်နည်းမှု၊ များမှုအရ သတ်မှတ်ရ၏။ မိစ္ဆာဒိဋ္ဌိနှင့် ပတ်သတ်သည့် သဘောတရားတို့ကို အဖန်ဖန်နာကြားခြင်း၊ ကြံစည်စဉ်းစားခြင်း၊ ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ စသည်ဖြင့် အလေ့အကျင့်များလျှင် အပြစ်ကြီး၍ အလေ့အကျင့်နည်းလျှင် အပြစ်ငယ်၏။ တစ်နည်းအားဖြင့် နိယတဖြစ်လျှင် အပြစ်ကြီး၍ အနိယတဖြစ်လျှင် အပြစ်ငယ်၏။

ဤနိယတမိစ္ဆာဒိဋ္ဌိကံသည် ကံကြီးငါးပါး ခေါ်ကြသည့် ပဉ္စာနန္တရိကံတို့ထက်ပင် အပြစ်ကြီး၏။ ပဉ္စာနန္တရိယကံများ တွင် သံဃဘေဒကကံသည် အပြစ်အကြီးဆုံးဖြစ်သည်။ ထိုသံဃဘေဒကကံထက်ပင် ဤကံက ပိုပြီး အပြစ်ကြီး၏။ အဝီစိအာယုကပ် မပြည့်သေးလျှင် ကမ္ဘာပျက်သွားသော်လည်း မပျက်သောကမ္ဘာသို့ ရွှေ့ပြောင်း ၍ဖြစ်စေ၊ ကောင်းကင်မှာဖြစ်စေ၊ ဆက်လက်ခံရသေး၏။ သံဃဘေဒကကံမှာ ထိုကဲ့သို့ကမ္ဘာပျက်လျှင် အာယုကပ်မပြည့်သေးသော်လည်း ဆက်လက်မခံရတော့ပေ။ ကြိုးစားပါဦးမည်။
ကိုးကား။ ။ ဓမ္မာစရိယဦးအေးနိုင်(ဘီအေ)၏ ဗုဒ္ဓဘာသာဂုဏ်ရည်စာအုပ်။ သဂြိုဟ်ဘာသာဋီကာ။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေ။
 
 
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment