Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Tuesday, April 30, 2013

'' မြတ်ဗုဒ္ဓ ကို ကြည်ညိုခြင်း ''

'' မြတ်ဗုဒ္ဓ ကို ကြည်ညိုခြင်း '' 

********************

သုဘလုလင်၏ အမေးများအား မြတ်ဗုဒ္ဓက..အကျဉ်းချုပ် ဤသို့ ဟောတော်မူခဲ့၏..

လုလင် ....

သတ္တ၀ါတို့သည် ကံသာလျှင် မိမိဥစ္စာရှိကုန်၏။

ကံ၏ အမွေခံတို့ ဖြစ်ကုန်၏။

ကံသာလျှင် အကြောင်း ရှိကုန်၏။

ကံသာလျှင် ဆွေမျိုး ရှိကုန်၏။

ကံသာလျင် မှီခိုရာ ရှိကုန်၏။

ကံသည်သာလျှင် သတ္တ၀ါတို့ကို အယုတ်အမြတ် ဖြစ်ခြင်းငှါ ခွဲခြမ်း ဝေဖန်၏။ ….



ဟု ဟောတော်မူလေ၏။



မြတ်ဗုဒ္ဓ၏ ထို့သို့ အကျဉ်းချုပ်ဟောတော်မူချက်ကို သုဘလုလင်က..နားမလည်သဖြင့် 
အနက်အဓိပ္ပါယ်နှင့်တကွ ဝေဖန်ဖြေကြားပေးပါရန် တောင်းပန်လျောက်ထားပြန်၏။..

ထိုအခါ မြတ်ဗုဒ္ဓသည် သုဘလုလင်၏ အမေး (၁၄)ချက်တို့ကို ဤသို့ဟောတော်မူလေသည်..



သုဘလုလင်အမေး….

၁။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အသက်တို၍

၂။ အချို့မှာ အသက်ရှည်ပါသနည်း။

မြတ်ဗုဒ္ဓ၏အဖြေ….

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အသက်ကို 
သတ်ဖြတ်လေ့ရှိ၏။ ကြမ်းကြုတ်၏။ သွေးစွန်းသော လက်ရှိ၏။ ထိုသူမျိုး သေလျှင် 
ငရဲသို့ ရောက်ရတတ်၏။

(ရှေးက ကုသိုလ်ကံ တစုံတခု၏ အထောက်အပံ့ကြောင့်) ငရဲသို့ မကျဘဲ လူ့ပြည်သို့ 
ရောက်ရစေကာမူ ကြာရှည်နေခွင့် မရပါဘဲ အသက်တိုရတတ်လေသည်။



ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အသက် သတ်ခြင်းမှ 
ရှောင်ကြဉ်ကြ၏။ သူ့အသက်သတ်ရမည်ကို ရှက်ခြင်းရှိ၏။ သနားကြင်နာကြ၏။ 
ထိုသူမျိုး သေလျှင်

နတ်ပြည်သို့ ရောက်ရတတ်၏။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့ 
ရောက်သော်လျှင်ပင် အသက်ရှည်စွာ နေရတတ်လေသည်။



သုဘလုလင်အမေး….

၃။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အနာရောဂါထူများ၍

၎။ အချို့မှာ အနာရောဂါ ကင်းဝေးရပါသနည်း။

မြတ်ဗုဒ္ဓ၏အဖြေ….

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် တစ်ပါးသော 
သတ္တ၀ါအား လက်ဖြင့်လည်းကောင်း၊ ခဲ တုတ် ဓား စသော လက်နက်များဖြင့်လည်းကောင်း 
ညှဉ်းဆဲလေ့ရှိ၏။

ထိုသူမျိုး သေလျှင် ငရဲကျတတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ရောက်စေကာမူ 
ရောဂါထူပြော အနာပေါများတတ်လေသည်။



ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် ထိုသို့ ညှဉ်းဆဲ 
နှိပ်စက်ခြင်း မရှိ။ ထိုသူမျိုး သေလျှင် နတ်ပြည်သို့ ရောက်ရတတ်ပေသည်။

နတ်ပြည်မရောက်ဘဲ လူ့ပြည်ရောက်လျှင်ကား အနာရောဂါ ကင်းဝေးကြရပေ၏။



သုဘလုလင်အမေး….

၅။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အရုပ်ဆိုး၍

၆။ အချို့မှာ အဆင်းလှပါသနည်း။

မြတ်ဗုဒ္ဓ၏အဖြေ….

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အလွန် 
ဒေါသကြီးကြ၏။ စကားပြောစရာရှိလျှင်ပင် သူတပါးအား ထိပါးပုတ်ခတ်၍ 
ပြောလေ့ရှိ၏။

ထိုသူမျိုး သေလျှင် ငရဲသို့ကျရောက်တတ်၏။ ငရဲမကျပါဘဲ လူ့ပြည်သို့ 
ရောက်ရလျှင်ပင် မျက်နှာပုပ်သိုး အရုပ်ဆိုးတတ်လေသည်။



ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အမျက် ဒေါသ 
ထွက်လေ့မရှိ။ ထိုသို့ ဒေါသမကြီးသူသည် သေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။

နတ်ပြည်မရောက်ဘဲ လူ့ပြည်သို့ ရောက်ရလျှင်ပင် ကြည်လင်လှပသော အဆင်းကို 
ရပေသည်။



သုဘလုလင်အမေး….

၇။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ ခြွေရံစိုးမိုး တန်ခိုးအာဏာ 
နည်းပါး၍

၈။ အချို့မှာ တန်ခိုးအာဏာ ကြီးမားရပါသနည်း။

မြတ်ဗုဒ္ဓ၏အဖြေ….

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် ဣဿာအားကြီးကြ၏။ 
ထိုသူမျိုး သေလျှင် ငရဲသို့ ကျရောက်ရတတ်သည်။ ငရဲမကျဘဲ လူ့ပြည်သို့ 
ရောက်စေကာမူ

ခြွေရံစိုးမိုး တန်ဖိုးနည်းပါးတတ်လေသည်။



ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် ဣဿာ မရှိ။ 
သူတပါးအပေါ် မနာလိုခြင်း မရှိ။ ထိုသူမျိုးသေလျှင် 
နတ်ပြည်သို့ရောက်ရတတ်ပေသည်။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့

ရောက်ရလျှင်ပင် နာမည်ကျော်ကြား ခြွေရံပေါများ၍ တန်ခိုးအာဏာ 
သြဇာကြီးမားတတ်လေသည်။

(သူတပါး၏ ကံ ဉာဏ် ၀ီရိယ အားလျော်စွာ စည်းစိမ်ဥစ္စာပေါခြင်း၊ 
ဂုဏ်သိန်ကြီးမားခြင်း၊ ကျော်စောခြင်း စသည်တို့ကို မနာလိုမှု၊ 
စောင်းမြောင်းမှု၊ ငြူစူမှု စသည်တို့သည် ဣဿာပင်ဖြစ်၏။)



သုဘလုလင်အမေး….

၉။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ ဥစ္စာမဲ့မွဲ ဆင်းရဲ၍

၁၀။ အချို့မှာ ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝပါသနည်း။

မြတ်ဗုဒ္ဓ၏အဖြေ….

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် စွန့်ကြဲပေးကမ်း 
လှူဒါန်းလေ့မရှိကြ။ မစ္ဆေရတရား အားကြီးကြ၏။ ထိုသူမျိုး သေလျှင် ငရဲသို့ 
ရောက်ရတတ်၏။

ငရဲမကျ လူ့ပြည်သို့ ရောက်ရလျှင်ပင် ဥစ္စာမဲ့မွဲ ဆင်းရဲရတတ်သည်။



ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် မစ္ဆေရမရှိဘဲ 
စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိကြသည်။ ထိုသူမျိုး သေလျှင် နတ်ပြည်သို့ 
ရောက်ရတတ်သည်။ နတ်ပြည်သို့မရောက်ဘဲ

လူ့ပြည်သို့ ရောက်ပြန်လျှင်ပင် ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝ ရပေသည်။

(မိမိ၌ ရှိသော ပစ္စည်းများကို သူတပါးနှင့် မဆက်ဆံစေလိုမှု၊ မပေးကမ်း 
မလှူဒါန်းလိုမှုများကို လည်းကောင်း၊ မိမိ၏ စည်းစိမ်မျိုးကို သူတပါးရမည်ကို 
စိုးခြင်းသည်လည်းကောင်း မစ္ဆေရပင်ဖြစ်၏။)



သုဘလုလင်အမေး….

၁၁။ လူချင်းတူပါလျက် အချို့မှာ အမျိုးယုတ်ညံ့၍

၁၂။ အချို့မှာ အမျိုးမြတ်ပါသနည်း။

မြတ်ဗုဒ္ဓ၏အဖြေ….

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အလွန်မာနကြီးကြ၏။ 
သူတပါးကို အထင်သေး၏။ ကိုယ့်ကိုယ်ကို အထင်ကြီး၏။ ရိုသေလေးစားထိုက်သူကိုပင်

ရိုသေရမှန်းမသိတတ်။ ထိုသူမျိုးသေလျှင် ငရဲသို့ရောက်ရတတ်၏။ ငရဲမကျဘဲ 
လူ့ပြည်သို့ ရောက်ရလျှင်လည်း အောက်ကျ နောက်ကျနှင့် ယုတ်ညံ့သော အမျိုး၌ 
ဖြစ်ရတတ်လေသည်။



ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် မာန်မာန မကြီး။ 
ရိုသေလေးစားထိုက်သူတို့ကို ရိုသေလေးစား၏။ ထိုသူမျိုး သေလျှင် နတ်ပြည်သို့ 
ရောက်ရတတ်၏။

နတ်ပြည်မရောက်ဘဲ လူ့ပြည်သို့ ရောက်လျှင်လည်း မြင့်မြတ်သော အမျိုး၌ 
ဖြစ်ရတတ်ပေသည်။



သုဘလုလင်အမေး….

၁၃။ လူချင်းတူပါလျက် အချို့မှာ အသိ အလိမ္မာ ဉာဏ်ပညာ နည်းပါး၍

၁၄။ အချို့မှာ ဉာဏ်ပညာ ကြီးမားရပါသနည်း။

မြတ်ဗုဒ္ဓ၏အဖြေ….

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် ပညာရှိထံ 
ချဉ်းကပ်၍ ကုသိုလ် အကုသိုလ်ကိုလည်းကောင်း၊ အပြစ်ရှိ မရှိ၊ မှီဝဲထိုက် 
မမှီဝဲထိုက်ကိုလည်းကောင်း၊

နောင်သံသရာဝယ် အကျိုးပေးမည့် တရားအချက်တို့ကို လည်းကောင်း မေးမြန်းလေ့ 
မရှိကြပေ။ ထင်မိ ထင်ရာဖြင့် ဒုစရိုက်များ ပြုတတ်၏။

ထိုသူမျိုးသေလျှင် ငရဲသို့ ရောက်ရတတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ရောက်စေကာမူ 
အသိ လိမ္မာ ဉာဏ်ပညာကင်း လူဖျင်း လူအ လူမိုက် ဖြစ်ရတတ်လေသည်။



ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် တရားကို 
နှစ်သက်ကြည်ဖြူနာယူကြသည်။ ကုသိုလ် အကုသိုလ်နှင့် စပ်၍လည်းကောင်း

မှီဝဲထိုက် မမှီဝဲထိုက်ကိုလည်းကောင်း၊ သံသရာဝယ် အကျိုးပေးမည့် 
တရားအချက်များနှင့် စပ်၍လည်းကောင်း မေးမြန်းလေ့ ရှိကြသည်။ ထိုသူမျိုး 
သေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။

နတ်ပြည်မရောက်ဘဲ လူ့ပြည်ရောက်လျှင်လည်း အသိ အလိမ္မာ ဉာဏ်ပညာ ထက်မြက်သူ 
ဖြစ်ရတတ်ပေသည်။



မြတ်ဗုဒ္ဓ၏ ထိုတရားတော်အဆုံးတွင် သုဘလုလင်သည် တရားတော်အား လွန်စွာ 
နှစ်သက်အားရကျေနပ်မှု ဖြစ်ကာ..

ဘုရား(ဗုဒ္ဓ)၊ တရား(ဓမ္မ)၊ သံဃာ..ရတနာ(၃)ပါးအား ကိုးကွယ်ဆည်းကပ်သော ဥပါသကာ 
ဖြစ်လေသည်။

  

ဓမ္မဒါန မျှဝေပါသည် 

မြတ်သောမောင်
                                                                                                 ********************   
                                                                                                                                
သုဘလုလင်၏ အမေးများအား မြတ်ဗုဒ္ဓက..အကျဉ်းချုပ် ဤသို့ ဟောတော်မူခဲ့၏..
လုလင် ....
သတ္တ၀ါတို့သည် ကံသာလျှင် မိမိဥ...စ္စာရှိကုန်၏။
ကံ၏ အမွေခံတို့ ဖြစ်ကုန်၏။
ကံသာလျှင် အကြောင်း ရှိကုန်၏။
ကံသာလျှင် ဆွေမျိုး ရှိကုန်၏။
ကံသာလျင် မှီခိုရာ ရှိကုန်၏။
ကံသည်သာလျှင် သတ္တ၀ါတို့ကို အယုတ်အမြတ် ဖြစ်ခြင်းငှါ ခွဲခြမ်း ဝေဖန်၏။ ….

ဟု ဟောတော်မူလေ၏။

မြတ်ဗုဒ္ဓ၏ ထို့သို့ အကျဉ်းချုပ်ဟောတော်မူချက်ကို သုဘလုလင်က..နားမလည်သဖြင့် အနက်အဓိပ္ပါယ်နှင့်တကွ ဝေဖန်ဖြေကြားပေးပါရန် တောင်းပန်လျောက်ထားပြန်၏။..
ထိုအခါ မြတ်ဗုဒ္ဓသည် သုဘလုလင်၏ အမေး (၁၄)ချက်တို့ကို ဤသို့ဟောတော်မူလေသည်..

သုဘလုလင်အမေး….
၁။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အသက်တို၍
၂။ အချို့မှာ အသက်ရှည်ပါသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ….
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အသက်ကို သတ်ဖြတ်လေ့ရှိ၏။ ကြမ်းကြုတ်၏။ သွေးစွန်းသော လက်ရှိ၏။ ထိုသူမျိုး သေလျှင် ငရဲသို့ ရောက်ရတတ်၏။
(ရှေးက ကုသိုလ်ကံ တစုံတခု၏ အထောက်အပံ့ကြောင့်) ငရဲသို့ မကျဘဲ လူ့ပြည်သို့ ရောက်ရစေကာမူ ကြာရှည်နေခွင့် မရပါဘဲ အသက်တိုရတတ်လေသည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြ၏။ သူ့အသက်သတ်ရမည်ကို ရှက်ခြင်းရှိ၏။ သနားကြင်နာကြ၏။ ထိုသူမျိုး သေလျှင်
နတ်ပြည်သို့ ရောက်ရတတ်၏။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့ ရောက်သော်လျှင်ပင် အသက်ရှည်စွာ နေရတတ်လေသည်။

သုဘလုလင်အမေး….
၃။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အနာရောဂါထူများ၍
၎။ အချို့မှာ အနာရောဂါ ကင်းဝေးရပါသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ….
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် တစ်ပါးသော သတ္တ၀ါအား လက်ဖြင့်လည်းကောင်း၊ ခဲ တုတ် ဓား စသော လက်နက်များဖြင့်လည်းကောင်း ညှဉ်းဆဲလေ့ရှိ၏။
ထိုသူမျိုး သေလျှင် ငရဲကျတတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ရောက်စေကာမူ ရောဂါထူပြော အနာပေါများတတ်လေသည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် ထိုသို့ ညှဉ်းဆဲ နှိပ်စက်ခြင်း မရှိ။ ထိုသူမျိုး သေလျှင် နတ်ပြည်သို့ ရောက်ရတတ်ပေသည်။
နတ်ပြည်မရောက်ဘဲ လူ့ပြည်ရောက်လျှင်ကား အနာရောဂါ ကင်းဝေးကြရပေ၏။

သုဘလုလင်အမေး….
၅။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ အရုပ်ဆိုး၍
၆။ အချို့မှာ အဆင်းလှပါသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ….
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အလွန် ဒေါသကြီးကြ၏။ စကားပြောစရာရှိလျှင်ပင် သူတပါးအား ထိပါးပုတ်ခတ်၍ ပြောလေ့ရှိ၏။
ထိုသူမျိုး သေလျှင် ငရဲသို့ကျရောက်တတ်၏။ ငရဲမကျပါဘဲ လူ့ပြည်သို့ ရောက်ရလျှင်ပင် မျက်နှာပုပ်သိုး အရုပ်ဆိုးတတ်လေသည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အမျက် ဒေါသ ထွက်လေ့မရှိ။ ထိုသို့ ဒေါသမကြီးသူသည် သေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။
နတ်ပြည်မရောက်ဘဲ လူ့ပြည်သို့ ရောက်ရလျှင်ပင် ကြည်လင်လှပသော အဆင်းကို ရပေသည်။

သုဘလုလင်အမေး….
၇။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ ခြွေရံစိုးမိုး တန်ခိုးအာဏာ နည်းပါး၍
၈။ အချို့မှာ တန်ခိုးအာဏာ ကြီးမားရပါသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ….
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် ဣဿာအားကြီးကြ၏။ ထိုသူမျိုး သေလျှင် ငရဲသို့ ကျရောက်ရတတ်သည်။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်စေကာမူ
ခြွေရံစိုးမိုး တန်ဖိုးနည်းပါးတတ်လေသည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် ဣဿာ မရှိ။ သူတပါးအပေါ် မနာလိုခြင်း မရှိ။ ထိုသူမျိုးသေလျှင် နတ်ပြည်သို့ရောက်ရတတ်ပေသည်။ နတ်ပြည်သို့ မရောက်ဘဲ လူ့ပြည်သို့
ရောက်ရလျှင်ပင် နာမည်ကျော်ကြား ခြွေရံပေါများ၍ တန်ခိုးအာဏာ သြဇာကြီးမားတတ်လေသည်။
(သူတပါး၏ ကံ ဉာဏ် ၀ီရိယ အားလျော်စွာ စည်းစိမ်ဥစ္စာပေါခြင်း၊ ဂုဏ်သိန်ကြီးမားခြင်း၊ ကျော်စောခြင်း စသည်တို့ကို မနာလိုမှု၊ စောင်းမြောင်းမှု၊ ငြူစူမှု စသည်တို့သည် ဣဿာပင်ဖြစ်၏။)

သုဘလုလင်အမေး….
၉။ လူချင်းတူပါလျက် အဘယ်ကြောင့် အချို့မှာ ဥစ္စာမဲ့မွဲ ဆင်းရဲ၍
၁၀။ အချို့မှာ ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝပါသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ….
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိကြ။ မစ္ဆေရတရား အားကြီးကြ၏။ ထိုသူမျိုး သေလျှင် ငရဲသို့ ရောက်ရတတ်၏။
ငရဲမကျ လူ့ပြည်သို့ ရောက်ရလျှင်ပင် ဥစ္စာမဲ့မွဲ ဆင်းရဲရတတ်သည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် မစ္ဆေရမရှိဘဲ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိကြသည်။ ထိုသူမျိုး သေလျှင် နတ်ပြည်သို့ ရောက်ရတတ်သည်။ နတ်ပြည်သို့မရောက်ဘဲ
လူ့ပြည်သို့ ရောက်ပြန်လျှင်ပင် ဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝ ရပေသည်။
(မိမိ၌ ရှိသော ပစ္စည်းများကို သူတပါးနှင့် မဆက်ဆံစေလိုမှု၊ မပေးကမ်း မလှူဒါန်းလိုမှုများကို လည်းကောင်း၊ မိမိ၏ စည်းစိမ်မျိုးကို သူတပါးရမည်ကို စိုးခြင်းသည်လည်းကောင်း မစ္ဆေရပင်ဖြစ်၏။)

သုဘလုလင်အမေး….
၁၁။ လူချင်းတူပါလျက် အချို့မှာ အမျိုးယုတ်ညံ့၍
၁၂။ အချို့မှာ အမျိုးမြတ်ပါသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ….
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် အလွန်မာနကြီးကြ၏။ သူတပါးကို အထင်သေး၏။ ကိုယ့်ကိုယ်ကို အထင်ကြီး၏။ ရိုသေလေးစားထိုက်သူကိုပင်
ရိုသေရမှန်းမသိတတ်။ ထိုသူမျိုးသေလျှင် ငရဲသို့ရောက်ရတတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ ရောက်ရလျှင်လည်း အောက်ကျ နောက်ကျနှင့် ယုတ်ညံ့သော အမျိုး၌ ဖြစ်ရတတ်လေသည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် မာန်မာန မကြီး။ ရိုသေလေးစားထိုက်သူတို့ကို ရိုသေလေးစား၏။ ထိုသူမျိုး သေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။
နတ်ပြည်မရောက်ဘဲ လူ့ပြည်သို့ ရောက်လျှင်လည်း မြင့်မြတ်သော အမျိုး၌ ဖြစ်ရတတ်ပေသည်။

သုဘလုလင်အမေး….
၁၃။ လူချင်းတူပါလျက် အချို့မှာ အသိ အလိမ္မာ ဉာဏ်ပညာ နည်းပါး၍
၁၄။ အချို့မှာ ဉာဏ်ပညာ ကြီးမားရပါသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ….
ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် ပညာရှိထံ ချဉ်းကပ်၍ ကုသိုလ် အကုသိုလ်ကိုလည်းကောင်း၊ အပြစ်ရှိ မရှိ၊ မှီဝဲထိုက် မမှီဝဲထိုက်ကိုလည်းကောင်း၊
နောင်သံသရာဝယ် အကျိုးပေးမည့် တရားအချက်တို့ကို လည်းကောင်း မေးမြန်းလေ့ မရှိကြပေ။ ထင်မိ ထင်ရာဖြင့် ဒုစရိုက်များ ပြုတတ်၏။
ထိုသူမျိုးသေလျှင် ငရဲသို့ ရောက်ရတတ်၏။ ငရဲမကျဘဲ လူ့ပြည်သို့ရောက်စေကာမူ အသိ လိမ္မာ ဉာဏ်ပညာကင်း လူဖျင်း လူအ လူမိုက် ဖြစ်ရတတ်လေသည်။

ဤလောက၌ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချို့သောသူတို့သည် တရားကို နှစ်သက်ကြည်ဖြူနာယူကြသည်။ ကုသိုလ် အကုသိုလ်နှင့် စပ်၍လည်းကောင်း
မှီဝဲထိုက် မမှီဝဲထိုက်ကိုလည်းကောင်း၊ သံသရာဝယ် အကျိုးပေးမည့် တရားအချက်များနှင့် စပ်၍လည်းကောင်း မေးမြန်းလေ့ ရှိကြသည်။ ထိုသူမျိုး သေလျှင် နတ်ပြည်သို့ ရောက်ရတတ်၏။
နတ်ပြည်မရောက်ဘဲ လူ့ပြည်ရောက်လျှင်လည်း အသိ အလိမ္မာ ဉာဏ်ပညာ ထက်မြက်သူ ဖြစ်ရတတ်ပေသည်။

မြတ်ဗုဒ္ဓ၏ ထိုတရားတော်အဆုံးတွင် သုဘလုလင်သည် တရားတော်အား လွန်စွာ နှစ်သက်အားရကျေနပ်မှု ဖြစ်ကာ..
ဘုရား(ဗုဒ္ဓ)၊ တရား(ဓမ္မ)၊ သံဃာ..ရတနာ(၃)ပါးအား ကိုးကွယ်ဆည်းကပ်သော ဥပါသကာ ဖြစ်လေသည်။

ဓမ္မဒါန မျှဝေပါသည်
မြတ်သောမောင်

No comments:

Post a Comment