Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Tuesday, April 23, 2013

''အမျိုးစစ်''မှ အမျိုးချစ်တတ်ကြသည်''


''အမျိုးစစ်''မှ အမျိုးချစ်တတ်ကြသည်
======================
မျိုးချစ်စိတ် ဆိုသည် မိမိ တိုင်းပြည်နှင့် မိမိ လူမျိုးကို ချစ်မြတ်နိုးသော ''စိတ်'' ကို ရည်ညွှန်း ပါသည်...။ မျိုးချစ်စိတ် ရှိသူများသည် ''အမျိုးစစ်''မှ အမျိုးချစ်တတ် ကြပါမည်။ ''အမျိုးမစစ်''က အမျိုး ချစ်တတ်မည် မဟုတ်ပါ။ ''အမျိုးစစ်ခြင်း အကြောင်း အရင်းကို လေ့လာပါလျှင်- ၁။ အမျိုးဘာသာ သာသနာကို စောင့်ထိန်း မြှင့်တင်ခြင်း၊ ၂။ မိမိစာပေ၊ အနုပညာ ရိုးရာ ဓလေ့ကို ထိန်းသိမ်းခြင်း၊ ၃။ မိမိ ယဉ်ကျေးမှု အဆင့် အတန်းကို ထိန်းသိမ်းခြင်း ဟူသော ''အမျိုးစောင့် တရား (၃)ပါး'' ကို စောင့်တည်ကျင့်ကြံ နိုင်သူမှ ''အမျိုးစစ်'' သူဟု သတ်မှတ် ရပါမည်။ အမျိုးစစ်၍ အမျိုး ချစ်သူတိုင်းမှာ ဇာတိမာန်နှင့် ယှဉ်သော ''စစ်မှန်သော မျိုးချစ်စိတ်'' ရှိကြ ပါသည်။ ''ဇာတိမာန်'' ဟူသည်မှာ မိမိ မွေးဖွားရာ ဇာတိ၊ တိုင်းပြည်ဖြစ်သော အမိမြန်မာ နိုင်ငံတော် ကြီးသည် နိုင်ငံ တစ်နိုင်ငံ၏ အင်္ဂါရပ်နှင့် ညီညွတ်သော တိုင်းပြည်ဖြစ်ခြင်း၊ နယ်နိမိတ် သတ်မှတ်ချက် ရှိခြင်း ၊ ပြည်သူပြည်သား ရှိခြင်း၊ အချုပ် အခြာပိုင် အာဏာရှိသော အစိုးရ ရှိခြင်း၊ လွတ်လပ်၍ တက်ကြွသော ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့် ရှိခြင်းစသည့် အင်္ဂါရပ် များနှင့်အညီ ကိုယ့်တိုင်းပြည်မှာ မြေပေါ်မြေအောက် သယံဇာတ ပေါကြွယ်ဝမှု များနှင့် ကိုယ့် ဘာသာ၊ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှုနှင့် အဆင့်အတန်း မြင့်မားစွာ ရပ်တည် နေထိုင်လာ ခဲ့သော ဇာတိမာန် ဂုဏ်ကို အလေး အမြတ် ပြုတတ်ခြင်းကို ဆိုလိုပါသည်။ အမျိုးစစ်သူ တို့မှာ ကိုယ့်တိုင်းပြည်ကို ချစ်တတ်ပါသည်။ ကိုယ့်စာပေ၊ ကိုယ့်အနု ပညာ၊ ကိုယ့်ရိုးရာကို ချစ်တတ် ကြပါသည်။ ကိုယ့်လူမျိုးကို ချစ်တတ် ကြပါသည်။ ထိုချစ်တတ် သည့် စိတ်နှင့်ပင် ကိုယ့်တိုင်းပြည်ကို ကာကွယ်ကြရ ပါသည်။ ထိုချစ်တတ်သည့် စိတ်နှင့်ပင် ကိုယ့်စာပေ၊ ကိုယ့်ရိုးရာ ယဉ်ကျေးမှု ဓလေ့များကို တိုင်းခြား အယူအဆ အစွဲဓလေ့ များ မဝင် လာအောင် ကာကွယ်ကြရ ပါသည်။ မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်၍ တိုင်းပြည် ပျောက်တတ် တာမို့ အမျိုး အနွယ်ကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ် ကြရပါသည်။ ထိုသို့ကာကွယ် စောင့်ရှောက်ကြသူ များသည် လူမျိုးကြီး ဝါဒစွဲဖြင့် အယူသည်း ဆောင်ရွက် နေကြခြင်း မဟုတ်ပါ။ မိမိတိုင်းပြည် မိမိ လူမျိုးကို ချစ်၍ မျိုးချစ် စိတ်ဓာတ်ဖြင့် ကာကွယ် စောင့်ရှောက်ခြင်း ဖြစ်ပါသည်။ ယနေ့ လူငယ်များသည် စစ်မှန်သော မျိုးချစ် စိတ်ဓာတ်နှင့် ဇာတိမာန်ကို အစဉ် ထာဝရ မွေးမြူ ထိန်းသိမ်း သင့်ပါကြောင်း အမျိုးသားရေး အမြင်ဖြင့် တိုက်တွန်း ရေးသားတင်ပြ အပ်ပါသည်။ မြဝတီ၌ဖော်ပြထားသည် နိုင်ထွန်းမင်း (မအူပင်)၏ မြန်မာ့ တပ်မတော်၏ မျိုးချစ်စိတ်နှင့် ဇာတိမာန် ဆောင်းပါးမှကောက်နှုတ်တင်ပြအပ်ပါသည်။

''အမျိုးစစ်''မှ အမျိုးချစ်တတ်ကြသည်
======================

မျိုးချစ်စိတ် ဆိုသည် မိမိ တိုင်းပြည်နှင့် မိမိ လူမျိုးကို ချစ်မြတ်နိုးသော ''စိတ်'' ကို ရည်ညွှန်း ပါသည်။ မျိုးချစ်စိတ် ရှိသူများသည် ''အမျိုးစစ်''မှ အမျိုးချစ်တတ် ကြပါမည်။ ''အမျိုးမစစ်''က အမျိုး ချစ်တတ်မည် မဟုတ်ပါ။ ''အမျိုးစစ်ခြင်း အကြောင်း အရင်းကို လေ့လာပါလျှင်-

၁။ အမျိုးဘာသာ သာသနာကို စောင့်ထိန်း မြှင့်တင်ခြင်း၊

၂။ မိမိစာပေ၊ အနုပညာ ရိုးရာ ဓလေ့ကို ထိန်းသိမ်းခြင်း၊

၃။ မိမိ ယဉ်ကျေးမှု အဆင့် အတန်းကို ထိန်းသိမ်းခြင်း ဟူသော ''အမျိုးစောင့် တရား (၃)ပါး'' ကို စောင့်တည်ကျင့်ကြံ နိုင်သူမှ ''အမျိုးစစ်'' သူဟု သတ်မှတ် ရပါမည်။

အမျိုးစစ်၍ အမျိုး ချစ်သူတိုင်းမှာ ဇာတိမာန်နှင့် ယှဉ်သော ''စစ်မှန်သော မျိုးချစ်စိတ်'' ရှိကြ ပါသည်။

''ဇာတိမာန်'' ဟူသည်မှာ မိမိ မွေးဖွားရာ ဇာတိ၊ တိုင်းပြည်ဖြစ်သော အမိမြန်မာ နိုင်ငံတော် ကြီးသည် နိုင်ငံ တစ်နိုင်ငံ၏ အင်္ဂါရပ်နှင့် ညီညွတ်သော တိုင်းပြည်ဖြစ်ခြင်း၊ နယ်နိမိတ် သတ်မှတ်ချက် ရှိခြင်း ၊ ပြည်သူပြည်သား ရှိခြင်း၊ အချုပ် အခြာပိုင် အာဏာရှိသော အစိုးရ ရှိခြင်း၊ လွတ်လပ်၍ တက်ကြွသော ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့် ရှိခြင်းစသည့် အင်္ဂါရပ် များနှင့်အညီ ကိုယ့်တိုင်းပြည်မှာ မြေပေါ်မြေအောက် သယံဇာတ
ပေါကြွယ်ဝမှု များနှင့် ကိုယ့် ဘာသာ၊ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှုနှင့် အဆင့်အတန်း မြင့်မားစွာ ရပ်တည် နေထိုင်လာ ခဲ့သော ဇာတိမာန် ဂုဏ်ကို အလေး အမြတ် ပြုတတ်ခြင်းကို ဆိုလိုပါသည်။

အမျိုးစစ်သူ တို့မှာ ကိုယ့်တိုင်းပြည်ကို ချစ်တတ်ပါသည်။ ကိုယ့်စာပေ၊ ကိုယ့်အနု ပညာ၊ ကိုယ့်ရိုးရာကို ချစ်တတ် ကြပါသည်။ ကိုယ့်လူမျိုးကို ချစ်တတ် ကြပါသည်။ ထိုချစ်တတ် သည့် စိတ်နှင့်ပင် ကိုယ့်တိုင်းပြည်ကို ကာကွယ်ကြရ ပါသည်။ ထိုချစ်တတ်သည့် စိတ်နှင့်ပင် ကိုယ့်စာပေ၊ ကိုယ့်ရိုးရာ ယဉ်ကျေးမှု ဓလေ့များကို တိုင်းခြား အယူအဆ အစွဲဓလေ့ များ မဝင် လာအောင် ကာကွယ်ကြရ ပါသည်။

မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်၍ တိုင်းပြည် ပျောက်တတ် တာမို့ အမျိုး အနွယ်ကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ် ကြရပါသည်။

ထိုသို့ကာကွယ် စောင့်ရှောက်ကြသူ များသည် လူမျိုးကြီး ဝါဒစွဲဖြင့် အယူသည်း ဆောင်ရွက် နေကြခြင်း မဟုတ်ပါ။ မိမိတိုင်းပြည် မိမိ လူမျိုးကို ချစ်၍ မျိုးချစ် စိတ်ဓာတ်ဖြင့် ကာကွယ် စောင့်ရှောက်ခြင်း ဖြစ်ပါသည်။

ယနေ့ လူငယ်များသည် စစ်မှန်သော မျိုးချစ် စိတ်ဓာတ်နှင့် ဇာတိမာန်ကို အစဉ် ထာဝရ မွေးမြူ ထိန်းသိမ်း သင့်ပါကြောင်း အမျိုးသားရေး အမြင်ဖြင့် တိုက်တွန်း ရေးသားတင်ပြ အပ်ပါသည်။


မြဝတီ၌ဖော်ပြထားသည့် နိုင်ထွန်းမင်း (မအူပင်)၏ မြန်မာ့ တပ်မတော်၏ မျိုးချစ်စိတ်နှင့် ဇာတိမာန် ဆောင်းပါးမှကောက်နှုတ်တင်ပြအပ်ပါသည်။

No comments:

Post a Comment