Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Friday, April 26, 2013

"ရွှေမြန်မာတို့အတွက် ဘာသာရေး လူမျိုးရေးစကားလက်ဆောင်များ"


သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ"
*****************
ကမ္ဘာလောကမှာ လူကြိုက်များတဲ့ ဝါဒနှစ်ခုရှိတယ်။ သဿတဝါဒနဲ့ ဥစ္ဆေဒဝါဒပါပဲ။ ဒီဝါဒ နှစ်ခု ဒီကမ္ဘာ လောကကြီးထ...ဲမှာ ဖြစ်ပေါ်လာဖို့ ပဓာနအကြောင်းတရား နှစ်ပါးရှိပါတယ်။
၁။ ဘဝသံသရာက သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိဆိုတဲ့ အာသယဓာတ်ခံရှိခြင်း။
၂။အဲဒီ အယူရှိတဲ့ ပုဂ္ဂိုလ်များကို လေးစားမြတ်နိုးလျက် သူတို့နှင့်တွဲဖက်ပေါင်းသင်းခြင်း။
ဒီအကြောင်းနှစ်ပါးဟာ သဿတဝါဒနဲ့ ဥစ္ဆေဒ ဝါဒ ဖြစ်ပေါ်လာဖို့ ပဓာနအကြောင်းရင်းတွေပဲ။
သဿတအယူရှိသူက အကုသိုလ်အဖြစ်တော့ နည်းတယ်။သို့သော် သူ့အယူကို စွန့်ဖို့ကျတော့ ခက်တယ်။ ဥစ္ဆေဒအယူက အပြစ်တော့ အလွန်ကြီးတယ်။ သို့သော် မဇ္ဈိမပဋိပဒါ မဂ္ဂင်လမ်းစဉ်ကို ဟောပြလို့ သဘောကျလျှင် မြန်မြန်ပြောင်းလွယ်တယ်။ သဿတဝါဒ သမားက လူ့ပြည် နတ်ပြည် ငရဲပြည်ရှိတာကို ယုံတယ်။ ကုသိုလ် အကုသိုလ်ကံတို့ရဲ့ ကောင်းကျိုး မကောင်းကျိုးကို လက်ခံတယ်။ သို့သော် သူက သားသမီး ဇနီး ခင်ပွန်းကို တွယ်တာမှုအား ကြီးပြီး သံသရာဝဋ်ကို သာယာနေတော့ ဘုရားနဲ့တွေ့လို့ ဘုရားက တရားဟောသော်လည်း သူ့အယူကို မြန်မြန်မစွန့်နိုင်ဘူး။ သမ္မာဒိဋ္ဌိအယူက လူ့ပြည် နတ်ပြည် ငရဲပြည်ရှိတာကိုယုံတယ်။ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ ကောင်းကျိုး ဆိုးကျိုးကိုလက်ခံတယ်။ သားသမီး ဇနီး ခင်ပွန်းတို့အပေါ် မေတ္တာထားသလို တစ်စုံတစ်ခုအကျိုးတစ်ခုခု ဖြစ်ပေါ်လျှင်လည်း ကံကြောင့်ဆိုပြီး နှလုံးသွင်းတတ်တယ်။ မဇ္ဈိမ ပဋိပဒါလမ်းစဉ်ကို ကြိုက်နှစ်သက်တယ်။ အဲဒီအယူက ဗုဒ္ဓဘာသာမှာပဲ ရှိတယ်။ အခြားဘာသာမှာ အလယ်အလတ်လမ်းစဉ်မရှိဘူး။ဒါကြောင့် ဗုဒ္ဓဘာသာဖြစ်ရတာ အလွန်တန်ဘိုး ကြီးတယ်လို့ ဆိုတာပါ။
ဥစ္ဆေဒ သမားကျတော့ နောက်ဘဝရှိတယ်ဆိုတာ မယုံကြည်ဘူး။ ငရဲရှိတယ်။ ပြိတ္တာရှိတယ်။ နတ်ပြည်ရှိ တယ်။ ဗြဟ္မပြည်ရှိတယ် ဆိုတာကိုလက်မခံဘူး။ကန့်လန့်တိုက်ပြီးပြောတယ်။ ငရဲဘယ်မှာလည်း နတ်ပြည် ဘယ်မှာလဲစသည်ဖြင့်ပေါ့။ကုသိုလ် အကုသိုလ်ကံတို့ရဲ့ အကျိုးကိုလည်းမယုံကြည်ဘူး။ဘယ်လိုဘာသာ ဆိုတာ ထုတ်ပြောဖို့တောင်မလိုလောက်ပါဘူး။ အဲဒီ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ အယူရှိသူက ဗုဒ္ဓဘာသာ ရှုထောင့်ကနေကြည့်ရင် ပဉ္စာနန္တိယကံထက်ပင် အပြစ်ကြီးတယ်လို့ဆိုပါတယ်။ ပဉ္စာနန္တိကံသမားက ကမ္ဘာ ပျက်ရင် အပြစ်ကျေပေမယ့် ထိုဒိဋ္ဌိအယူရှိသူက ကမ္ဘာပျက်သွားလည်း နောက်ကမ္ဘာမှာသွားခံရပါသေးတယ် သို့သော် သူက သံသရာဝဋ်မှာ တွယ်တာတဲ့လောဘ နည်းပါးတော့ သူကို မဇ္ဈိမပဋိပဒါ မဂ္ဂင်လမ်းကို ညွှန်ပြရင် သူ့ဥစ္ဆေဒအယူမှားကို မြန်မြန်ကြီးစွန့်လွယ်တယ်။(ဓမ္မဝိလာသ ဓမ္မဗျူဟာ)။

"ဘာသာရေးသင်တန်း"
**************
စစ်ပွဲတစ်ပွဲ နွှဲရာမှာပဲဖြစ်ဖြစ် လုပ်ငန်းတစ်ခု လုပ်ဆောင်ရာ မှာပဲဖြစ်ဖြစ် သာသနာပြုရာမှာပဲဖြစ်ဖြစ် မဟာ ဗျူဟာနဲ့ နည်းဗျူဟာဆိုတာ အရေးကြီးတယ်။ မဟာဗျူဟာဆိုတာ “လိုရာကို ဖြစ်မြောက်အောင် စီမံကိန်း ချ၍ ဆောင်ရွတ်ခြင်း”လို့ အဓိပ္ပါယ်ရပါတယ်။
နည်းဗျူဟာဆိုတာက မဟာဗျူဟာ အောင်မြင်ရေးအတွက် လက်တွေ့ အကောင်အထည်ဖော်ပေးတဲ့ နည်းစနစ်တွေပါပဲ။ဘာသာခြားတွေရဲ့ အတွင်းသာသနာပြုနည်း မဟာဗျူဟာက”အားလုံးသော ဘာသာ ခြားဘာသာဝင်များသည်”သာသနာပြုများဖြစ်ကြသည် ဆိုတဲ့ စီမံကိန်းပါပဲ။
ဘာသာခြားမိဘတွေဟာ အရွယ်ရောက်တဲ့ကလေးတွေကို Sunday School(သူတို့အခေါ် ဥပုသ်စာဖြေ ကျောင်း)ကို ပို့ကြရပါတယ်။ အဲဒီကျောင်းမှာ ဘာသာခြားဘာသာကို ကလေးနဲ့လျော်ညီစွာ ဆန်းဒေး စကူလ်း ဆရာ ဆရာမတွေက သင်ပေးပါတယ်။ ဗုဒ္ဓဘာသာကလေးငယ်များကတော့ ထိန်းသိမ်းမယ့်သူ မရှိလို့ ငှက်ပစ်ထွက်နေတယ်။
“ယနေ့ လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်သည်”ဆိုတဲ့ မဟာဗျူဟာ ဟာဘာသာခြား ဘာသာ သာသနာ ပြုရေးအတွက် အအောင်မြင်ဆုံး ဖြစ်အောင် တွန်းပို့နေသော မဟာဗျူဟာပါပဲ။ ကလေး တွေက ၈၊၉၊၁၀ တန်းရောက်ပြီဆိုပါတော့။ သာသနာက သူတို့ကို ဘေးမဲ့ ပေးမထားဘူး။ ဘာသာခြား လူငယ် ကြိုးစားခြင်းအသင်း ဆက်လက်လှုပ်ရှားရပါတယ်။ ဘာသာခြားတွေက ရုပ်ဝတ္ထုထက် လူကို ပဓာန ထားသာသနာပြုခြင်းပါပဲ။မြန်မာတွေ အိပ်မောကျနေချိန်မှာ ဘာသာခြားတွေက ကျေးရွာ တောင်တန်းဒေသ မှ လူများကို သာသနာပြုပြီးဖြစ်နေပါပြီ။ သူတို့ပြေးနေတာသိရတော့မှ ကိုယ်က ထိုင်နေတာကို တွေ့ရတော့ တယ်။ဗုဒ္ဓဘာသာဝင်တွေ ဘယ်လိုသာသနာပြုမလဲ။ ပညာကြီးတော်မူကြတဲ့ သက်ဆိုင်ရာကနေပြီးတော့ မဟာဗျူဟာ နည်းဗျူဟာတွေ ချမှတ်လုပ်ဆောင်ရမယ့်ကိစ္စပါ။
“မဟာဗျူဟာအနေနဲ့”၂၀၀၀ပြည့်နှစ်က စတင်ပြီး မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်မိဘများ ကလေးတိုင်းအား ဘာသာရေးသင်တန်းပေးရမည်ဆိုတာပါပဲ။

"နည်းဗျူဟာ"
********
၁။ရပ်ရွာ ဘုန်းတော်ကြီးကျောင်းတိုင်း မြို့ပေါ် ဓမ္မာရုံတိုင်း၌ ဥပုသ်နေ့တွင် ကလေးများအား ဘာသာရေး သင်တန်းများပေးရမည်။
၂။ဗုဒ္ဓဘာသာလူငယ်များအသင်း ဖွဲ့စည်းပြီး လူငယ်များ ကိုယ်တိုင် ဘာသာရေး၌ ဦးဆောင်လှုပ်ရှားတတ် သော အလေ့ အကျင့်များ မွေးမြူပေးရန်။
၃။ယနေ့ ဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးများ ဂေါပက အဖွဲ့များ သာသနာပြုဟု မိမိကိုယ်ကိုမိမိ ခံယူနေသူ များအား ဗုဒ္ဓဘာသာ သာသနာပြု နည်းသစ်နှင့် နည်းမှန်လမ်းမှန်ဆောင်ရွတ်ရန်အတွက် ဥာဏ်သစ်လောင်း သင်တန်းပေးရန်။(ကိုအာလောက(ဘီ-အေ) ဓမ္မရံသီ

"စည်းရုံးသိမ်းသွင်းနေကြ"
*****************
အယူမှားဝါဒ ပြန့်ပွားအောင် စည်းရုံးရာတွင် လုပ်ငန်းပေါင်းစုံတို့ကို ဆောင်ရွတ်ရင်း စည်းရုံးကြ၏။စီးပွားရေး လုပ်ငန်းဖြင့်လည်း စည်းရုံး၏။ လူမှုရေးကိစ္စဆောင်ရွတ်ရင်းဖြင့်လည်း စည်းရုံး၏။ ပညာရေး ကျန်းမာရေးတို့ ကို ဆောင်ရွတ်ပေးပြီးလည်း စည်းရုံး၏။
နေရာဌာနတိုင်း၌လည်းစည်းရုံးတတ်၏။ မြို့ကြီး ပြကြီးများ၌ စည်းရုံးနေသလို တောစွန် တောင်ကြား နယ်စွန်နယ်ဖျားပါမကျန် အရပ်ဒေသ မှန်သမျှတို့၌လည်း စည်းရုံး၏။ ခေတ်မီနည်းပညာများကို အသုံးပြု၍ လည်းစည်းရုံး၏။ မသိမသာတစ်မျိုး သိသိသာသာကြီးတစ်ဖုံ နည်းမျိုးစုံ အသုံးပြုတတ်၏။ အနုနည်းကို အသုံးပြုသကဲ့သို့ အကြမ်းနည်းလည်း ပါဝင်နေတတ်သည်။ အချို့အစိတ်အပိုင်းတို့၌ အယူဝါဒ အသုံးအနှုန်း များကိုပင် ၄င်းတို့၏ အသုံးအနှုန်းများကဲ့သို့ အသုံးပြုပြောဆိုစည်ရုံးနေသည်လည်းရှိ၏။
ဤသို့ မရပ်မနေ နည်းမျိုးစုံသုံး၍ စည်းရုံးသိမ်းသွင်းမှုတို့ကြောင့် ၄င်းတို့၏ အယူဝါဒ တနေ့တခြား ပြန့်ပွား လျက်ရှိနေ၏။အလျင်အမြန် ပြန့်ပွားနေလေ၏။ ၄င်းတို့၏ စာရင်းဇယားများကို လေ့လာကြည့်လျှင် လျော့နည်းသွားသည်ကိုမတွေ့ရ။တိုးပွားနေသည်ကိုသာ တွေ့ရမည်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များ ပေါ့ဆ၍ မရတော့ပါ။ အားလုံးမှာတာဝန်ရှိပါသည်။မိမိနှင့်တကွ မိမိ၏ မိသားစု မိတ်ဆွေ အပေါင်းသင်းများကိုလည်း မိမိတို့ဘာသာအပေါ် အလေးနက်တန်ဘိုးထားတတ်ဖို့ တရားစာများများ ဘာသာရေးဆောင်းပါးများကို ဖတ်ရှုစေရန်တိုက်တွန်းဖို့လိုပါသည်။ အချင်းချင်း ကူညီဖို့လိုအပ်ပါသည်။ လမ်းမှားနေသူများကို လမ်းမှန် ရောက်အောင် သွန်သင်ပြသရမည်ဖြစ်ပါသည်။အမှန်အကန်ဆုံး အမွန်မြတ်ဆုံး သံသရာက လွတ်မြောက် ကြောင်းတရားစစ် တရားမှန်များကို လေ့လာကျင့်ကြံနိုင်သော ဗုဒ္ဓဘာသာကို အသက်ထက်တန်ဘိုးထား သင့်ကြောင်း ဘယ်လိုဘာသာမျိုးက ဘယ်လိုနည်းနဲ့ပဲ စည်းရုံးသိမ်းသွင်းပါစေ မိမိ ဘာသာအပေါ် သဒ္ဓါ တရားစစ်စစ်ဖြင့် အသက်ထက်ဆုံး သစ္စာရှိရှိ ကျင့်ကြံနိုင်ပါစေလို့ ဆုတောင်းမှုပြုလိုက်ပါသည်။ (အရှင်ဝိလာသ ညောင်လေးပင်)

စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment