Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Wednesday, June 12, 2013

"မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမိန့်ကြားတော်မူသည့် မြန်မာနီးရှားနိုင်ငံ"


 
                              







**************************************************
လားဟူ၊ လီရှော၊ တိုင်းရင်းသားနှစ်ထောင်ကျော်ကို ဗုဒ္ဓဘာသာဝင်များဖြစ်လာအောင် သာသနာပြုခဲ့တဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ရေးသားပြုစုခဲ့တဲ့ ဥာဏဒဿနကထာကျမ်း “အမျိုးဘာသာ” ဆိုတဲ့ အခန်းမှာ အမျိုးဘာသာ သာသနာရေးအခြေအနေနဲ့ ပတ်သတ်ပြီး အောက်ပါအတိုင်း အသိပေးခဲ့ပါတယ်။
အမျိုးသည် ဇာတ်တူအချင်း...ချင်း ပေါင်းသင်းမိတ်ဖက်မိရာမှ ပေါ်ထွန်းလာသော မျိုးဆက်သစ်တစ်မျိုးပင် ဖြစ်ချေ၏။ ဘာသာရေးသည်လည်း အမြင်တူ အကျင့်တူသူတို့ စုစည်းမိရာမှ ပေါ်ထွန်းလာသော ဝါဒသစ်တစ်မျိုးပင် ဖြစ်ချေ၏။ထိုအမျိုးဘာသာသည် အမျိုးစောင့်မင်း၊ ဓမ္မဝါဒီမင်းတို့ စိုးမိုးအုပ်ချုပ် မင်းလုပ်သောကာလမျိုး၌ ထွန်းကားတတ်ပြီး အကယ်တိတိ မျိုးမခင်တွယ် ဘာသာကို ပစ်ပယ်တတ်သော အဓမ္မရာဇာမင်းတို့ ကြီးစိုးသောကာလမျိုး၌ တိမ်ကောတတ်ချေ၏။ မှိန်တစ်ခါ လင်းတစ်လှည့်နှင့်လည်း အားမကုန်သေးက ရှိနေတတ်သေး၏။

ယနေ့ငါတို့တိုင်းပြည်၌ တက်လာသမျှမင်းတို့သည် အမျိုးနှင့်ဘာသာကို ချစ်မြတ်နိုးကြသည်။ ကမ္ဘာကြီး ဒိုးယိုပေါက်အောင် ဘာသာစကားဖြင့် သိမ်းသွင်းရာ၌လည်းကောင်း၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း ညှပ်ဖက်၍လည်းကောင်း၊ ရောနှောမွှေနှောက်ခံရသော ဤခေတ်ကြီးမျိုး၌ မင်းတစ်ဦးဖြစ်လည်း မလုံလောက်တန်ရာပြီ၊ ဝံသာနုရက္ခိတတရား လက်ကိုင်ထားသော တစ်ဦးကောင်း တစ်ယောက်ကောင်းမျှဖြင့်လည်း မလုံလောက်တန်ရာပြီ။
အမျိုးသားတိုင်း တာဝန်ရှိ၍ အမျိုးသမီးတိုင်း စောင့်စည်းနိုင်ပါမှ တန်ရုံကျနိုင်သော အချိန်မျိုးပင်ဖြစ်ချေ၏။ မိဘတိုင်း နိုးကြား၍ ဆရာ- ဆရာမတိုင်း ကြပ်မတ်ပေးနိုင်မှသာ တော်ရုံကျနိုင်သော 
ကာလမျိုးပင်ဖြစ်ချေ၏။ စာသင်ကျောင်းတိုင်း၌ လူမျိုးစုံဖြင့်လည်းကောင်း၊ ဘာသာစုံဖြင့်လည်းကောင်း၊ ဖိုမစုံအားဖြင့်လည်းကောင်း၊ ညှပ်ပိတ်ပြွတ်သိပ်ကာ ရောမွေလျှက် လက်သွက်သူဖျက်စတမ်းဝိုင်းထားချိန်၊ မိဘတို့ဘက်က မိမိတို့သားသမီး အရွယ်ရောက်လာသော်လည်း အရိပ်အကဲကိုမကြည့် ဖာသီးဖာသာနေမှု ဥပေက္ခာပြုထားချိန်၊ ထိုမိဘတို့ အရွယ်ရောက်လာသော သားသမီးများအား ဝတ္တရားအရ ထိမ်းမြားပေးရန် သင့်တော်သူကို ရှာဖွေပေးခြင်းကိစ္စ မပြုလုပ်တော့သည့်အချိန်၊ သားသမီးတို့ အတုမြင်အတတ်သင်စရာတွေ မိမိရှေ့မြင်တွေ့ရဖန်များလာ၍ အရွယ်မရောက်မီကပင် ကာမသွေးထကြွသောင်းကျန်းချိန်၊
ထိုအချိန်မျိုးဝယ် သည်အတိုင်းချည်းသာ မိမိနှင့်မဆိုင်သလို သူတို့နှင့်မပတ်သတ်သလို သဘောထားကာ လက်ပိုက်ကြည့်နေမယ်ဆိုရင်လည်း တစ်နေ့နေ့ “မြန်မာနီးရှားနိုင်ငံ” ပေါ်ပေါက်လာမည်မှာ မုချတည်း။ မြန်မာပြည်သည် မိမိနှင့်နီးစပ်ပါလျှက်က မြန်မာစစ်စစ်ရှားပါးပြီး ကပြားမျိုးတို့ ပွားတော့မည်ဖြစ်ခြင်းကြောင့် လည်းကောင်း၊ ကပြားဘာသာ ထွန်းကားလာမည့်ဖြစ်ခြင်းကြောင့်လည်းကောင်း၊ “မြန်မာနီးရှားနိုင်ငံ” သည် မလွဲမသွေပင် ပေါ်ပေါက်လာချေမည်။ ယနေ့မျိုးချစ်လူငယ်များ အမျိုးဘာသာ ကာကွယ်ရေး အသင်းများ ဖွဲ့စည်းကာ မြို့တိုင်းရွာတိုင်းမှာ အကာအကွယ်မပေးသော်၊ အမျိုးဘာသာကို မြတ်နိုးသော အသင်းအဖွဲ့တိုင်းမှ ထိုကာကွယ်ရေးမျိုး မကြိုးစားဘဲ သမားရိုးကျ ခရီးသွားနေသော်အမျိုးဘာသာကို မတိမ်ကောစေလိုသော မင်းတို့က ဥပဒေ အာဏာတို့ဖြင့် ထိန်းသိမ်းကာကွယ်ရေး ဇောက်မချသော် လက်ရှိသည် လက်မဲ့ဖြစ်ပြီး မြေရှင်ဘဝက မြေငှားဘဝသို့၊ အိမ်ရှင်ဘဝက ဧည့်သည်ဘဝ၊ သခင်ဘဝက ကျွန်ဘဝသို့ လှလှကြီးရောက်သည်မှာ သေချာပြီးတည် လို့ သတိပေးတော်မူခဲ့ပါတယ်။
ဒါဟာ ဆရာတော်အနေနဲ့ မြန်မာလူမျိုးများရဲ့ လက်ရှိ အမျိုးဘာသာ သာသနာရေး အခြေအနေကို အမှန်အတိုင်း ရှုမြင်သုံးသပ်ပြီး သတိပေးခဲ့တဲ့ အမှန်စကားတွေပဲ ဖြစ်ပါတယ်။ လက်ရှိ ဗုဒ္ဓဘာသာလောကမှာ အဘက်ဘက်က အားနည်းချက်များရှိနေတာတွေ၊ လူမျိုးခြား၊ ဘာသာခြားတွေ နည်းမျိုးစုံနဲ့ ခြေလှမ်းသွက်သွက် ကြိုးစားနေကြတာတွေစတဲ့ အခြေအနေများကို ဆင်ခြင်သုံးသပ်မိသူတိုင်း ဒီလိုပဲခန့်မှန်းမိကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ တနည်းအားဖြင့် ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူခဲ့သည့် အဆုံးအမများကို အမျိုးဘာသာ သာသနာချစ်သူတို့အတွက် အတုယူစရာ၊ လိုက်နာစရာ၊ ကျင့်သုံးစရာ များဖြစ်သော်လည်း ဘာသာ သာသနာ လူမျိုးကို မချစ်တဲ့သူတွေအတွက်တော့ အတုယူစရာ၊ လိုက်နာစရာ၊ ကျင့်သုံးစရာများဟု မဖြစ်နိုင်သည့်အပြင် မိမိလူမျိုး ဘာသာ သာသနာကို ဖျက်စီးမည့် မိစ္ဆာအန္တရာယ်ကို မသိတာလား၊ မသိချင်ယောင်ဆောင်တာလား ထိုသို့သော မိစ္ဆာများဘက်က ရပ်တည်ကာ အားပေးအားမြှောက် လုပ်နေသည့်အပြင် မူရင်း ဘာသာနှင့် လူမျိုးကိုပါ စော်ကားနေသော ဒေဝဒတ်နောက်လိုက်သမားများအနေဖြင့်လည်း ဘာသာနှင့်လူမျိုး တိုးတက် ခိုင်မြဲ တည်တံ့အောင် ကြိုးစားနေချိန်မှာ မကူညီချင်ရင်နေပါ။ ကန့်လန့်မတိုက်ပါနဲ့၊ မိစ္ဆာတွေကိုအားပေးအားမြှောက်လုပ်ကာ မူရင်း ဘာသာ လူမျိုးကို မဖျက်စီးပါနဲ့ဟု အနူးအညွတ်တောင်းပန်အပ်ပါသည်

ဘာကြောင့်ဒီလိုပြောရသလဲဆိုရင် ဝဋ်ဆိုတာမျိုးကို မသင့်စေချင်လို့ပါ။ အခုခေတ်ဝဋ်ဆိုတာကလည်း နောင်ဘဝတောင်မဆိုင်းဘဲ ချက်ချင်းအကျိုးပေးတတ်ခြင်းကြောင့် လူဘဝအရ-နာကာ လူဖြစ်ရကျိုး မနပ်မှာစိုးသောကြောင့် သတိပေးတောင်းပန်ခြင်းဖြစ်ပါတယ်။ ဆရာလုပ်ခြင်းမဟုတ်ပါ။ အာဏာပေးခြင်းမဟုတ်ပါ။ အမိန့်ပေးခြင်းမဟုတ်ပါ။ ဆရာလည်းမလုပ်ရဲ၊ အာဏာလည်းမသုံးဝံ့သလို၊ အမိန့်လည်း မပေးရဲပါ။ ကိုယ့်ထက်တော်သူ တတ်သူ ပညာရှိသူ အမြင်ကျယ်သူ အသက်အရွယ်ကြီးသူ၊ သြဇာအာဏာကြီးမားသူ၊ (အမျိုးဘာသာသာသနာ-မချစ်တတ်-မမြတ်နိုးတတ်-တန်ဘိုးမထားတတ်) တာက လွဲလို့ အရာအားလုံး ပြီးပြည့်စုံနေသူ ဥာဏ်ကြီးရှင်များကို သာမာန်ရဟန်းတစ်ပါးက ဆရာလုပ်၍လည်းမရ၊ အာဏာပေးလို့လည်းမဖြစ်နိုင်၊ အမိန့်ပေးလို့လည်း မဖြစ်တန်ရာ။ ဒါကြောင့် အနူးအညွတ်တောင်းပန်လိုက်ပါသည်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
 
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment