Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Wednesday, June 5, 2013

"မွတ်ဆလင်တို့ကြောင့် ပျက်စီးပျောက်ကွယ်ခဲ့ရသည့် ရှေးဟောင်း နာလန္ဒာတက္ကသိုလ် အကြောင်း"

"မွတ်ဆလင်တို့ကြောင့် ပျက်စီးပျောက်ကွယ်ခဲ့ရသည့် ရှေးဟောင်း 
နာလန္ဒာတက္ကသိုလ် အကြောင်း"
**************************************************************

အတိတ်ကိုနမ်းရှိုက်ရခြင်းသည် လွမ်းဆွတ်ဖွယ်ကောင်းသော ချိုမြိန်သည့် 
အရသာတို့ကိုထိရှခံစားရသလို ပျင်းရိဖွယ်ကောင်းသည့် အတိတ်ခါးခါးတို့ကိုလည်း
 ထွေးပွေ.ခံစားရသည်။ခါးသက်ခြင်းကိုရွံမုန်းသည့် လူသားတို့သဘာဝ 
ခါးသက်သည့်၊ကြမ်းထန်းသည့်အရာများကို မကြိုဆိုချင်ကြ။
ခါးသက်ခြင်း၏တူရူတွင် 
ချိုမြိန်ခြင်း၊နွေးထွေးခြင်းတို့ရှိနေခြင်းကိုခန္ဓာအိမ်၏ 
အနက်ရှိုင်းဆုံးတနေရာကအင်အား အပြင်းဆုံးအရာတခုသည်လည်း 
မပီဝိုးတဝါးနှင့်လင်းတချက်၊မလင်းတချက်၊ဘာပဲဖြစ်ဖြစ်၊ဝေဟင်ကို 
ပျံသက်ဖို့အတွက် မြေပြင်ကိုတော့ နမ်းရှုံ့ရစမြဲပင်။ ပစ္စုပ္ပန်ကိုငံလင့်ဖို့ 
အတိတ်ကိုတော့ ဖိတ်ခေါ်ရစမြဲပင်။တချို့တချို့သော အတိတ်တွေသည် 
ထုထည်ကြီးမားပြီး ပစ္စုပ္ပန်မှာပြန်လည်ရေတွက်ပြလျှင် 
ရေတွင်အရုပ်ရေးသည်နယ်ဖြစ်နေ၍မယုံချင်ကြ။

မယုံလို့လည်းမဖြစ်။ 
အတိတ်တွေရှိခဲ့ကြလို့သာပစ္စုပ္ပန်နှင့်အနာဂါတ်တို့မွေးဖွားလာကြသည်ပင်။ 
အတိတ်တွေသည် တူးဆွ၍မကုန်နိုင်လောက်အောင် များပြားကျယ်ဝန်းလှသည်။ 
ကမ္ဘာကြီး၊လူသားလောက၊ ဘာသာရေးနယ်ပယ် အားလုံးတို့၌ အတိတ်တွေရှိခဲ့ကြသည်။ 
အတိတ်တွေကို ခြေရာခံရင်း ယနေ့လူးသားတို့ ခရီးဆက်ကြရသည်။ အတုယူစံပြစရာ၊ 
လေ့လာစရာတွေ အသိန်းအသောင်းနှင့်ချီ၍လည်း ပေးအပ်ခဲ့သည်။
မိမိတို့မြတ်ဗုဒ္ဓသမိုင်းကို ပြန်၍ကြည့်မည်ဆိုလျှင်လည်း သာယာလွမ်းမောဖွယ်၊ 
ရင်ခုန်ဖွယ်ရာများရှိခဲ့သလို 
ကြွေကွဲဝမ်းနည်းဖွယ်၊နှမျောတသသဖြစ်ဖွယ်ရာများကိုလည်း တွေ့ရှိရလေသည်။
ဤမျှကြီးမားလှသည့် သမိုင်းအထုပ်အပိုးကြီးထဲက 
အစောဆုံးရာစုနှစ်တော်တော်များများကို အရှိန်အဝါကြီးကြီးနှင့် နေရာယူထားသည့်
 နာလန္ဒာတက္ကသိုလ်ကြီး၏အတိတ်သမိုင်းစာမျက်နှာများကို 
အားအင်လျှော့နည်းစွာဖြင့် တစ်ရွက်ခြင်းလှန်ကြည့်မိပါသည်။ 
အတိတ်သမိုင်းဆိုသည့်အတိုင်း အကြောင်းအရာတွေသည် ဆွေးမြေ့နေလေပြီ။ 
အကြောင်းအရာတွေဆွေးမြေ့ရုံတင်ပဲလား။ မဟုတ်ပါ။ နှလုံးသား၏ 
အနက်ရှိုင်းဆုံတစ်နေရာတွင် နှစ်ပေါင်းခုနှစ်ရာကျော်ကအလွမ်းတွေကို 
သယ်ဆောင်လာပြီး လွမ်းမောစေသည်။ဆွေးတသသဖြစ်စေသည်။ ပြီးတော့ ဘဝတူတွေကို 
မျှဝေချင်သည်။ သမိုင်း၏အဆုံးသတ်တွေမလှပခဲ့သည့် နာလန္ဒာကို ဘဝရဲ့သင်ခန်းစာ 
ကျောပိုးအိပ်ထဲ သယ်ဆောင်ပြီး ခရီးနှင်စေချင်သည်။ ဒါကြောင့်ပင် နာလန္ဒာ၏ 
သမိုင်းစာမျက်နှာကို သဘာဝအတိုင်း လှန်ကြည့်မိတာက………….

တကယ်တမ်းမိမိတို့ ရင်းနှီးကျွှမ်းဝင်နေသော နာလန္ဒာသည် မြန်မာနာမည်မဟုတ်။ 
SanံKrit-ဘာသာစကားဖြစ်သည်။ သူရဲ့ဖွင့်ဆိုပုံကNalan-Lotus, A Symbol of 
Knowledgeနဲ့da-to give, giver of knowledge တဲ့လေ။
နာလန်ဆိုတာ အတတ်ပညာ၊ အသိပညာတွေကို ကိုယ်စားပြုသည့်ကြာပန်းကိုရည်ညွှန်းပါတယ်။
 (ဒါ)ကတော့ ပေးခြင်းပဲ၊ဒီတော့ ဒီပုဒ်နှစ်ခုကို တပေါင်းတည်း ဘာသာပြန်ရင် 
နာလန္ဒာဆိုတာ အတတ်ပညာ ၊အသိပညာတွေကို ပေးရာဌာနကြီးလို့ 
အဓိပ္ပါယ်ဆိုရတော့မှာပေါ့။အသိပညာ အတတ်ပညာတွေကို ရက်ရက်ရောရောပေးစွမ်းခဲ့သော 
နာလန္ဒာတက္ကသိုလ်ကြီးသည် ကမ္ဘာပေါ်တွင် အစောဆုံးပေါ်ပေါက်ခဲ့သော 
တက္ကသိုလ်ကြီးဖြစ်သလို ကျောင်းအိပ်၊ကျောင်းစား၊ အဆောင်နေစနစ်ကို 
စတင်ကျင့်သုံးခဲ့သော တက္ကသိုလ်ကြီး ဖြစ်ခဲ့လေသည်။ ယနေ့ခောတ် တက္ကသိုလ်ကြီး၏ 
တည်ရှိရာသည် အိန္ဒိယနိုင်ငံ၊ဗီဟာပြည်နယ်၊ ပတ္တနားမြို.၏ အရှေ့တောင်ဘက် 
(၅၅)မိုင်ခန့်အကွာ ဘာရဂါမ်ရွာအနီးတွင် တည်ရှိလေသည်။ နာလန္ဒတက္ကသိုလ်ကြီးကို 
အစပျိုး တည်ထောင်ခဲ့သူသည် ဗုဒ္ဓသာသနာသမိုင်း၊ အိန္ဒိယနိင်ငံသမိုင်း။

အိန္ဒိယနိုင်ငံ သမိုင်းတွင်လည်း မောရိယအင်ပါယာ အသောက အင်ပါယာဟူသည့် 
အင်ပါယာတို့ကို တည်ထောင်ခဲ့သည့် ဘုရင်ဧကရာဇ်အဖြစ် 
သမိုင်းအစဉ်အလာကြီးမားခဲ့သူ သီရိဓမ္မာအသောကမင်းကြီးပင် ဖြစ်လေသည်။ 
ဘုရင်အသောကသည် 205.BC မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူပြီး နှစ်ပေါင်း 
(၂၀၉)ခုနှစ်တွင် ဘုရားရှင်၏လက်ျာတော်ရံ ပညာဧတဒဂ်ရ 
အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးအား အောက်မေ့သတိရ ပူဇော်သောအားဖြင့် 
အရှင်မြတ်၏ မွေးဖွားရာ ပရိနိဗ္ဗာန်စံတော်မူရာ တိုက်ခန်းမှာပင် 
ငုံ၍စေတီတဆူနှင့် ကျောင်းတော်တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့လေသည်။ 
ယင်းကျောင်းတော်လေးအား (2th A.D ရာစုတွင် မဟာယာန ရဟန်းတော် 
အရှင်နာဂဇုန(philosopher)မထေရ်က(Madayamika school of Buddhism) 
ဟူသောအမည်ဖြင်. ဟိနယာန၊မဟာယာန ဗုဒ္ဓစာပေ များကို သင်ကြားပေးသော 
သင်တန်းကျောင်းလေး အဖြစ် စတင်ဖွင့်လှစ်ခဲ့လေသည်။ထို့နောက် (4 th)ရာစု A.D 
တွင် မဟာယာနရဟန်းတော် အရိယဒေဝ (philosopher)က Madayamika a School of 
Buddhism ဟူသောအမည်ဖြင့်၎င်း၊ 5 th A.D ရာစုတွင်မဟာယာနရဟန်းတော် 
အရှင်အာသံယမထေရ်က Yogachara school of buddism ဟူသောအမည်ဖြင့်၎င်း 
အမည်အမျိုးမျိုးဖြင့် မဟာယာန၊ ဟိနယာန ဗုဒ္ဓစာပေများကို အဓိကသင်ကြားပေးသော 
သင်တန်းကျောင်းများအဖြစ် အမည်အမျိုးမျိုးဖြင့် အဆင့်ဆင့်ဗုဒ္ဓစာပေများကို 
သင်ကြားပို့ချလာခဲ့သော သင်တန်းကျောင်းလေးအဖြစ်မှသည် (5 th )A.D ရာစုအလွန် 
(6 th) A.D ရာစုတွင် အသောကမင်းဆက် ကုမာရဂုပ္ပထမင်း(KumaraGupata) 
မင်းလက်ထက်တွင် ကမ္ဘာကျော်တက္ကသိုလ်ကြီး အဆင့်ထိရောက်အောင် 
ပြောင်းလဲဖွင့်လှစ်နိုင်ခဲ့လေသည်။ 

ကုမာရဂုပ္ပထမင်းသည် ပညာရေးကို အထူးအားပေး အားမြှောက်သော 
မင်းတစ်ပါးဖြစ်လေသည်။ တက္ကသိုလ်ကြီး၏ မြေနေရာ (University of Campus) 
များကိုလည်း မိမိ၏နန်းတော် မြေနေရာများအပါအဝင် လယ်ဧကပေါင်း 
မြောက်များစွာကို ကျောင်းမြေအဖြစ် သတ်မှတ်လှူဒါန်းပေးခဲ့လေသည်။ 
ယနေ.အချိန်အခါ၌ အိန္ဒိယရှေးဟောင်း ယဉ်ကျေးမူ.နှင့် သုတေသနဌာန၏ 
လေ့လာတွေ့ရှိချက်အရ (24`594)ဧက ကျယ်ဝန်းသည်ဟု သိရလေသည်။ (606 thA.D to 647 
th A.D ) ရာစုတွင် ပါလမင်းဆက် ဟရသျှမင်း (harsha) လက်ထက်တွင် 
ကျောင်းမြေနေရာများကို ထပ်ဆင့်တိုးချဲ့ ကာ ကျောင်းသားနေအဆောင်ပေါင်း (၁၈၀) 
နှင့် ကျယ်ပြန့်သော စာသင်ခန်းများ၊ တရားဟော၊ တရားထိုင်ခန်းမကြီးများကိုလည်း
 တင့်တယ်ခန်းနားစွာ ဆောက်လုပ်ပေးခဲ့သလို မြေပေါက်စေတီ ပေါင်း(၁၀ )ကိုလည်း 
တည်ထားကိုးကွယ် ခဲ့သေးသည်။ အဆောက်အဦးများကို တည်ဆောက်ရာတွင် 
အောက်ခြေဖောင်ဒေးရှင်းအား ကျောက်တုန်းများဖြင့် စီထားကာထုထည် 
ကောင်းမွန်အောင် အခိုင်အမာ 
ပြုလုပ်ပေးထားလေသည်။ကျောင်းသားနေအခန်းများကိုလည်း တစ်ယောက်အိပ်ခန်း 
နှစ်ယောက်အိပ်ခန်းများ ဖြင့် ပြုလုပ်ထားလေသည်။ ကျောင်းဆောင်တိုင်း၏ 
အလည်တစ်ထပ် (floor) စီတွင် အခန်းပေါင်း လေးဆယ်အထိ ပါဝင်သည်ဟု သိရပါသည်။ 
ရေချိုးခန်း အိမ်သာများ ကိုလည်း စာသင်ခန်း၊ တရားဟောခန်း၊ 
တရားထိုင်ခန်းမကြီး များဖြင့် တွဲလျှက်တည်ဆောက် ပေးထားလေသည်။ 
ကျောင်းဆောင်တိုင်း ကျောင်းဆောင်တိုင်း၏ အလည်တွင် (၁၂) ပေပတ်လည် 
ကျယ်ဝန်းသော အုတ်ရေတွင်းကြီး တစ်တွင်းကျစီ တူးဖော်ပေးထားလေသည်။ 
ကျောင်းဆောင်များ၏ ဘေးပတ်လည်တွင်လည်း အရောင်အသွေးစုံ အမျိုးအမည်စုံ လင်သော 
ပန်းဥယာဉ်များ ၊ကြာမျိုးစုံဖူးပွင့်နေသော ရေကန်ကြီးများကိုလည်း 
ဖန်တီးပေးထားလေသည်။

ထိုမျှကြီးကြယ် ခန်းနား၊ကျယ်ဝန်းသော တက္ကသိုလ်ကျောင်းတော်ကြီးတွင် 
အဆောင်နေကျောင်းသားပေါင်း (၁၀၀၀၀)ကျော်နှင့် စာပေးသင်ကြားပေးသော ဆရာပေါင်း 
(၂၀၀၀) ကျော်ရှိသည်ဟု သိရပါသည်။ ၍နေရာ၌ မှတ်သားစရာ တစ်ခုက စာသင်ကြားပေးသော 
ဆရာနှင့် ကျောင်းသားများသည် ယနေ့ခောတ်ကဲသို့ သီးခြားခွဲနေခြင်းမျိုး 
မဟုတ်ပဲ ဆရာနှင့် ကျောင်းသားရောနှော နေထိုင်ကြလေသည်။ 
ထိုသို့နေထိုင်ရခြင်းမှာ လက်တွေ့သင်ခန်းစာများ၌ မရှင်းလင်းသည်များ ရှိပါက 
မဆိုင်းမတွ ၊မေးမြန်းနိုင်၊ ဆွေးနွေးနိုင်စေခြင်းငှာ ဆရာနှင်.ကျောင်းသာများ
 အတူတကွ နေထိုင်ကြခြင်း ဖြစ်လေသည်။ သင်ကြားပေးသော ဘာသာရပ်များကတော့ 
ပါဠိသဒ္ဒါကျမ်း၊ သက္ကတသဒ္ဒါကျမ်း၊ ဒဿနိကဗေဒကျမ်း၊၊ယုတ္တိဗေဒကျမ်း၊ 
နက္ခတ္တဗေဒကျမ်း၊ ဗေဒင်လက္ခဏာကျမ်း၊ မဟာယာနကျမ်း၊ ဟိနယာနကျမ်းများ၊မြဟ္မဏတို့၏ 
ဝေဒကျမ်းများ ဗိသုကာပညာရပ်များတို့ကိုလည်း ပြီးပြည့်စုံအောင် 
သင်ကြားပေးလေသည်။ စားသောက်ရေးဘက်တွင်မူ တက္ကသိုလ်အနီးရွာများမှ 
အမျိုးသမီးပေါင်း (၂၀၀) ကိုလည်း ယောဂီဝတ်စေကာ ဆွမ်းချိန်တန်ဆွမ်း 
အအေးချိန်တန် အအေးအစစ အရာရာ လိုလေသေးမရှိ စီမံဖန်တီးပေးထားလေသည်။ 
ရာဇဝတ်မူ့ဖြင့် အကျဉ်းကျသူများ၊ ငွေဝယ်ကျွန်များ၊ အစေခံကျွန်များကို 
လွတ်ငြိမ်းချမ်းသာခြင်းများ ပေးကာ နာလန္ဒာတက္ကသိုလ်တက 
္ကသိုလ်ကြီး၏အလုပ်အကျွေးများအဖြစ် ပြုလုပ်စေသည်။

တက္ကသိုလ်အနီးရှိရွာများမှ ထွက်ရှိသော ကောက်ပဲသီးနှံများကို 
မင်းအခွန်ငွေအဖြစ် သိမ်းယူခြင်းမပြုပဲ တက္ကသိုလ်ကြီးအား လှူဒါန်းစေခဲ့လေသည်။
 ထို.ကြောင့်နာလန္ဒာတက္ကသိုလ်ကြီး၏ ဂုဏ်သတင်းသည် ဂဂ်ါမြစ်မှသည် 
ဘော်လဂါမြစ်ဝှမ်းသို့တိုင် မြောက်ဘက်၌ ဆစ်ကင်း၊ဘူတန်တိဗက်၊ 
မွန်ဂိုးလျနှင့်ရုရှား၊ ဆိုက်ဗေးရီးယား။ အရှေ့ဘက်၌ မြန်မာ၊ ထိုင်း၊လာအို၊ 
အင်ဒိုနီးရှား၊ကမ္ဘောဒီးယား၊ဗိယက်နမ်၊ ကိုးရီးယား၊ ဂျပန်တို.အထိ 
ပြန့်နံ့ခဲလေသည်။ ယနေ့အထိ အချို.နိုင်ငံများသည် ဗုဒ္ဓဘာသာနိုင်ငံများအဖြစ် 
ဆက်လက်တည်ရှိနေသေးသည်။ ကမ္ဘာ.သမိုင်းတွင် တရုပ်ခရီးသွား ရဟန်းတော်များအဖြစ် 
ထင်ရှားသည့် ဖာဟီယာန်( Fa Hien )သည်(5 th A.D )ရာစုတွင် ရောက်ရှိလာကာ 
အရှင်နာဂဇုန မထေရ်၏အထံ၌ တပည့်အဖြစ် ခံယူသွားဖူးသည်ဟု သိရလေသည်။ သို့သော် 
ဖာဟီယာန်သည် ဟူယင်ဆန် ရဟန်းတော်လောက် ကြာကြာနေထိုင် သွားခဲ.ခြင်း 
မရှိခဲ့ပေ။
ဟူယင်ဆန်မထေရ်မြတ်ကတော့ (673th) A.D ရာစုတွင် ရောက်လာကာ 
အချိန်အတော်ကြာအောင် ပညာသင်ယူသွားသည်ဟု သိရှိရသည်။ ပညာများသင်ယူ 
ပြီးဆုံးပြီးနောက် ဟူယင်ဆန်မထေရ်သည် အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘာသာဝင်များ 
အားလုံးနှင့် သက်ဆိုင်သည့် သံဝေဇနိယလေးဌာန အပါအဝင် အထင်ကရ နေရာ 
တော်တော်များများ ကို အသေးစိတ်လေ့လာကာ မှတ်တမ်းများ 
ရေးသားခဲ့လေသည်။ယင်းမှတ်တမ်းများသည် ကမ္ဘာ့သမိုင်းတွင် 
တန်ဘိုးမဖြတ်နိုင်လောက်အောင် ကျေးဇူးကြီးမားသလို ယနေ့မိမိတို့အပါအဝင် 
ဗုဒ္ဓဘာသာဝင်များအားလုံး ဖူးမျှော်နေရသော (ဖွား၊ပွင့်၊ဟော၊စံ)ဟူသည့် 
သံဝေဇနိယလေးဌာနအပါအဝင် အထင်ကရနေရာ တော်တော်များများကို 
ဟူယင်ဆန်၏ဂုဏ်ကျေးဇူးတွေကြောင့် ဖူးမျှော်နေရခြင်းဖြစ်လေသည်။
 
ခရီးသွားမှတ်တမ်းများကို မှတ်တမ်းရေးသားခြင်းဟူသည့် (Theory)တစ်ခုကို 
မိမိတို.ရရှိ လိုက်နာကျင့်သုံးဘို့ လိုပါလိမ့်မည်။ ဤကဲ့သို့ကမ္ဘာတစ်လွှားတွင်
 နာလန္ဒာတက္ကသိုလ်ကြီး၏ ဂုဏ်သတင်း၊ ကျော်ဇော်ကြီးမြတ်ရခြင်း 
အဓိကအကြောင်းအရင်းသည် တက္ကသိုလ်မှ 
ချမှတ်ပေးလိုက်သောစည်းမျဉ်းများ၊သင်ကြားပို့ချပေးသော ဘာသာရပ်များနှင့် 
တာဝန်ယူမူ့များကြောင့်ဖြစ်သလို တက္ကသိုလ်တခု၏ အသက်ဖြစ်သော တက္ကသိုလ်စာ 
ကြည့်တိုက်(Library) ၏ ဂုဏ်သတင်းကြောင့်လည်း ပါဝင်လေသည်။ စာကြည့်တိုက်တွင် 
ထားရှိသော ကျမ်းစာအုပ်များ၊ အတွေးအခေါ်ဆိုင်ရာကျမ်းများ၊ 
နည်းပညာဆိုင်ရာကျမ်းများ၊ ဆေးကျမ်းများ၊ ဝေဒကျမ်းများ၊မဟာယာန 
ဟိနယာနဆိုင်ရာကျမ်းများ၊ ဟိန္ဒူကျမ်းများ၊ ဗေဒင်နက္ခတ်ကျမ်းများစသည်ဖြင့် 
ကျမ်းပေါင်းသိန်းသောင်းချီ၍ ရှိသည်ဟုသိရလေသည်။ 
ထို့ကြောင့်ပင်နာလန္ဒာတက္ကသိုလ်စာကြည့်တိုက်ကြီးကို ကမ္ဘာတစ်လွှားကနေ 
နာမည်ပေးကြတာက သစ္စာတရားတို့စုဝေးရာတောင်ကြီး DharGunj(Mountain of Truth) 
ပြီးတော့ Dhamaganja (Treasury of Truth) သစ္စာတရားတို့စုဝေးရာ 
သိမ်းဆည်းထားရာ ဘဏ္ဍာတိုက်ကြီးဟု နာမည်အမျိုးမျိုးဖြင့် 
အမွှန်းတင်ခေါ်ဝေါ်ကြလေသည်။ နာလန္ဒာတက္ကသိုလ်ကြီး ဖျက်ဆီးခံရစဉ်က 
တက္ကသိုလ်စာကြည့်တိုက်ရှိ စာအုပ်များအား မီးလောင်ရာတွင် (၆)လခန့် 
ကြာမြင့်သည်ဟု သိရလေသည်။ ပါလမင်းဆက် ဟရသျှမင်း၏ လက်ထက်တွင်တက္ကသိုလ်၏ 
ပညာရေး၊ စာပေသင်ကြားရေး၊ နေထိုင်ရေးတို့တွင် အဆင့်မြင့်ဆုံးဖြစ်ခဲ့သလို 
လက်အောက်ခံတက္ကသိုလ်များအဖြစ် ဝိက္ကမသီလာတက္ကသိုလ်၊ (University of 
Vikamasila) ဥဒန္တပူရီ တက္ကသိုလ် (University of Odantapuri) ဇာဂလန္ဒတက္ကသိုလ် 
(university of Jagaddala) များကိုဖွင့်လှစ်ခဲ့လေသည်၊ 
ထိုတက္ကသိုလ်အားလုံးတို့အား ပင်မ နာလန္ဒာတက္ကသိုလ်ကြီးကပင် 
တိုက်ရိုက်အုပ်ချုပ်ရလေသည်။

ဤမျှ နာလန္ဒာတက္ကသိုလ်ကြီး အရှိန်အဟုန်ကောင်းကောင်း နှင့် 
ဖြတ်သန်းနိုင်ခြင်းသည် ပါလမင်းဆက်တို့၏ လေးနက်သောအတွေးအခေါ်၊ ရက်ရောသော 
စိတ်၊စေတနာတို့ကြောင့်ပင် ဖြစ်လေသည်။ ပါလမင်းဆက်တို့သည် 
နာလန္ဒာတက္ကသိုလ်ကြီးအား 8th A.Dရာစုမှ 12th A.D ရာစုထိ ဖခင်မင်းများ၏ 
တန်ဘိုးထက်ယုတ်လျှော့ကျဆင်းမူမရှိစေဘဲ တိုး၍၊တိုး၍သာ 
အထောက်အပံ့ပြုခဲ့ကြလေသည်။ ထိုကဲ့သို့ကမ္ဘာပေါ်တွင် ပထမဆုံးပေါ်ပေါက်လာသော 
တက္ကသိုလ်ကြီးအဖြစ် လူသားတို့အတွက်အမြင့်ဆုံးအတတ်ပညာရပ်တို့အား 
ရက်ရောစွာရာစုနှစ်ပေါင်း (၁၂)ရာစုကျော်သည်ထိ ပေးဆောင်ခဲ့သော 
လူသားအရင်းအမြစ် အဆောက်အဦးကြီး ကမ္ဘာ့ဂန္ထဝင်တာလန္ဒာတက္ကသိုလ်ကြီးသည် 
သာသနာနှစ်(၁၇၀၀)အရောက် (12th)A.Dရာစုအကုန်တွင် တူရကီနွယ်ဖွား 
မူဆလင်စစ်ဗိုလ်မိုဟာမက် ဘက်ခီးယာခီးဂျီး (MuhammadBakhtiyanKhaLji)၏ 
စစ်သည်အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာတက္ကသိုလ်ပိုင် 
ရွှေ၊ငွေ၊ကျောက်သံပတ္တမြားတို့အား အတင်းအဓမ္မသိမ်းယူခြင်း 
ကျောင်းဆောင်များစေတီပုထိုးများအား မီးရှို့ဖျက်ဆီးခြင်းများအပြင် 
ဗုဒ္ဓဘာသာရဟန်းတော်မှန်သမျှ 
ခေါင်းဖြတ်သတ်ခြင်း၊အရှင်လတ်လတ်မီးလောင်တိုက်သွင်းခြင်း၊ 
အရှင်လတ်လတ်ဦးခေါင်းပေါ်ရုံမြေမြုပ်ကာ ဓားသွားစက်တတ်သည့်ထွန်သွားဖြင့် 
နွားကမောင်းစေခြင်းများကို ရက်ရက်စက်စက်ပြုလုပ်ခဲ့လေသည်။ 
မည်မျှရက်စက်သည်လည်းဆို ရဟန်းတော်တပါး၏ဦးခေါင်းတစ်လုံးကို 
ဖြတ်ယူကာဆက်သနိုင်လျှင် ငွေကြေးမည်မျှပေးမည်ဟု ကြေငြာချက်ထုတ်ထားသည်အထိ 
ပြုလုပ်ခဲ့လေသည်။နာလန္ဒာတက္ကသိုလ်ကြီး၏ သမိုင်းအပိုင်းအစတွေကို 
ပြန်လည်ပြီးကောက်ချက်တစ်ခုဆွဲကြည့်လျှင် ဒဿနရေအိုးထည်းမှာဒဿနဖန်သားပြင် 
တစ်ခုနဲ့ပေတံတစ်ချောင်းကိုရှာဖွေနေသည့် လူသားတစ်ယောက်နှင့် တူနေပေလိမ့်မည်။
 နောက်ဆုံးမှာတော့နာလန္ဒာတက္ကသိုလ်ကြီး၏ အရှေ့တခါးပေါက်ကအုတ်ခဲကျိုးတစ်ခုကို 
အသာကောက်ယူရင်းမေးကြည့်မိတာက 
မင်းဟာသမိုင်းတွေထဲကသိပ်သည်းစတစ်ခုလားဆိုတာပါပဲ။ 
သူ့ဖြေကြားချက်အပိုင်းအစတွေထဲက 
တစ်ခုကိုရွတ်ပြရရင်(ဒီတက္ကသိုလ်ကြီးမှာနေခဲ့ကြတဲ့ဂုရုကြီးတွေ 
အမြဲတစေရွတ်ဖတ်နေလို့ ငါအလွတ်ရနေတာက “All the things is impermanence 
“တဲ့လေ။ ကျွန်ုပ်တို့၏ဗုဒ္ဓဘာသာအနှစ်သာရနဲ့ 
တိုင်းသာပြီးပြောမယ်ဆိုရင်တော့မြေကြီးလက်ခတ်မလွယ်ပေါ့။

ခေတ်သစ်တန်ဖိုးနဲ့တိုင်းတာမယ်ဆိုရင်တော့လည်း (ဘာသာတရားတစ်ခုကနေ 
အခြားဘာသာတရားတစ်ခုကိုကျုးကျော်စော်ကားခြင်းသည် 
လူယဉ်ကျေးတို့၏လုပ်ရပ်မဟုတ်သလို ဘာသာတရားတိုင်းရဲ့အဆုံးအမတွေမှာ 
သွေဖယ်နေတဲ့အနုတ်လက္ခဏာကိုသာတွေ့ရလိမ့်မယ်လေ။ တဆက်တည်းမှာရလိုက်တဲ့ 
အတွေးစတစ်ခုက ဘာသာတရားတစ်ခု၏ တိုးတက်မှုဆုတ်ယုတ်မှု ရေရှည်တည်တန့်မှု၊ 
ဖဲခွါမှုတို့ဟာ အုပ်ချုပ်သူလူတန်းစားတို့နှင့် ငွေကြေးတစ်ခုရဲ့ 
ခေါင်းနှင့်ပန်းလိုဆက်စပ်နေသည်ပင်။ အုပ်ချုပ်သူလူတန်းစားတို့၏ 
အထောက်အပံ့ကိုရာစုနှစ်(၁၂)ရာစုကြာအောင်ရလာခဲ့သော နာလန္ဒာတက္ကသိုလ်ကြီးသည် 
ကမ္ဘာထောင့်တစ်နေရာက ထင်ရှားသည့်သမိုင်းအဆောက်အဦးကြီးအဖြစ် 
ရပ်တည်လာခဲ့ပေသည်။ အာဏာငွေကြေးတို့ကိုအာသာငမ်းငမ်းဖြစ်နေသော 
အုပ်အုပ်သူလူတန်းစားတို့လက်ထက်တွင်မူ (၁၂)ရာစုကျော်တန် 
သမိုင်းမှတ်တိုင်ကြီး ဘုန်းဘုန်းလဲအခြေအနေထိဖြစ်ခဲ့ရပေသည်။ ဤနေရာ၌စိတ်၏ 
သက်သာမှုတစ်ခုကိုရဘို့ဆိုပြီး ကြံကြံဖန်ဖန်တွေးမည်ဆိုလျှင်လည်း 
တွေးလို့ရနိုင်သည်က သမိုင်းရဲ့အဖိုးတန် အဆောက်အဦးကြီးကို 
နင်းချေဖျက်ဆီးသူသည် မိမိတို့ဘာသာဝင်မဟုတ် 
မူဆလင်စစ်ဗိုလ်မိုဟာမက်ဘက်ခီးယားခီးဂျီးနှင့် အပေါင်းအပါများဖြစ်သည်။ 
၎င်းတို့ဟာ မိမိတို့ဘာသာအပေါ်ယုတ်မာမှု၊ရက်စက်မှုတွေနှင့် ကျော်လွန်နေရတာလဲ။
 ဆက်စပ်အတွေးတွေကိုလွယ်အိတ်တစ်လုံးထဲ ကောက်ထည့်ရင်း 
နာလန္ဒာတက္ကသိုလ်ဟောင်းကြီး၏ ။

အရှေ့တံခါးပေါက်ကနေ ပြန်ထွက်လာသည့်လမ်းတစ်လျှောက်မှာတော့ 
အတွေးတွေ၊မေးခွန်းတွေ ရေးစရာတွေတစ်ပုံတစ်ပင်ကြီးနှင့် 
ပြီးတော့ယနေ့မြန်မာနိုင်ငံရဲ့အနာဂါတ်သာသနာရေးနှင့်ပါတ်သက်ပြီးတော့ 
တွေးမိတာကလည်း အဘယ်မျှကာလထိကြာရှည်ခံနိုင်မလဲ။ 
ကိုးကွယ်ခံဘာသာရေးခေါင်းဆောင်များနှင့်ကိုးကွယ်ကြသည့် 
မင်းနှင့်ပြည်သူတို့ကရောအဖိုးမဖြတ်နိုင်သည့် မြတ်ဗုဒ္ဓသာသနာတော်ကြီး 
မြန်မာ့မြေပေါ်မှ အပျောက်ခံနိုင်ကြမည်လား။ အတွေးစတစ်စက်နှင့်ပင်….။
ဤစာမူလေးကိုစိတ်ပါဝင်စားစွာဖတ်ပေးကြတဲ.စာဖတ်သူခင်မင်ခဲ့သူအားလုံးကိုရော 
စာစီ မှတ်ချက်(အဲမွန်)၏အတွေးပုံရိပ်ကိုထပ်တူမျှဝေခံစားသည်)။
စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။


အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

**************************************************************

အတိတ်ကိုနမ်းရှိက်က်ရခြင်းသည် လွမ်းဆွတ်ဖွယ်ကောင်းသော ချိုမြိန်သည့် အရသာတို့ကိုထိရှခံစားရသလို ပျင်းရိဖွယ်ကောင်းသည့် အတိတ်ခါးခါးတို့ကိုလည်း ထွေးပွေ.ခံစားရသည်။ခါးသက်ခြင်းကိုရွံမုန်းသည့် လူသားတို့သဘာဝ ခါးသက်သည့်၊ကြမ်းထန်းသည့်အရာများကို မကြိုဆိုချင်ကြ။
ခါးသက်ခြင်း၏တူရူတွင် ချိုမြိန်ခြင်း၊နွေးထွေးခြင်းတို့ရှိနေခြင်းကိုခန္ဓာအိမ်၏ အနက်ရှိုင်းဆုံးတနေရာကအင်အား အပြင်းဆုံးအရာတခုသည်လည်း မပီဝိုးတဝါးနှင့်လင်းတချက်၊မလင်းတချက်၊ဘာပဲဖြစ်ဖြစ်၊ဝေဟင်ကို ပျံသက်ဖို့အတွက် မြေပြင်ကိုတော့ နမ်းရှုံ့ရစမြဲပင်။ ပစ္စုပ္ပန်ကိုငံလင့်ဖို့ အတိတ်ကိုတော့ ဖိတ်ခေါ်ရစမြဲပင်။တချို့တချို့သော အတိတ်တွေသည် ထုထည်ကြီးမားပြီး ပစ္စုပ္ပန်မှာပြန်လည်ရေတွက်ပြလျှင် ရေတွင်အရုပ်ရေးသည်နယ်ဖြစ်နေ၍မယုံချင်ကြ။

မယုံလို့လည်းမဖြစ်။ အတိတ်တွေရှိခဲ့ကြလို့သာပစ္စုပ္ပန်နှင့်အနာဂါတ်တို့မွေးဖွားလာကြသည်ပင်။ အတိတ်တွေသည် တူးဆွ၍မကုန်နိုင်လောက်အောင် များပြားကျယ်ဝန်းလှသည်။ ကမ္ဘာကြီး၊လူသားလောက၊ ဘာသာရေးနယ်ပယ် အားလုံးတို့၌ အတိတ်တွေရှိခဲ့ကြသည်။ အတိတ်တွေကို ခြေရာခံရင်း ယနေ့လူးသားတို့ ခရီးဆက်ကြရသည်။ အတုယူစံပြစရာ၊ လေ့လာစရာတွေ အသိန်းအသောင်းနှင့်ချီ၍လည်း ပေးအပ်ခဲ့သည်။
မိမိတို့မြတ်ဗုဒ္ဓသမိုင်းကို ပြန်၍ကြည့်မည်ဆိုလျှင်လည်း သာယာလွမ်းမောဖွယ်၊ ရင်ခုန်ဖွယ်ရာများရှိခဲ့သလို ကြွေကွဲဝမ်းနည်းဖွယ်၊နှမျောတသသဖြစ်ဖွယ်ရာများကိုလည်း တွေ့ရှိရလေသည်။
ဤမျှကြီးမားလှသည့် သမိုင်းအထုပ်အပိုးကြီးထဲက အစောဆုံးရာစုနှစ်တော်တော်များများကို အရှိန်အဝါကြီးကြီးနှင့် နေရာယူထားသည့် နာလန္ဒာတက္ကသိုလ်ကြီး၏အတိတ်သမိုင်းစာမျက်နှာများကို အားအင်လျှော့နည်းစွာဖြင့် တစ်ရွက်ခြင်းလှန်ကြည့်မိပါသည်။ အတိတ်သမိုင်းဆိုသည့်အတိုင်း အကြောင်းအရာတွေသည် ဆွေးမြေ့နေလေပြီ။ အကြောင်းအရာတွေဆွေးမြေ့ရုံတင်ပဲလား။ မဟုတ်ပါ။ နှလုံးသား၏ အနက်ရှိုင်းဆုံတစ်နေရာတွင် နှစ်ပေါင်းခုနှစ်ရာကျော်ကအလွမ်းတွေကို သယ်ဆောင်လာပြီး လွမ်းမောစေသည်။ဆွေးတသသဖြစ်စေသည်။ ပြီးတော့ ဘဝတူတွေကို မျှဝေချင်သည်။ သမိုင်း၏အဆုံးသတ်တွေမလှပခဲ့သည့် နာလန္ဒာကို ဘဝရဲ့သင်ခန်းစာ ကျောပိုးအိပ်ထဲ သယ်ဆောင်ပြီး ခရီးနှင်စေချင်သည်။ ဒါကြောင့်ပင် နာလန္ဒာ၏ သမိုင်းစာမျက်နှာကို သဘာဝအတိုင်း လှန်ကြည့်မိတာက………….

တကယ်တမ်းမိမိတို့ ရင်းနှီးကျွှမ်းဝင်နေသော နာလန္ဒာသည် မြန်မာနာမည်မဟုတ်။ SanံKrit-ဘာသာစကားဖြစ်သည်။ သူရဲ့ဖွင့်ဆိုပုံကNalan-Lotus, A Symbol of Knowledgeနဲ့da-to give, giver of knowledge တဲ့လေ။
နာလန်ဆိုတာ အတတ်ပညာ၊ အသိပညာတွေကို ကိုယ်စားပြုသည့်ကြာပန်းကိုရည်ညွှန်းပါတယ်။ (ဒါ)ကတော့ ပေးခြင်းပဲ၊ဒီတော့ ဒီပုဒ်နှစ်ခုကို တပေါင်းတည်း ဘာသာပြန်ရင် နာလန္ဒာဆိုတာ အတတ်ပညာ ၊အသိပညာတွေကို ပေးရာဌာနကြီးလို့ အဓိပ္ပါယ်ဆိုရတော့မှာပေါ့။အသိပညာ အတတ်ပညာတွေကို ရက်ရက်ရောရောပေးစွမ်းခဲ့သော နာလန္ဒာတက္ကသိုလ်ကြီးသည် ကမ္ဘာပေါ်တွင် အစောဆုံးပေါ်ပေါက်ခဲ့သော တက္ကသိုလ်ကြီးဖြစ်သလို ကျောင်းအိပ်၊ကျောင်းစား၊ အဆောင်နေစနစ်ကို စတင်ကျင့်သုံးခဲ့သော တက္ကသိုလ်ကြီး ဖြစ်ခဲ့လေသည်။ ယနေ့ခောတ် တက္ကသိုလ်ကြီး၏ တည်ရှိရာသည် အိန္ဒိယနိုင်ငံ၊ဗီဟာပြည်နယ်၊ ပတ္တနားမြို.၏ အရှေ့တောင်ဘက် (၅၅)မိုင်ခန့်အကွာ ဘာရဂါမ်ရွာအနီးတွင် တည်ရှိလေသည်။ နာလန္ဒတက္ကသိုလ်ကြီးကို အစပျိုး တည်ထောင်ခဲ့သူသည် ဗုဒ္ဓသာသနာသမိုင်း၊ အိန္ဒိယနိင်ငံသမိုင်း။

အိန္ဒိယနိုင်ငံ သမိုင်းတွင်လည်း မောရိယအင်ပါယာ အသောက အင်ပါယာဟူသည့် အင်ပါယာတို့ကို တည်ထောင်ခဲ့သည့် ဘုရင်ဧကရာဇ်အဖြစ် သမိုင်းအစဉ်အလာကြီးမားခဲ့သူ သီရိဓမ္မာအသောကမင်းကြီးပင် ဖြစ်လေသည်။ ဘုရင်အသောကသည် 205.BC မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူပြီး နှစ်ပေါင်း (၂၀၉)ခုနှစ်တွင် ဘုရားရှင်၏လက်ျာတော်ရံ ပညာဧတဒဂ်ရ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးအား အောက်မေ့သတိရ ပူဇော်သောအားဖြင့် အရှင်မြတ်၏ မွေးဖွားရာ ပရိနိဗ္ဗာန်စံတော်မူရာ တိုက်ခန်းမှာပင် ငုံ၍စေတီတဆူနှင့် ကျောင်းတော်တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့လေသည်။ ယင်းကျောင်းတော်လေးအား (2th A.D ရာစုတွင် မဟာယာန ရဟန်းတော် အရှင်နာဂဇုန(philosopher)မထေရ်က(Madayamika school of Buddhism) ဟူသောအမည်ဖြင်. ဟိနယာန၊မဟာယာန ဗုဒ္ဓစာပေ များကို သင်ကြားပေးသော သင်တန်းကျောင်းလေး အဖြစ် စတင်ဖွင့်လှစ်ခဲ့လေသည်။ထို့နောက် (4 th)ရာစု A.D တွင် မဟာယာနရဟန်းတော် အရိယဒေဝ (philosopher)က Madayamika a School of Buddhism ဟူသောအမည်ဖြင့်၎င်း၊ 5 th A.D ရာစုတွင်မဟာယာနရဟန်းတော် အရှင်အာသံယမထေရ်က Yogachara school of buddism ဟူသောအမည်ဖြင့်၎င်း အမည်အမျိုးမျိုးဖြင့် မဟာယာန၊ ဟိနယာန ဗုဒ္ဓစာပေများကို အဓိကသင်ကြားပေးသော သင်တန်းကျောင်းများအဖြစ် အမည်အမျိုးမျိုးဖြင့် အဆင့်ဆင့်ဗုဒ္ဓစာပေများကို သင်ကြားပို့ချလာခဲ့သော သင်တန်းကျောင်းလေးအဖြစ်မှသည် (5 th )A.D ရာစုအလွန် (6 th) A.D ရာစုတွင် အသောကမင်းဆက် ကုမာရဂုပ္ပထမင်း(KumaraGupata) မင်းလက်ထက်တွင် ကမ္ဘာကျော်တက္ကသိုလ်ကြီး အဆင့်ထိရောက်အောင် ပြောင်းလဲဖွင့်လှစ်နိုင်ခဲ့လေသည်။

ကုမာရဂုပ္ပထမင်းသည် ပညာရေးကို အထူးအားပေး အားမြှောက်သော မင်းတစ်ပါးဖြစ်လေသည်။ တက္ကသိုလ်ကြီး၏ မြေနေရာ (University of Campus) များကိုလည်း မိမိ၏နန်းတော် မြေနေရာများအပါအဝင် လယ်ဧကပေါင်း မြောက်များစွာကို ကျောင်းမြေအဖြစ် သတ်မှတ်လှူဒါန်းပေးခဲ့လေသည်။ ယနေ.အချိန်အခါ၌ အိန္ဒိယရှေးဟောင်း ယဉ်ကျေးမူ.နှင့် သုတေသနဌာန၏ လေ့လာတွေ့ရှိချက်အရ (24`594)ဧက ကျယ်ဝန်းသည်ဟု သိရလေသည်။ (606 thA.D to 647 th A.D ) ရာစုတွင် ပါလမင်းဆက် ဟရသျှမင်း (harsha) လက်ထက်တွင် ကျောင်းမြေနေရာများကို ထပ်ဆင့်တိုးချဲ့ ကာ ကျောင်းသားနေအဆောင်ပေါင်း (၁၈၀) နှင့် ကျယ်ပြန့်သော စာသင်ခန်းများ၊ တရားဟော၊ တရားထိုင်ခန်းမကြီးများကိုလည်း တင့်တယ်ခန်းနားစွာ ဆောက်လုပ်ပေးခဲ့သလို မြေပေါက်စေတီ ပေါင်း(၁၀ )ကိုလည်း တည်ထားကိုးကွယ် ခဲ့သေးသည်။ အဆောက်အဦးများကို တည်ဆောက်ရာတွင် အောက်ခြေဖောင်ဒေးရှင်းအား ကျောက်တုန်းများဖြင့် စီထားကာထုထည် ကောင်းမွန်အောင် အခိုင်အမာ ပြုလုပ်ပေးထားလေသည်။ကျောင်းသားနေအခန်းများကိုလည်း တစ်ယောက်အိပ်ခန်း နှစ်ယောက်အိပ်ခန်းများ ဖြင့် ပြုလုပ်ထားလေသည်။ ကျောင်းဆောင်တိုင်း၏ အလည်တစ်ထပ် (floor) စီတွင် အခန်းပေါင်း လေးဆယ်အထိ ပါဝင်သည်ဟု သိရပါသည်။ ရေချိုးခန်း အိမ်သာများ ကိုလည်း စာသင်ခန်း၊ တရားဟောခန်း၊ တရားထိုင်ခန်းမကြီး များဖြင့် တွဲလျှက်တည်ဆောက် ပေးထားလေသည်။ ကျောင်းဆောင်တိုင်း ကျောင်းဆောင်တိုင်း၏ အလည်တွင် (၁၂) ပေပတ်လည် ကျယ်ဝန်းသော အုတ်ရေတွင်းကြီး တစ်တွင်းကျစီ တူးဖော်ပေးထားလေသည်။ ကျောင်းဆောင်များ၏ ဘေးပတ်လည်တွင်လည်း အရောင်အသွေးစုံ အမျိုးအမည်စုံ လင်သော ပန်းဥယာဉ်များ ၊ကြာမျိုးစုံဖူးပွင့်နေသော ရေကန်ကြီးများကိုလည်း ဖန်တီးပေးထားလေသည်။

ထိုမျှကြီးကြယ် ခန်းနား၊ကျယ်ဝန်းသော တက္ကသိုလ်ကျောင်းတော်ကြီးတွင် အဆောင်နေကျောင်းသားပေါင်း (၁၀၀၀၀)ကျော်နှင့် စာပေးသင်ကြားပေးသော ဆရာပေါင်း (၂၀၀၀) ကျော်ရှိသည်ဟု သိရပါသည်။ ၍နေရာ၌ မှတ်သားစရာ တစ်ခုက စာသင်ကြားပေးသော ဆရာနှင့် ကျောင်းသားများသည် ယနေ့ခောတ်ကဲသို့ သီးခြားခွဲနေခြင်းမျိုး မဟုတ်ပဲ ဆရာနှင့် ကျောင်းသားရောနှော နေထိုင်ကြလေသည်။ ထိုသို့နေထိုင်ရခြင်းမှာ လက်တွေ့သင်ခန်းစာများ၌ မရှင်းလင်းသည်များ ရှိပါက မဆိုင်းမတွ ၊မေးမြန်းနိုင်၊ ဆွေးနွေးနိုင်စေခြင်းငှာ ဆရာနှင်.ကျောင်းသာများ အတူတကွ နေထိုင်ကြခြင်း ဖြစ်လေသည်။ သင်ကြားပေးသော ဘာသာရပ်များကတော့ ပါဠိသဒ္ဒါကျမ်း၊ သက္ကတသဒ္ဒါကျမ်း၊ ဒဿနိကဗေဒကျမ်း၊၊ယုတ္တိဗေဒကျမ်း၊ နက္ခတ္တဗေဒကျမ်း၊ ဗေဒင်လက္ခဏာကျမ်း၊ မဟာယာနကျမ်း၊ ဟိနယာနကျမ်းများ၊မြဟ္မဏတို့၏ ဝေဒကျမ်းများ ဗိသုကာပညာရပ်များတို့ကိုလည်း ပြီးပြည့်စုံအောင် သင်ကြားပေးလေသည်။ စားသောက်ရေးဘက်တွင်မူ တက္ကသိုလ်အနီးရွာများမှ အမျိုးသမီးပေါင်း (၂၀၀) ကိုလည်း ယောဂီဝတ်စေကာ ဆွမ်းချိန်တန်ဆွမ်း အအေးချိန်တန် အအေးအစစ အရာရာ လိုလေသေးမရှိ စီမံဖန်တီးပေးထားလေသည်။ ရာဇဝတ်မူ့ဖြင့် အကျဉ်းကျသူများ၊ ငွေဝယ်ကျွန်များ၊ အစေခံကျွန်များကို လွတ်ငြိမ်းချမ်းသာခြင်းများ ပေးကာ နာလန္ဒာတက္ကသိုလ်တက္ကသိုလ်ကြီး၏အလုပ်အကျွေးများအဖြစ် ပြုလုပ်စေသည်။

တက္ကသိုလ်အနီးရှိရွာများမှ ထွက်ရှိသော ကောက်ပဲသီးနှံများကို မင်းအခွန်ငွေအဖြစ် သိမ်းယူခြင်းမပြုပဲ တက္ကသိုလ်ကြီးအား လှူဒါန်းစေခဲ့လေသည်။ ထို.ကြောင့်နာလန္ဒာတက္ကသိုလ်ကြီး၏ ဂုဏ်သတင်းသည် ဂဂ်ါမြစ်မှသည် ဘော်လဂါမြစ်ဝှမ်းသို့တိုင် မြောက်ဘက်၌ ဆစ်ကင်း၊ဘူတန်တိဗက်၊ မွန်ဂိုးလျနှင့်ရုရှား၊ ဆိုက်ဗေးရီးယား။ အရှေ့ဘက်၌ မြန်မာ၊ ထိုင်း၊လာအို၊ အင်ဒိုနီးရှား၊ကမ္ဘောဒီးယား၊ဗိယက်နမ်၊ ကိုးရီးယား၊ ဂျပန်တို.အထိ ပြန့်နံ့ခဲလေသည်။ ယနေ့အထိ အချို.နိုင်ငံများသည် ဗုဒ္ဓဘာသာနိုင်ငံများအဖြစ် ဆက်လက်တည်ရှိနေသေးသည်။ ကမ္ဘာ.သမိုင်းတွင် တရုပ်ခရီးသွား ရဟန်းတော်များအဖြစ် ထင်ရှားသည့် ဖာဟီယာန်( Fa Hien )သည်(5 th A.D )ရာစုတွင် ရောက်ရှိလာကာ အရှင်နာဂဇုန မထေရ်၏အထံ၌ တပည့်အဖြစ် ခံယူသွားဖူးသည်ဟု သိရလေသည်။ သို့သော် ဖာဟီယာန်သည် ဟူယင်ဆန် ရဟန်းတော်လောက် ကြာကြာနေထိုင် သွားခဲ.ခြင်း မရှိခဲ့ပေ။
ဟူယင်ဆန်မထေရ်မြတ်ကတော့ (673th) A.D ရာစုတွင် ရောက်လာကာ အချိန်အတော်ကြာအောင် ပညာသင်ယူသွားသည်ဟု သိရှိရသည်။ ပညာများသင်ယူ ပြီးဆုံးပြီးနောက် ဟူယင်ဆန်မထေရ်သည် အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘာသာဝင်များ အားလုံးနှင့် သက်ဆိုင်သည့် သံဝေဇနိယလေးဌာန အပါအဝင် အထင်ကရ နေရာ တော်တော်များများ ကို အသေးစိတ်လေ့လာကာ မှတ်တမ်းများ ရေးသားခဲ့လေသည်။ယင်းမှတ်တမ်းများသည် ကမ္ဘာ့သမိုင်းတွင် တန်ဘိုးမဖြတ်နိုင်လောက်အောင် ကျေးဇူးကြီးမားသလို ယနေ့မိမိတို့အပါအဝင် ဗုဒ္ဓဘာသာဝင်များအားလုံး ဖူးမျှော်နေရသော (ဖွား၊ပွင့်၊ဟော၊စံ)ဟူသည့် သံဝေဇနိယလေးဌာနအပါအဝင် အထင်ကရနေရာ တော်တော်များများကို ဟူယင်ဆန်၏ဂုဏ်ကျေးဇူးတွေကြောင့် ဖူးမျှော်နေရခြင်းဖြစ်လေသည်။

ခရီးသွားမှတ်တမ်းများကို မှတ်တမ်းရေးသားခြင်းဟူသည့် (Theory)တစ်ခုကို မိမိတို.ရရှိ လိုက်နာကျင့်သုံးဘို့ လိုပါလိမ့်မည်။ ဤကဲ့သို့ကမ္ဘာတစ်လွှားတွင် နာလန္ဒာတက္ကသိုလ်ကြီး၏ ဂုဏ်သတင်း၊ ကျော်ဇော်ကြီးမြတ်ရခြင်း အဓိကအကြောင်းအရင်းသည် တက္ကသိုလ်မှ ချမှတ်ပေးလိုက်သောစည်းမျဉ်းများ၊သင်ကြားပို့ချပေးသော ဘာသာရပ်များနှင့် တာဝန်ယူမူ့များကြောင့်ဖြစ်သလို တက္ကသိုလ်တခု၏ အသက်ဖြစ်သော တက္ကသိုလ်စာ ကြည့်တိုက်(Library) ၏ ဂုဏ်သတင်းကြောင့်လည်း ပါဝင်လေသည်။ စာကြည့်တိုက်တွင် ထားရှိသော ကျမ်းစာအုပ်များ၊ အတွေးအခေါ်ဆိုင်ရာကျမ်းများ၊ နည်းပညာဆိုင်ရာကျမ်းများ၊ ဆေးကျမ်းများ၊ ဝေဒကျမ်းများ၊မဟာယာန ဟိနယာနဆိုင်ရာကျမ်းများ၊ ဟိန္ဒူကျမ်းများ၊ ဗေဒင်နက္ခတ်ကျမ်းများစသည်ဖြင့် ကျမ်းပေါင်းသိန်းသောင်းချီ၍ ရှိသည်ဟုသိရလေသည်။ ထို့ကြောင့်ပင်နာလန္ဒာတက္ကသိုလ်စာကြည့်တိုက်ကြီးကို ကမ္ဘာတစ်လွှားကနေ နာမည်ပေးကြတာက သစ္စာတရားတို့စုဝေးရာတောင်ကြီး DharGunj(Mountain of Truth) ပြီးတော့ Dhamaganja (Treasury of Truth) သစ္စာတရားတို့စုဝေးရာ သိမ်းဆည်းထားရာ ဘဏ္ဍာတိုက်ကြီးဟု နာမည်အမျိုးမျိုးဖြင့် အမွှန်းတင်ခေါ်ဝေါ်ကြလေသည်။ နာလန္ဒာတက္ကသိုလ်ကြီး ဖျက်ဆီးခံရစဉ်က တက္ကသိုလ်စာကြည့်တိုက်ရှိ စာအုပ်များအား မီးလောင်ရာတွင် (၆)လခန့် ကြာမြင့်သည်ဟု သိရလေသည်။ ပါလမင်းဆက် ဟရသျှမင်း၏ လက်ထက်တွင်တက္ကသိုလ်၏ ပညာရေး၊ စာပေသင်ကြားရေး၊ နေထိုင်ရေးတို့တွင် အဆင့်မြင့်ဆုံးဖြစ်ခဲ့သလို လက်အောက်ခံတက္ကသိုလ်များအဖြစ် ဝိက္ကမသီလာတက္ကသိုလ်၊ (University of Vikamasila) ဥဒန္တပူရီ တက္ကသိုလ် (University of Odantapuri) ဇာဂလန္ဒတက္ကသိုလ် (university of Jagaddala) များကိုဖွင့်လှစ်ခဲ့လေသည်၊ ထိုတက္ကသိုလ်အားလုံးတို့အား ပင်မ နာလန္ဒာတက္ကသိုလ်ကြီးကပင် တိုက်ရိုက်အုပ်ချုပ်ရလေသည်။

ဤမျှ နာလန္ဒာတက္ကသိုလ်ကြီး အရှိန်အဟုန်ကောင်းကောင်း နှင့် ဖြတ်သန်းနိုင်ခြင်းသည် ပါလမင်းဆက်တို့၏ လေးနက်သောအတွေးအခေါ်၊ ရက်ရောသော စိတ်၊စေတနာတို့ကြောင့်ပင် ဖြစ်လေသည်။ ပါလမင်းဆက်တို့သည် နာလန္ဒာတက္ကသိုလ်ကြီးအား 8th A.Dရာစုမှ 12th A.D ရာစုထိ ဖခင်မင်းများ၏ တန်ဘိုးထက်ယုတ်လျှော့ကျဆင်းမူမရှိစေဘဲ တိုး၍၊တိုး၍သာ အထောက်အပံ့ပြုခဲ့ကြလေသည်။ ထိုကဲ့သို့ကမ္ဘာပေါ်တွင် ပထမဆုံးပေါ်ပေါက်လာသော တက္ကသိုလ်ကြီးအဖြစ် လူသားတို့အတွက်အမြင့်ဆုံးအတတ်ပညာရပ်တို့အား ရက်ရောစွာရာစုနှစ်ပေါင်း (၁၂)ရာစုကျော်သည်ထိ ပေးဆောင်ခဲ့သော လူသားအရင်းအမြစ် အဆောက်အဦးကြီး ကမ္ဘာ့ဂန္ထဝင်တာလန္ဒာတက္ကသိုလ်ကြီးသည် သာသနာနှစ်(၁၇၀၀)အရောက် (12th)A.Dရာစုအကုန်တွင် တူရကီနွယ်ဖွား မူဆလင်စစ်ဗိုလ်မိုဟာမက် ဘက်ခီးယာခီးဂျီး (MuhammadBakhtiyanKhaLji)၏ စစ်သည်အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာတက္ကသိုလ်ပိုင် ရွှေ၊ငွေ၊ကျောက်သံပတ္တမြားတို့အား အတင်းအဓမ္မသိမ်းယူခြင်း ကျောင်းဆောင်များစေတီပုထိုးများအား မီးရှို့ဖျက်ဆီးခြင်းများအပြင် ဗုဒ္ဓဘာသာရဟန်းတော်မှန်သမျှ ခေါင်းဖြတ်သတ်ခြင်း၊အရှင်လတ်လတ်မီးလောင်တိုက်သွင်းခြင်း၊ အရှင်လတ်လတ်ဦးခေါင်းပေါ်ရုံမြေမြုပ်ကာ ဓားသွားစက်တတ်သည့်ထွန်သွားဖြင့် နွားကမောင်းစေခြင်းများကို ရက်ရက်စက်စက်ပြုလုပ်ခဲ့လေသည်။ မည်မျှရက်စက်သည်လည်းဆို ရဟန်းတော်တပါး၏ဦးခေါင်းတစ်လုံးကို ဖြတ်ယူကာဆက်သနိုင်လျှင် ငွေကြေးမည်မျှပေးမည်ဟု ကြေငြာချက်ထုတ်ထားသည်အထိ ပြုလုပ်ခဲ့လေသည်။နာလန္ဒာတက္ကသိုလ်ကြီး၏ သမိုင်းအပိုင်းအစတွေကို ပြန်လည်ပြီးကောက်ချက်တစ်ခုဆွဲကြည့်လျှင် ဒဿနရေအိုးထည်းမှာဒဿနဖန်သားပြင် တစ်ခုနဲ့ပေတံတစ်ချောင်းကိုရှာဖွေနေသည့် လူသားတစ်ယောက်နှင့် တူနေပေလိမ့်မည်။ နောက်ဆုံးမှာတော့နာလန္ဒာတက္ကသိုလ်ကြီး၏ အရှေ့တခါးပေါက်ကအုတ်ခဲကျိုးတစ်ခုကို အသာကောက်ယူရင်းမေးကြည့်မိတာက မင်းဟာသမိုင်းတွေထဲကသိပ်သည်းစတစ်ခုလားဆိုတာပါပဲ။ သူ့ဖြေကြားချက်အပိုင်းအစတွေထဲက တစ်ခုကိုရွတ်ပြရရင်(ဒီတက္ကသိုလ်ကြီးမှာနေခဲ့ကြတဲ့ဂုရုကြီးတွေ အမြဲတစေရွတ်ဖတ်နေလို့ ငါအလွတ်ရနေတာက “All the things is impermanence “တဲ့လေ။ ကျွန်ုပ်တို့၏ဗုဒ္ဓဘာသာအနှစ်သာရနဲ့ တိုင်းသာပြီးပြောမယ်ဆိုရင်တော့မြေကြီးလက်ခတ်မလွယ်ပေါ့။

ခေတ်သစ်တန်ဖိုးနဲ့တိုင်းတာမယ်ဆိုရင်တော့လည်း (ဘာသာတရားတစ်ခုကနေ အခြားဘာသာတရားတစ်ခုကိုကျုးကျော်စော်ကားခြင်းသည် လူယဉ်ကျေးတို့၏လုပ်ရပ်မဟုတ်သလို ဘာသာတရားတိုင်းရဲ့အဆုံးအမတွေမှာ သွေဖယ်နေတဲ့အနုတ်လက္ခဏာကိုသာတွေ့ရလိမ့်မယ်လေ။ တဆက်တည်းမှာရလိုက်တဲ့ အတွေးစတစ်ခုက ဘာသာတရားတစ်ခု၏ တိုးတက်မှုဆုတ်ယုတ်မှု ရေရှည်တည်တန့်မှု၊ ဖဲခွါမှုတို့ဟာ အုပ်ချုပ်သူလူတန်းစားတို့နှင့် ငွေကြေးတစ်ခုရဲ့ ခေါင်းနှင့်ပန်းလိုဆက်စပ်နေသည်ပင်။ အုပ်ချုပ်သူလူတန်းစားတို့၏ အထောက်အပံ့ကိုရာစုနှစ်(၁၂)ရာစုကြာအောင်ရလာခဲ့သော နာလန္ဒာတက္ကသိုလ်ကြီးသည် ကမ္ဘာထောင့်တစ်နေရာက ထင်ရှားသည့်သမိုင်းအဆောက်အဦးကြီးအဖြစ် ရပ်တည်လာခဲ့ပေသည်။ အာဏာငွေကြေးတို့ကိုအာသာငမ်းငမ်းဖြစ်နေသော အုပ်အုပ်သူလူတန်းစားတို့လက်ထက်တွင်မူ (၁၂)ရာစုကျော်တန် သမိုင်းမှတ်တိုင်ကြီး ဘုန်းဘုန်းလဲအခြေအနေထိဖြစ်ခဲ့ရပေသည်။ ဤနေရာ၌စိတ်၏ သက်သာမှုတစ်ခုကိုရဘို့ဆိုပြီး ကြံကြံဖန်ဖန်တွေးမည်ဆိုလျှင်လည်း တွေးလို့ရနိုင်သည်က သမိုင်းရဲ့အဖိုးတန် အဆောက်အဦးကြီးကို နင်းချေဖျက်ဆီးသူသည် မိမိတို့ဘာသာဝင်မဟုတ် မူဆလင်စစ်ဗိုလ်မိုဟာမက်ဘက်ခီးယားခီးဂျီးနှင့် အပေါင်းအပါများဖြစ်သည်။ ၄င်းတို့ဟာ မိမိတို့ဘာသာအပေါ်ယုတ်မာမှု၊ရက်စက်မှုတွေနှင့် ကျော်လွန်နေရတာလဲ။ ဆက်စပ်အတွေးတွေကိုလွယ်အိတ်တစ်လုံးထဲ ကောက်ထည့်ရင်း နာလန္ဒာတက္ကသိုလ်ဟောင်းကြီး၏ ။

အရှေ့တံခါးပေါက်ကနေ ပြန်ထွက်လာသည့်လမ်းတစ်လျှောက်မှာတော့ အတွေးတွေ၊မေးခွန်းတွေ ရေးစရာတွေတစ်ပုံတစ်ပင်ကြီးနှင့် ပြီးတော့ယနေ့မြန်မာနိုင်ငံရဲ့အနာဂါတ်သာသနာရေးနှင့်ပါတ်သက်ပြီးတော့ တွေးမိတာကလည်း အဘယ်မျှကာလထိကြာရှည်ခံနိုင်မလဲ။ ကိုးကွယ်ခံဘာသာရေးခေါင်းဆောင်များနှင့်ကိုးကွယ်ကြသည့် မင်းနှင့်ပြည်သူတို့ကရောအဖိုးမဖြတ်နိုင်သည့် မြတ်ဗုဒ္ဓသာသနာတော်ကြီး မြန်မာ့မြေပေါ်မှ အပျောက်ခံနိုင်ကြမည်လား။ အတွေးစတစ်စက်နှင့်ပင်….။
 
ဤစာမူလေးကိုစိတ်ပါဝင်စားစွာဖတ်ပေးကြတဲ.စာဖတ်သူခင်မင်ခဲ့သူအားလုံးကိုရော စာစီ 
 
မှတ်ချက်(အဲမွန်)၏အတွေးပုံရိပ်ကိုထပ်တူမျှဝေခံစားသည်)။
စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။


အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment