Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Tuesday, June 11, 2013

"ဆန့်ကျင်ဘက် အမြင်"










( ရဟန်းတော်များ ကိုရင်လေးများကို ပြဿနာကောင်တွေလို့ ပြောဆိုနေတဲ့ မိစ္ဆာဒိဋ္ဌိ သမားများသိစေရန် )
                                                     ****************
သမ္မာဒိဋ္ဌိက (အမြင်မှန် အသိမှန် အကျင့်မှန်)တဲ့ ဘာသာဝင်ဆိုတာ အရှိကို အရှိတိုင်း အမှန်ကို အမှန်တိုင်း မြင်တယ်။ သိတယ်။ ကျင့်တယ်။ ဥပမာ- သတ္တဝါတွေအသက်ကို သတ်ဖြတ်ရင် အကုသိုလ် ဖြစ်သလား၊ ကုသိုလ်ဖြစ်သလားဆိုတာ အမြင်မှန်သူက အကုသိုလ်မှန်း သိတယ်။ မြင်တယ်။ မသတ်မိအောင် ကျင့်ကြံတယ်။ မိစ္ဆာဒိဋ္ဌိက(အမြင်မှားသူက) အမြင်မှားတဲ့ အတိုင်း သတ္တဝါတွေအသတ်ကို သတ်ဖြတ်တာ ကုသိုလ်ဖြစ်တယ်လို့ မှားမှားယွင်းယွင်းမြင်တယ်။ သိတယ်။ သတ်ဖြတ်မိအောင်ကြိုးစားတယ်။ အယူက မှားနေတာကိုး။ ဘာလို့အယူမှားသလဲဆိုရင် အကုသိုလ်ကံကြီးလွန်းလို့ဖြစ်ပါတယ်။ အဲဒီ မိစ္ဆာဒိဋ္ဌိဆိုတဲ့ အကုသိုလ်ကံက ဘယ်လောက်ထိ ကြီးမားသလဲဆိုရင် (ဂရုကံ)လို့ ခေါ်တဲ့ ပဉ္စာနန္တိကံထက်ပင်ကြီးမားပါသေးတယ်။ ပဉ္စာနန္တိယကံက တစ်ကမ္ဘာလောက်သာခံရပေမယ့် နိယတ-မိစ္ဆာဒိဋ္ဌိရှိသူရဲ့ အကုသိုလ်ကံက ဒီကမ္ဘာပျက်လည်း နောက်ကမ္ဘာကိုပြောင်းခံရပါတယ်။ ဒါတွေပြောနေလည်း ဒင်းတို့နားလည်မယ် မထင်ပါ။ ဘာလို့လည်းဆိုတော့ အပေါ်မှာပြောခဲ့သလို အကုသိုလ်ကံက ပိ...တ်ဆီးထားလို့ အကုသိုလ်ကံက ကြီးမားနေလို့သာဖြစ်ပါတယ်။

နောက်တစ်ချက်ပြောချင်သေးတယ်။ မြတ်စွာဘုရားရှင်ကို ဖူးတွေ့ရတဲ့ သမ္မာဒိဋ္ဌိက( အမြင်မှန်) သူတို့အဖို့တော့ အလွန့်ကိုဝမ်းမြောက်ဝမ်းသာ အေးအေးချမ်းချမ်းနှင့် ကုသိုလ်စိတ်များ ဖြစ်နေပေမယ့် အကုသိုလ်ကံကြီးမားတဲ့ မိစ္ဆာဒိဋ္ဌိက အမြင်မှားသူတို့အဖို့ စိတ်တွေပူလောင်ပြီး အကုသိုလ်စိတ်များဖြစ်စေပါတယ်။ မြတ်စွာဘုရားရှင်၏ ရူပကာယတော်ဟာ မြင်ရသူ အမြင်မှန်သမ္မာဒိဋ္ဌိရှိတို့သူတို့အဖို့(တနည်း) ကုသိုလ်ကံကြီးမားသူတို့အဖို့ ကိုယ်စိတ်အေးချမ်းယုံမျှမက ကုသိုလ်စိတ်များဖြစ်ပေမယ့် အကုသိုလ်ကံတရားကြီးမားသူ( မိစ္ဆာဒိဋ္ဌိ)များအဖို့ ကိုယ်စိတ်ပူပန်ကာ အကုသိုလ်စိတ်များ ဖြစ်စေပါတယ်။ ဒါကလည်း အကုသိုလ်ကံကြီးမားလို့သာဖြစ်ပါတယ်။
နောက်တစ်ချက် (မစင်)ပုံကို မြင်ရတဲ့ သမ္မာဒိဋ္ဌိက- အမြင်မှန်ရှိသူများမှာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပေမယ့် ထိုမစင်ပုံကိုပင် ရွံရှာရကောင်းမှန်း စက်ဆုပ်ဖွယ်ကောင်းမှန်း မသိဘဲ ဝမ်းမြောက်ဝမ်းသာဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ ခွေးကဲ့သို့ အယူမှားတဲ့သတ္တဝါတွေရဲ့ အဖြစ်ဟာလည်း အကုသိုလ်ကံတရားကြီးမားလို့သာ ဖြစ်ပါတယ်။ ခွေးဆိုတာ မစင်ပုံကိုမြင်ရင် ဝမ်းမြောက်ဝမ်းသာဖြစ်တယ်။ ရွံရှာတယ် စက်ဆုပ်တယ်ဆိုတာ မဖြစ်ဘူး။ ထိုနည်းတူစွာ မိစ္ဆာဒိဋ္ဌိက မှားယွင်းတဲ့ အယူရှိသူများက ကောင်းတဲ့အာရုံကို ဝမ်းမြောက်ဝမ်းသာမဖြစ်ဘဲ ပူပန်မှုဖြစ်သလို၊ ရှောင်ကြဉ်အပ်တဲ့ (သတ္တဝါများအားသတ်ဖြတ်ခြင်းအမှု) စတဲ့ အကုသိုလ်ကံများကို ကုသိုလ်အမှတ်ဖြင့် လုပ်နေမည်သာဖြစ်ပါတယ်။ ထိုသူတို့ရဲ့ သေလွန်တဲ့အခါ သွားရမယ့် ဘုံဘဝကတော့ သိပ်များများစဉ်းစားစရာမလိုပါဘူး။
နောက်ဆုံးတစ်ချက်အနေနဲ့ ရဟန်းသံဃာတော်များ၊ ကိုရင်လေးများအား ဖူးတွေ့ရသူ အမြင်မှန်သူများအနေနဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်ရုံမျှမက ကုသိုလ်စိတ်များဖြစ်စေတတ်ပေမယ့် အမြင်မှားသူ မိစ္ဆာဒိဋ္ဌိသမားကတော့ ပြဿနာကောင်တွေလို့ ပြောလေ့ပြောထရှိပါတယ်။
ဆန့်ကျင်ဘက်အမြင်ကိုး................။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment