Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Friday, June 21, 2013

“အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်”





 
 
ယုံကြည်ရင် ဖြစ်တယ်ဆိုတာ ဒါမျိုးကိုပြောတာနဲ့တူတယ်

ဒုတ်မရှိ၊
ဓားမရှိ၊
အာဏာမရှိ၊
ပါတီမရှိ၊
ငွေမရှိ၊
တန်းကျောင်းပညာမတက်၊
အင်္ဂလိပ်လိုလည်းနားမလည်၊
ဘယ်နိုင်ငံ့မှလည်း ရောက်ဘူး။
ရှေ့ကြည့်ရင် ချေမ၊ နောက်ကြည့်ရင်ဖနှောက် ဒါပဲရှိတဲ့ ရဟန်းတစ်ပါးကို
လူတွေက ဘာလို့ ဒီလောက်ကြောက်နေရတာလဲ....။

လူဆိုတဲ့ သဘောတရားကလည်း မဟုတ်တာလုပ်နေတဲ့လူတွေက ဟုတ်တာလုပ်တဲ့လူဆိုရင် ဘာမှ မရှိလည်း အလိုလိုကိုကြောက်တယ်၊ လူရှိန်တယ်ဆိုတာ ဒါမျိုးပြောတာကိုး
တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မကြားဖူး၊ မတွေ့ဖူးပါဟု ကိုသိန်းမြင့်က ဦးဝီရသူနဲ့ ပါတ်သတ်ပြီး၊တအံသြပြောသွားပါတယ်။

ဒလိုင်းလားမားတောင် ကိုယ်ပိုင်စစ်တပ်ရှိတယ်။
ကွာပါ့ကွာ၊
ဦးဝီရသူ အင်္ဂလိပ်စကားတက်ရင် မလွယ်လောက်ဘူး။
လူတွေက အားကိုးတယ်ဆိုတာ ဒါမျိုးပြောတာ၊ ဗိုလ်ချုပ်သမီးမို့လို့လေးစားတယ်။ ရှေ့နေသားမို့လို့ အားကိုးချင်တယ်။ ဦးဝီရသူက အဲဒီလိုမဟုတ်ဘူးနော်။
ဘယ်သူ့သားမှ မဟုတ်ဘူး သူ့ရဲ့ ပင်ကိုစွမ်းရည်ကကို ထူးချွန်ပြီး စင်ပေါ်ကိုတက်လာတာ။

ဦးဝီရသူမှားဘာမှ မရှိဘူးဆိုပေမယ့် သူမှာ ရှိတာတစ်ခုရှိတယ်၊
အဲဒါက သူ့ရဲ့ယုံကြည်ချက်ပဲ၊ ဘာကိုယုံတာလဲဆိုရင် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတာပဲဟု ကိုသိန်းမြင့်က ဆက်လက်၍ပြောကြားခဲ့ကြောင်းသိရသည်။

No comments:

Post a Comment