Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Sunday, June 23, 2013

{ဗုဒ္ဓဘာသာဆိုသူများသို့ အိပ်ဖွင့်ပေးစာ}

 
 







  

ကျွန်တော် ဒီတစ်လော FB သိပ်မသုံးဖြစ်ပါဘူး ..
ဘာလို့လဲ ဆိုတော့ FB မှာ ကျွန်တော် သဘောမတူတဲ့ ကိစ္စတွေချည်း တောက်လျှောက်ဖြစ်နေလို့ပါဘဲ
အများကြိုက် ပုဂ္ဂိုလ်တွေ ဘာအော်အော် ခေတ်မှီချင်သူတွေက လိုက်အော်တတ်တဲ့ စရိုက်ဟာ FB မှာ အုပ်စုတောင့်တိုင်း လူမိုက်ဆန်ဆန် ဝိုင်းဗိုလ်ကျ အနိုင်ကျင့်တတ်တဲ့ Cyber Bully System ကို ပိုမိုကြီးထွားလာစေခဲ့တာ အချိန်အတန်ကြာနေခဲ့ပါပြီ။

စိတ်ပညာအရ ကိုယ်ပိုင်အတွေးအခေါ် နဲ့ ကိုယ်ပိုင်ယုံကြည်ချက် မရှိတဲ့ သူတွေအများစုဟာ ကိုယ်မှန်တယ်ထင်တာထက် အများကြိုက်မယ်ထင်တာတွေကိုဘဲ ဟန်ဆောင် လက်ခံ ပြုမူ ကျင့်သုံး လေ့ရှိကြပါတယ်။

ဒါပေမယ့် ထိုသူတို့ မသိတာတစ်ချက်က ဒီလို တစ်ခါ လုပ်လိုက်မိတိုင်း သူတို့ရဲ့ စာရိတ္တ (Character) နဲ့ ကိုယ်ကျင့်တရား (Moral) တွေဟာ တဆင့်ခြင်း နိမ့်ကျပျက်ဆီးသွားတယ်ဆိုတာပါဘဲ။
အဲ့ဒိပျက်ဆီးခြင်းဟာ များသောအားဖြင့် သေတဲ့ထိ ပြန်ပြင်လို့မရပါဘူး။
ပိုပိုပြီးသာ ပျက်ဆီးလေ့ရှိတဲ့သဘာဝ ရှိပါတယ်။
တရားဘာဝနာဖြင့်သာ ထိန်းချုပ်နိုင်တယ်လို့ ဖတ်ဖူးပါတယ်။

ထားပါလေ .. လိုရင်းကိုဘဲပြောပါရစေ။
အသေးစိတ် တွေးမိ ရေးမိ နေရင် ကျွန်တော်ပါ ဒေါသ ရဲ့ သားကောင် ဖြစ်သွားမှာစိုးလို့ပါ။

"အနည်းဆုံး ငါ နဲ့ တစ်ချို့သော ဗုဒ္ဓဘာသာမြန်မာတွေ မရိုင်းသေးဘူး" ဆိုတဲ့ ယုံကြည်ချက်လေး ကျွန်တော် တစ်ဖက်သပ် ဆက်မွေးထားပါရစေ။

ဦးဝီရသူ ကို ကျွန်တော် စကထဲက မထောက်ခံခဲ့ပေမယ့် မကန့်ကွက်ခဲ့ပါဘူး။

မထောက်ခံတာက သူ့ ရဲ့ စိတ်ထား နဲ့ ခံယူချက်ကို မဟုတ်ပါဘူး။
သူ ရပ်တည်ပုံဟာ ...
ပညာတတ်ပါ့ဆိုတဲ့ တရားမျှတချင်တဲ့စိတ်လွန်ကျူးပြီး အစွန်းရောက်နေသူတွေ အတွက် လက်ညှိုးထိုးစရာဖြစ်လာမယ်ဆိုတာကို ကြိုသိလို့ပါ။

မကန့်ကွက်တာက သူဟာ သူ့ကိုယ်ကျိုးအတွက် လုပ်နေတာမဟုတ်သလို သူနာမည်တက်ဖို့ လူထောက်ခံမှုရဖို့လုပ်နေတာ မဟုတ်ဘူးဆိုတာကို ကျွန်တော် သေချာ ယုံကြည် နားလည်တဲ့အတွက် သူ့ရဲ့ ယုံကြည်မှုကြောင့် သိုးမဲ လုပ်ရဲတဲ့ စစ်မှန်မှု နဲ့ သတ္တိ ကို လေးစားလို့ပါဘဲ။

ဒါပေမယ့် ဒီနေ့ TIME MAGAZINE ဟာ ဗုဒ္ဓဘာသာအားလုံးကို စော်ကားလိုက်တာဖြစ်ပါတယ်။ ဒါကို သေချာ နားလည်ဖို့လိုပါတယ်။

ဒါဟာ ဘယ်သူတွေ လက်ချက်လဲ ဆိုတာလဲ သိပြီးပါပြီ။
ဒါကို ပြန်ဖေါ်ပြနေသူတွေအားလုံးဟာ ဗုဒ္ဓဘာသာတွေဆိုတာသိနေတဲ့ ဘာသာခြားများကတော့ ...
(သင်တို့ဘာသာဟာ ပျက်ယွင်းနေပြီ)
(ဘာသာဝင်တွေတောင်မှ စည်းလုံးကြည်ညိုစိတ်ကင်းမဲ့နေပြီ) လို့ဘဲ သတ်မှတ်မိကြမှာပါဘဲ။

ဒီတော့ ငါလဲ ခေတ်မှီအောင်တော့ ဦးဝီရသူကို ဆဲလိုက်ဦးမှဆိုတဲ့ စိတ်ကလေး ခဏ ဘရိတ်အုပ်ပြီး ဒီစာလေးတော့ ပြီးအောင် အရင်ဖတ်ကြည့်ကြပါဦးလို့ မေတ္တာရပ်ခံပါရစေ ...။ ။
.......

ဦးဝီရသူ ကိစ္စ စကြားမိကထဲက ကျွန်တော့်ခေါင်းထဲမှာ သတိရမိတာ ဦးဝိစာရ တို့ ဦးဥတ္တမ တို့ ဆိုတဲ့ အထင်ကရ ဝံသာနုရဟန်းအာဇာနည်ကြီးတွေရဲ့ အကြောင်းပါ။

မသိတဲ့သူတွေ ဒီမှာ ဖတ်ကြည့်ကြနိုင်ပါတယ်

ဦးဝိစာရ - http://moemaka.com/archives/31915
ဦးဥတ္တမ - http://freedomnewsgroup.com/2012/09/09/u-oattama/

ဒီဘုန်းကြီးတွေ အင်္ဂလိပ်အစိုးရကို စတော်လှန်ဖို့ အားထုတ်ခဲ့စဉ် အချိန်တွေတုန်းက မြန်မာတွေအားလုံးဟာ သူတို့ကို တစ်ခဲနက် ထောက်ခံ အားပေးခဲ့ကြတယ်လို့များ ထင်နေခဲ့ကြရင် မှားသွားပါလိမ့်မယ်။

အဲ့ဒိတုန်းကသာ သူတို့ကို အာဇာနည် သံဃာတွေ အဖြစ် တစ်ပြည်လုံးက ထောက်ခံခဲ့ကြမယ်ဆိုရင် ဒီဘုန်းကြီးတွေ ဒီအဖြစ်မျိုးနဲ့ အသက်မကုန်ခဲ့ရပါဘူး။

အဲ့ဒိ အချိန်တုန်းကထဲကလဲ သူတို့ကို ဘာသာခြား မျက်နှာဖြူ နယ်ချဲ့တွေ နဲ့ တန်းတူ ခေတ်မှီပါတယ်ဆိုတဲ့ ပညာတတ် ဗုဒ္ဓဘာသာ မြန်မာတွေ များစွာကလဲ ယနေ့လိုဘဲ (ဘုန်းကြီးအတုတွေ) (လူကိစ္စလုပ်နေတဲ့ ဘုန်းကြီးတွေ) ဆိုပြီး ဗုဒ္ဓဘာသာချင်းကို မိုးမွှန်မတတ် ဆဲဆိုခဲ့ကြပါတယ်။

သူတို့ကိုတော်လှန်ရေးကာလမှာ အာဇာနည်အဖြစ် အသိအမှတ်ပြုခဲ့တဲ့ သူဟာအနည်းငယ်သာရှိခဲ့ပြီး ဘုန်းကြီးက ဘုန်းကြီး အလုပ်မလုပ်ဘူးဆိုပြီး ကန့်ကွက် ဆန့်ကျင်ခဲ့တဲ့သူတွေ နဲ့ နယ်ချဲ့အစိုးရကို မျက်နှာလုပ်ဖေါ်လံဖါးလုပ်ခဲ့တဲ့ အမျိုးသား သစ္စာဖေါက်တွေက အများစု ဖြစ်နေခဲ့ပါတယ်။

သူတို့ ပျံလွန်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်းမှသာ သူတို့ရဲ့ စွန့်လွှတ်စွန့်စားမှု အမျိုးသားသစ္စာ နဲ့ သတ္တိ ဆိုတာတွေကို တရားဝင်အသိအမှတ်ပြုခံခဲ့ရရှာတာပါ။

...

ဒီတော့ ကျွန်တော်တို့ ဦးဝီရသူ ကိုလဲ ကျောက်ရုပ်ကြီး ဖြစ်သွားတော့မှ ဂုဏ်ပြုကြတော့မလားဆိုတာဟာ တွေးစရာတစ်ခုဖြစ်သင့်ပါတယ်။

...

ကျွန်တော် အဓိကပြောချင်တာကတော့ ...
_____________________________________________

ဦးဝီရသူ တောင်းဆိုထားတဲ့ အချက်တွေ တစ်ချို့ဟာ လူ့အခွင့်အရေး နဲ့ မညီဘူးလို့ ပြောဆိုနေတဲ့ မြန်မာအမျိုးသမီးခေါင်းဆောင်ကြီးများ ခင်ဗျာ ....


ကျွန်တော် လူ့အခွင့်အရေး နဲ့ ပါတ်သက်ပြီး အတိုင်းအတာတစ်ခုအထိလက်ခံပါတယ်။

ဒါပေမယ့် လူမျိုးရေး ဘာသာရေး တွေမှာ လူ့အခွင့်အရေး ရဲ့ ဥပဒေသ တစ်ချို့ဟာ ယှဉ်တွဲသုံးသပ်လို့ မရပါဘူး။

ဥပမာ ရွှေတိဂုံ ဘုရားပေါ်မှာ မွတ်ဆလင်တွေ သူတို့ဘာသာရေး ဝတ်ပြုပွဲကျင်းပခွင့်ကို လက်ခံကြမလား။
ဒါဆို လူ့အခွင့်အရေး ကို လေးစားရာရောက်ပါတယ်။
ဘာလို့လဲဆိုတော့ ဗုဒ္ဓဘာသာလဲ လူ မွတ်ဆလင်လဲ လူပါဘဲ ဘာလို့ မွတ်ဆလင်က ဘုရားပေါ်ဝတ်ပြုခွင့်မရှိရမှာလဲဆိုတာ လူ့အခွင့်အရေးရဲ့ ပေတံအရ သုံးသပ်နိုင်ခွင့်မရှိပေဘူးလား။

ရှင်တော် ဂေါတမ ရော ဘယ်ပွင့်လေပြီးသော ဘုရားကမှ ၄င်းတို့ရဲ့ ရုပ်ပုံတွေကို ဘုရားစေတီပုထိုးတွေပေါ်ကို ဗုဒ္ဒကို မယုံကြည်သူ မကိုးကွယ်သူ (Infidel) တွေ မတက်ရဘူး ၊ သူတို့ ယုံကြည်ရာကို မလုပ်ရဘူးလို့ မဟောခဲ့ပါဘူး။
ဗုဒ္ဓ ဟာ ကျွန်တော်တို့အားလုံးထက် ဒီမိုကရေစီကို လက်တွေ့စတင်ကျင့်သုံးခဲ့သူပါ။
လာပါ လေ့လာပါ ကိုယ်တိုင် လက်ခံနိုင်မှ ကိုးကွယ်ပါ လို့ လွတ်လပ်ခြင်း နဲ့ ယုံကြည်မှု အပြည့်ထားပြီး မယုံကြည်သူတွေတိုင်းကို ဖိတ်ခေါ်ခဲ့တာ ယနေ့တိုင် ဗုဒ္ဓဘဲရှိပါသေးတယ်။

ဗုဒ္ဓ ဟာ သူ့ကို ယုံကြည်ဖို့ ရော စွန့်ခွာဖို့ပါ ဘယ်သူ့ကိုမှ ဓါးမိုးပြီး မခြိမ်းခြောက်ခဲ့ပါဘူး။

ဒါပေမယ့် လေးစားအပ်ပါသော ခေါင်းဆောင်ကြီးများ ဒါကိုကျတော့ လဲ လက်ခံမှာ မဟုတ်ပါဘူး။

ဒါဆို ကျွန်တော် တိုက်ရိုက်ဘဲ ပွင့်ပွင့်လင်းလင်း တစ်ခု တောင်းဆိုပါတယ်။
(ကျွန်တော့် စကားအပြောအဆိုမှားယွင်းရိုင်းပျသွားခဲ့မယ်ဆိုရင် မရည်ရွယ်ပါကြောင်း ကြိုတင် အသိပေးတောင်းပန်အပ်ပါတယ်။)


အမျိုးစောင့် ဥပဒေဆိုတာကို လူ့အခွင့်အရေး နဲ့ မညီဘူးလို့ ခါးခါးသီးသီး ကန့်ကွက် ရှုံ့ချနေတဲ့ သူရဲကောင်းအာဇာနည်ကြီးများအားလုံးခင်ဗျာ ...


မိတ်ဆွေတို့ရဲ့ လူ့အခွင့်အရေး အမျိုးသမီး တန်းတူ အခွင့်အရေး စတာတွေကို မိတ်ဆွေတို့ တစ်ကယ်ဘဲ ယုံကြည်တယ် လိုက်နာတယ်ဆိုရင် သင်တို့ရဲ့ ဖက်မလိုက်တဲ့ မေတ္တာတရားအတွက် သက်သေပြဖို့တစ်ခုတောင်းဆိုပါတယ်ခင်ဗျာ။

မိတ်ဆွေတို့ရဲ့ သမီး မြေး နှမ အမ တူမ အဒေါ် စသော အိမ်ထောင်မရှိသေးသော ရုပ်ရည်ချောမောလှပသူ ဗုဒ္ဓဘာသာ/မြန်မာ စစ်စစ် အပျို (လွတ်လပ်သူ အမျိုးသမီး) များအားလုံးကို ..
ကျွန်တော်နဲ့ မိတ်ဆွေများမှ စနစ်တစ်ကျ စေ့စပ်သေချာစွာ ရွေးချယ်စီစစ်ပေးမယ့် မွတ်ဆလင် အမျိုးသား တွေ တစ်ဦးချင်းဆီနဲ့ အာဝါဟ ဝိဝါဟ လို့ ခေါ်တဲ့ ထိန်းမြားမင်္ဂလာဆောင်မှု ပြုပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ကျွန်တော် လေးနက်စွာ တောင်းဆိုခြင်းဖြစ်ပါတယ်။
ဒီထဲမှာ တွေ့ကရာ ပေါက်တတ်ကရ မွတ်ဆလင်တွေ လုံးဝ မပါစေရပါဘူး။

လက်ရှိမယား သားသမီး မရှိသည့် လူပျိုလူလွတ်
ငွေကြေးချမ်းသာသည့် မိသားစုမှ ပေါက်ဖွားလာသူ
ရုပ်ရည်ရူပကာ ချောမောသူ
ပညာတတ်သူ
မယားအား ချမ်းသာတင့်တယ်စွာ ထားနိုင်သည့် လုပ်ငန်း/အလုပ် ပိုင်ဆိုင်သူ
စတဲ့ ဖက်စုံထူးချွန်သူ မွတ်ဆလင်စစ်စစ်ကြီး ဖြစ်စေရပါမယ်ဆိုတာ စာချုပ်စာတမ်းနဲ့ အာမခံပါ့မယ်။

ကဲ ဒီတော့ ခေါင်းဆောင်ကြီးများ ရဲ့ လူသားချင်းတူညီတဲ့ အခွင့်အရေး နဲ့ လူမျိုးဘာသာမခွဲခြားရေး မူတွေကို ခေါင်းဆောင်ကြီးတို့ ကိုယ်တိုင် လက်ခံယုံကြည်တယ်ဆိုရင် ကျွန်တော့် တောင်းဆိုမှုကို လက်မခံနိုင်စရာမရှိပါဘူး။
ဒါဟာ ခေါင်းဆောင်ကောင်းတွေရဲ့ ကိုယ်ဟောတဲ့တရား ကိုယ်တိုင်လဲကျင့်ပါတယ် ဆိုတဲ့ သိက္ခာ နဲ့ သမာဓိ တွေကို သက်သေပြဖို့ရာ တစ်ခုတည်းသော စစ်မှန်တဲ့ အခွင့်အရေးဖြစ်ပါတယ်။

အပြောတွေက လူတိုင်းပြောတတ်ပေမယ့် ..
အလုပ်ဆိုတာ ခေါင်းဆောင်တွေသာ လုပ်ပြနိုင်တာမျိုးမို့ပါ။

ဒီတော့ ခေါင်းဆောင်ကြီးများရဲ့ မွတ်ဆလင် သားမက်လောင်းများအတွက် ဂုဏ်ယူဝင့်ကြွားစွာ ပုံနှိပ်ဖြန့်ဝေမယ့် မင်္ဂလာဆောင် ဖိတ်စာများကိုလဲ ကျွန်တော်ကိုယ်တိုင် အကုန်အကျခံ ဖြန့်ဝေပေးမှာဖြစ်တယ်ဆိုတာအပြင်
လက်ထပ်မယ့် သတို့ သမီးလောင်းများရဲ့ မိဖ တွေကိုလဲ ကျွန်တော်ကိုယ်တိုင် အိမ်တိုင်ရာရောက် ရှိခိုးကန်တော့ပြီး ငွေသားဖြင့် ကျေးဇူးဆပ်မှာဖြစ်ကြောင်း ခု FB ကနေ တရားဝင် ကတိပေးလိုက်ပါတယ် ...။

မယုံကြည်သူများ သက်သေအဖြစ် ဓါတ်ပုံရိုက်ထား Screen Shot ယူထားနိုင်ပါတယ်ဆိုတာလဲ အသိပေးအပ်ပါတယ်။

တစ်လက်စထဲ ကျွန်တော်တို့ မြန်မာတွေထဲက သိပ်ခေတ်မှီတိုးတက်လာတဲ့ သူရဲကောင်းကြီးများရဲ့ စစ်မှန်မှုကို သက်သေပြဖို့ အခွင့်အရေးကို ကမ္ဘာ အနှံ့အပြားက မွတ်ဆလင် လူငယ်များကလဲ အားတက်သရော ပါဝင်ကူညီကြဖို့ ဖိတ်ခေါ်ပါတယ်။
ကျွန်တော် အပေါ်မှာပြောခဲ့တဲ့ အချက်တွေ နဲ့ ကိုက်ညီတဲ့ မွတ်ဆလင် သတို့သားလောင်းတွေရဲ့ ဓါတ်ပုံ နဲ့ ကိုယ်ရေးရာဇဝင် အပြည့်အစုံ ကို ဂျူလိုင် ၁၉ ရက်နေ့ ထက် နောက်မကျဘဲ အရောက်ပို့ပေးဖို့ မေတ္တာရပ်ခံပါတယ်။
ဗိုလ်ချုပ် သေသွားတဲ့နေ့အမှီ သူ ဂုဏ်ယူရလောက်အောင် တိုးတက်နေတဲ့ မြန်မာတွေရဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုချင်လို့ပါ ခင်ဗျာ။

တစ်ကယ်လို့ များ ဦးဝီရသူ ဆိုတဲ့ ဘုန်းကြီးတစ်ပါးကို ဆဲဆိုနေသူ ခေါင်းဆောင်ကြီးများ နဲ့ နောက်လိုက်များထဲက ...
ကျွန်တော့် တောင်းဆိုမှုကို (သူတို့သမီးကိုတော့ မွတ်ဆလင် နဲ့ မပေးစားနိုင်ပါဘူး) လို့ များ တိတ်တဆိတ်ဖြစ်စေ စိတ်ထဲမှာဘဲဖြစ်စေ တွေးလိုက်/ပြောလိုက် မိပြီဆိုရင်ပေါ့လေ ....

ဒီလောက် တရားမျှတတဲ့ တောင်းဆိုချက်ကိုတောင် ကိုယ့်သမီး အရင်းကျ မွတ်ဆလင် နဲ့ ပေးစားဖို့ လက်မခံနိုင်ဘူး ဆိုရင်တော့ ...

သင်တို့ဟာ မိမိစကားကို တာဝန်ယူနိုင်ခြင်းမရှိဘဲ လူအများအမြင်မှာ လူ့အခွင့်အရေး နာမည်တတ်ပြီး မိမိကိုးကွယ်တဲ့ဘာသာကို စောင့်ရှောက်ဖို့ လူ အမုန်းခံပြီး ကျိုးစားနေတဲ့ ဘုန်းကြီးတစ်ပါးကို ဆင်ခြင်တုံတရားမဲ့စွာ စော်ကားနေတဲ့ အနှစ်မဲ့အယောင်ဆောင် တွေသာဖြစ်မှန်း သင့် နှလုံးသားက ထင်ရှားစွာ သက်သေပြပြီးဖြစ်ပါတယ်ဆိုတဲ့အကြောင်း ဝမ်းနည်းလေးနက်စွာ အသိပေးလိုက်ပါတယ်။

ဒီအတွက်လဲ သင်တို့ဟာ သင်တို့ကိုယ်တိုင်တောင် မကျင့်သုံးနိုင်တဲ့ ခံယူချက်တစ်ခုကို လူအများကို ဖုံးကွယ်လိမ်ညာပြီး ဗုဒ္ဓဘာသာကို ငြိုးမှိန်အောင် သိက္ခာချခဲ့တဲ့ သူတွေအဖြစ် သံဃာဂိုဏ်းသင့်မှာမို့ ဘဝဆက်တိုင်း ဗုဒ္ဓဘာသာဖြစ်ခွင့်မှ သံသရာ တစ်လျှောက်လုံး ထာဝရ သွေဖယ်ရပါစေလို့ ကျိန်တွယ်လိုက်ပါတယ်။

ကျွန်တော်ဟာ မွေးဖွားခဲ့ကထဲက ခုချိန်ထိ ဘာကိုမဆို ဘယ်တုန်းကမှ ..

အများကြိုက်တာမို့ လိုက်မလုပ်ခဲ့ပါဘူး။
အများက မှန်တယ်ဆိုလို့ မယုံခဲ့ပါဘူး။
အများက မှားတယ်ဆိုတိုင်း မကဲ့ရဲ့ခဲ့ပါဘူး။

ကျွန်တော် တစ်ယောက်ထဲနဲ့ တလောကလုံးကိုဆန့်ကျင်ရပါစေ ..
တစ်လောကလုံးရဲ့ မုန်းတီးအထင်လွဲစော်ကားခြင်းခံရပါစေ ..
မှန်တယ်လို့ တစ်ကယ်ယုံကြည်ရင် ...

အားနည်းသူဖက်ကအမြဲရပ်ခဲ့ပါတယ်။
တစ်ဖက်သတ် အနိုင်ကျင့်ခံနေရသူတွေ အဖိနှိပ်ခံနေရသူတွေ ဆင်းရဲသားတွေကို အမြဲညှာတာခဲ့ပါတယ်။
အနုပညာကို စည်းစိမ်တွေအားလုံးထက် ပိုမြတ်နိုးတောင့်တလိုလားပါတယ်။

ဒီသစ္စာတွေ မှန်ကန်ခဲ့မယ်ဆိုရင် ကျွန်တော့် ကျိန်စာဟာ ဗုဒ္ဓဘာသာကို ဘာသာတူချင်းဖြစ်ပြီး ရည်ရွယ်ချက်နဲ့ လိမ်ညာစော်ကားနေသူတွေတိုင်းကို ထာဝရ ကျရောက်စူးရှပါစေ။


မျိုးချစ်မြန်မာ

No comments:

Post a Comment