Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Friday, June 14, 2013

ဘာသာ သာသနာအစွပ်စွဲခံရမှု့နဲ့ ပါတ်သတ်၍ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ၏အကြံပြုတင်ပြလွှာ ။














..........................................

ရက်စွဲ ။ ။၂၀၁၃ ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီးမှော်ဘီမြို့၊ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်း
တိုက် ၌ ကျင်းပပြုလုပ်အပ်သော ဗုဒ္ဓသာသနာတော်ဆိုင်ရာသြဝါဒ ခံယူညှိနှိုင်းဆွေးနွေးပွဲသို့ပေးပို့အပ်သောအကြံပြုတင်ပြလွှာ ။

(၁) မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှသော ပဋိပက္ခအခြေနေများနှင့် အဓိကရုဏ်း(Rito) များကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ဆုံးရှုံး၍ နိုင်ငံတကာမျက်နှာစာ၌
မြန်မာနိုင်ငံ ၏ ဘာသာ သာသနာအပေါ် အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်နေပါသည်။ ထိုသို့ အထင်အမြင် လွဲမှားမှုများသည် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု ဖွံ့ဖြိုးတိုး
တက်မှုအတွက် ကြီးမားသော အနှောက်အယှက်များဖြစ်ပါသည်။

(၂) နိုင်ငံတကာ မျက်နှာစာ၌ မြန်မာနိုင်ငံ ဘာသာ သာသနာအပေါ် အထင်အမြင်လွဲမှားမှုများ မဖြစ်စေရန် ကာကွယ်စောင့်ရှောက်မှု နည်းလမ်းကို အကြံပြုလိုပါသည်။

(က) အမျိုး ဘာသာ သာသနာ ကာကွယ်ရေးကွန်ယက်
(National Faith Protective Networkး NFPN)တစ်ခု တည်ထောင်ရန်၊

(ခ) NFPN ၏အသံသည် ရဟန်းရှင်လူ ပြည်သူအားလုံး၏ အသံဖြစ်စေရန်၊

(ဂ) NFPN မှ မှန်ကန် မြန်ဆန်ထိရောက်သော သတင်းများ ပေးပို့ရန်၊ စွပ်စွဲမှုများ မဟုတ်တရား
သတင်းမှားများကို တုန့်ပြန်ချေပရန်၊

(ဃ) မြန်မာနိုင်ငံအတွင်း ဒေသအနှံ့အပြား စည်းရုံးရေးနှင့် သတင်းအမှန်ရရှိရေး ရှင်ငယ် လူငယ်များ (စေတနာ့ဝန်ထမ်း သို့မဟုတ် လိုအပ်ချက်များ ထောက်ပံ့ပေးထားသူ)ဖြင့်ဆောင်ရွက်ရန်၊

(င) အမြော်အမြင် ရှိရှိဖြင့် အမျိုးဘာသာ သာသနာစောင့်ရှောက်လိုသူများဖြင့်
ပြည်တွင်းပြည်ပအင်အားများ ချိတ်ဆက်ရန်၊

(စ) ကမ္ဘာ့အသင်းစုကြီးများရှိ မြန်မာ့မျိုးချစ်များကိုစည်းရုံးထားရန်၊

(ဆ) ကမ္ဘာ့ကုလသမဂ္ဂထိ ပေါက်ပေါက်ရောက်ရောက် ပြောနိုင်သူများနှင့် ချိတ်ဆက်ထားရန်၊

(ဇ) နိုင်ငံတကာ ဘာသာစကားမျိုးစုံဖြင့် သတင်းစာရေဒီယို TV တို့မှ နိုင်ငံတကာက ကြားသိအောင် ရေးနိုင်ပြောနိုင်သူတို့မှတဆင့် စဉ်ဆက်မပြတ် သတင်းဖြန့်ရန်၊

(ဈ) လက်ရှိသံဃနာယကအဖွဲ့များမှာ ရိုးရာကိစ္စဆောင်ရွက်မြဲ ဆောင်ရွက်နေကြသည် ဖြစ်၍ သံဃာ့အဖွဲ့အစည်း ထပ်မံဖွဲ့စည်းရန်၊

(ည) NFPN အဖွဲ့သည် ရဟန်းရှင်လူ ပြည်သူအားလုံး ပါဝင်သော တစ်ခုတည်းသော အဖွဲ့မျိုးဖြစ်စေရန်၊

(ဋ) အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးဟူသော တစ်ခုတည်းသောဦးတည်ချက်ကို ဦးထိပ်ထားလျက် စုပေါင်းခေါင်းဆောင် စုပေါင်းဆွေးနွေး စုပေါင်းအဖြေရှာ စုပေါင်းဆောင်ရွက်ရေး အလေးပေးကြရန်၊

(ဌ) ညီညွတ်ရေးသည် ပထမ
ညီညွတ်ရေးသည် ဒုတိယ
ညီညွတ်ရေးသည် တတိယ
ညီညွတ်ရေးကိုသာ အသက်ထက်မြတ်နိုးကြပါရန်၊

(ဍ) တဖက်မှ အမျိုးဘာသာ သာသနာကာကွယ်ရေးကို ဆောင်ရွက်ရင်း တဖက်မှ အမျိုးဘာသာ သာသနာကြီးပွားရေးကို သမဂ္ဂသမ္မောဒမာန ဒီဃဒဿီဂုဏ်ရည်ပြည့်စွာ ဆောင်ရွက်တော်မူကြပါ။

နန္ဒမာလာဘိဝံသ
ပါမောက္ခချုပ်
ITBMတက္ကသိုလ်
ရန်ကုန်

No comments:

Post a Comment