Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Saturday, June 22, 2013

အများပြည်သူများမှ မဟနဆရာတော်များဆီသို့















နိုင်ငံတော် သံဃာ့နာယကအဖွဲ့ ဆရာတော်ကြီးများနှင့်
သာသနာရေး ဝန်ကြီးဋ္ဌာနသို့ အိပ်ဖွင့်ပေးစာ


တပည့်တော်သည် ဆရာတော်ဦးဝီရသူ၏ တပည့်ဒကာတစ်ဦး မဟုတ်သလို၊ ၉၆၉အား ထောက်ခံသ...ူ တစ်ဦးလည်း မဟုတ်ပါ။ သို့သော် ကမ္ဘာကျော် တိုင်း(မ်) မဂ္ဂဇင်းကြီးမှ ဆရာတော် ဦးဝီရသူအား ဗုဒ္ဓဘာသာ အကြမ်းဖက် ခေါင်းဆောင်တစ်ဦးဟု မျက်နှာဖုံးတင်၍ ရေးသားလိုက်ခြင်းအပေါ်၊ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေဖြင့် အပြင်းအထန် ကန့်ကွက်ရှုံ့ချပါသည်။
ဆရာတော် ဦးဝီရသူသည် မိမိ၏ ဘဝသံသရာ အကျိုးစီးပွား အတွက် နိဗ္ဗာန်ရောက်ကြောင်း တရားကိုပင် အားထုတ်ကျိုးပန်းရန် သတိမရပဲ။ မြန်မာလူမျိုးများနှင့် ဗုဒ္ဓဘာသာအတွက် စေတနာထား၍ လူမျိုးရေး၊ ဘာသာရေး အစွဲကြီးသူ ဆရာတော် တစ်ပါးအဖြစ် လက်ခံသော်လည်း တိုင်း(မ်)မဂ္ဂဇင်းကြီးမှ ဖော်ပြသကဲ့သို့ အကြမ်းဖက်ခေါင်းဆောင် တစ်ဦးအဖြစ်ကိုမူ လုံးဝ လက်သင့်မခံနိုင်ပါ။ ဗုဒ္ဓအဆုံးအမဖြင့် မြင့်မြတ်သော သင်္ဃန်းကို ဆင်မြန်းထားသော ဆရာတော်သည် ထိုသို့သော အမှုမျိုးကို ပြုလိမ့်မည်ဟု လုံးဝ မယုံကြည်ပါ။
၎င်းတို့၏ ရေးသား၊ စွပ်စွဲ၊ ပုတ်ခတ်မှုသည် မြန်မာနိုင်ငံနှင့် ဗုဒ္ဓဘာသာဝင်တို့အပေါ် ဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်သည်ဟုသာ မြင်မိပါသည်။ ထို့ကြောင့် နိုင်ငံတော် သံဃာ့နာယကအဖွဲ့နှင့် သာသနာရေးဝန်ကြီး ဋ္ဌာနတို့မှ နိုင်ငံတော်နှင့် ဘာသာသာသနာအကျိုးကို ငဲ့ကွက်၍ ထိရောက်စွာ ဖြေရှင်းတုန့်ပြန် ပေးပါရန် အနှူးအညွှတ် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
ထိုကိစ္စအား နိုင်ငံတော် သံဃာ့နာယကအဖွဲ့ ဆရာတော်ကြီးများမှ ဦးဆောင်၍ သာသနာရေးဝန်ကြီး ဋ္ဌာန၏ အစီအမံဖြင့် အောက်ပါ အချက်များအား ပြုလုပ်ပေးစေချင်ပါသည်။
(၁) မီဒီယာတစ်ခုသည် မိမိဖော်ပြသော သတင်းအပေါ် မိမိတာဝန် ယူနိုင်ရပါမည်။ ထို့ကြောင့် ဆရာတော် ဦးဝီရသူအပေါ် စွပ်စွဲ၊ ပုတ်ခတ်၊ ရေးသားဖော်ပြမှုအတွက် မည်ကဲ့သို့သော အထောက်အထားဖြင့် ရေးသားဖော်ပြခဲ့သည်ကို ကမ္ဘာသိ၊ မြန်မာသိ ပြန်လည်ရှင်းလင်း ဖော်ပြပေးရန် တောင်းဆိုပေးပါ။
(၂) ထိုသို့ ထုတ်ပြန်ပေးရန် ပျက်ကွက်ခဲ့လျှင်သော်လည်းကောင်း၊ ထိုသို့ ထုတ်ပြန်ပေးသော အချက်အလက်များမှာ မခိုင်မာခဲ့လျှင်သော်လည်းကောင်း၊ ကမ္ဘာကျော် တိုင်း(မ်)မဂ္ဂဇင်းကြီးအား နိုင်ငံတကာတရားရုံးတွင် အသရေဖျက်မှုဖြင့် တရားစွဲဆိုပေးပါ။
(၃)ကာယကံရှင်ဖြစ်သူ ဆရာတော် ဦးဝီရသူ၏ ဂုဏ်သိက္ခာနှင့် အမျိုးဘာသာ၊ သာသနာ၏ သိက္ခာတရားအတွက် ထိုက်တန်သော နစ်နာကြေးများ ရရှိစေရန် ဆောင်ရွက်ပေးပါဟု အနှူးအညွှတ် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
ဘုရားသားတော် ရဟန်းသံဃာများသည် မေတ္တာသဟကတေန စေတဿာဆိုသည့် အတိုင်း မေတ္တာနှင့် ယှဉ်သော စိတ်ကို ဖြစ်စေရမည်မှာ မှန်သော်လည်း၊ ယခုကိစ္စသည် မေတ္တာရှေ့ထား၍ သည်းခံခွင့်လွှတ် ငြိမ်ခံနေရမည့် ကိစ္စ လုံးဝ မဟုတ်ပါ။ ယင်းစွပ်စွဲ၊ ပုတ်ခတ်ရေးသားမှုသည် ဆရာတော် ဦးဝီရသူတစ်ယောက်တည်း၏ ပုဂ္ဂိုလ်ရေးပြဿနာလည်း လုံးဝ မဟုတ်ပါ။ မြန်မာနိုင်ငံနှင့် အမျိုးဘာသာသာသနာကို အသရေ ညစ်နွမ်းမှေးမှိန်စေသော ဖွချက်တစ်ခု ဖြစ်ပါသည်။ ကာယကံရှင်ဖြစ်သူ ဆရာတော် ဦးဝီရသူမှ ဘုရားသားတော်ပီပီ ဂရုဏာ ရှေ့ထား၍ ကိုယ်မဟုတ်ပြီးတာပဲဟု ငြိမ်ခံနေလိုက်မည်ဆိုလျှင် ဝန်ခံရာရောက်သကဲ့သို့၊ ဆရာတော် ရည်ရွယ် ဦးတည် ကျိုးပန်း အားထုတ်နေသော အမျိုးဘာသာ၊ သာသနာနှင့် နိုင်ငံတော်အကျိုးတို့သည် သဲထဲရေသွန် အရာမထင် ဖြစ်ရပေလိမ့်မည်။ ထို့ကြောင့် အထက်ပါ အချက်သုံးချက်အား နိုင်ငံတော် သံဃာ့နာယကအဖွဲ့နှင့် သာသနာရေးဝန်ကြီးဋ္ဌာနတို့မှ တုန့်ပြန်ဆောင်ရွက်ပေးပါဟု ထပ်မံပြောကြားပါသည်။
ကမ္ဘာသိ စော်ကားထားသော ကိစ္စတစ်ခုအတွက် အင်တာနက်ပေါ်တွင် ကန့်ကွက်စာများ ရေးသားရုံ၊ ပရိုဖိုင်ပုံများ ပြောင်းလဲရုံနှင့် မလုံလောက်ပါ။ အမျိုးဘာသာ၊သာသနာနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာအတွက် ဆရာတော် ဦးဝီရသူမှာ လုံးဝ အပြစ်ကင်းစင်၍ အမျိုးဘာသာ၊ သာသနာအကျိုးကို လိုလားသော ကြည်ညိုဖွယ် ရဟန်းတစ်ပါး ဖြစ်သည်ကို ကမ္ဘာသိ ပြန်လည်ရှင်းလင်း သက်သေထူရန် အထူးလိုအပ်သည်ဟု မြင်မိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသား မှန်သမျှတို့သည် ဘာသာသာသနာအကျိုး ရည်မျှော်၍ ဤစားအား ပြန့်နှံ့စေရန် ဖြန့်ဝေပေးကြပါဟု အလေးအနက် တောင်းဆိုလိုက်ပါသည်။

No comments:

Post a Comment