Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Wednesday, June 26, 2013

နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ကြီးမှ ဒီကိစ္စအပေါ်မှာ တစ်စုံတစ်ရာ သတိပေး ဟန့်တားမှု မလုပ်ခြင်းဟာလည်း အံ့အားသင့်စရာ


 
 
 
 
 
 
 
 
======================================
ဦးဝီရသူ ...(ဝါ) ဦးဝိစိတ္တာဘိဝံသရဲ့ ဟောပြောချက်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင် ကို ပြည်သူတွေ အထင်အမြင်လွဲမှားစရာဖြစ်အောင် ပြောထားတာ တွေ့ရပါတယ်။ မြန်မာပြည်မှာ လူထုရဲ့ ချစ်ခင်လေးစားမှု အများဆုံးရနေတဲ့ ဒီပုဂ္ဂိုလ်နှစ်ဦးကို တိုက်ခိုက်လိုက်တာဟာ ဦးဝီရသူ အပေါ် သံသယဝင်စရာ များစွာ ဖြစ်စေပါတယ်။

သူသဘောနဲ့သူပြောသည်ဖြစ်စေ၊ သွေးထိုးမြှောက်ပင့်အသုံးချခံရလို့ ပြောသည်ဖြစ်စေ၊ သူ့ရဲ့ စကားဟာ ဝစီဒုစရိုက် (၄) ပါးထဲက ပိသုဏဝါစာ ဒုစရိုက်ကို ကျူးလွန်ရာရောက်နေ ပါတယ် ။ ပြည်သူ များနဲ့ လူထုခေါင်းဆောင်များအကြား သွေးကွဲသွားအောင် အထင်အမြင်လွဲ မှားအောင် ချောပစ်ကုန်းတိုက်တဲ့စကားကို ပြောလိုက်တာ ဖြစ်ပါတယ်။ သာသနာ့ဝန်ထမ်း ရှင် ရဟန်းကိုယ်တိုင်က ပိသုဏဝါစာ ဝစီဒုစရိုက်ကို ကျူးလွန်နေတာ ဖြစ်ပါတယ်။ လူထုခေါင်းဆောင် များနဲ့ ပြည်သူများအကြား သွေးခွဲရန်တိုက်လိုက်ခြင်းဟာ တိုင်းပြည်အတွက် ကြီးမားတဲ့ အတိုင်း အတာနဲ့ ထိခိုက်မှု ဖြစ်စေပါတယ်။ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ကြီးမှ ဒီကိစ္စအပေါ်မှာ တစ်စုံတစ်ရာ သတိပေး ဟန့်တားမှု မလုပ်ခြင်းဟာလည်း အံ့အားသင့်စရာ ဖြစ်ပါတယ်။

၉၆၉ အမှတ်သင်္ကေတကို သုံးပြီး မူဆလင်ဆန့်ကျင်ရေး လှုံ့ဆော်မှုများဟာ ၉၆၉ ရဲ့ မူရင်း အဓိပ္ဗါယ် အနှစ်သာရပိုင်းနှင့် ဝေးကွာနေပြီး၊ဗုဒ္ဓသာသနာရဲ့ မေတ္တာ ဂရုဏာ မုဒိတာ ကိုယ်ချင်း စာတရားများနဲ့ ဆန့်ကျင်နေရုံမျှမက တိုင်းပြည်အတွင်း မတည်မငြိမ်မှု၊ ဆူပူအကြမ်းဖက်မှု၊ စိတ်ပိုင်း ရုပ်ပိုင်း နှစ်ခုစလုံးအတွက် ဆုံးရှုံးနစ်နာမှုတွေကိုသာ လက်တွေ့မှာ မြင်နေရပါတယ်။ ဒီ လုပ်ရပ်တွေကြောင့် ဘာသာသာသနာကို ဆိုးကျိုးတွေ ရိုက်ခတ်လာစေပြီး ကမ္ဘာက ဗုဒ္ဓဘာသာ ကို ပိုပြီး အထင်အမြင်သေး လာစေပါတယ်။ ပြည်တွင်းက ပြဿနာတွေဟာ နိုင်ငံပြင်ပ ကို ရိုက်ခတ်ကာ အပြစ်မဲ့ပြည်သူများ အကြမ်းဖတ်မှုရဲ့သားကောင်ဘဝ ရောက်ကြရပါတယ်။

ဦးဝီရသူဟာ သာသနာတော်မှာ အဆင့်မြင့်စာမေးပွဲတွေကို အောင်မြင်ထားသူဖြစ်ပါတယ်။ ဒါပေမယ့် စာမေးပွဲအောင်တာက အောင်တာတစ်ပိုင်း၊ အတွေးအခေါ်မှားယွင်းမှုက တစ်ပိုင်း သာဖြစ်ပါတယ်။ သူ့ရဲ့ အဟောအပြောကောင်းမှုနဲ့ မှားယွင်းတဲ့ အတွေးအခေါ်ကို ပေါင်းစပ် လိုက်တဲ့ အခါ လူအဖွဲ့အစည်းတစ်ခုကိုသာမက တိုင်းပြည်ကိုပါ အန္တရာယ် ဖြစ်စေပါတယ်။

အရှင်စန္ဒိမာ
တိရတနာကျောင်း
 

ဦးဝီရသူဟောတဲ့တရားတွေကို သေချာ စိစိစစ်စ်ပြန်ပီး နားထောင်ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ် လေဖမ်းဒန်းစီးပီ သွားပုပ်လေလွင့်ပြောနေတာကို နားမခံသာတော့လို့ ခုလိုတိုက်တွန်းရခြင်းဖြစ်ပါတယ် ဦးဝီရသူကိုအပြစ်ပြောနေတဲ့သူအားလုံးကို အဂတိလေးပါးလေးတောင် မလေ့လာဖူးတဲ့ သူတွေလို့ပဲ သဘောထားမိပါတယ် အဂတိလေးပါးကို မသိသေးရင် ပြန်လေ့လာကြအုံး ဥပမာပြောပြမယ်ေါ်ဇီးကွက်က ဒေါ်စုကိုဘုရားတဆူလို ကိုးကွယ်နေသူလို့ယူဆပါတယ် ဒါကြောင့်မလို့ အမျိုးစောင်ံဥပဒေကို သေချာမဖတ်ရသေးဘဲနဲ့ ဒီဥပဒေက လူ့အခွင့်အရေးနဲ့မညီဘူး အရင်ရှိပီးသားဥပဒေတွေကို သေချာဂဃနဏမဖတ်ဖူးသေးဘဲနဲ့ အမျိုးစောင့်ဥပဒေကို လက်မခံဘူးပြောတာဟာ ဒေါ်စုကိုချစ်တဲ့တခုတည်းနဲ့ ဆန္ဒာဂတိနဲ့ပြောခဲ့တယ်ဆိုတာ ထင်ရှားပါတယ် ခုလိုပြောတယ်ဆိုတာ ဦးဝီရသူက ခွတ်ဒေါင်းက မွတ်ဒေါင်းဖြစ်နေပီလို့ ပြောတာကို မုန်းတီးပီး ဘယာဂတိကြောင့် ဒေါ်စုအစား ဒေါ်ဇီးကွက်က နေရင်းထိုင်ရင် ပဏာဝင်ယူပီး ဒုက္ခရောက်သွားတာ ဦးဝီရသူရဲ့နောက်ကြောင်းကို ဒေါ်ဇီးကွက်သာ သေချာသိခဲ့လေ့လာဖြစ်ခဲ့ရင် သူဒီလိုပြောရဲမှာမဟုတ်ဘူးထင်ပါတယ် ဦးဝီရသူက ဦးဇင်းတွေကိုရင်ရာပေါင်းများစွာကို ရှင်တော်ဘုရားရဲ့သုတ် ဝိနည်း အ...ဘိဓမ္မာတွေကို သင်ကြားပို့ချရင်း တဖက်တလမ်းကနေ မြန်မာ့မြေမှာ ဗုဒ္ဓသာသနာတော်ကြီးမပျောက်ပျက်သွားအောင်ဆိုတဲ့ရည်ရွယ်ချက် သံဒိဌာန် ကြိုးစားနေတဲ့သူပါ တကယ်တန်းကျတော့ ဘုန်းကြီးတွေက စာချစာသင်အလုပ်ခွင်မှာပဲ ပျော်မွေ့ချင်နေတဲ့ပုဂ္ဂိုလ်တွေပါ လိုအပ်ချက်အရ လူတွေကိစ္စကို ဝင်ပီးပါနေကြရတာ ဘာလိုအပ်ချက်လဲဆိုတာကိုသိချင်ရင်တော့ ဦးဝီရသူကိုတိုက်ရိုက်ဆက်သွယ်ပီးမေးမြန်နိုင်ပါတယ် အဓိကက တော့ မြန်မာပြည်တွင်းမှာ မူစလင်တွေနဲ့ အိမ်ထောင်ပြုပီး ဒုက္ခမျိုးစုံကြုံခဲ့ကြတဲ့မြန်မာမိန်ကလေးတွေအကြောင်းပေါ့ ပီးခဲ့တဲ့ မဆလ နဝတ နအဖခေတ်ကနေ ခုချိန်ထိ မူစလင်နဲ့ပြဿနာဖြစ်တိုင်း အဲ့အမူတွေကို ဘယ်ဌာနဆိုင်ရာတိုင်တိုင် မြန်မာမိန်းကလေးတွေပဲ ခံနေရ ဌာနဆိုင်ရာတွေက လာဘ်စားပီး မူစလင်ပိုက်ဆံယူပီး မူစလင်ကိုပဲအနိုင်ပေခဲ့လို မြန်မာမိန်းကလေးတွေဘက်က နီးစပ်ရာဘုန်းကြီးတွေကို အကြောင်းမှ ဘုန်းကြီးတွေကဖြေရှင်းပေးခဲ့ရတာ ဘုန်းကြီတွေဖြေရှင်ပေးမှ မြန်မာမိန်းကလေးတွေ မူစလင်နှောက်ယှက်နေတဲ့ အန္တရာယ်ကလွတ်မြောက်ပီး မယားတယောက်အနေနဲ့ရသင့်တဲ့ပစ္စည်းဥစ္စာတွေအသာထား ကိုယ့်ဘဝလက်ရှိမူစလင်နှိပ်စက်ခံနေရတဲ့ဘဝကလွတ်ရင်ပီးတာပဲဆိုတဲ့စိတ်နဲ့ ဘုန်းကြီးတွေရဲ့အကူအညီနဲ့က ကိုယ်ဘဝကို က်းတင်ခဲ့ကြရတာ ဒါတွေကိုေါ်စုအပါအဝင် လူ့အခွင့်အရေးအော်နေတဲ့ဒကာမတွေသိစေချင်လို့က ပြောမိတာ။။
 

No comments:

Post a Comment