ဆရာတော် ဦးဝိစိတ္တ ( ဝီရသူ)
အရှင်မြတ်ကို ချိုးချိုးနှိမ်နှိမ်ပြောဆိုဆက်
ဆံနေကြတာ ကြားသိရတော့ စကားပုံလေးတစ်ခု
သတိရမိပါတယ် “““လမင်းခွေးဟောင် လရောင်မနွမ်း ခွေးသာပမ...်း၏
"""တဲ့ အပင်မြင့်လာတော့လဲ ဒီလောက်တော့ လေတိုက်ခံရပေမယ်ပေါ့
သူတော်ကောင်းတွေက ဓမ္မရဲ့ အဆီအနှစ်ကို သိပါတယ် သူယုတ်မာတွေကတော့ ဓမ္မကို
နားခါးကြပါတယ် တိုင်းပြည်ကိုချစ်တဲ့သူတွေက တိုင်းပြည်ကို
ကာကွယ်ဖို့လုပ်ကြပါတယ် တိုင်းပြည်ကို ရောင်းစားချင်သူတွေကတော့
ကာကွယ်တဲ့သူတွေကို ရန်သူလိုသဘောထားလာကြပါတယ်အနောက်နိုင်ငံတွေ တိုးတက်တာ တစ်ယောက်က
ဒါကိုတည်ထွင်ရင် နောက်တစ်ယောက်က နောက်တစ်ခု တည်ထွင်စမ်းသပ်ကြပါတယ်.
မြန်မာပြည်မှာကတော့ တစ်ယောက်က တည်ထွင်မယ်လို့ကြံတုန်း နောက်တစ်သိုက်က
လိုက်ပြီးဖျက်စီးဖို့ အားထုတ်ကြပါတယ် ခုလဲ အမျိုးစောင့် ဥပဒေ
လွတ်တော်မှာ တင်မယ်လို့ ကြံတုန်းရှိပါသေးတယ် အမျိုးဖျက်တွေက
စကန့်ကွက်နေကြပါပြီ ဒီလိုလူတွေ တိုင်ပြည်ခေါင်းဆောင်ဖြစ်သွားရင် ဆိုတဲ့ အတွေးကို
ဆက်မတွေးရဲလောက်အောင်ပါပဲ ရှေးဆရာတော်ကြီးတွေ မိန့်ခဲ့တာ မှတ်မိပါသေးရဲ့.
ပြောတော့ အဟုတ် လုပ်တော့ အလွဲ နေတော့ အမွဲ သေတော့ ငရဲ တဲ့ ဒီလူတွေအတွက်
ကြိုတင်ကား မိန့်ခဲ့လေရော့သလားအောက်မေ့ရပါတယ် မျိုးစောင့် ဥပဒေမှာ ဘယ်သူမှ နစ်နာစေလိုခြင်း
အလျှင်း မရှိပါပဲ ဘာကြောင့် ကန့်ကွက်ကြသလဲ လို့ စဉ်းစား မရလောက်အောင်ပါပဲ
တိုင်းပြည်နဲ့ လူမျိုးကို တစ်ကယ်ချစ်ပြီး ဘာသာ သာသနာ ကို တစ်ကယ်
ကြည်ညိုလေးစားတယ်ဆိုရင် မိမိတို့အပေါက်ကလေးတွေ ခဏပိတ်ပြီး ဒီဥပဒေ အတည်ပြု
မပြု လောက်တော့ စောင့်ကြည့်စေလိုပါတယ် မိမိတို့၏ အလုပ် အပြော အကြံ တို့သည်
အပါယ်သို့သွားရန် မဖြစ်ကြပါစေနဲ့ လို့ပြောကြားရင်း သုခီ အတ္တာနံ ပရိ
ဟရန္တု ပါဗျာ။
No comments:
Post a Comment