Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Wednesday, June 26, 2013

"အရှင်အာနန္ဒာထုံး နှလုံးမူသူ ဆရာတော်အရှင်ဝီရသူ ဂုဏ်ပြုပူဇော်သော ဆောင်းပါး"


 












*********************************************************
ညတုန်းက သီတဂူဆရာတော်ဘုရားကြီ...းရဲ့ တရားတစ်ပုဒ်နာလိုက်တယ်။ ဆရာတော်ကြီးက တိပိဋကဓရ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘုရား၏ ဂုဏ်ပြု ပူဇော်ပွဲမှာ ဟောခဲ့တာပါ။ ဟောခဲ့တဲ့တရားက ဧတဒဂ်ဘွဲ့ ငါးခုရတော်မူခဲ့တဲ့ မြတ်စွာဘုရားရှင်၏ အလုပ်အကျွေးရဟန်း အရှင်အာနန္ဒာအကြောင်းဖြစ်ပါတယ်။ အရှင်အာနန္ဒာရဲ့ သာသနာအပေါ် လုပ်ဆောင်တော်မူခဲ့သည့် သာသနာပြုလုပ်ငန်းများကို အသားပေးဟောတော်မူခဲ့တာဖြစ်တာကြောင့် နာကြားရသူအပေါင်း အရှင်အာနန္ဒာမထေရ်မြတ်ကို ပို၍ပင် ကြည်ညိုမိတော့၏။ မြတ်စွာဘုရားရှင် ပထမဗောဓိခေါ် ဝါတော် ၂၀အတွင်းမှာ ဘုရားရှင်အား အမြဲတမ်း လုပ်ကျွေးသော အလုပ်အကျွေးဟူ၍ မရှိခဲ့ကြပေ။ အောက်ပါပုဂ္ဂိုလ်များက အခါအားလျော်စွာ လုပ်ကျွေးတော်မူခဲ့ကြသည်။
၎င်းတို့မှာ
၁။ အရှင်နာဂသမာလ၊
၂။ အရှင်နာဂိတ၊
၃။ အရှင်ဥပဝါန၊
၎။ အရှင်သုနက္ခတ္တ၊
၅။ အရှင်စုန္ဒသမဏုဒ္ဒေသ၊
၆။ အရှင်သာဂတ၊
၇။ အရှင်ရာဓ၊
၈။ အရှင်မေဃိယ၊
၉။ အရှင်စုန္ဒ တို့ဖြစ်ကြပါတယ်။ ဤသို့အသီးသီးလုပ်ကျွေးကြသဖြင့် မြတ်စွာဘုရားရှင်မှာလည်း အခက်အခဲ ရှိခဲ့ပါတယ်။

တစ်နေ့သ၌ မြတ်စွာဘုရားရှင်သည် ဂန္ဓကုဋီပရဝုဏ်အတွင်း ခင်းထားအပ်သော မြတ်သောနေရာတော်၌ ရဟန်းတော်အပေါင်းခြံရံကာ ထိုင်တော်မူနေစဉ် ရဟန်းတို့ကို
“ရဟန်းတို့ ငါဘုရားသည် ယခုအခါအသက် (၅၅)နှစ်အရွယ်သို့ ရောက်ရှိပြီး အချို့အလုပ်အကျွေး ရဟန်းများသည် ”ဤလမ်းဖြင့် သွားကြပါစို့” ဟု ဆိုအပ်လျက် ငါဘုရားကို ထားခဲ့ကာ အခြားလမ်းဖြင့် သွားကြလေသည်။ အချို့အလုပ်အကျွေးရဟန်းများကား ငါဘုရား၏ သပိတ်၊ သင်္ကန်းတို့ကို မြေကြီး၌ပင် ချမည်ကဲ့သို့ ပြုလုပ်ကြပါသည်။ ငါဘုရားအတွက် အမြဲလုပ်ကျွေးမည့် ရဟန်းတစ်ပါးကို စဉ်းစားရွေးချယ်ကြလော့”
ထိုသို့ ဘုရားရှင်၏ စကားတော်ကို ကြားရ၍ ရဟန်းတို့၏ သန္တာန်ဝယ် ဓမ္မသံဝေဂများ ဖြစ်ပွားခဲ့ကြလေသည်။ ထိုအခါ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်စသော အရှင်အာနန္ဒာမှတစ်ပါး မဟာသာဝက ရဟန္တာမြတ်တို့သည်---“တပည့်တော် လုပ်ကျွေးပါမည်ဘုရား စသည်ဖြင့် အသီးသီးထ၍ ထ၍ လျှောက်ထားကြလေသည်။ ထို မဟာသာဝကများကိုလည်း မြတ်စွာဘုရားရှင် ပယ်တော်မူသည်။” အရှင်အာနန္ဒာမထေရ်သည်ကား စကားမပြော ဆိတ်ဆိတ်သာ ထိုင်နေလေသည်။ အရှင်အာနန္ဒာအား ရဟန်းတော်များက..
“ငါ့ရှင် အာနန္ဒာ သင်သည်လည်း မြတ်စွာဘုရား၏ အလုပ်အကျွေး ဥပဋ္ဌာက အလုပ်အကျွေးအဖြစ်ကို တောင်းခံပါလော” ဟုဝိုင်းဝန်း တိုက်တွန်းကြသည်တွင် အရှင်အာနန္ဒာမထေရ်က-“ငါ့ရှင်တို့ တောင်းခံရ၍ရသော ရာထူးမည်သည် မည်သို့သော ရာထူးဖြစ်သနည်း၊ အကယ်၍ မြတ်စွာဘုရားရှင် လိုလားတောင်းတတော်မူလျှင် ကိုယ်တော်တိုင်ပင် မိန့်ကြားတော်မူပါလိမ့်မည်။” ဟု ပြောဆိုတော်မူ၏။ ဟိုအခွင့်အရေး ဒီအခွင့်အရေးဆိုပြီး ဟိုဟာလိုချင် ဒီဟာလိုချင် ဟိုဟာဖြစ်ချင် ဒီဟာဖြစ်ချင် တောင်းခံသူများ ရှက်တတ်လျှင် ရှက်လို့ရနေပြီ။ ရှေးသူတော်ကောင်းကြီးများကား ကိုယ်ကျိုးအတွက် မည့်သည့်ရာထူးကိုမျှ တောင်းခံခြင်းမရှိခဲ့ကြောင်းထင်ရှားလှပါတယ်။

ထပ်မံ၍ သက်သေပြပါဦးမည်။ အရှင်အာနန္ဒာမထေရ်သည် နေရာမှ ထပြီး
၁။ ကိုယ်တော်မြတ် ရအပ်သော သင်္ကန်းကောင်းများကို တပည့်တော်အား မပေးစွန့်ပါလျှင်လည်းကောင်း၊
၂။ ကိုယ်တော်မြတ်ရအပ်သည့် ဆွမ်းဘောဇဉ်ကောင်းများကို တပည့်တော်အား မပေးစွန့်ပါလျှင်လည်းကောင်း၊
၃။ ကိုယ်တော်မြတ်နှင့်အတူတကွ ဂန္ဓကုဋီကျောင်းတစ်ခုတည်း၌ တပည့်တော်အား နေခွင့်ကို မပေးပါလျှင်လည်းကောင်း၊
၎။ ကိုယ်တော်မြတ် ပင့်ဖိတ်ဖို့ရာသို့ တပည့်တော်ကို နောက်ပါခေါ်၍ သွားတော်မမူပါလျှင်လည်းကောင်း၊ ဤသို့ဖြစ်လျှင် တပည့်တော်သည် အရှင်ဘုရားကို ပြုစုလုပ်ကျွေးပါမည်။” ဟု လျှောက်ထားလေ၏။
လောကလူအများအနေနဲ့ မိမိကိုယ်ကျိုးအတွက် ရဖို့ ပိုင်ဆိုင်ဖို့ပင်တောင်းခံကြသော်လည်း အရှင်အာနန္ဒာကဲ့သို့သော ရှေးသူတော်ကောင်းကြီးများကား မိမိကိုယ်ကျိုးအတွက်ကို တောင်းခံတော်မမူကြောင်း ထင်ရှားပြန်ပါတယ်။ ထိုနည်းတူစွာ ရဟန်း ရှင် လူတို့ ကြည်ညိုလေးစားရတဲ့ ဆရာတော်ဦးဝီရသူသည်လည်း ယခုလက်ရှိ အမျိုးစောင့်ဥပဒေကို တင်သွင်းခြင်းသည် ကိုယ်ကျိုးအတွက် မဟုတ်ဘဲ အမျိုး ဘာသာ သာသနာအတွက်သာ ဖြစ်ကြောင်းထင်ရှားသည့်အတွက် အရှင်အာနန္ဒာထုံးကို နှလုံးမူသူဟု ပင် မြင်မိတော့၏။

တစ်ဖန် ဆက်လက်ပြီး အရှင်အာနန္ဒာက ဘုန်းတော်ကြီးမားတော်သော မြတ်စွာဘုရား ရှင်ပင်ဘုရားသည်
၁။ အကျွန်ုပ်ဆောင်အပ်သည့် (ဒကာ၊ ဒကာမများ) ဖိတ်ကြားရာ အရပ်သို့ ကြွရောက်လိုက်ပါတော်မူ လျှင်လည်းကောင်း၊
၂။ အကျွန်ုပ်သည် အရပ်တစ်ပါးမှ လာတိုင်း လာတိုင်းသော ဘုရားဖူး ပုဂ္ဂိုလ်များကို ထိုခဏမှာပင် ဖူးမြော်နိုင်စေခွင့်ကို ရပါလျှင်လည်းကောင်း။ ဒီအချက် နှစ်ချက်ကိုလေ့လာကြည့်ပါဦး။ အရှင်အာနန္ဒာ တောင်းခံသည့် ဆုသည် ကိုယ်ကျိုးအတွက်မဟုတ်ပြန်ပါဘူး။ ဒကာ ဒကာမများ အကျိုးများစေဖို့ ရည်ရွယ်ပြီး တောင်းခံခြင်းဖြစ်သည့်အတွက် ရှေးသူတော်ကောင်းကြီးများ အများအကျိုးအတွက်ကို ရှေးရှုတတ်ကြောင်းထင်ရှားပြန်ပါ၏။ မိမိကိုယ်ကျိုးအတွက် မည်သူ့ကိုမှ ခုတုံးလုပ်ခြင်းမရှိ၊ မိမိကိုယ်ကျိုးအတွက် မည်သူ့ကိုမှ အသုံးချခြင်း မရှိပါ။ ထိုနည်းတူစွာ ဆရာတော်ဦးဝီရသူသည်လည်း မိမိကိုယ်ကျိုးအတွက် မည်သူ့ကိုမှ အသုံးချခြင်းမရှိ၊ မည်သူ့ကိုမှ ခုတုံးလုပ်ခြင်းမရှိ၊ မည်သူ့ကိုမျှ အကြောင်းပြုပြီး မိမိကိုယ်ကျိုးအတွက် အသုံးချခြင်း မရှိသည့်အတွက်ကြောင့် အရှင်အာနန္ဒာထုံးကို နှလုံးမူသူဟု စာရေးသူအရှင် မြင်မိခြင်းသည် လွန်ရာကျမည်မထင်ပါ။ ကိုယ်ကျိုးအတွက် အခြားသူများကို ခုတုံးလုပ်နေသူ၊ ကိုယ်ကောင်းစားဖို့ သူတစ်ပါးကို အသုံးချနေသူ၊ ကိုယ်ရာထူးအာဏာရဖို့ သူတစ်ပါးကို နှိပ်ကွက်ဖျက်စီး ကန့်လန့်တိုက်နေသူများ ရှက်တတ်မည်ဆိုပါက ရှက်လို့ပင်ဆုံးတော့မည်မထင်ပါ။

ဆက်လက်ပြီး ၃။ အကျွန်ုပ်၏ သန္တာန်၌ ယုံမှားသံသယဖြစ်သော ခဏမှာပင် မြတ်စွာဘုရားသို့ ဆည်းကပ်၍ မေးမြန်းလျှောက်ထားခွင့်ကို ရပါလျှင်လည်းကောင်း၊
၎။ ရှင်ပင်ဘုရားသည် အကျွန်ုပ်၏ မျက်ကွယ်၌ ဟောကြားတော်မူခဲ့သော တရားတော်ကို တစ်ဖန်အကျွန်ုပ်အား ဟောကြားတော်မူပါလျှင်လည်းကောင်း၊ ဤသို့ဖြစ်လျှင် တပည့်တော်သည် ရှင်တော်မြတ်ဘုရားကို ပြုစုလုပ်ကျွေးပါမည်။ ဒီနောက်ဆုံး အချက်နှစ်ချက်ကို လေ့လာကြည့်မည ဆိုပါကလည်း အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်၏ အဆုံးအမတရားတော်အတွက်သာ တောင်းဆိုခြင်းဖြစ်ပေ၏။ မိမိအတွက် မိမိကိုယ်ကျိုးအတွက် တောင်းခံခြင်းမဟုတ်ဘဲ ဓမ္မရတနာကို တန်ဘိုးထားကြောင်းထင်ရှားပါ၏ ထိုနည်းတူစွာ ဆရာတော်ဦးဝီရသူသည်လည်း မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော ဓမ္မရတနာများထဲမှ နိုင်ငံ၊ လူမျိုး ဘာသာ သာသနာအတွက် အရေးကြီးသည့် အပရိဟာနိယတရားများကို အခြေခံကာ ရေးဆွဲတင်ပြတောင်းဆိုသော မျိုးစောင့်ဥပဒေမူသည်လည်း ဓမ္မရတနာကို တန်ဘိုးထားခြင်းပင်ဖြစ်ပေ၏ဟု သုံးသပ်မိ၏။
ဓမ္မရတနာကိုတန်ဘိုးထားခြင်းသည်လည်း ဘုရားရတနာ သံဃာရတနာကိုတန်ဘိုးထားခြင်းလည်း မည်ပါ၏။ မျိုးစောင့်ဥပဒေသည် ဓမ္မရတနာကို အခြေခံထားသောကြောင့် အားလုံးပင်တန်ဘိုးထားသင့် ကြောင်းထင်ရှားစွာ ပြသခြင်းဖြစ်၏။ ဓမ္မရတနာကို ကန့်ကွက်သူသည် ဘုရားရတနာ သံဃာရတနာကို ကန့်ကွက်ခြင်းဖြစ်ပါ၏။ ဓမ္မရတနာကို ဆန့်ကျင်ခြင်းသည် ဘုရားရတနာ သံဃာရတနာကို ဆန့်ကျင်ခြင်း ဖြစ်တော့၏။ ထိုသို့ ပြုလုပ်နေသူများအနေဖြင့်လည်း ရှက်တက်မည်ဆိုပါက ခေါင်းမဖော်ဝံ့လောက်အောင် ရှက်လို့ ဆုံးတော့မည်မဟုတ်တော့ပါ။

အရှင်အာနန္ဒာထုံးကို နှလုံးမူနေသူ ကိုယ်ကျိုးမဖက် အများအကျိုးအတွက် (ထိုထက်ပို၍) အမျိုး ဘာသာ သာသနာအတွက်၊ (ထို့ထက်ပို၍) ရတနာသုံးပါးအား တန်ဘိုးထားကြည်ညိုလေးစားနေသူ ဆရာတော်အရှင်ဝီရသူအား ဂုဏ်ပြုလိုက်ရတော့၏။
 
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
 
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment