Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Friday, June 21, 2013

ဝီရသူဆိုတာ ဘယ်လိုရဟန်းမျိုးလဲ

 
 
 
 
 

............................

ဆရာတော် ဥူးဝိစိတ္တာဘိဝံသ (ခ) ဆရာတော်ဝီရသူ ဆိုတာ ဘယ်လို ရဟန်းသံဃာမျိုးဖြစ်ပါသလဲ ..
မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ) က Feb 18, 2010 တွင် ရေးသားထားခဲ့သော အောက်ဖေါ်ပြပါဆောင်းပါးကို လေ့လာဖတ်ရှုကြရအောင် ..
... ++ “ အမျိုးအတွက်ဆိုရင် သေရဲတယ် “ ++
Author : မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ)။

ဒီခေါင်းစဉ်က သူ့တိုင်းပြည်အတွက်၊ သူ့လူမျိုးအတွက်၊ သူ့ သာသနာအတွက် နေ့နေ့ညည ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့တဲ့ ဆရာတော်ဝီရသူ(မစိုးရိမ်) ရေးသားခဲ့ ဟောပြောခဲ့တဲ့ ခေါင်းစဉ်လေးပါ။

သူ အပြင်မှာ ရှိစဉ်တုန်းက မကြာမကြာ ဟောပြောခဲ့တဲ့ ခေါင်းစဉ်လေးပါ။ သူဟာ သူ့တိုင်းပြည်ကို အရမ်းချစ်တယ်။ သူ့သာသနာကို သူ အရမ်းမြတ်နိုးတယ်။ သူ့သာသနာ သူ့လူမျိုး သူ့ တိုင်းပြည်အတွက် ဆိုရင် သူ့အသက်ကို အချိန်မရွေး ပေးဆပ်ရဲတယ်။

စာရေးသူတို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေးမှာ) တက်ရောက်ခဲ့စဉ် ၁၉၉၈-ခုနှစ် ၀န်းကျင်လောက်ကပါ။ ဆရာတော်ဝီရသူရေးသားတဲ့ ထေရ၀ါဒတိုက်ပွဲဆိုပြီး စာအုပ်တစ်အုပ်ထွက်လာတယ်။ စာအုပ်အရေအတွက်က နည်းတော့ မနည်းပဲ အလုအယက် ၀ယ်လိုက်ရတယ်။

အဲဒီအချိန်က ဆရာတော်ဟာ တရားတွေကို ကျယ်ကျယ်ပြန့်ပြန့် မဟောသေးပါဘူး။ လေ့လာနေဆဲ အချိန်ပေါ့။ သူ သိသမျှ နားလည်သမျှကို ခေတ်အမြင်နဲ့ ရဲရဲရင့်ရင့် ရေးထားတာကို ဖတ်လိုက် မှတ်လိုက်ရတယ်။

ဝေဖန်စရာရှိတာကိုလည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ရဲတဲ့ သတ္တိရှိတယ်။ သူ့ရဲ့ဆရာ၊ သူ့ဒကာဒကာမတွေရဲ့ မျက်နှာကိုလည်း မထောက်ဘူး။ ပြောစရာ ရေးစရာ ဝေဖန်စရာရှိရင် ပွင့်ပွင့်လင်းလင်းပဲ ပြောဆို ရေးသား ဝေဖန်လေ့ရှိတယ်။ အမှန်တရားအတွက် ဘယ်သူ့မျက်နှာကိုမှ မငဲ့ညှာ မထောက်ထားဘူး။

သူလုပ်ခဲ့တဲ့ အလုပ်ကိုလည်း တာဝန်ယူရဲတဲ့ သတ္တိအပြည့်ရှိတယ်။

သူ့ကိုသူ ဘာသာရေးခေါင်းဆောင် လူမျိုးရေးခေါင်းဆောင်လို့ အမြဲခံယူထားတယ်။ ရှင်ငယ်၊ သီလရှင်ငယ်၊ ကလေးငယ်တွေကို ခေါင်းဆောင်နိုင်တဲ့ အရည်းအချင်းတွေ ရှိဖို့၊ ခေါင်းဆောင်နိုင်လောက်တဲ့ သတ္တိထူးတွေ ရဖို့ အမြဲတမ်း ဟောပြော စည်းရုံးခဲ့တယ်။

အပြောအဟော သက်သက်မဟုတ်ဘဲ သူကိုယ်တိုင်က ခေါင်းဆောင်ကောင်းပီသအောင် နေထိုင်နိုင်ခဲ့တယ်။ သူရဲ့ ခံယူချက်က ဘယ်လောက်ထိ ပြင်းထန်သလဲ ဆိုရင် သူရေးခဲ့တဲ့ ထေရ၀ါဒတိုက်ပွဲ စာအုပ်ထွက်ရှိတုန်းကပေါ့။ တော်တော်များများ(သက်ဆိုင်ရာ)က ဝေဖန်ကြတယ်။

အဲဒီအတွက် ဆရာတော် ၀ီရသူ သူ့ရဲ့ ထေရ၀ါဒတိုက်ပွဲ စာအုပ်နဲ့ပတ်သက်ပြီး တာဝန်ယူပြောခဲ့တဲ့ စကားတစ်ခွန်းက “အကယ်၍ သူရေးခဲ့တဲ့ ဒီစာအုပ်က တရားနဲ့မညီဘူး၊ နည်းလမ်းမကျဘူးဆိုရင်၊ သူရေးခဲ့တဲ့ အဲ့ဒီ စာအုပ်တွေနဲ့အတူ၊ သူ့ကိုသူ မီးရှို့ သတ်သေပါ့မယ်”တဲ့။

ခုတော့ ဆရာတော်ဝီရသူဟာ တိုင်းပြည်အတွက်၊ လူမျိုးအတွက် အရာရာကို စွန့်လွှတ် အနစ်နာခံပြီး ခေါင်းဆောင်ကောင်း ပီသစွာ လုပ်ဆောင်ခဲ့သည့်အတွက် နှစ်ပေါင်း ရွှေရတုတိုင်အောင် ဧကစာရီ တပါးတည်း ကျင့်နေရမည့်သဘော သက်ရောက်နေပါပြီ။

သူလုပ်ဆောင်ခဲ့တဲ့ သူ့ရဲ့ ခေါင်းဆောင်မှုဟာ ခေါင်းဆောင်လုပ်နေသည့်၊ လုပ်တော့မည့် သူအားလုံးအတွက် အတုယူစံထားသင့်ကြပါတယ်။ ခေါင်းဆောင်နေရာရှိနေရင် အဲဒီနေရာနဲ့ တန်အောင် အများအတွက် ကြိုးစား ဆောင်ရွက်သင့်ကြပါတယ်။

မဟာကပိဇာတ်တော်မှာ ခေါင်းဆောင်ကောင်းဆိုတာ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ ကိုယ့်ဘာသာနဲ့ ပတ်သက်လာရင် ရှေ့က နေ မားမားမတ်မတ် ရပ်တည်သင့်တဲ့ အကြောင်းကို ဟောထားတာရှိပါတယ်။ အသာစံရမည့် အချိန်မှာ ရှေ့ထွက်ပြီး အနာခံရမည့် အချိန်၊ ကိုယ့်အတ္တ ကိုယ့်အကျိုးတွေ စွန့်လွှတ်ရမယ့် အချိန်မှာ ဘယ်တော့မှ နောက်ကွယ်မှာ မနေပါဘူး။

ခေါင်းဆောင်ကောင်းဆိုတာ အရေးကြုံလာရင် အနစ်နာခံရတယ်။ ကိုယ့်လူမျိုးကို အသက်စွန့်ပြီး ရှေ့တန်းကနေ ကာကွယ်ပေးရတယ်။ အန္တရာယ်ကြုံနေရတဲ့ အချိန်မှာ ငါနဲ့ မဆိုင်သလို ဘယ်တော့မှ မနေပါဘူး။ ပြီးတော့ ငါက ခေါင်းဆောင်ပဲ ဆိုပြီး သူ့အတ္တ သူ့လောဘအတွက် သူ့အောက်ကသူတွေကို စတေးပြီး လက်တွေ့ အသုံးချဖို့နေနေသာသာ ဘယ်တော့မှ စိတ်ကူးနဲ့တောင် မကြံစည်ပါဘူး။ အများကောင်းစားရေး၊ နိုင်ငံကောင်းစားရေး၊ သာသနာတော် တိုးတက်ထွန်းကားရေး ကိုသာ နေ့နေ့ညည ကြံစည် တွေးတော စဉ်းစား ဆုံးဖြတ် သုံးသပ်နေသူပါ။ ဆရာတော်ဝီရသူကဲ့သို့ ပုဂ္ဂိုလ်မျိုးပေါ့။

ထို့ကြောင့် ဆရာတော်ဝီရသူ၏ သူ့ရဲ့ခေါင်းဆောင်ကောင်းပီသမှု၊ သူ့နိုင်ငံ သူ့လူမျိုး သူ့ဘာသာ သူ့သာသနာအတွက် သူ့အသက်ကိုပါ စတေးရဲတဲ့ သတ္တိထူးများအတွက် သူရေးခဲ့တဲ့ ကဗျာလေးနဲ့ နှုတ်ဆက် ဂုဏ်ပြုလိုက်ရပါတယ်။

အမျိုးအတွက်ဆိုရင် သေရဲတယ်

တို့မြန်မာပြည် တိုင်းရင်းသားတို့၊
မောင်ရင်းနှမလို ချစ်ရမယ်။
ကြီးသူ ရိုသေ ငယ်သူ သနားလို့၊
ရွယ်တူလေးစား စောင့်ရှောက်ကွယ်။
မျိုးဇာတိဂုဏ် မြင့်မားရေးအတွက်၊
သာကီသွေးတွေ မွေးရမယ်။
တို့မြန်မာကို လာမထိနဲ့၊
ကမ္ဘာသိအောင် ချေမှုန်းမယ်။
ကံငါးပါးကို ဦးထိပ်ထားလည်း၊
အမျိုးအတွက်ဆို သတ်ရဲတယ်။
တို့တိုင်း တို့ပြည် တည့်တန့်ရေးအတွက်၊
အသက်သွေးနဲ့ ပေးဆပ်မယ်။
တစ်ဗိုလ် ကျလျှင် တစ်ဗိုလ်တက်မကွဲ့၊
အမျိုးအတွက်ဆိုရင် သေရဲတယ်။

No comments:

Post a Comment