Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Wednesday, June 5, 2013

*** မေးရဦးမယ် အစ္စလာမ်ဘာသာဝင် အပေါင်းကို***

*** မေးရဦးမယ် အစ္စလာမ်ဘာသာဝင် အပေါင်းကို***





ခင်ဗျားတို့ ပြောပြောနေတဲ့ ဟို အလ္လာရှင်မြတ် အလ္လာရှင်မြတ် ဆိုတာ အဲတာ 
ဘာလဲဗျ ဘယ်လိုပုံစံလဲ ပုတ်ခတ်ချင်တဲ့ သဘောမဟုတ်ဘူးနော် သိချင်တာပါ 
အလ္လာရှင်မြတ်က ယောက်ျားပုံစံလား မိန်းမ ပုံစံလား ပုံစံမရှိတာလား ဟိုမရောက် 
ဒီမရောက်လား တကယ်မရှိတာလား ရှိရဲ့သားနဲ့ ဖုံးကွယ်ထားတာလား ဒါမှ 
မဟုတ်တကယ်ရှိခဲ့တဲ့ တမာန်တော်မြတ် မိုဟာမက်ရဲ့ လုပ်ဇတ်တစ်ခုလား ကျမ်းစာထဲက 
ဘုရားလား ….လား

ကျွန်တော် ကြားဖူး ဖတ်ဖူး မှတ်ဖူး တာကတော့ အလ္လာရှင်မြတ်ဆီမှာ

မုရ်ရာက်ကဗ်- ရုပ်ဒြပ်ကင်းမဲ့ ခြင်းဂုဏ်တော်

ဂျေစင်မ် - ဥစ္စာကင်းမဲ့ ခြင်းဂုဏ်တော်

မကာန် - နေရာဌာနကို ကင်းမဲ့ လွန်မြောက်သော ဂုဏ်တော် (နေရာတိုင်း၌ 
ရှိသောဂုဏ်)

မုဟ်တာဂ်ျ - မှီခိုခြင်းအလျဉ်း ကင်းသောဂုဏ်

မာရ်အီး - ဖူးတွေ့နိုင်ခြင်း ကင်းသောဂုဏ်

မဟလ် - ပြောင်းလဲခြင်းကင်းသောဂုဏ်

ရှရီက် - ယှဉ်ဘက်မရှိ(ကိုးကွယ်ရာ တစ်ပါးတည်းသာရှိခြင်း) ဂုဏ်

စတဲ့ဂုဏ်တွေနဲ့ ပြည့်စုံတယ်လို ကြားဖူးတယ်။ ဒါကြောင့်ပဲ ဘာမှန်းကို 
မသိတာပေါ့ဟုတ်လား အလ္လာဆိုတာ

ကဲ ပြန်ကြည့်ရအောင် ရုပ်ဒြပ်ကင်းမဲ့ ခြင်းဂုဏ်တော်တဲ့ အဲမှာ စတွေ့တာပဲ 
အဲဒါကြီးနဲ့ အပိုင်ကိုင်ထားတာ ရုပ်ဒြပ်ကင်းမဲ့တယ်ဆိုတော့ နာမ်ဒြပ်တော့ 
ရှိမှာပေါ့ အဲလို ရုပ်မရှိဘဲ နာမ်သာရှိတယ်ဆိုရင်တော့ ကျွန်တော်တို့ 
ဗုဒ္ဓဘာသာအယူမှတော့ အရူပဗြဟ္မာ ကြီးလိုမျိုးပေါ့ ဒီလို ရုပ်ဒြပ်ကင်းမဲ့တော့ 
ဘာလဲဆိုတာ ပုံဖော်လို့မရဘူးပေါ့ ကောင်းပါလေ့ သူဟာနဲ့သူတော့ ဟုတ်နေတာပဲ။

နောက်တစ်ခု ဥစ္စာကင်းမဲ့ခြင်း ဆိုတော့ ဘာဥစ္စာလဲ ဘာမှမရှိတာပေါ့ ဘာမှမရှိဘဲ 
နာမ်ကြီးသက်သက်နဲ့ ဘယ်လိုလုပ်ဘုရားဖြစ်လာတာလဲ ကလေးအတွေးနဲ့လို့ ပြောရင်ပြော
 ဒီထက်တော့ မတွေးတတ်တော့ဘူး မတွေးတတ်လို့လဲ ခင်ဗျားတို့ ကို မေးရတာ။

နေရာ ဌာနကို ကင်းမဲ့လွန်မြောက်သော ဂုဏ် သွားပြီ လည်ကုန်ပြီ 
ရုပ်ဒြပ်ကင်းမဲ့တဲ့ အလ္လာရှင်မြတ်က နေရာတိုင်းမှာ ရှိတယ်ဆိုတော့ကာ 
နေရာတိုင်းနော် သူဘာသာနေတာမဟုတ်ဘူး နေရာတိုင်းမှာရှိနေတာ ရှိခြင်းဆိုတဲ့ 
သဘောကို ပြချင်ရင် ရှိတယ်ဆိုတဲ့ သဘောတရားလေးကလဲ သက်သေပြဖို့လိုတယ်လေ 
ရှုပ်သွားလားမသိဘူး ကျွန်တော်ပြောချင်တာက ရှိတယ် နေရာတိုင်းမှာ ဟုတ်ပြီ 
ဘာရှိတာလဲ ဘာအတွက်ရှိတာလဲ ဘာလုပ်ဖို့ ဘာရည်၇ွယ်ချက်နဲ့ရှိနေတာလဲ 
အခုကျွန်တော် ရေးနေတဲ့ အချိန်မှာလဲ ကျွန်တော့ဘေးမှာ မကျေမနပ်နဲ့ ရှိနေမလား 
ရှိတယ်ဆို ဘယ်နားမှာရှိတာလဲ

နောက် မှီခိုခြင်းကင်းသောဂုဏ် ဒါကတော့ အငြင်းပွားစရာမလိုပါဘူး ဘုရား 
ဆိုမှတော့ မှီခိုနေလို့ဘယ်ရမလဲ အဲ ဒါပေမဲ့ မျက်စိလည်အောင် လုပ်ထားတာတော့ 
ချီးကျူးတယ်ဗျာ

လာပြန်ပြီ ဖူးတွေ့နိုင်ခြင်းကင်းသောဂုဏ် တဲ့ ကဲ ဒီအချက်ကစားသွားတာ 
အလ္လာဆိုတာဘာလဲ မေးတဲ့သူတွေ အတွက် အဖြေကောင်းပဲ 
လက်ဆုပ်လက်ကိုင်ပြစရာမလိုတော့ဘူး ဒါလေးနဲ့ ကိုင်ပေါက်လိုက်ရုံပဲ ကဲ 
မကောင်းလား။ ဖူးတွေ့နိုင်ခြင်းကင်းတယ် သက်ဝင်ယုံကြည်သူတွေအတွက်တော့ ဒီစကားက
 အငြင်းမပွားဘူး ဒါပေမဲ့ ဓမ္မဓိဌာန်ကျကျတွေးကြည့်ရင်တော့ တလွဲကြီး 
ဖူးတွေ့နိုင်ခြင်းမရှိဘူးဆို ဘယ်လို ကိုးကွယ်ဆည်းကပ်နိုင်မှာလဲ ရှုပ်နေတာပဲ
 ပြောဦးမယ် ကလေးအတွေးနဲ့လို့ ။ လူကြီးတွေ ဒါကို ဘယ်လိုတွေးမလဲ 
သိချင်လိုက်တာဗျာ

ပြောင်းလဲ ခြင်းကင်းသောဂုဏ် တဲ့ ကဲမေးခွန်းထုတ်စရာတော့ ပေါ်လာပြီ 
ပြောင်းလဲခြင်း ကင်းတယ်ဆိုတော့ ပြောင်းလဲမှုမရှိပေါ့ ပြောင်းလဲမှုဆိုရင် 
ပြောင်းလဲခြင်းရှိမရှိကို ဆန်းစစ်ဖို့ အရှိတရားက လိုလာပြန်ပြီ 
အလ္လာရှင်မြတ်ရဲ့ မူလဘူတ အရှိတရားက ဘာလဲဆိုတာ အဖြေမပေါ်သေးတော့ ပြောင်းလဲလား 
မပြောင်းလဲလားဆိုတာ မသဲကွဲဘူး ပြောင်းလဲခြင်းမရှိဆို ဘယ်ပုံစံကနေ 
ပြောင်းလဲခြင်းမရှိတာလဲ ။ သဏ္ဍာန်မရှိပဲ ပြောင်းလဲခြင်းမရှိတာကတော့ 
ကဲစဉ်းစားကြည့်ပေါ့ဗျာ

ရှရီက် ယှဉ်ဘက်မရှိ တဲ့ ဒါကတော့ ပြောစရာမရှိပါဘူး ကိုယ့်ငါးချဉ် 
ကိုယ်ချဉ်ထားတဲ့ သဘောပေါ့

စဉ်းစားရင်း အဖြေရှာရင်းနဲ့ ကလေးအတွေးတွေပဲ ထွက်ထွက်လာတော့ 
သက်ဝင်ယုံကြည်သူတွေဆီ အကူအညီတောင်းတဲ့ သဘောပါ ကျေနပ်လောက်တဲ့ ယုတ္ထိရှိရှိ 
အဖြေလေးများရခဲ့ရင်တော့ အစ္စလာမ်ဘာသာ ဟာ မိုဟာမက်ရဲ့ လက်ရေးမှု မဟုတ်ဘူးဆိုတာ
 ကျွန်တော် လက်ခံလိုက်မယ် လက်မခံတဲ့ သူတွေကိုလဲ ခင်ဗျားတို့ကိုယ်စား 
အပင်ပန်းခံရှင်းပြပေးမယ်။ ဓမ္မဓိဌာန်ကျကျနော် ခင်ဗျားတို့ ဆီမှာလဲ ပညာတတ် 
ဟို သမိုင်းဆရာကြီး ဌေးလွင်ဦးတို့ ၊ ငြိမ်းချမ်းလုလင် 
မောင်မြင့်သိန်းတို့လို လူတွေအပြင် အစ္စလာမ် ဘာသာရေးဆိုင်ရာ 
ပေ့ခ်ျတွေရှိပါတယ် ကျွန်တော့ အမေးအတွက် အဖြေတော့ရှိမှာပါ။ ကျွန်တော်တို့ 
ကာဖိရ်တွေ လက်ခံနိုင်လောက်တဲ့ အဖြေပေါ့။ ကျေးဇူးတင်ပါတယ်…

လေးစားစွာဖြင့်



သူရိန်နေ



ခင်ဗျားတို့ ပြောပြောနေတဲ့ ဟို အလ္လာရှင်မြတ် အလ္လာရှင်မြတ် ဆိုတာ အဲတာ ဘာလဲဗျ ဘယ်လိုပုံစံလဲ ပုတ်ခတ်ချင်တဲ့ သဘောမဟုတ်ဘူ...းနော် သိချင်တာပါ အလ္လာရှင်မြတ်က ယောက်ျားပုံစံလား မိန်းမ ပုံစံလား ပုံစံမရှိတာလား ဟိုမရောက် ဒီမရောက်လား တကယ်မရှိတာလား ရှိရဲ့သားနဲ့ ဖုံးကွယ်ထားတာလား ဒါမှ မဟုတ်တကယ်ရှိခဲ့တဲ့ တမာန်တော်မြတ် မိုဟာမက်ရဲ့ လုပ်ဇတ်တစ်ခုလား ကျမ်းစာထဲက ဘုရားလား ….လား
ကျွန်တော် ကြားဖူး ဖတ်ဖူး မှတ်ဖူး တာကတော့ အလ္လာရှင်မြတ်ဆီမှာ
မုရ်ရာက်ကဗ်- ရုပ်ဒြပ်ကင်းမဲ့ ခြင်းဂုဏ်တော်
ဂျေစင်မ် - ဥစ္စာကင်းမဲ့ ခြင်းဂုဏ်တော်
မကာန် - နေရာဌာနကို ကင်းမဲ့ လွန်မြောက်သော ဂုဏ်တော် (နေရာတိုင်း၌ ရှိသောဂုဏ်)
မုဟ်တာဂ်ျ - မှီခိုခြင်းအလျဉ်း ကင်းသောဂုဏ်
မာရ်အီး - ဖူးတွေ့နိုင်ခြင်း ကင်းသောဂုဏ်
မဟလ် - ပြောင်းလဲခြင်းကင်းသောဂုဏ်
ရှရီက် - ယှဉ်ဘက်မရှိ(ကိုးကွယ်ရာ တစ်ပါးတည်းသာရှိခြင်း) ဂုဏ်
စတဲ့ဂုဏ်တွေနဲ့ ပြည့်စုံတယ်လို ကြားဖူးတယ်။ ဒါကြောင့်ပဲ ဘာမှန်းကို မသိတာပေါ့ဟုတ်လား အလ္လာဆိုတာ
ကဲ ပြန်ကြည့်ရအောင် ရုပ်ဒြပ်ကင်းမဲ့ ခြင်းဂုဏ်တော်တဲ့ အဲမှာ စတွေ့တာပဲ အဲဒါကြီးနဲ့ အပိုင်ကိုင်ထားတာ ရုပ်ဒြပ်ကင်းမဲ့တယ်ဆိုတော့ နာမ်ဒြပ်တော့ ရှိမှာပေါ့ အဲလို ရုပ်မရှိဘဲ နာမ်သာရှိတယ်ဆိုရင်တော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူမှတော့ အရူပဗြဟ္မာ ကြီးလိုမျိုးပေါ့ ဒီလို ရုပ်ဒြပ်ကင်းမဲ့တော့ ဘာလဲဆိုတာ ပုံဖော်လို့မရဘူးပေါ့ ကောင်းပါလေ့ သူဟာနဲ့သူတော့ ဟုတ်နေတာပဲ။
နောက်တစ်ခု ဥစ္စာကင်းမဲ့ခြင်း ဆိုတော့ ဘာဥစ္စာလဲ ဘာမှမရှိတာပေါ့ ဘာမှမရှိဘဲ နာမ်ကြီးသက်သက်နဲ့ ဘယ်လိုလုပ်ဘုရားဖြစ်လာတာလဲ ကလေးအတွေးနဲ့လို့ ပြောရင်ပြော ဒီထက်တော့ မတွေးတတ်တော့ဘူး မတွေးတတ်လို့လဲ ခင်ဗျားတို့ ကို မေးရတာ။
နေရာ ဌာနကို ကင်းမဲ့လွန်မြောက်သော ဂုဏ် သွားပြီ လည်ကုန်ပြီ ရုပ်ဒြပ်ကင်းမဲ့တဲ့ အလ္လာရှင်မြတ်က နေရာတိုင်းမှာ ရှိတယ်ဆိုတော့ကာ နေရာတိုင်းနော် သူဘာသာနေတာမဟုတ်ဘူး နေရာတိုင်းမှာရှိနေတာ ရှိခြင်းဆိုတဲ့ သဘောကို ပြချင်ရင် ရှိတယ်ဆိုတဲ့ သဘောတရားလေးကလဲ သက်သေပြဖို့လိုတယ်လေ ရှုပ်သွားလားမသိဘူး ကျွန်တော်ပြောချင်တာက ရှိတယ် နေရာတိုင်းမှာ ဟုတ်ပြီ ဘာရှိတာလဲ ဘာအတွက်ရှိတာလဲ ဘာလုပ်ဖို့ ဘာရည်၇ွယ်ချက်နဲ့ရှိနေတာလဲ အခုကျွန်တော် ရေးနေတဲ့ အချိန်မှာလဲ ကျွန်တော့ဘေးမှာ မကျေမနပ်နဲ့ ရှိနေမလား ရှိတယ်ဆို ဘယ်နားမှာရှိတာလဲ
နောက် မှီခိုခြင်းကင်းသောဂုဏ် ဒါကတော့ အငြင်းပွားစရာမလိုပါဘူး ဘုရား ဆိုမှတော့ မှီခိုနေလို့ဘယ်ရမလဲ အဲ ဒါပေမဲ့ မျက်စိလည်အောင် လုပ်ထားတာတော့ ချီးကျူးတယ်ဗျာ
လာပြန်ပြီ ဖူးတွေ့နိုင်ခြင်းကင်းသောဂုဏ် တဲ့ ကဲ ဒီအချက်ကစားသွားတာ အလ္လာဆိုတာဘာလဲ မေးတဲ့သူတွေ အတွက် အဖြေကောင်းပဲ လက်ဆုပ်လက်ကိုင်ပြစရာမလိုတော့ဘူး ဒါလေးနဲ့ ကိုင်ပေါက်လိုက်ရုံပဲ ကဲ မကောင်းလား။ ဖူးတွေ့နိုင်ခြင်းကင်းတယ် သက်ဝင်ယုံကြည်သူတွေအတွက်တော့ ဒီစကားက အငြင်းမပွားဘူး ဒါပေမဲ့ ဓမ္မဓိဌာန်ကျကျတွေးကြည့်ရင်တော့ တလွဲကြီး ဖူးတွေ့နိုင်ခြင်းမရှိဘူးဆို ဘယ်လို ကိုးကွယ်ဆည်းကပ်နိုင်မှာလဲ ရှုပ်နေတာပဲ ပြောဦးမယ် ကလေးအတွေးနဲ့လို့ ။ လူကြီးတွေ ဒါကို ဘယ်လိုတွေးမလဲ သိချင်လိုက်တာဗျာ
ပြောင်းလဲ ခြင်းကင်းသောဂုဏ် တဲ့ ကဲမေးခွန်းထုတ်စရာတော့ ပေါ်လာပြီ ပြောင်းလဲခြင်း ကင်းတယ်ဆိုတော့ ပြောင်းလဲမှုမရှိပေါ့ ပြောင်းလဲမှုဆိုရင် ပြောင်းလဲခြင်းရှိမရှိကို ဆန်းစစ်ဖို့ အရှိတရားက လိုလာပြန်ပြီ အလ္လာရှင်မြတ်ရဲ့ မူလဘူတ အရှိတရားက ဘာလဲဆိုတာ အဖြေမပေါ်သေးတော့ ပြောင်းလဲလား မပြောင်းလဲလားဆိုတာ မသဲကွဲဘူး ပြောင်းလဲခြင်းမရှိဆို ဘယ်ပုံစံကနေ ပြောင်းလဲခြင်းမရှိတာလဲ ။ သဏ္ဍာန်မရှိပဲ ပြောင်းလဲခြင်းမရှိတာကတော့ ကဲစဉ်းစားကြည့်ပေါ့ဗျာ
ရှရီက် ယှဉ်ဘက်မရှိ တဲ့ ဒါကတော့ ပြောစရာမရှိပါဘူး ကိုယ့်ငါးချဉ် ကိုယ်ချဉ်ထားတဲ့ သဘောပေါ့
စဉ်းစားရင်း အဖြေရှာရင်းနဲ့ ကလေးအတွေးတွေပဲ ထွက်ထွက်လာတော့ သက်ဝင်ယုံကြည်သူတွေဆီ အကူအညီတောင်းတဲ့ သဘောပါ ကျေနပ်လောက်တဲ့ ယုတ္ထိရှိရှိ အဖြေလေးများရခဲ့ရင်တော့ အစ္စလာမ်ဘာသာ ဟာ မိုဟာမက်ရဲ့ လက်ရေးမှု မဟုတ်ဘူးဆိုတာ ကျွန်တော် လက်ခံလိုက်မယ် လက်မခံတဲ့ သူတွေကိုလဲ ခင်ဗျားတို့ကိုယ်စား အပင်ပန်းခံရှင်းပြပေးမယ်။ ဓမ္မဓိဌာန်ကျကျနော် ခင်ဗျားတို့ ဆီမှာလဲ ပညာတတ် ဟို သမိုင်းဆရာကြီး ဌေးလွင်ဦးတို့ ၊ ငြိမ်းချမ်းလုလင် မောင်မြင့်သိန်းတို့လို လူတွေအပြင် အစ္စလာမ် ဘာသာရေးဆိုင်ရာ ပေ့ခ်ျတွေရှိပါတယ် ကျွန်တော့ အမေးအတွက် အဖြေတော့ရှိမှာပါ။ ကျွန်တော်တို့ ကာဖိရ်တွေ လက်ခံနိုင်လောက်တဲ့ အဖြေပေါ့။ ကျေးဇူးတင်ပါတယ်…
လေးစားစွာဖြင့်

သူရိန်နေ

No comments:

Post a Comment