Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Saturday, June 15, 2013

"..... ၉ ၆ ၉ မူဝါဒ ....."











                      * * * * * * * * * * *

>>> ၉ ၆ ၉ သည် လူသတ်ဝါဒ မဟုတ်သလို၊ လူသတ်ဝါဒကို လက်မခံ အားမပေး၊ ကန့်ကွက်ရှုတ်ချသည်..။
...
>>> ၉ ၆ ၉ သည် အကြမ်းဖက်ဝါဒ မဟုတ်သလို၊ အကြမ်းဖက်ဝါဒကို လက်မခံ အားမပေး၊ ကန့်ကွက်ရှုတ်ချသည်..။

>>> ၉ ၆ ၉ သည် အနိုင်ကျင့်ဝါဒ မဟုတ်သလို၊ အနိုင်ကျင့်ဝါဒကို လက်မခံ အားမပေး၊ ကန့်ကွက်ရှုတ်ချသည်..။

>>> ၉ ၆ ၉ သည် လူ့အသက်မပြောနှင့် တိရစ္ဆာန် အသေးအမွှားလေးများ၏ အသက်ကိုပင် တန်ဖိုးထား လေးစားသည်။ ကြင်နာသနားသည်။ စာနာမှု အပြည့်ရှိသည်။ " ၉၆၉" ၏ အဆုံးအမလာ ကံငါးပါးလုံခြုံရေးတွင် ပါဏာတိပါတကံ ( သူ့အသက် မသတ်ရ ပညတ်ချက်) ပါဝင်သည်..။

>>> ၉ ၆ ၉ သည် သွေးစွန်းခြင်း သွေးဆာခြင်း၊ သွေးတောင်းခြင်းကို မလိုလားသလို သွေးစွန်းသောလက်နှင့် သွေးဆာသွေးတောင်းသူများကိုလည်း မေတ္တာရေဖြင့် သန့်စင်ဆေးကြော ဆုံးမမှုကိုသာ ဆောင်ရွက်လေ့ရှိသည်..။

>>> ၉ ၆ ၉ သည် ငြိမ်းချမ်းစွာ အတူယဉ်တွဲနေထိုင်ရေးကို လိုလားပြီး၊ ထိုသို့ နေထိုင်နိုင်ဖို့အတွက် လိုအပ်သော အချက်အလက်များကို အခွင့်သင့်တိုင်း ထုတ်ပြန် ကြေညာလေ့ရှိသည်..။

>>> ၉ ၆ ၉ သည် နိုင်ငံရေးလှုံ့ဆော်မှု၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားအောင် လှုံ့ဆော်ခြင်း အလျဉ်းမရှိသည့်အပြင် မိမိဘာသာ သာသနာမှတစ်ပါး အခြားသော ဘာသာ သာသနာကို ထိပါး ပုတ်ခတ်ခြင်း၊ ကျူးကျော်စော်ကားခြင်း ရန်လိုရန်မူခြင်းလည်း လုံးဝမရှိပေ..။

>>> ၉ ၆ ၉ သည် အမျိုးသမီး အခွင့်အရေးကို အပြည့်အ၀ ပေးထားပြီး၊ အမျိုးသမီးများကို ဖိနှိပ်ချုပ်ခြယ် ကန့်သတ်တားမြစ်မှုများကိုလည်း ပြင်းထန်စွာ ကန့်ကွက်လေ့ရှိသည်..။

>>> ၉ ၆ ၉ သည် (၂၁)ရာစုမှာ တစ်ကမ္ဘာလုံး ဗုဒ္ဓဘာသာဝင်ဖြစ်ရေး အိပ်မက်ရှည်ကြီး မက်လေ့ မရှိသလို၊ ကေသမုတ္တိသုတ္တန် (ကာလမသုတ္တန်)လာ ဘာသာတရားတစ်ခုကို လက်တွေ့ ကျင့်သုံးပြီးမှ လက်ခံထိုက်သည် ဗုဒ္ဓအဆုံးအမကို အမြဲတစေ လေးစားဆောင်ရွက်သည်..။

>>> ၉ ၆ ၉ သည် ငြိမ်းချမ်းရေးကို အစဉ်အမြဲ လိုလားပြီး၊ အသားအရောင် ခွဲခြားခြင်း၊ လူမျိုးဘာသာ ခွဲခြားခြင်း၊ အဆင့်အတန်း ခွဲခြားခြင်းမျိုးကို လူသားမဆန်မှုဟု ရှုမြင်သည်..။

>>> ၉ ၆ ၉ သည် ဘာသာလူမျိုး ကွဲပြားသူများနှင့် ပြဿနာဖြစ်လျှင် အမျိုးသားရေး ပြဿနာအဆင့် မရောက်စေရန် ဥပဒေဘောင်အတွင်းမှ ထိရောက်စွာ အရေးယူမှုကို လိုလားပြီး အနိုင်ကျင့်ခြင်း၊ အကြမ်းဖက်ခြင်းကို လုံးဝမလိုလားပေ..။

>>> ၉ ၆ ၉ သည် အတ္တကို ဗဟိုပြုသည့် မူဝါဒကို မကျင့်သုံးသလို အနတ္တကို ယုံကြည်ရေးကိုသာ အလေးထားသည်..။

အထက်ပါ အချက်တို့သည် ၉ ၆ ၉ ၏ မူဝါဒ အစစ်အမှန်များ ဖြစ်ပါသည်..။
ဘုန်းဘုန်းတို့ စည်းဝေးပွဲတွေမှာလဲ ဒါကိုပဲ အမြဲသြ၀ါဒပေး ပြောလေ့ရှိပါသည်..။

ဦးနရပတိ ဆရာတော် မှကူးယူဖော်ပြပါသည်

No comments:

Post a Comment