အခါတစ်ပါး ၌ လူတစ်ယောက်သည် ခရီးတစ်ခုသို့ သွားလေ၏။
ချောင်းရိုးတစ်ခုသို့ အရောက်တွင် တံငါသည် တစ်ဦး ငါးမျှား နေသည်ကိုတွေ့၏ ။ ထို
သူ...လည်း တံငါသည်အနီးသို့ ချဉ်းကပ်သွားပြီး စူးစမ်းလေသည်။ ထို့နောက်တံငါသည်
၏ ငါးမျှားကြိုး၌ ငါးကြီးများ ဆက်တိုက်မိသည်ကို မြင်တွေ့ရလေသည်။ ထို အခါတွင်
ခရီးသည်မှ တံငါသည်အား အဆွေတော် အဘယ်ကြောင့် ငါးကြီးများသာ ဖမ်းဆီးရမိ
ပါသနည်း ဟု မေးမြန်းသောအခါတွင်တံငါသည်မှ အဆွေတော်ခရီးသွား ကျွန်ုပ်သည်
ငါးဖမ်းခြင်းဖြင့် အသက်မွေး ဝမ်းကြောင်းပြုနေသည်မှာ ငယ်စဉ်ကပင်ဖြစ်သည်။ မည်
သည့် ရေစပ်တွင် မည်သည့်ငါး ခိုအောင်းတတ်သည်၊ မည့်သည့် ငါးကို မည်သည့်အ
စာဖြင့် မျှားမှသာလျှင် ဖမ်းမိနိုင်မည်၊ မည်သည့်နေ့မျိုး အချိန်အခါမျိုးတွင် ငါးမရှာအပ်၊
မည်သည့် အချိန်အခါမျိုး၌သာ ငါးရှာအပ်သည်။ ဖမ်းဆီး ရာတွင် ရေတက် ရေကျ အ
ချိန်မှ အစ ငါးနှင့်ရေ အကြောင်းကို သိရှိနားလည်ထား၍ ဖမ်းဆီးရာတွင် လွယ်ကူခြင်း
ဖြစ်ပါသည်။ ဤ ငါးဖမ်းခြင်း အတတ်ပညာတွင် ဆောင်ရန်ရှောင်ရန်များကို ကျွန်ုပ်သိ
ရှိပြီး ဖြစ်၍ ဤသည်ကား ကျွန်ုပ်၏ အတတ်ပညာပင် ဖြစ်ပါတော့သည်။ ခရီးသွားလူ
လည်း မိမိစိတ်ထဲတွင် တံငါသမားသည် ငယ်စဉ် ကတည်းကပင် ငါးဖမ်းခြင်း အတတ်
ကိုပြုမူဆောင်ရွက်လာသောကြောင့်
တံငါအတတ်၌ ကျွမ်းကျင်ရာ လိမ္မာရာတည်းဟု
မှတ်သားပြီး ခရီးဆက်လေ၏။
ထို့နောက် သစ်သီးဝလံ ပန်းမာန်များဖြင့် အောင်မြင်လှသော ဥယျာဉ်ခြံမြေ တစ်ခုသို့
ရောက်လေသည်။ ခရီးသွားလည်း လွန်စွာစိတ်ဝင်စား၍ ထိုဥယျာဉ် အတွင်းသို့ ဝင်ပြီး
စူးစမ်းလေသည်။ ထိုအခါ မြေကြီးထွန်ယက် စိုက်ပျိုးနေသော ဥယျာဉ်သမားကို တွေ့
ပြီး အဆွေတော်ဥယျာဉ်လုပ်သား ဤမျှလောက် သစ်သီးဝလံ ပန်းမာန်များဖြင့်အောင်
မြင်အောင် အသင်မည်သို့ စိုက်ပျိုးပါသနည်း ဟုမေးလေသည်။ ဥယျာဉ်သမား လည်း
မဆိုင်းမတွပင် အဆွေတော်ခရီးသွား ဤမြေကြီးသည် လွန်စွာမြေသြဇာကောင်းသေါ
မြေကြီး ဖြစ်ပါသည်။ သို့သော် စိုက်ပျိုးသီးနှံ ပန်းမာန်များ စိုက်ပျိုးတိုင်း အောင်မြင်ဖြစ်
ထွန်းအောင် အချိန်အခါတစ်ခု တည်ဆောက်ရပါသည်။ စိတ်ရှည်၍ ဇွဲ နှင့်ဆောင်ရွက်
နိုင်ရမည်။ မိမိ၏ သစ်ပင်ပန်းမာန်များတွင် ကျရောက်တတ်သော ပိုးမွှား အန္တရာယ်တို့
ကို လည်းကာကွယ်တတ်ရပါမည်။ မိမိ ဥယျာဉ်ခြံမြေ အတွင်းသို့ ဝင်ရောက်၍စားသုံး
ရန်အလို့ငှာ ဖျက်ဆီးတတ်သော ကျီးငှက်များ ၊ သားရဲ တိရိစ္ဆာန် များ၏ ရန်ကိုလည်း
ကာကွယ်တတ်ရပါမည်။ မိမိ ဥယျာဉ်အတွင်း၌ ရှိပြီးကုန်သော အသီးအပွင့်တို့၏ မျိုး
စေ့ကိုလည်း နောင်အချိန်တွင် ဆက်လက်ရှင်သန် ဖြစ်ထွန်းအောင်သေချာထိန်းသိမ်း
စောင့်ရှောက် တတ်ရပါပေမည်။ ဤသည်ကား ကျွန်ုပ်၏ အတတ်ပညာတည်း ။ ခရီး
သွားလည်း စိတ်ထဲတွင် ဥယျာဉ်ခြံမြေ လုပ်သားသည် ဥယျာဉ်ခြံ စိုက်ပျိုးရာ၌ အခြေ
အနေ အချိန်အခါနှင့် မိမိဥယျာဉ်ကို စောင့်ရှောက်ရာတွင် အထူးကျင်လည် သည်မှာ
ကား ကျွမ်းကျင်ရာ လိမ္မာရာတည်း ဟုမှတ်သားပြီး ခရီးဆက်လေ၏။
ထို့နောက် ညနေ ဆည်းဆာ ချိန်တွင် ဆိတ်ငြိမ် အေးချမ်း လှသော နေရာ တစ်ခုသို့
ရောက်လေသည်။ တစ်နေရာ အရောက်တွင် သာယာနာ ပျော်ဖွယ်ကောင်း လှသော
လူတစ်ယောက်၏ အသံသည် မတိုးလွန်းမကျယ်လွန်းပဲ ပျံ့လွင့်လာသည်ကိုခရီးသွား
မှ ကြားရလေသည်။ ခရီးသွားလည်း ထိုအသံနှင့် နီးနိုင်သမျှနီးအောင်ချဉ်းကပ်သွားပြီး
တစ်နေရာ အရောက်တွင် အလွန့်အလွန် အံ့အားသင့်သွား၏ ။ စကားပြော နေသော
တစ်ဦး တစ်ယောက်သည် ဆံချည်မျှင် မရှိ ၊ ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်ဆင်ပြီး
မြင့်သော အရပ်တစ်ခုတွင် မျက်လွှာကိုအသာအယာချလျှက် နှုတ်မှလည်းကြည်လင်
ပြတ်သားသော စကားသံ တို့ကို မတိုးလွန်း မကျယ်လွန်းသော အသံဖြင့် ပြောဆိုနေ
လေသည်။ ထို့နောက် ၎င်း၏ နူးညံ့လှသော စကားသံတို့ကို နိမ့်ရာ အရပ်တွင် ရိုကျိုး
စွာ နားထောင်နေကြသူများမှာ တိုင်းပြည်ပြည့်ရှင်ဟု ထင်ရသူ ပုဂ္ဂိုလ်နှင့် မိဖုရား၊ မှူး
ကြီး မတ်ကြီး ၊ စစ်သူကြီးများမှ အစ အခြားသော အမျိုးသား ၊ အမျိုးသမီး များစွာ
သော လူ အများမှ ငြိမ်သက် စွာနာယူနေကြကြောင့် ခရီးသွားသူမှာများစွာ စိတ်ဝင်
စားလျှက် သင့်တော်ရာ နေရာတစ်ခု၌ နေရာယူပြီး ဝင်ရောက် နားထောင်လျှက် စူး
စမ်းလေတော့သည်။
အတန်ကြာသော် ဟောပြောမှု ပြီးဆုံးပြီး မင်း ၊ ပရိတ်သတ် ဗိုလ်ပါနှင့် လူအများသည်
အသီးသီး ထွက်ခွာကြသော အခါတွင် ခရီးသွားသည် ၎င်းအလွန်စိတ်ဝင်စား လျှက်ရှိ
သော ဟောပြောနေသူ အနားသို့ ချဉ်းကပ်ကာ အဆွေတော် ၊ ကျွန်ုပ်သည် ခရီးသွား
ဧည့်သည် ဖြစ်ပါသည်။ အဆွေတော်သည် မည်သည့် အတွက် ဦးပျဉ်းတုံး လျှက် ဖန်
ရည်ဆိုးသော တန်ဆာကို ဝတ်ဆင်ရပါသနည်း ၊ ဟု မေးမြန်း လေသည် ။ ထိုအခါ
ဟောပြောသူ ပုဂ္ဂိုလ်မှဂရုဏာပြည့်သော မျက်ဝန်းနှင့် ခရီးသွားကို ကြည့်ရှုလျက်၊ အို
ခရီးသွား ဒကာတော် ကျွန်ုပ်သည်ကား ဂေါတမဗုဒ္ဓဟု ခေါ်သော မြတ်စွာဘုရားရှင်၏
သားတော် ဟု ခေါ်ဆိုအပ်သော သံဃာ့အနွယ်ဝင် ရဟန်းတစ်ပါး မည်ပါ၏ ။ ဖန်ရည်
ဆိုးသော အဝတ်တန်ဆာကို သင်္ဃန်းဟုခေါ်ဆိုပေသည်။ ဦးပျဉ်းတုံးခြင်းသည် လည်း
ကောင်း ၊ ဖန်ရည်ဆိုးသော အဝတ်တန်ဆာ ကို ဝတ်ဆင်ရခြင်း သည် လည်းကောင်း
ရဟန်း တို့၏ ဝိနည်းသိက္ခာကို စောင့်ထိန်းခြင်းမည်ပါသည်။ ဝိနည်း ဆိုသည်မှာ မြတ်
စွာဘုရားရှင် သတ်မှတ်ပေးသော ဥပဒေသ ပင်ဖြစ်ပါသည်။ ထိုအခါ ခရီးသွားမှလည်း
ကောင်းပါပြီ ရှင်ရဟန်းကြီး ၊ဤသို့ဆိုလျှင် ဦးပျဉ်းတုံး လျှက် သင်္ဃန်းကို ဝတ်ဆင် ရုံ
မျှဖြင့် ရဟန်းသံဃာ ဖြစ်၍ သူတစ်ထူး၏ အပူဇော် အကြည်ညိုခံထိုက်သူ ဖြစ်ပါ၏ ၊
လော ဟုထပ်မံ မေးလျှောက်ပြန်သည်။
ရဟန်းကြီးသည် ထပ်မံ၍ ဂရုဏာ ပါသော မျက်ဝန်းဖြင့် ခရီးသွားကြီးကိုထပ်မံကြည့်ရှု
လျက် ဒကာတော် ခရီးသွား ကိုယ်တော့်၏ အနောက်သို့ လိုက်ခဲ့ပါလေ ဟုခေါ်ဆောင်
သွားပြီး ကျောင်းသင်္ခန်း တစ်နေရာ အရောက်တွင် စာသင် စာအံ နေကြသော ရဟန်း
သံဃာများ ၊ ကိုရင်ငယ်လေးများကို ပြသ၍ ဒကာတော်ခရီးသွား ကြည့်ရှုပါ မှတ်သား
ပါလေ။ ထို့နောက် အဆောင်တစ်ခုသို့ ထပ်မံခေါ်ဆောင်သွားပြီး ထိုအဆောင်တိုက်အ
တွင်း၌ ထားရှိသော ပိဋကတ်တော်များစွာကို ပြသလေသည်။ ဆရာတော်မှတစ်ဆက်
တည်းပင် ဒကာတော် ခရီးသွား ဤစာပေ ပဋိကတ် တော်များသည်ကား ဒကာတော်
တွေ့ မြင်ခဲ့ရသည့် ရဟန်းသံဃာ၊ စာသင်သား ကိုရင်ငယ်လေးများ လေ့လာ ဆည်းပူး
ရသော မြတ်စွာဘုရားရှင်၏ ဒေသနာတော်များ ၊ တရားတော်များ ဖြစ်ပေသည်။ ထို
တရားဒေသနာတော်များတွင် သစ္စာလေးပါးနှင့် သတ္တဝါတို့၏ လွတ်ငြိမ်းရာ ချုပ်ငြိမ်း
ကြောင်းအမှန် နိဗ္ဗာန်ကို ညွှန်ပြထားလေသည်။ ထိုမျှမက သတ္တဝါတို့သည် လောကီ
၌ ကျင်လည်ရာတွင် နေထိုင်ပြုမူကျင့်ကြံရမည်များကို
မွေးဖွားချိန်မှအစပြု၍ သေဆုံး
ချိန်တိုင်အောင် ဗုဒ္ဓဘုရားရှင်မှ လမ်းမှန်ညွှန်ပြ ထားလေသည်။ ဤသို့သော တရား
တော်များကို သင်အံလေ့ကျင့်ပြီး သတ္တဝါတို့၏ အကျိုးအတွက် ပြန်လည် ပို့ချ ဆုံးမ ၊
ပြန့်ပွား နိုင်ရန် သံဃာတော်များမှ ကျင့်ကြံရပေသည်။ အလွန်တရာမှ ခက်ခဲ လှသော
ပဋိကတ် စာပေများအား တင်းကြပ် လှသော ဝိနည်း ၂၂၇ သွယ် မျှရှိသော သိက္ခာပုဒ်
များဖြင့် ရဟန်းတို့သည် စောင့်ထိန်း ရပါသည်။ အို ဒကာတော်ခရီးသွား အသင် မေး
မြန်းသော ဦးပျဉ်းတုံးနှင့် ဖန်ရည်ဆိုးသောအဝတ်ကို ဝတ်ဆင်တိုင်း ရဟန်းသံဃာဖြစ်
ခြင်း၏ ဆိုသည်မှာ အသို့ပေတည်း ။
ဆက်ပါမည် ဒကာတော် ခရီးသွား ။ ဤ လောကကြီးသည် ရေအိုင်ကြီး ပမာ လည်
ပတ် စီးဆင်းနေသည် ဆိုငြားအံ့ ၃၁ ဘုံတွင် ကျင်လည် ကြသူတို့သည် ငါးများကဲ့သို့
ထိုရေအိုင် အတွင်းတွင် ကူးခတ် နေသည်နှင့် တူပေ၏။ အယူမှား ဝါဒမှား များသည်
တံငါသည်နှင့် တူပေသည် ။ လောဘ ၊ ဒေါသ ၊ မောဟ တို့သည်ငါးမျှားချိတ်နှင့်တူ၍
တဏှာသည် တပ်ဆင်ထားသော အစာနှင့်တူပေသည် ။ ထိုအခါ ငါးတို့သည် အစာ
ကိုသာ ရှေးရှုပြီး ငါးမျှားချိတ်ကို ငြိတွယ်ကာ တံငါသည်၏ လက်၌ ကျရှုံးရလေသည်။
ထိုသို့ စားသင့် မစားသင့်သော အစာ ၊ ရှောင်ကျဉ်အပ်သည် ၊ ဆောင်ရွက်သင့်သည်
များကို ဥာဏ်မျက်စိနှင့် မြင်နိုင်အောင် ၊ ကျင့်ကြံနိုင်အောင် ဗုဒ္ဓမြတ်စွာဘုရားမှ တရား
တော်များ ဟောကြားထားရှိခဲ့ပါတယ်။ ထိုတရားတော်များကို မူရင်း အတိုင်း အဆင့်
ဆင့် မပျောက်မပျက်အောင် ကိုယ်စွမ်း ဥာဏ်စွမ်းနှင့် အကျင့် သီလ သိက္ခာပေါင်းများ
စွာဖြင့် ကျင့်ကြံပြီး ရဟန်းသံဃာတို့သည် စောင့်ရှောက်တော်မူ ခဲ့ကြပေသည်။
ဒကာတော် ခရီးသွား ကျောက်များဖြင့်သာ ပြည့်နှက်နေသော နေရာ၌ မည်သည့်အ
ပင် အသီးအပွင့်တို့သည် မရှင်သန် မကြီးထွားနိုင်ပါ ။ ထို့အတူ မြေဆီသြဇာကောင်း
တို့ ပြည့်နှက်နေသော မြေကြီးဖြစ်သော်ငြားလည်း ဥယျာဉ်မှူးကောင်းမရှိပါကမျိုးစေ့ 
အမှန်အပင်သန်သန်နှင့် မကြီးထွား မရှင်သန်နိုင်ပါ။ ဥယျာဉ်မှူးတို့သည်
ကောင်းမွန်
သော မြေကြီး၌ မျိုးစေ့မှန်ကန်စွာဖြင့် အပင်များ ရှင်သန် ကြီးထွားအောင် နေ ၊ ရေ ၊
မြေတို့ သမ မျှတအောင် ပြုပြင်ပေးရသည်။ ကြွက် ၊ ကျီးငှက် သားရဲ တိရိစ္ဆာန်တို့၏
ဖျက်ဆီး အပင်၌ ကပ်လျှက် အပင်ကိုဖျက်ဆီးတတ်သော ကပ်ပါး ပိုးမွှားများကို ဖယ်
ရှားပေး ရသည် ။ အပင် အတွက်လိုအပ်သော အေးမြသောရေ တိုက်ကျွေးရသည်။
မြေဆီတို့ ပိုမိုကောင်းစေရန် ပြုပြင်ပေးရသည်။ ထို့အတူ ရဟန်းသံဃာတို့သည် မြေ
သြဇာကောင်းကဲ့သို့သော သာသနာပြန့်ပွား တည်တံ့ ထွန်းကားနိုင်သော ဒေသတို့
တွင် ရှိသော လူ၊ သတ္တဝါတို့အား ကူညီစောင့်ရှောက်ရသည်လည်း ရှိ၏။ပြည့်ရှင်မင်း
တို့ တရားနှင့် အညီအုပ်ချုပ်နိုင်ရန် ဆုံးမရသည်လည်း ရှိ၏။ သာသနာတော်ကိုဖျက်
လိုဖျက်ဆီး လုပ်လိုသော အန္တရာယ် ရန်စွယ်ကိုလည်း တားဆီးနိုင်အောင် လမ်းညွှန်
ပြသပေးရ၏ ။ သတ္တဝါများ၏ ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း တရားတော်ရေအေးကို
လည်း ညွှန်ပြပေးရ၏ ။ ထို တရားတော်များ မကွယ်မပျောက် ၊ အစွန်း အထင်း မရှိ
အောင်လည်း စောင့်ရှောက်ရ၏ ။
ဒကာတော် ခရီးသွား ။ ဥယျာဉ်တစ်ခုသည် ၊ ဥယျာဉ်မှူးကောင်း လိုအပ် သလို ၊ ထို
ဥယျာဉ်မှ လည်း မြေသြဇာကောင်း၍ အသီးအပွင့်များကို များများ ဖူးပွင့်နေစေရန်လို
အပ်ပေသည် ။ ဆိုလိုသည်မှာ ဥယျာဉ်မှူးနှင့် ဥယျာဉ်သည် အပြန်အလှန် အမှီသဟဲ
ပြုနေကြပေသည်။ ရဟန်း ပုဂ္ဂိုလ် ၊ ရဟန်းမ ပုဂ္ဂိုလ် ၊ ဒါယိကါ အမျိုးသား ပုဂ္ဂိုလ်၊ ဒါ
ယိကါ အမျိုးသမီး ပုဂ္ဂိုလ် တို့သည် တရားပေးသူနှင့် တရားရှာသူ လက်တွဲညီ သမျှ
ကာလပတ်လုံး ဗုဒ္ဓသာသနာတော်သည်အဓွန့်ရှည်ကြာ မည်ဟု
မြတ်စွာဘုရားရှင်၏
ဗျာဒိတ်တော် ထားရှိခဲ့သည့် အတိုင်း မင်းပရိသတ် ဗိုလ်ပါနှင့် ဒါယိကာ ၊ ဒါယိကာမ
များသည် တရားနာယူရန် လာရောက်ကြခြင်း ဖြစ်ပေသည် ။ လောကတွင် သတ္တဝါ
တို့၏ လွတ်ငြိမ်းရာ ချမ်းသာရာကို ညွှန်ပြနိုင်ရန် တရားတော်ကို ရှာဖွေခဲ့သော ဗုဒ္ဓ
ဘုရားရှင်သည် အမြတ်ဆုံး ရတနာ တစ်ပါး ၊ လွန်စွာ နက်နဲလှပြီး ထူးခြား ဆန်းပြား
လှသော ထို တရာတော်သည် အမြတ်ဆုံး ရတနာ တစ်ပါး၊ ဘုရားရှင်၏ ဂုဏ်တော်
အနန္တ ၊ တန်ခိုးတော် အနန္တ တို့ဖြင့် ဟောကြားတော် မူခဲ့သော မြတ်တရား များကို၊
အဓွန့်ရှည် ကြာအောင် တည်တံ့ ခိုင်မြဲအောင် ၊ ဘုရားရှင်၏ ကိုယ်စား တရားတော်
များကို လူ၊ သတ္တဝါတို့ ၏ လွတ်ငြိမ်း ချမ်းသာရာရအောင် ဆက်လက် တရားတော်
များ ပေးအပ်နေသော သံဃာတော် အရှင်သူမြတ်တို့သည် အမြတ်ဆုံး ရတနာတစ်
ပါး ၊ ထိုရတနာသုံးပါးသည်ကား ဗုဒ္ဓသာသနာ၏ အသက်သွေးကြောပင်ဖြစ်ပေ၏ ။
သင်မြင်တွေ့ ခဲ့သော အချင်းအရာ၏ သူတစ်ထူးတို့ ပူဇော်မှုကို ခံယူရခြင်း ဆိုသည်
မှာ အသို့တည်း။
ခရီးသွားလည်း လွန်စွာ ကြည်ညို သဒ္ဓါပီတိအဟုန် ဖြစ်ပေါ်လျှက် ဆရာတော် ၏ ခြေ
ဖမိုးအား ဦးတိုက်ကာ အရှင်ဘုရား တပည့်တော် အား ဗုဒ္ဓဘာသာဝင် အဖြစ်ခံယူခွင့်
ပြုတော်မူပါဘုရားဟု လျှောက်ထားလေတော့သည်။ ဆရာတော်မှလည်း ...၊
ကိုင်း ဒါဆို လိုက်ဆိုပါလေ ..
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ
ဟု တိုင်ပေးလိုက်ရာ ခရီးသည်ကြီးသည် အားရဝမ်းသာ လှိုက်လှိုက် လှဲလှဲ အသံ
ကြီးဖြင့် သုံးကြိမ်တိုင် ရွတ်ဆိုလျက် ဗုဒ္ဓသာသနာ အား အသက်ထက်ဆုံး ဆည်း
ကပ်ပူဇော်ပြီး တရားထူး တရားမြတ်ကို ထိုးထွင်းသိမြင်ရပါလို၏ ။ ထို ကာလ အ
တွင်း၌လည်း အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်သော်မျှလည်း သာသနာတော်ကို အ
ကျိုးပြုနိုင်သော ဥပါသကာတစ်ဦး ဖြစ်ရပါလို၏ဟု ဆန္ဒပြုလေတော့၏ ။
ဆရာတော်မှလည်း ဗုဒ္ဓသာသနံ စိရံ တဋ္ဌတု ဟုရွတ်ဆိုလျှက် သာဓုအနုမောဒနာ
သုံးကြိမ်ရွတ်ဆို ချီးမြှင့်လေသတည်း ။
ဦးယဉ်ကျေး ။ ။
ချောင်းရိုးတစ်ခုသို့ အရောက်တွင် တံငါသည် တစ်ဦး ငါးမျှား နေသည်ကိုတွေ့၏ ။ ထို
သူ...လည်း တံငါသည်အနီးသို့ ချဉ်းကပ်သွားပြီး စူးစမ်းလေသည်။ ထို့နောက်တံငါသည်
၏ ငါးမျှားကြိုး၌ ငါးကြီးများ ဆက်တိုက်မိသည်ကို မြင်တွေ့ရလေသည်။ ထို အခါတွင်
ခရီးသည်မှ တံငါသည်အား အဆွေတော် အဘယ်ကြောင့် ငါးကြီးများသာ ဖမ်းဆီးရမိ
ပါသနည်း ဟု မေးမြန်းသောအခါတွင်တံငါသည်မှ အဆွေတော်ခရီးသွား ကျွန်ုပ်သည်
ငါးဖမ်းခြင်းဖြင့် အသက်မွေး ဝမ်းကြောင်းပြုနေသည်မှာ ငယ်စဉ်ကပင်ဖြစ်သည်။ မည်
သည့် ရေစပ်တွင် မည်သည့်ငါး ခိုအောင်းတတ်သည်၊ မည့်သည့် ငါးကို မည်သည့်အ
စာဖြင့် မျှားမှသာလျှင် ဖမ်းမိနိုင်မည်၊ မည်သည့်နေ့မျိုး အချိန်အခါမျိုးတွင် ငါးမရှာအပ်၊
မည်သည့် အချိန်အခါမျိုး၌သာ ငါးရှာအပ်သည်။ ဖမ်းဆီး ရာတွင် ရေတက် ရေကျ အ
ချိန်မှ အစ ငါးနှင့်ရေ အကြောင်းကို သိရှိနားလည်ထား၍ ဖမ်းဆီးရာတွင် လွယ်ကူခြင်း
ဖြစ်ပါသည်။ ဤ ငါးဖမ်းခြင်း အတတ်ပညာတွင် ဆောင်ရန်ရှောင်ရန်များကို ကျွန်ုပ်သိ
ရှိပြီး ဖြစ်၍ ဤသည်ကား ကျွန်ုပ်၏ အတတ်ပညာပင် ဖြစ်ပါတော့သည်။ ခရီးသွားလူ
လည်း မိမိစိတ်ထဲတွင် တံငါသမားသည် ငယ်စဉ် ကတည်းကပင် ငါးဖမ်းခြင်း အတတ်
ကိုပြုမူဆောင်ရွက်လာသောကြောင့်
မှတ်သားပြီး ခရီးဆက်လေ၏။
ထို့နောက် သစ်သီးဝလံ ပန်းမာန်များဖြင့် အောင်မြင်လှသော ဥယျာဉ်ခြံမြေ တစ်ခုသို့
ရောက်လေသည်။ ခရီးသွားလည်း လွန်စွာစိတ်ဝင်စား၍ ထိုဥယျာဉ် အတွင်းသို့ ဝင်ပြီး
စူးစမ်းလေသည်။ ထိုအခါ မြေကြီးထွန်ယက် စိုက်ပျိုးနေသော ဥယျာဉ်သမားကို တွေ့
ပြီး အဆွေတော်ဥယျာဉ်လုပ်သား ဤမျှလောက် သစ်သီးဝလံ ပန်းမာန်များဖြင့်အောင်
မြင်အောင် အသင်မည်သို့ စိုက်ပျိုးပါသနည်း ဟုမေးလေသည်။ ဥယျာဉ်သမား လည်း
မဆိုင်းမတွပင် အဆွေတော်ခရီးသွား ဤမြေကြီးသည် လွန်စွာမြေသြဇာကောင်းသေါ
မြေကြီး ဖြစ်ပါသည်။ သို့သော် စိုက်ပျိုးသီးနှံ ပန်းမာန်များ စိုက်ပျိုးတိုင်း အောင်မြင်ဖြစ်
ထွန်းအောင် အချိန်အခါတစ်ခု တည်ဆောက်ရပါသည်။ စိတ်ရှည်၍ ဇွဲ နှင့်ဆောင်ရွက်
နိုင်ရမည်။ မိမိ၏ သစ်ပင်ပန်းမာန်များတွင် ကျရောက်တတ်သော ပိုးမွှား အန္တရာယ်တို့
ကို လည်းကာကွယ်တတ်ရပါမည်။ မိမိ ဥယျာဉ်ခြံမြေ အတွင်းသို့ ဝင်ရောက်၍စားသုံး
ရန်အလို့ငှာ ဖျက်ဆီးတတ်သော ကျီးငှက်များ ၊ သားရဲ တိရိစ္ဆာန် များ၏ ရန်ကိုလည်း
ကာကွယ်တတ်ရပါမည်။ မိမိ ဥယျာဉ်အတွင်း၌ ရှိပြီးကုန်သော အသီးအပွင့်တို့၏ မျိုး
စေ့ကိုလည်း နောင်အချိန်တွင် ဆက်လက်ရှင်သန် ဖြစ်ထွန်းအောင်သေချာထိန်းသိမ်း
စောင့်ရှောက် တတ်ရပါပေမည်။ ဤသည်ကား ကျွန်ုပ်၏ အတတ်ပညာတည်း ။ ခရီး
သွားလည်း စိတ်ထဲတွင် ဥယျာဉ်ခြံမြေ လုပ်သားသည် ဥယျာဉ်ခြံ စိုက်ပျိုးရာ၌ အခြေ
အနေ အချိန်အခါနှင့် မိမိဥယျာဉ်ကို စောင့်ရှောက်ရာတွင် အထူးကျင်လည် သည်မှာ
ကား ကျွမ်းကျင်ရာ လိမ္မာရာတည်း ဟုမှတ်သားပြီး ခရီးဆက်လေ၏။
ထို့နောက် ညနေ ဆည်းဆာ ချိန်တွင် ဆိတ်ငြိမ် အေးချမ်း လှသော နေရာ တစ်ခုသို့
ရောက်လေသည်။ တစ်နေရာ အရောက်တွင် သာယာနာ ပျော်ဖွယ်ကောင်း လှသော
လူတစ်ယောက်၏ အသံသည် မတိုးလွန်းမကျယ်လွန်းပဲ ပျံ့လွင့်လာသည်ကိုခရီးသွား
မှ ကြားရလေသည်။ ခရီးသွားလည်း ထိုအသံနှင့် နီးနိုင်သမျှနီးအောင်ချဉ်းကပ်သ
တစ်နေရာ အရောက်တွင် အလွန့်အလွန် အံ့အားသင့်သွား၏ ။ စကားပြော နေသော
တစ်ဦး တစ်ယောက်သည် ဆံချည်မျှင် မရှိ ၊ ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်ဆင်ပြီး
မြင့်သော အရပ်တစ်ခုတွင် မျက်လွှာကိုအသာအယာချလျှက် နှုတ်မှလည်းကြည်လင်
ပြတ်သားသော စကားသံ တို့ကို မတိုးလွန်း မကျယ်လွန်းသော အသံဖြင့် ပြောဆိုနေ
လေသည်။ ထို့နောက် ၎င်း၏ နူးညံ့လှသော စကားသံတို့ကို နိမ့်ရာ အရပ်တွင် ရိုကျိုး
စွာ နားထောင်နေကြသူများမှာ တိုင်းပြည်ပြည့်ရှင်ဟု ထင်ရသူ ပုဂ္ဂိုလ်နှင့် မိဖုရား၊ မှူး
ကြီး မတ်ကြီး ၊ စစ်သူကြီးများမှ အစ အခြားသော အမျိုးသား ၊ အမျိုးသမီး များစွာ
သော လူ အများမှ ငြိမ်သက် စွာနာယူနေကြကြောင့် ခရီးသွားသူမှာများစွာ စိတ်ဝင်
စားလျှက် သင့်တော်ရာ နေရာတစ်ခု၌ နေရာယူပြီး ဝင်ရောက် နားထောင်လျှက် စူး
စမ်းလေတော့သည်။
အတန်ကြာသော် ဟောပြောမှု ပြီးဆုံးပြီး မင်း ၊ ပရိတ်သတ် ဗိုလ်ပါနှင့် လူအများသည်
အသီးသီး ထွက်ခွာကြသော အခါတွင် ခရီးသွားသည် ၎င်းအလွန်စိတ်ဝင်စား လျှက်ရှိ
သော ဟောပြောနေသူ အနားသို့ ချဉ်းကပ်ကာ အဆွေတော် ၊ ကျွန်ုပ်သည် ခရီးသွား
ဧည့်သည် ဖြစ်ပါသည်။ အဆွေတော်သည် မည်သည့် အတွက် ဦးပျဉ်းတုံး လျှက် ဖန်
ရည်ဆိုးသော တန်ဆာကို ဝတ်ဆင်ရပါသနည်း ၊ ဟု မေးမြန်း လေသည် ။ ထိုအခါ
ဟောပြောသူ ပုဂ္ဂိုလ်မှဂရုဏာပြည့်သော မျက်ဝန်းနှင့် ခရီးသွားကို ကြည့်ရှုလျက်၊ အို
ခရီးသွား ဒကာတော် ကျွန်ုပ်သည်ကား ဂေါတမဗုဒ္ဓဟု ခေါ်သော မြတ်စွာဘုရားရှင်၏
သားတော် ဟု ခေါ်ဆိုအပ်သော သံဃာ့အနွယ်ဝင် ရဟန်းတစ်ပါး မည်ပါ၏ ။ ဖန်ရည်
ဆိုးသော အဝတ်တန်ဆာကို သင်္ဃန်းဟုခေါ်ဆိုပေသည်။ ဦးပျဉ်းတုံးခြင်းသည် လည်း
ကောင်း ၊ ဖန်ရည်ဆိုးသော အဝတ်တန်ဆာ ကို ဝတ်ဆင်ရခြင်း သည် လည်းကောင်း
ရဟန်း တို့၏ ဝိနည်းသိက္ခာကို စောင့်ထိန်းခြင်းမည်ပါသည်။ ဝိနည်း ဆိုသည်မှာ မြတ်
စွာဘုရားရှင် သတ်မှတ်ပေးသော ဥပဒေသ ပင်ဖြစ်ပါသည်။ ထိုအခါ ခရီးသွားမှလည်း
ကောင်းပါပြီ ရှင်ရဟန်းကြီး ၊ဤသို့ဆိုလျှင် ဦးပျဉ်းတုံး လျှက် သင်္ဃန်းကို ဝတ်ဆင် ရုံ
မျှဖြင့် ရဟန်းသံဃာ ဖြစ်၍ သူတစ်ထူး၏ အပူဇော် အကြည်ညိုခံထိုက်သူ ဖြစ်ပါ၏ ၊
လော ဟုထပ်မံ မေးလျှောက်ပြန်သည်။
ရဟန်းကြီးသည် ထပ်မံ၍ ဂရုဏာ ပါသော မျက်ဝန်းဖြင့် ခရီးသွားကြီးကိုထပ်မံကြည့်ရှု
လျက် ဒကာတော် ခရီးသွား ကိုယ်တော့်၏ အနောက်သို့ လိုက်ခဲ့ပါလေ ဟုခေါ်ဆောင်
သွားပြီး ကျောင်းသင်္ခန်း တစ်နေရာ အရောက်တွင် စာသင် စာအံ နေကြသော ရဟန်း
သံဃာများ ၊ ကိုရင်ငယ်လေးများကို ပြသ၍ ဒကာတော်ခရီးသွား ကြည့်ရှုပါ မှတ်သား
ပါလေ။ ထို့နောက် အဆောင်တစ်ခုသို့ ထပ်မံခေါ်ဆောင်သွားပြီး ထိုအဆောင်တိုက်အ
တွင်း၌ ထားရှိသော ပိဋကတ်တော်များစွာကို ပြသလေသည်။ ဆရာတော်မှတစ်ဆက်
တည်းပင် ဒကာတော် ခရီးသွား ဤစာပေ ပဋိကတ် တော်များသည်ကား ဒကာတော်
တွေ့ မြင်ခဲ့ရသည့် ရဟန်းသံဃာ၊ စာသင်သား ကိုရင်ငယ်လေးများ လေ့လာ ဆည်းပူး
ရသော မြတ်စွာဘုရားရှင်၏ ဒေသနာတော်များ ၊ တရားတော်များ ဖြစ်ပေသည်။ ထို
တရားဒေသနာတော်များတွင် သစ္စာလေးပါးနှင့် သတ္တဝါတို့၏ လွတ်ငြိမ်းရာ ချုပ်ငြိမ်း
ကြောင်းအမှန် နိဗ္ဗာန်ကို ညွှန်ပြထားလေသည်။ ထိုမျှမက သတ္တဝါတို့သည် လောကီ
၌ ကျင်လည်ရာတွင် နေထိုင်ပြုမူကျင့်ကြံရမည်များက
ချိန်တိုင်အောင် ဗုဒ္ဓဘုရားရှင်မှ လမ်းမှန်ညွှန်ပြ ထားလေသည်။ ဤသို့သော တရား
တော်များကို သင်အံလေ့ကျင့်ပြီး သတ္တဝါတို့၏ အကျိုးအတွက် ပြန်လည် ပို့ချ ဆုံးမ ၊
ပြန့်ပွား နိုင်ရန် သံဃာတော်များမှ ကျင့်ကြံရပေသည်။ အလွန်တရာမှ ခက်ခဲ လှသော
ပဋိကတ် စာပေများအား တင်းကြပ် လှသော ဝိနည်း ၂၂၇ သွယ် မျှရှိသော သိက္ခာပုဒ်
များဖြင့် ရဟန်းတို့သည် စောင့်ထိန်း ရပါသည်။ အို ဒကာတော်ခရီးသွား အသင် မေး
မြန်းသော ဦးပျဉ်းတုံးနှင့် ဖန်ရည်ဆိုးသောအဝတ်ကို ဝတ်ဆင်တိုင်း ရဟန်းသံဃာဖြစ်
ခြင်း၏ ဆိုသည်မှာ အသို့ပေတည်း ။
ဆက်ပါမည် ဒကာတော် ခရီးသွား ။ ဤ လောကကြီးသည် ရေအိုင်ကြီး ပမာ လည်
ပတ် စီးဆင်းနေသည် ဆိုငြားအံ့ ၃၁ ဘုံတွင် ကျင်လည် ကြသူတို့သည် ငါးများကဲ့သို့
ထိုရေအိုင် အတွင်းတွင် ကူးခတ် နေသည်နှင့် တူပေ၏။ အယူမှား ဝါဒမှား များသည်
တံငါသည်နှင့် တူပေသည် ။ လောဘ ၊ ဒေါသ ၊ မောဟ တို့သည်ငါးမျှားချိတ်နှင့်တူ၍
တဏှာသည် တပ်ဆင်ထားသော အစာနှင့်တူပေသည် ။ ထိုအခါ ငါးတို့သည် အစာ
ကိုသာ ရှေးရှုပြီး ငါးမျှားချိတ်ကို ငြိတွယ်ကာ တံငါသည်၏ လက်၌ ကျရှုံးရလေသည်။
ထိုသို့ စားသင့် မစားသင့်သော အစာ ၊ ရှောင်ကျဉ်အပ်သည် ၊ ဆောင်ရွက်သင့်သည်
များကို ဥာဏ်မျက်စိနှင့် မြင်နိုင်အောင် ၊ ကျင့်ကြံနိုင်အောင် ဗုဒ္ဓမြတ်စွာဘုရားမှ တရား
တော်များ ဟောကြားထားရှိခဲ့ပါတယ်။ ထိုတရားတော်များကို မူရင်း အတိုင်း အဆင့်
ဆင့် မပျောက်မပျက်အောင် ကိုယ်စွမ်း ဥာဏ်စွမ်းနှင့် အကျင့် သီလ သိက္ခာပေါင်းများ
စွာဖြင့် ကျင့်ကြံပြီး ရဟန်းသံဃာတို့သည် စောင့်ရှောက်တော်မူ ခဲ့ကြပေသည်။
ဒကာတော် ခရီးသွား ကျောက်များဖြင့်သာ ပြည့်နှက်နေသော နေရာ၌ မည်သည့်အ
ပင် အသီးအပွင့်တို့သည် မရှင်သန် မကြီးထွားနိုင်ပါ ။ ထို့အတူ မြေဆီသြဇာကောင်း
တို့ ပြည့်နှက်နေသော မြေကြီးဖြစ်သော်ငြားလည်း ဥယျာဉ်မှူးကောင်းမရှိပါကမျိုးစေ
သော မြေကြီး၌ မျိုးစေ့မှန်ကန်စွာဖြင့် အပင်များ ရှင်သန် ကြီးထွားအောင် နေ ၊ ရေ ၊
မြေတို့ သမ မျှတအောင် ပြုပြင်ပေးရသည်။ ကြွက် ၊ ကျီးငှက် သားရဲ တိရိစ္ဆာန်တို့၏
ဖျက်ဆီး အပင်၌ ကပ်လျှက် အပင်ကိုဖျက်ဆီးတတ်သော ကပ်ပါး ပိုးမွှားများကို ဖယ်
ရှားပေး ရသည် ။ အပင် အတွက်လိုအပ်သော အေးမြသောရေ တိုက်ကျွေးရသည်။
မြေဆီတို့ ပိုမိုကောင်းစေရန် ပြုပြင်ပေးရသည်။ ထို့အတူ ရဟန်းသံဃာတို့သည် မြေ
သြဇာကောင်းကဲ့သို့သော သာသနာပြန့်ပွား တည်တံ့ ထွန်းကားနိုင်သော ဒေသတို့
တွင် ရှိသော လူ၊ သတ္တဝါတို့အား ကူညီစောင့်ရှောက်ရသည်လည်း ရှိ၏။ပြည့်ရှင်မင်း
တို့ တရားနှင့် အညီအုပ်ချုပ်နိုင်ရန် ဆုံးမရသည်လည်း ရှိ၏။ သာသနာတော်ကိုဖျက်
လိုဖျက်ဆီး လုပ်လိုသော အန္တရာယ် ရန်စွယ်ကိုလည်း တားဆီးနိုင်အောင် လမ်းညွှန်
ပြသပေးရ၏ ။ သတ္တဝါများ၏ ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း တရားတော်ရေအေးကို
လည်း ညွှန်ပြပေးရ၏ ။ ထို တရားတော်များ မကွယ်မပျောက် ၊ အစွန်း အထင်း မရှိ
အောင်လည်း စောင့်ရှောက်ရ၏ ။
ဒကာတော် ခရီးသွား ။ ဥယျာဉ်တစ်ခုသည် ၊ ဥယျာဉ်မှူးကောင်း လိုအပ် သလို ၊ ထို
ဥယျာဉ်မှ လည်း မြေသြဇာကောင်း၍ အသီးအပွင့်များကို များများ ဖူးပွင့်နေစေရန်လို
အပ်ပေသည် ။ ဆိုလိုသည်မှာ ဥယျာဉ်မှူးနှင့် ဥယျာဉ်သည် အပြန်အလှန် အမှီသဟဲ
ပြုနေကြပေသည်။ ရဟန်း ပုဂ္ဂိုလ် ၊ ရဟန်းမ ပုဂ္ဂိုလ် ၊ ဒါယိကါ အမျိုးသား ပုဂ္ဂိုလ်၊ ဒါ
ယိကါ အမျိုးသမီး ပုဂ္ဂိုလ် တို့သည် တရားပေးသူနှင့် တရားရှာသူ လက်တွဲညီ သမျှ
ကာလပတ်လုံး ဗုဒ္ဓသာသနာတော်သည်အဓွန့်ရှည်ကြာ
ဗျာဒိတ်တော် ထားရှိခဲ့သည့် အတိုင်း မင်းပရိသတ် ဗိုလ်ပါနှင့် ဒါယိကာ ၊ ဒါယိကာမ
များသည် တရားနာယူရန် လာရောက်ကြခြင်း ဖြစ်ပေသည် ။ လောကတွင် သတ္တဝါ
တို့၏ လွတ်ငြိမ်းရာ ချမ်းသာရာကို ညွှန်ပြနိုင်ရန် တရားတော်ကို ရှာဖွေခဲ့သော ဗုဒ္ဓ
ဘုရားရှင်သည် အမြတ်ဆုံး ရတနာ တစ်ပါး ၊ လွန်စွာ နက်နဲလှပြီး ထူးခြား ဆန်းပြား
လှသော ထို တရာတော်သည် အမြတ်ဆုံး ရတနာ တစ်ပါး၊ ဘုရားရှင်၏ ဂုဏ်တော်
အနန္တ ၊ တန်ခိုးတော် အနန္တ တို့ဖြင့် ဟောကြားတော် မူခဲ့သော မြတ်တရား များကို၊
အဓွန့်ရှည် ကြာအောင် တည်တံ့ ခိုင်မြဲအောင် ၊ ဘုရားရှင်၏ ကိုယ်စား တရားတော်
များကို လူ၊ သတ္တဝါတို့ ၏ လွတ်ငြိမ်း ချမ်းသာရာရအောင် ဆက်လက် တရားတော်
များ ပေးအပ်နေသော သံဃာတော် အရှင်သူမြတ်တို့သည် အမြတ်ဆုံး ရတနာတစ်
ပါး ၊ ထိုရတနာသုံးပါးသည်ကား ဗုဒ္ဓသာသနာ၏ အသက်သွေးကြောပင်ဖြစ်ပေ၏ ။
သင်မြင်တွေ့ ခဲ့သော အချင်းအရာ၏ သူတစ်ထူးတို့ ပူဇော်မှုကို ခံယူရခြင်း ဆိုသည်
မှာ အသို့တည်း။
ခရီးသွားလည်း လွန်စွာ ကြည်ညို သဒ္ဓါပီတိအဟုန် ဖြစ်ပေါ်လျှက် ဆရာတော် ၏ ခြေ
ဖမိုးအား ဦးတိုက်ကာ အရှင်ဘုရား တပည့်တော် အား ဗုဒ္ဓဘာသာဝင် အဖြစ်ခံယူခွင့်
ပြုတော်မူပါဘုရားဟု လျှောက်ထားလေတော့သည်။ ဆရာတော်မှလည်း ...၊
ကိုင်း ဒါဆို လိုက်ဆိုပါလေ ..
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ
ဟု တိုင်ပေးလိုက်ရာ ခရီးသည်ကြီးသည် အားရဝမ်းသာ လှိုက်လှိုက် လှဲလှဲ အသံ
ကြီးဖြင့် သုံးကြိမ်တိုင် ရွတ်ဆိုလျက် ဗုဒ္ဓသာသနာ အား အသက်ထက်ဆုံး ဆည်း
ကပ်ပူဇော်ပြီး တရားထူး တရားမြတ်ကို ထိုးထွင်းသိမြင်ရပါလို၏ ။ ထို ကာလ အ
တွင်း၌လည်း အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်သော်မျှလည်း သာသနာတော်ကို အ
ကျိုးပြုနိုင်သော ဥပါသကာတစ်ဦး ဖြစ်ရပါလို၏ဟု ဆန္ဒပြုလေတော့၏ ။
ဆရာတော်မှလည်း ဗုဒ္ဓသာသနံ စိရံ တဋ္ဌတု ဟုရွတ်ဆိုလျှက် သာဓုအနုမောဒနာ
သုံးကြိမ်ရွတ်ဆို ချီးမြှင့်လေသတည်း ။
ဦးယဉ်ကျေး ။ ။
No comments:
Post a Comment