Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Friday, June 21, 2013

"... ရဟန်းသံဃာများနှင့် နိုင်ငံရေး ပါဝင်ပတ်သက်မှု ..."


 

















-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-

ဆရာကြီး ပါရဂူ၏ “ဗုဒ္ဓနှင့် အခြေခံ...လူ့ အခွင့်အရေး” ဆောင်းပါး၌ “အာရှနိုင်ငံများတွင် ဗုဒ္ဓဘာသာသည် ဘာသာရေးသက်သက် အဘိဓမ္မာရေးသက်သက်မျှသာမဟုတ်။ အမျိုးသားရေးလည်းဖြစ်သည်။ သဘောတရားရေးလည်း ဖြစ်သည်” ဟု အနောက်နိုင်ငံပညာရှင်တဦးက ရေးသားထားဖူးသည့် အဆိုကို ဆရာကြီး ပါရဂူ ကလည်း ပီပီပင်ပင် “မှန်သည်” ဟု ထောက်ခံသွားခဲ့ဖူးသည်။

“၁၆ ရာစုနှစ်လောက်က ဂျာမဏီ နိုင်ငံမှ ဘုန်းတော်ကြီး မာတင်လူသာ၏ ပရိုတက်စတင့်တော်လှန်ရေးမှာ ပုဂံခေတ် ရှင်အရဟံ၏ ထေရ၀ါဒ ဗုဒ္ဓဘာသာထက် နှစ်ပေါင်း ထောင်နဲ့ ချီ နောက်ကျသည်” ဟု ဆရာကျော်ဝင်းက ထောက်ပြရေးသားပြီး နိုဘယ်ဆုရ ဘောဂဗေဒပညာရှင် အမာတီယာဆင်းနှင့် ပါမောက္ခဆင်းတို့ က “ဗုဒ္ဓဘာသာဟာ အာရှတန်ဖိုး၊ ခေတ်သစ်တန်ဖိုးများ ကိန်းဝပ်လျက်ရှိသည်” ဟု အဆိုပြု ကောက်ချက်ချကြောင်း ရေးသားထား၏။

ယခုလို ရေးသားပြောဆိုသည့်အတွက် ဗုဒ္ဓဘာသာမှာ ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးယှက်တင်ဖြစ်နေသည်ဟု ထင်မှတ်မှား၍ မရနိုင်ပါ။ မြန်မာ့သမိုင်းကြောင်းကို ပြန်ပြောင်း ကြည့်လိုက်လျင် ရှင်အရဟံ၊ ဦးဝိစာရ၊ ဦးဥတ္တမ တို့ ၏ ထေရ၀ါဒ သာသနာပြုရေး၊ ကိုလိုနီနယ်ချဲ့ ဆန့် ကျင်ရေးနှင့် မြန်မာလွတ်လပ်ရေးအတွက် ဦးစွာပထမ မြန်မာပြည်သူလူထုကြီးတစ်ရပ်လုံးအား စတင်တပ်လှန့်လှုံ့ဆော် နိုးကြား ထကြွစေခဲ့သည့် မြန်မာ့မျိုးချစ် ရဟန်းသံဃာများ၊ စသည့် သာဓကတွေက ကျောင်းတော်နှင့် နိုင်ငံရေးကို ပီပီပြင်ပြင် ခွဲခြားခဲ့ပြီးပင်ဖြစ်သည်။ ခေတ်စကားနဲ့ ပြောရလျင် အုပ်ချုပ်ရေးအာဏာနဲ့ ကင်းသော လွှတ်တော်ပြင်ပနိုင်ငံရေး၊ အမျိုး ဘာသာ သာသနာအတွက် ရှေ့ တန်းက ပါဝင်လာနေခဲ့သည်ဟု ဆိုလျင် မှားနိုင်မည်မထင်။

ရှင်အရဟံ

သက္ကရာဇ် (၄၀၆) ခု၊ ပုဂုံပြည့်ရှင် အနော်ရထာမင်း ထီးနန်းတက်စကာလမှာ ပုဂံပြည်၌ ခေတ်အဆက်ဆက်က မဟာယာန အရည်းကြီးတို့ ရဲ့  အဓမ္မ၀ါဒ လွှမ်းမိုးမှုကို ငြီးငွေ့ စိတ်ကုန်နေသည့် မကောင်းသတင်းများကို ကြားရသောကြောင့် သထုံမှ ရှင်အရဟံ ပုဂံပြည်သို့ ခရီးကြမ်းနှင်ကာ သာသနာပြုရန် ကြွလှမ်းရာမှ ထေရ၀ါဒ ဗုဒ္ဓဘာသာ ပုဂံပြည်တ၀ှမ်း ထိန်ထိန်လင်းခဲ့သည်။

ဦးဝိစာရ

အကျင့်ထူးရှိသူ ဟု အဓိပ္ပာယ်ရသော ရဟန်းဘွဲ့ပိုင်ရှင် ဦးဝိစာရသည် မိမိယုံကြည်သက်ဝင်ရာ ဘာသာ၊ သာသနာနှင့် မိမိလူမျိုးတို့ နယ်ချဲ့ လက်အောက်၌ လူနေမှုဘ၀ အဖက်ဖက်မှ နိမ့်ပါးဆိုးရွားနေချိန်တွင် မိမိ၏ သီလ၊ သိက္ခာကို စောင့်ထိန်းပြီး အမျိုး ဘာသာ သာသနာအတွက် ထောင်တွင်း အစာငတ်ခံကာ အဓမ္မတရားကို အသက်ပေးအာခံခဲ့သော အာဇာနည် အရှင်မြတ် တပါးပင် ဖြစ်သည်။ ၁၉၄၃ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ကျင်းပခဲ့သော အာဇာနည်ဆရာတော် ဦးဝိစာရ အထိမ်းအမှတ်ကျောက်တိုင်နှင့် ကြေးရုပ်ဖွင့်ပွဲအခမ်းအနား၌ “ကမ္ဘာ့သမိုင်း၏ အာဇာနည်အမြုတေ စိတ်ဓါတ်ပိုင်ရှင်” ဟု အမျိုးသား လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဂုဏ်ပြုမိန့် ခွန်းတွင် ထည့်သွင်းမိန့် ကြားခဲ့သည်။

ဦးဥတ္တမ

မြန်မာ့လွတ်လပ်ရေးအတွက်သာမက တရုတ်နိုင်ငံနှင့် အန္ဒိယနိုင်ငံအတွက်ပါ ရှေ့ သို့ တွေးခေါ် မြော်မြင်တတ်ပြီး လွတ်လပ်ရေးရရှိအောင် အိုင်ဒီယာကောင်းများ ချပေးနိုင်ခဲ့သောကြောင့် အာရှနေ၀န်းအရှင်ဟု တင်စားခေါ်ဝေါ်ခံရသော ရခိုင်ဆရာတော် ဦးဥတ္တမသည် မြန်မာ့လွတ်လပ်ရေးအတွက် ရှေ့ ဆောင်လမ်းပြလျက် မကြောက်မရွံ့ ရဲရဲတောက် တိုက်ပွဲဝင်ခဲ့ပြီး၊ မျိုးဆက်အတွက် လွတ်လပ်ရေးမျိုးစေ့ကို ချပေးခဲ့သော ဆရာတော် တပါးလည်း ဖြစ်သည်။
အထက်ပါ ဖော်ပြခဲ့သည့် ဆရာတော် သံဃာတော်တို့ သည် အဓမ္မ၀ါဒ၊ အယူမှားသည့် ၀ါဒနှင့် ဗြိတိသျ အင်ပါယာကို နေ၀င်အောင် တိုက်ဖျက် စွမ်းဆောင်နိုင်ခဲ့သော မျိုးချစ်သူရဲကောင်းများဖြစ်သလို ဗုဒ္ဓ၏ သားတော်များလည်းဖြစ်သည်။

“ဂေါတမ မြတ်ဗုဒ္ဓကိုယ်တိုင် လောက၏ ကောင်းရာကောင်းကျိုး၊ လူများ၏ ကောင်းရာကောင်းကျိုး အလုပ်တွေကို လုပ်ဆောင်ကြဖို့ ရဟန်းသံဃာများကို မိန့် ညွှန်ကြားခဲ့ပြီး ဂေါတမ မြတ်ဗုဒ္ဓကိုကိုယ်တိုင်၌က စံပြနိုင်ငံရေးသမားကြီး ငြိမ်းချမ်းရေးသမားကြီးအဖြစ် ရပ်တည်သွားခဲ့သည်” ဟု စာပေကျမ်းဂန်များ၌ ညွှန်းဆိုရေးသားထားကြလေသည်။

Khaing Myo မှကူးယူဖော်ပြပေးပါသည်။

No comments:

Post a Comment