Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Thursday, June 20, 2013

ရှင်းတမ်း

















                                                ******
ဒီနေ့ ၁၈.၆.၂၀၁၃ ညနေမှာ အွန်လိုင်း facebook မှာ ဗုဒ္ဓလမ်းစဉ်ကို ဆန့်ကျင်သူ၊ အလဇ္ဇီရဟန်း၊ နာဇီ၊
လူသတ်သမားဟု စွပ်စွဲပြောဆိုနေသော ဦးဝီရသူရဲ့ တရားကို... သွားရောက်နားထောင်ခဲ့ပါတယ်။
ကျွန်မဟာ ၉၆၉ ကို ထောက်ခံသူတယောက် မဟုတ်သလို ဆန့်ကျင်သူတယောက်လည်း မဟုတ်ခဲ့တဲ့အတွက်
အများပြောသလို ဦးဝီရသူဟာ အကြမ်းဖက်ဝါဒီဟုတ်မဟုတ်ကို သိလိုတဲ့အတွက် ကိုယ်တိုင်နားထောင်ရုံသာမက အသံပါသွင်းထားခဲ့ပါတယ်။ အစမှ အဆုံးထိ နားထောင်ဖို့ လိုပါတယ်။
တရားအစမှာ ဆရာတော်က ရောဟဏီမြစ်ကို အစွဲပြုပြီး ခိုက်ရန်ဖြစ်မယ့် မင်းတွေကို တရားဟောတဲ့ ဇာတ်နဲ့

မြို့ရွာနဲ့နီးပြီး ဆွေမျိုးအင်အားမရှိလို့ လေမုန်တိုင်းထဲပါသွားရတဲ့ သစ်ပင်တွေမှာ နေမိတဲ့ ရုက္ခစိုးနတ် စတဲ့

ဇာတ်ထုပ်တွေနဲ့ အမျိုးသားရေးတရား ဖြစ်တဲ့ ဆွေမျိုးများလေ ကောင်းလေ ဆိုပြီး ဟောပါတယ်။
ထို့နောက် ပဋိပက္ခတစုံတရာ ဖြစ်လာရင် အကြမ်းဖက်တုန့်ပြန်တဲ့နည်းဟာ ဘုရားရှင်ရဲ့ ငြိမ်းချမ်းရေး မူဝါဒ ကို

ဆန့်ကျင်ပြီး ဗုဒ္ဓပုံရိပ်၊ ဗုဒ္ဓဘာသာပုံရိပ်ကို ကမ္ဘာ့အလယ်မှာ ထိခိုက်စေပြီး တရားဥပဒေစိုးမိုးရေးကို ထိခိုက်ကြောင်း၊

ဥပဒေအရသာလျှင် ဖြေရှင်းရမည်ဖြစ်ကြောင်း၊ သူတပါးအသက်ကို သတ်ဖြတ်နိုင်သော ပစ္စည်းများကို

ရောင်းဝယ်ဖောက်ကားခြင်း၊ သတ်ဖြတ်ခြင်းမှာ ဘုရားရှင် ကြိုက်နှစ်သက်သော လုပ်ရပ်များမဟုတ်ကြောင်း၊ မိမိတို့

၉၆၉မှာ အကြမ်းဖက်ရန် မဟုတ်ဘဲ ငြိမ်းချမ်းရေးကို ရှေးရှုကြောင်း၊ စွပ်စွဲပြောဆို ဝေဖန်မှုများကို ခံနေရကြောင်းလည်း

ပြန်လည်ရှင်းလင်းထားပါတယ်။
ဒီမိုကရေစီ နိုင်ငံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ဦးရွက်ပြုနေ၍ ပြည်သူများအားထားနိုင်ကြောင်း၊
အမျိုး၊ ဘာသာ၊ သာသနာအတွက် ရဟန်းရှင်လူ ပြည်သူများမှ ၀ိုင်းဝန်းအားဖြည့်ပေးရမှာ ဖြစ်ကြောင်း၊
မိမိတို့ အင်အားကြီးနေပါကလည်း အင်အားနည်းသူ ဘာသာခြားများအား အနိုင်မကျင့်သင့်ကြောင်း၊
ဘာသာခြားများအနေဖြင့် မိမိတို့ အတူယှဉ်တွဲနေထိုင်သည့် တိုင်းပြည်ကို သစ္စာစောင့်သိပါက ငြိမ်းချမ်းသော နိုင်ငံ

မဖြစ်လာနိုင်စရာမရှိကြောင်း ကို ခြင်္သေ့၊ မြေခွေး ဆွေ (၇)ဆက် ချစ်ခင်စွာ နေထိုင်ခဲ့ကြသည့် ဇာတ်ကို ပမာပြုဟော

ပြောခဲ့ပါသည်။ ထို့နောက် ဆရာတော်၏ မူဝါဒမှာ အမျိုးသား အကျိုးစီးပွါးအတွက်ဆိုလျှင် မွတ်စ်စလင်ဖြစ်နေသော်လည်း

လက်တွဲသင့် တွဲရမှာဖြစ်ကြောင်း၊ ရိုဟင်ဂျာများအနေဖြင့် တိုင်းရင်းသား ဖြစ်လိုပါက အခြားတိုင်းရင်းသားများနည်းတူ

အနည်းဆုံး မြန်မာနိုင်ငံ၏ အလံတော်ကို လေးစားခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့များသော်မှ အစိုးရကိုဦးတည်ပြီး

ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို မထိပါးခြင်း စသည့် ကျင့်ဝတ်များကို စောင့်ထိန်းနိုင်ရမှာဖြစ်ကြောင်

ဟောပြောသွားပါတယ်။
(ရဟန်းတော်တပါးကို ဆဲဆိုပြစ်တင်ခြင်းစတဲ့ ကံကြီးမထိုက်မီ မပြုမီ သူ့တရားကို ၂ နာရီလောက် အချိန်ပေးပြီး

နားထောင်ပြီးမှ ပြုလုပ်သင့်တယ်လို့ ထင်မိပါတယ်။ အွန်လိုင်းမှာ အများပြောသလို လူသတ်ဖို့ တိုက်တွန်းတဲ့

ရဟန်းတယောက်၊ အဓိကရုဏ်း ဖြစ်ပေါ်လာအောင် ဟောပြောသူ ဆိုတာကတော့ လုံးဝမဟုတ်ကြောင်း ပြောရဲပါတယ်။

မယုံဘူးဆိုရင် တရားသာ နားထောင်ကြည့်လိုက်ပါ။ ကိုယ်ပြုသောကံ ကိုယ့်ထံပြန်လာစမြဲပါ။ )
https://soundcloud.com/ei-san-san/irec-2013-06-18-20-26-38?utm_source=soundcloud&utm_campaign=share&utm_medium=facebook

No comments:

Post a Comment