Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Friday, June 28, 2013

"အစ္စလာမ်ခင်ပွန်း၏ နှိပ်စက်မှုကြောင့် ဦးခေါင်းဒဏ်ရာ (၄)ချက် ချုပ်ခဲ့ရသော မခင်မျိုးဦး ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းပွဲ ကျင်းပ"



==========================================
"ဆွမ်းလောင်း၊ ဘုရားဆွမ်းတော်ကပ်၊ ဘုရားရှိခိုးတိုင်း ပြင်းထန်စွာတားမြ...စ်ပြီး မကြားခဏရန်ဖြစ်တယ်။ ကျွန်မဦးခေါင်းကို ရိုက်ခွဲတဲ့အထိ ပြင်းထန်စွာ နာကျင်ဝေဒနာခံစားရအောင် ပြုလုပ်တယ်။ နေမကောင်းဖြစ်ရင်လည်း ဆေးခန်းပို့မပေးဘူး။ စိတ်ဆင်းရဲပြီး သေအောင်သတ်မယ်လို့ အကြိမ်ကြိမ် ကျိန်းမောင်း ပြောဆိုခဲ့ပါတယ်"ဟု ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းသူ မခင်းမျိုးဦးက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ တိပိဋကနိကာယ်ကျောင်းတိုက်တွင် (၂၃-၆-၂၀၁၃) တနင်္ဂနွေနေ့၊ ညနေ ၃း၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သော ဗုဒ္ဓဘာသာပြန်လည်ကူးပြောင်းပွဲ အခမ်းအနားတွင် စာနယ်ဇင်းများ၏ မေးမြန်းချက်များတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။ မခင်မျိုးဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းကျယ်လူးရွာ ဇာတိဖြစ်၍ အဖွား ဒေါ်ပြုံးရင်နှင့် အတူနေထိုင်ကာ မူလတန်းပညာကို သင်ယူရင်း ကျောင်းထွက်၍ အသက် (၁၈)နှစ်တွင် အမဲသားသည် ကိုကာတင်နှင့် တွေ့ဆုံကာ ခိုးရာလိုက်ပြီး အစ္စလာမ်ဘာသာဝင် အဖြစ်သို့ ခံယူခဲ့ရခြင်းဖြစ်သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကာ ရှေ့နေဦးအေးပိုင်မှ မခင်မျိုးဦး ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာရခြင်းအကြောင်းကို ရှင်းပြကာ ရွှေရတု တိပိဋကဓရ ဆရာတော်ကြီး ဦးသီလက္ခန္ဓာဘိဝံသမှ သြဝါဒကထာကို မိန့်ကြားရာတွင် "ရှေးဦးစွာ စကားကို စွန့်လွတ်ရတယ်။ နောက်တော့ စိတ်ထဲကနေ စွန့်လွတ်ရတယ်၊ နောက်ဆုံးမှ အယူဝါဒကို စွန့်လွတ်ရတယ်"ဟု လမ်းပြညွန်ကြားတော်မူသည်။ ထို့နောက် မခင်မျိုးဦးမှ ဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ၊ ပစ္စာသမဏ ဆရာတော်၊ ဒဂုံအရှေ့ ကေသရာရာမဆရာတော် အရှင်ကေသရ၊ မင်္ဂလာမဏ္ဍိုင်ဆရာတော်၊ ဒဂုံအရှေ့ မာဂဓီသာစည်ဆရာတော် အရှင်နေမိန္ဒ စသည့် ဆရာတော် (၅)ပါးရှေ့တွင် ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းလိုကြောင်း လျှောက်ထားပြီး မင်္ဂလာမဏ္ဍိုင်ဆရာတော်ထံမှ (၅)ပါးသီလ ဆောက်တည်ကာ ရတနာမြတ်သုံးပါးနှင့် သရဏဂုံးအကျိုးကို ရှင်းလင်းမိန့်ကြားတော်မူသည်။ ဆက်လက်၍ ကေသရာရာမဆရာတော် အရှင်ကေသရမှ ဗုဒ္ဓဘာသာဝင် ဖြစ်ရခြင်း၏ မြင့်မြတ်ပုံအကြောင်းကို မိန့်တော်မူ၍ မခင်မျိုးဦးက ရတနာသုံးပါး ဆည်းကပ်ကိုးကွယ်ခြင်း သရဏဂုဏ်နှင့် သီလကို ပေးကာ မင်္ဂလာမဏ္ဍိုင်ဆရာတော်နှင့် ကေသရာရာမဆရာတော် တို့ရှေ့တွင် ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းခြင်း စာချုပ်ကို လက်မှတ်ရေးထိုးပါသည်။ ဆရာတော်များမှလည်း အသိအမှတ်ပြု ပြန်လည်ရေးထိုးခဲ့သည်။ ထို့နောက် ဖခင် ဦးမျိုးတင့်နှင့် ဦးလေး ဦးဝင်းသိန်းတို့မှ မခင်မျိုးဦး ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းခြင်း အတွက် ဝမ်းသာစကားပြောကြားခဲ့သည်။ ထို့နောက် ထေရဝါဒ ဓမ္မကွန်ယက် သဘာပတိ ဆရာဦအောင်ကြိုင်မှ ဆုံးမစကားပြောကြားကာ စာနယ်ဇင်းများမှ မေးမြန်းသမျှကို မခင်မျိုးဦးက ပြန်လည် ဖြေကြားခဲ့သည်။
ဆက်လက်၍ မခင်မျိုးဦးကို ဝိသာခါ သီလရှင်ကြီး ဒေါ်ကိဿရထေရီ မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုကြောင်း မိန့်ကြား၍ ငွေ ကျပ် (၅၀၀၀၀)လှူဒါန်းခဲ့သည်။ ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းပွဲနဲ့ ပတ်သက်၍ ထေရဝါဒ ဓမ္မကွန်ယက်မှ နာယကဆရာတော်တစ်ပါးဖြစ်သော အရှင်နေမိန္ဒ က "ဒီလို ဗုဒ္ဓဘာသာ ပြန်လည်ကူးပြောင်းပွဲတွေကို တရားဝင် ထင်ထင်ရှားရှားပြုလုပ်ပေးတာဟာ အင်မတန်ကောင်းမွန်လှပါတယ်။ ဘာလို့လဲ ဆိုရင် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတွေဟာ ဟိရိ သြတပ္ပ တရား အလွန်ကြီးမားကြတော့ ပြန်လည်ကူးပြောင်းချင်ပါလျက် အရှက်အကြောက်တရားကြောင့် မကူးပြောင်းရဲကြသူတွေလည်း ကူးပြောင်းဖို့ အခွင့်အလမ်းတွေ ရရှိသွားကြတာပေါ့။ ဆရာတော်တို့ကတော့ ကိုယ့်ဗုဒ္ဓဘာသာသို့ ပြန်လည်ကူးပြောင်းလာကြမယ့် လူတွေကို နွေးထွေးစွာ ကြိုဆိုနေကြဆဲ ဖြစ်ပါတယ်"ဟ ရီပိုတာဂျာနယ်သို့ မိန့်ကြား ပြောဆိုခဲ့သည်။
တင်ထွန်းအေး
(The Reporter- NEWS JOURNAL. 30-June- 2013-ပါ သတင်းဖြစ်ပါသည်။)
See more

No comments:

Post a Comment