Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Monday, May 20, 2013

မြတ်စွာဘုရားသာသနာ ဗုဒ္ဓဂယာကို မွတ်ဆလင်တို့ ဖျက်ဆီးပုံ အပိုင်း(၂)

မြတ်စွာဘုရားသာသနာ ဗုဒ္ဓဂယာကို မွတ်ဆလင်တို့ ဖျက်ဆီးပုံ အပိုင်း(၂)



မိဂါဒဝုန်ကို မွတ်ဆလင်များ ဖျက်ဆီးပုံ



ဗာရာဏသီမြို့တွင်း၌ သောင်းကျန်းမွှေနှောက်ခဲ့ပြီးသော 
မွတ်ဆလင်စစ်သည်တော်တို့သည်လည်း မြတ်စွာဘုရား

ရှင်၏ဓမ္မစကြာတရားဦးကို ဟောတော်မူရာ မိဂဒါဝုန်တောသို့ တစ်ဟုန်တည်း 
ချီတက်လာပြီးလျှင် ကျောင်း, စေတီ

စသော အဆောက်အအုံတို့ကို ရက်ရက်စက်စက် 
စတင်ဖျက်ဆီးလေတော့သည်။၎င်းတို့၏ဖျက်ဆီးမှုကြောင့် ကျောင်း၊

စေတီ၊ ပုထိုးစသော အဆောက်အအုံတို့မှာ လက်ရှိအခြေအနေသို့ ရောက်ရလေသည်။



(A Guide to Buddhist ruins of Sarnath, By Daya Ram Sahni, M.A, Director 
General of Archaeology in India). Page No.5

The monastic settlement of Sarnath continued in use until the end of the
 12th century when it was

devastated in 1194 A.D, By Mohammed Ghory when his general Qutb-ud-din 
defeated Jaya Chandra,

the raja of Benares, and destroyed a large number of temples and images.
 မြို့



မစ္စတာဒယာရာမ်ရှဟနီအမ်၊ အေ၏မိဂဒါဝုန်လမ်းညွှန်ခေါ်သောစာအုပ် စာမျက်နှာ ၅-တွင် 
ရေးသားထား

သည်မှာ-

''မိဂဒါဝုန်ရှိ ကျောင်းတော်များကို ခရစ် ၁၂-ရာစု ကုန်ခါနီးဖြစ်သော 
၁၁၉၄-ခုနှစ်အထိ ဆက်လက်အသုံးပြု

ခဲ့လေသည်။၎င်းနှစ်တွင် မိုဟာမက်ဂေါ်ရီ၏ဗိုလ်မှူးကြီးတစ်ဦးဖြစ်သူ 
ကုတ်ဘွဒ္ဒိန်သည် ဗာရာဏသီရှင်ဘုရင် ဘုရင်

ဇယချန္ဒရမင်းအား သတ်ဖြတ်၍ များစွာကုန်သော စေတီများ၊ 
ကျောင်းများနှင့်ရုပ်တုတော်များကို ဖျက်ဆီးပစ်သည့်တိုင်

အောင် ဖြစ်လေသည်။

(ဆိုလိုရင်းမှာ ဇယချန္ဒရမင်းကျဆုံးပြီးနောက် မွတ်ဆလင်တို့ ဖျက်ဆီးပစ်သော 
အဆောက်အအုံပေါင်းများစွာတို့

တွင် မိဂဒါဝုန်အဆောက်အအုံများလည်း ပါဝင်လေသည်ဟုဆိုလို၏။)



It has been stated above that the final destruction of Sarnath Buildings
 was presumably the work

of Mohammed Ghory and the condition of the remains that have been 
unearthed shows clearly that their

overthrow was due to a violent catastrophe accompained with thunder and 
fire.



အဓိပ္ပါယ်။ ။ထိုအကြောင်းနှင့်စပ်လျဉ်း၍ သိရှိရသည်မှာ 
မိဂဒါဝုန်ရှိကျောင်းတော်ကြီးများ အကြွင်းမဲ့

ပျက်စီးရခြင်းမှာ မိုဟာမက်ဂေါ်ရီ၏လက်ချက်ကြောင့်ဖြစ်သည်။ 
မွတ်ဆလင်တို့၏မီးစသော လက်နက်တို့ဖြင့် ကြောက်မက်

စဖွယ် ဖျက်ဆီးခဲ့ကြောင်းကို ယခုပေါ်လျက်ရှိသော အဆောက်အအုံ အကြွင်းအကျန်များက
 ထင်ရှားစွာ ဖေါ်ပြထားလေ

သည်။ 



Major Kitto's excavations gave ample proof of the fact that the 
monastery had been destroyed by

a great fire applied by the hands of hostile invaders. The conflagration
 was "So sudden and rapid as to

force the monks to abandon their very food", for the explorer found
 "the remains of ready-made wheaten

cakes in a small recess". I myself found in the two cells referred 
to above several earthen pots containing

remnants of cooked rice.



အဓိပ္ပါယ်။ ။''မေဂျာကစ်တိုးက ရေးသားဖေါ်ပြသည်မှာ ကျူးကျော်ဝင်ရောက် 
တိုက်ခိုက်သော ရန်သူတို့သည်

ကျောင်းတော်ကြီးကို မီးရှို့၍ စင်စစ်မသွေ ဖျက်ခဲ့လေသည်။ ရုတ်တရက် 
လောင်ကျွမ်းလာသော မီးကြီး၏အရှိန်ကြောင့်

ရဟန်းတော်များမှာ စားနေသော အစားအစာကိုပင် စွန့်လွှတ်ရလေသည်။ 
သွားရောက်ရှာဖွေသူတို့သည် ဂျုံဖြင့်ပြုလုပ်

ထားသော ကိတ်မုန့်များကို အခန်းငယ်ကလေးများတွင် တွေ့ရှိရလေသည်။ ထိုအခန်းငယ် 
၂-ခန်းထဲ၌ ကျွန်ုပ်ကိုယ်တိုင်

ချက်ထားသောထမင်းများပါဝင်သော မြေအိုးကလေးများကို တွေ့ရှိရသေး၏။''  



(History of Benares by Prof. A. H. Altekar, M.A,L.L.B., D.Litt).

Page No.23

The prosperity of Benares was destined to come soon to an end. King Jaya
 Chandra, who was

ruling Kananj at the time of the invasion of Mohammed Ghory, was unable 
to drive back the invaders

Kanauj was conquerd by Mohammed in 1193. We are told that a thousand 
temples of Benares were destroyed

and Masjid were built over their sites....and 1,400 camels were required
 to carry the plunder.



အဓိပ္ပါယ်မှာ။ ။''ဗာရာဏသီပြည်ကြီး၏ ချမ်းသာကြွယ်ဝမှုသည် မကြာမီပင် ပျက်စီးရန်
 ကံကြမ္မာဖန်တီးပေးလေ

တော့သည်။ မိုဟာမက်ဂေါ်ရီသည် ကာသိကရာဇ်တိုင်း ဗာရာဏသီမြို့ကို တိုက်ခိုက်စဉ်က
 ဘုရင်ဇယချန္ဒရမှာ ကျူး

ကျော်ဝင်ရောက် တိုက်ခိုက်သူတို့ကို မတွန်းလှန်နိုင်လေရကား ၁၁၉၃-ခုနှစ်တွင် 
ဂေါ်ရီသည် ကာသိကရာဇ်တိုင်းကို

အောင်မြင်လေတော့သည်။ ကျွန်ုပ်တို့ ကြားဖူးသလောက်မှာ သူသည် ဗာရာဏသီမြို့ရှိ 
များစွာသော စေတီ၊ ပုထိုးများ

ကို ဖျက်ဆီး၍၄င်းနေရာများတွင် ဗလီကျောင်းများ ဆောက်လုပ်ကြပေတော့သည်။ 
တိုက်ခိုက်လုယက်၍ရသော ပစ္စည်း

များကို ကုလားအုပ်ပေါင်း ၁၄ဝဝ-နှင့်သယ်ဆောင်သွားလေသည်။''

ဤသို့လျှင် ဆရာအမျိုးမျိုးတို့ ရေးသားကြသည်ကို ထောက်ချင့်၍ 
ဗာရာဏသီမြို့နှင့်မိဂဒါဝုန်တောရှိ အဆောက်

အအုံတို့မှာ မွတ်ဆလင်တို့၏လက်ချက်ကြောင့် ပျက်စီးရလေကြောင်း ထင်ရှားလေသည်။ 
မိဂဒါဝုန်တောကို မွတ်ဆလင်တို့

သည် ၂-ကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်လေတော့သည်။၎င်းတို့မှာ 
မဟာမက်ဂါဇနီနှင့်မဟာမက်ဂေါ်ရီတို့ ဖြစ်လေ

သည်။ ပထမဝင်ရောက်တိုက်ခိုက်ခဲ့သူကား အကြွင်းမဲ့မဖျက်ဆီးခဲ့ချေ။ 
အနည်းငယ်မျှသာ ဖျက်ဆီး၍ ပစ္စည်းများနှင့်

ဘုရားဘဏ္ဍာတော်များကို လုယူသွားပေသည်။

နောက်ထပ်ဖျက်ဆီးသူ ဂေါ်ရီသည်သာလျှင် နာလန်မထူနိုင်အောင် ဖျက်ဆီးပစ်လေသည်။ 
ရဟန်းတော်များမှာ

ဆွမ်းစားနေဆဲတွင် အသတ်ခံကြရရှာလေသည်။

(Natabats History of India)ခေါ်စာအုပ်တွင် ဘုန်းတော်ကြီးများအား 
စစ်သားများဟု အထင်မှားခြင်းကြောင့်

သတ်ပစ်လေသည်ဟူ၏။ ဤစကားမှာ ယုတ္တိမရှိ။ အကယ်၍ ဤဌာနရှိ ရဟန်းတော်များအား 
စစ်သားများဟု အထင်

မှားလေသည်ဖြစ်အံ့။ တခြားနေရာရှိ သံဃာတော်တို့မှာ လွတ်စရာအကြောင်းရှိသည်။ 
တခြားဌာနရှိ ရဟန်းတော်တို့မှာ

လည်း ဤကံကြမ္မာနှင့်ဆုံစည်းကြရလေသောကြောင့်၎င်းစကားမှာ ယုတ္တိမရှိနိုင်။ 
တကယ့်စေတနာနှင့်သတ်ခြင်းသာ

ဖြစ်လေသည်။ ကုလားအုပ်ပေါင်း ၁၄ဝဝနှင့်ယူဆောင်သွားသော ဘဏ္ဍာတော်များမှာ 
မိဂဒါဝုန်တောရှိ ကျောင်းတော်

များမှ အများဆုံးပါဝင်ပေသည်။

ရန်သူမွတ်ဆလင်မင်းတို့ ဖျက်ဆီးပစ်ခဲ့သော မိဂဒါဝုန်အဆောက်အအုံတို့မှာ ခရစ် 
၁၂-ရာစုမှစ၍ ၁၇-ရာစုထိ

မြေကြီးထဲ၌ မြုပ်လျက်ရှိခဲ့သော်လည်း ပတ်ဝန်းကျင်ရှိ ရပ်သူရွာသားများသည် 
ထိုအဆောက်အအုံများမှ ပစ္စည်းတို့ကို

မည်သည့်အခါမှ ထုတ်ယူအသုံးမပြုခဲ့ချေ။ ရာဇဝင်တစ်ခါပြောင်း၍ 
အင်္ဂလိပ်လက်ထက်သို့ ရောက်လတ်သော် မက္ကင်ဇီ

ဆိုသူ ကျောက်စာဝန်ကြီးသည် ခရစ် ၁၈၁၅-ခုနှစ်တွင် ဤနေရာကို စတင်တူးဖော်လေသည်။
 တစ်ဖန် ဆာအလက်ဇန္ဒား

ကာနင်ဂန်သည် ခရစ် ၁၈၄၅-ခုနှစ်တွင် ဆက်လက်တူးဖော်ပြန်လေသည်။ ထိုပုဂ္ဂိုလ်ကြီး
 တူးဖော်ခဲ့စဉ်က ရရှိခဲ့သော

ပစ္စည်းအချို့ကို မိဂဒါဝုန်ပြတိုက်၌ သိမ်းဆည်းထား၍ အချို့ကိုမူ 
ကာလကတ္တားပြတိုက်ကြီးသို့ ပို့လေသည်။ ဤသို့တူး

ဖော်သောအခါ ကျောက်အုတ်များစွာတို့ကို ဗာရာဏသီမြို့သို့ ယူဆောင်ပြီးလျှင် 
ကွိင်းကောလိမ်၊ ဝရုနာမြစ်ရှိ ဒွန်ကင်

တံတားဘူတာရုံစသည်တို့ကို ဆောက်လုပ်ကြလေသည်။ ဝရုနာမြစ်ရှိ 
ရေကာတံတိုင်းကြီးကိုလုပ်ရာ၌လည်း ဘုရားရုပ်ပွား

တော် တစ်ဖက်ပါသော ကျောက်စာပေါင်း ၄၈-ချပ်နှင့်ပန်းပုပန်းနွယ်ပါသော 
ကျောက်ချပ်ပေါင်းများစွာတို့ကို အသုံးပြု

လေသည်။ ယခု ကျွန်ုပ်တို့ခေတ်မှာပင် ဤကဲ့သို့ အသုံးချကြသည်ကို 
တွေ့ရခြင်းဖြင့် ရှေးကမည်ရွေ့မည်မျှ အသုံးချခဲ့

ပြီနည်းဆိုတာကို တွေးဆစရာကြီးတစ်ခုပင် ဖြစ်လေသည်။ 

မွတ်ဆလင်တို့ ဖျက်ဆီးခြင်းကြောင့် ပြိုပျက်၊ ကျိုးပဲ့လျက်ရှိသော 
ရုပ်တုတော်များ၊ သပိတ်ကွဲ၊ အိုးကွဲ၊ အိုးခြမ်းများ

ကို ယခုအခါ ကျောက်စာဘက်ဌာနမှ ဆောက်လုပ်ထားသော ပြတိုက်ထဲတွင် ကျွန်ုပ်တို့ 
ဖူးမြင်ကြရသည်။ ထိုပြတိုက်ထဲ

၌ အာသောကကျောက်စာတိုင်မှ ကျောက်ခြင်္သေ့ရုပ် သုံးပွင့်ဆိုင်ကြီးလည်းရှိ၏။ 
ကျောက်စာများလည်း ရှိ၏။ ကျယ်ပြန့်

လျက် သာယာနာပျော်ဖွယ်ရှိသော ကျောင်းတော်ကြီးများကား အုတ်နံရံကြီးများ၊ 
သမံတလင်းများဖြင့် ပြိုလျက်ရှိလေရာ

လာရောက်ဖူးမြော်ကြသူ ဗုဒ္ဓဘာသာဝင် သူတော်စင်တိုင်း ရှေးခေတ်ကို ပြန်လည် 
တ,သလွမ်းဆွတ်ရလေသည်။ ဤဌာန

ကို ဖူးမြင်ရသူတိုင်း ကျွန်ုပ်တို့သန္တာန်၌ ထကြွလေ့ရှိသော သောကတည်းဟူသော 
ဒီလှိုင်းကြီးကို သံဝေဂတရားဖြင့်ကာ

ဆီးရပေသတည်း။



(From the report of a tour in the Gorakhpur District, By A.C.L.Cirlcyle 
in 1875-1876 and 1876-

1877. Pages 62-63)

Kushinagar Temple

............In the inner doorway of the temple itself I made an 
interesting discovery, In two hollows on

each side at the lower part of the temple, I found the acient cupshaped 
iron pivots hinges. I found some

fragments of back charred wood which showed that the door had been 
destroyed by fire; and as numerous

bones and various charred substances were found in the outer chamber as 
well as in both doorways.

It was evident that Buddhism had been destroyed by fire and sword.



မစ္စတာကလိတ်၏ ဂိုရတ်ပူဒိစတြိတ် ခရီးစဉ်စာအုပ် စာမျက်နှာ ၆၂၊ ၆၃တွင် 
ရေးသားထားသည်မှာ



ကုသိနာရုံကျောင်းတော်

''ကုသိနာရုံဘုရားကျောင်းတော်ကြီး၏အတွင်းတံခါးဘက်တွင် ကျွန်ုပ်သည် 
စိတ်ဝင်စားဖွယ်ရာတစ်ခုကို တွေ့

ရှိရပေသည်။ ကျောင်းတော်ကြီး၏အောက်တံခါး ၂-ဘက်တွင် အခေါင်းကြီး 
၂-ခုရှိလေသည်။ ထိုအခေါင်းများထဲ၌ ရှေး

ဟောင်းတံခါးများတွင် တပ်ဆင်ခဲ့သော ရှေးဟောင်းပုံစံရှိသော 
သံပတ္တာများနှင့်မီးသွေးအစအနများကို တွေ့ရှိရ၏။ ထို့

ပြင် များစွာသော အရိုးများနှင့်မီးလောင်ကျွမ်းထားသော အရာဝတ္ထုများကိုလည်း 
အပြင်ရှိတံခါးဝကြီးနှစ်ဖက်စလုံးတွင်

တွေ့ရှိရသေး၏။ ထိုသို့တွေ့ရှိရသော မီးသွေးများ၊ 
လူရိုးများနှင့်လောင်ကျွမ်းထားသောအရာဝတ္ထုများကို တွေ့ရှိရခြင်းဖြင့်

ကျောင်းတော်ကြီးကို မီးရှို့ဖျက်ဆီးလေကြောင်း ထင်ရှားလေသည်။ ဗုဒ္ဓဘာသာကို 
မီးနှင့်ဓားလက်နက်တို့က အစတုံး

အောင် ဖျက်ဆီးပစ်လေသတည်း''။

အထက်ပါစကားရပ်များအရ ကုသိနာရုံကျောင်း၊ စေတီ၊ ပုထိုးများကို မီးစသော 
လက်နက်တို့ဖြင့် ဖျက်ဆီးလေ

သောကြောင့် ပျက်စီးရကြောင်း ထင်ရှားလေသည်။ အဘယ်သူသည် ဖျက်ဆီးလေသနည်းဟူသော 
လက်သည်ကို ဖော်

ထုတ်ရန် လိုပေသည်။ ထိုသူကား မဟာမက်ကုတ်ဘွဒ္ဒိန်အဲဘတ် ဖြစ်သည်။ သူသည် ခရစ် 
၁၁၉၇-ခုနှစ်တွင် အောက်(ဒ်)

နှင့်တရဟုတ်နယ်အပါအဝင်ဖြစ်သော ကုသိနာရုံဘက်သို့ ချီတက်တိုက်ခိုက်လေရာ 
တစ်လအတွင်း သိမ်းပိုက်မိလေသည်။

ထိုရောအခါက ကုသိနာရုံဌာန၌ ကျောင်းကြီးငယ်ပေါင်း ၃ဝ၊ စေတီ 
၈-ဆူနှင့်သံဃာတော်ပေါင်း ၃ဝဝ-ခန့် နေထိုင်သီ

တင်းသုံးကြလေသည်။ ထိုသူသည် ကျောင်းရှိသံဃာတော်တို့အား ဝါဝါမြင်သမျှ 
လိုက်လံသတ်ဖြတ်လေသော် ရဟန်းတော်

အရှင်မြတ်တို့မှာ ဘုရားပရိနိဗ္ဗာန်ပြုရာဂူကြီးထဲသို့ ဝင်ပြေးကြလေသည်။ 
ထိုသို့ဝင်ပြေးသောရဟန်းတော်တို့အား အပြင်

ဘက်မှ တံခါးများကိုပိတ်ကာ မီးရှို့၍သတ်လေရာ သံဃာတော်အရှင်မြတ်တို့မှာ 
မီးပုံကြီးထဲ၌ တဗုန်းဗုန်းလဲကာ သေပွဲ

ဝင်ကြရရှာလေသည်။ မစ္စတာကလိတ် တူးဖော်၍ရရှိသည်ဆိုသော အရိုးများကား 
ထိုရဟန်းတော်များအရှင်မြတ်တို့၏

အရိုးများပင်ဖြစ်သည်။ မစ္စတာကလိတ်က ကုသိနာရုံဖျက်ဆီးပစ်သူလက်သည်ကို 
ထုတ်ဖော်မရေးသားသော်လည်း မဟာ

ဗောဓိအသင်းကြီး၏စက္ကတေရီချုပ်ကြီး ဒေဝပြိယကမူ ကုသိနာရုံကို ဖျက်ဆီးသူတို့မှာ
 မွတ်ဆလင်များဖြစ်သည်ဟု၎င်း၏

(Buddhist Shrines in India) ခေါ်စာအုပ်တွင် ရေးသားထားလေသည်။ ထို့ကြောင့် 
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး

ပရိနိဗ္ဗာန်ပြုရာဌာနကြီးတစ်ခုပင်ဖြစ်သော်လည်း မွတ်ဆလင်တို့စက်ကွင်းမှ 
မလွတ်ကင်းနိုင်သဖြင့် ဤသို့ဖြစ်ရပါတကားဟု

သံဝေဂယူကြပါကုန်။

ယခုအထင်အရှား တွေ့မြင်ရသော အဆောက်အအုံများမှ ကျောင်းတော်ပျက်ကြီးများ၊ 
စေတီကြီးတစ်ဆူ၊ ပရိ

နိဗ္ဗာန်လိုဏ်ဂူကြီးတစ်ခု၊ မာထဂူဝခေါ်ဘုရားတစ်ဆူနှင့်တေဇောဓာတ်လောင်ကျွမ်းရာ 
ကုန်းတော်ပေါ်ရှိ စေတီတော်ကြီး

တို့ဖြစ်သည်။



သာဝတ္ထိ



သာဝတ္ထိမြို့တော်မှာ ပသေနဒီကောသလမင်းကြီး၏ထီးနန်းစိုက်ရာ မြို့တော်ကြီးဖြစ်၍
 ထိုခေတ်က လူဦးရေ

၇-ကုဋေမျှနေထိုင်ကြလေသည်။ ဗုဒ္ဓရှင်တော်ဘုရားသည် ၁၈-ဝါကာလပတ်လုံး 
သီတင်းသုံးတော်မူခဲ့သော နေရာဖြစ်

ခြင်းကြောင့် ဗုဒ္ဓဘာသာကျမ်းဂန်တို့၌ အလွန်ထင်ပေါ်လေသည်။ သာဝတ္ထိပြည်တွင် 
ထင်ရှားခဲ့သော အဆောက်အအုံ

ကြီးများကား အနာထပိဏ်သူဌေးကြီး၏ကောင်းမှုတော်ဖြစ်သော ဇေတဝန်ကျောင်းတော်ကြီး 
မိဂါရမာတာဘွဲ့ထူးခံဝိသာ

ခါဒါယိကာမကြီး၏ကောင်းမှုတော် 
ပုဗ္ဗာရုံကျောင်းတော်ကြီးနှင့်ပသေနဒီကောသလမင်းကြီး၏နန်းတော်များဖြစ်သည်။

ဤမျှကျော်စောထင်ပေါ်ခဲ့သော သာဝတ္ထိပြည်ကြီးသည် ခရစ်သုံးရာအတွင်း ဆုတ်ယုတ်၍ 
အိမ်ခြေ ၂ဝဝ-မျှသာြွကင်း

ကျန်ပြီးလျှင် ခရစ် ၆-ရာစုအတွင်းကျသော ဆာဆင်္ကမင်းလက်ထက်တွင် 
လုံးဝပျက်စီးသွားရလေသည်။ မွတ်ဆလင်များ

ဖျက်ဆီးချိန်၌ကား မရှိတော့ပြီ။ ယခုအခါ ဤမြို့၏အရှေ့ဘက်မျက်နှာကို 
အစီရဝတီမြစ်ရေစားခြင်းကြောင့် မိုင်ဝက်

ခန့် ရေထဲကျသွားလေပြီ။ ထိုမြို့ရှိ ဇေတဝန်ကျောင်းတော်ကြီးကို 
ကျောက်စာဘက်ဌာနကတူးဖော်ရာတွင် ကျောင်းတော်

ကြီးနှင့်တကွ ဂန္ဓကုဋီတိုက်လေးလုံး ညောင်စောင်းတော်ကြီးတစ်ခု 
ပေါ်ထွက်ကုန်သည်။ အရှင်သာရိပုတ္တရာ၏ဓာတ်တော်

စေတီတစ်ဆူ၊ အာနန္ဒာဗောဓိပင်တော်နှင့်ရေတွင်း၊ ရေကန်များလည်း ပေါ်ထွက်ကုန်၏။ 
ယခုသွားရောက်ဖူးမြော်လိုသူတို့မှာ

ဤအခြေအနေကိုသာ မြင်ရတော့မည်ဖြစ်၍ ရှေးခေတ်ကို အာရုံပြု၍သာ 
ဖူးမြော်ကြပါကုန်။

မွတ်ဆလင်တို့သည် အိန္ဒိယပြည်တစ်ဝန်းရှိ သာသနာတော်ကို အနှံ့အပြား ရက်စက်စွာ 
ဖျက်ဆီးကြလေသည်။ ထို

သို့ဖျက်ဆီးသည်ကို ခရေစေ့တွင်းကျ သိနိုင်ဖို့ရာကား မလွယ်လှပေ။ 
ရာဇဝင်ပညာနှင့်အသက်မွေးမြူကြသော ပရိုဖက်

ဆာကြီးတို့သည်ပင်လျှင် ကုန်စင်အောင်မသိကြချေ။ ထို့ကြောင့် ကျွန်ုပ်သည် 
ရှာဖွေစုဆောင်း၍ရရှိအပ်သော အကိုးအကား

များဖြင့် သိသလောက်ကို ရေးသားရပေသည်။



Bihar and Orissa District Gazetters(Patna)

By L.S.S.O., Malley, I.C.S., Page No.20

The Mohammed Conquest

The Buddhism of Magadha was finally swept away by the Mohammed invasion 
under Bakhityar

Khilji. In 1197, the capital, Bihar was seized by a small number of two 
hundred horse men, who rushed the

postern gate and sacked the twon. The slaughter of the "shaven 
headed Brahmins" as the Mohammed

chronicle called the Buddhist monks, was so complete that when the 
victor searched for someone capable

of explaining the contents of the monastic libraries, not a living man 
could be found who was able to do so,

"It was discovery," it was said, "that the whole place 
and city was a place of study" * A similar fate befell

the other Buddhist institution, against which the combined intolerance 
and rapacity of the invaders were

directed. The monasteries were sacked and monks slain. Many of the 
temples were idols were broken

and trodden underfoot. Those monks who escaped from the sword fled to 
Tibet, Nepal and southern

India, and Buddhism as a popular religion in Bihar, its last abode in 
northern India was finally destroyed.

Thence forward Patna passed under the Mohammedan rule.



မစ္စတာမာလေ၏ဘီဟာနှင့်သြရိစ္စဂဇက်တီယာ စာမျက်နှာ နံပါတ် ၂ဝ-



မဟာမေဒင်များ ပါဋလိပြည်ကို နိုင်နင်းခြင်း



အဓိပ္ပါယ်။ ။''မာဂဓတိုင်း ဗုဒ္ဓသာသနာတော်သည် ဘတ်တီယာခိလဂျီ အမှူးရှိသော 
မဟာမေဒင်များ

ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် ပျက်စီးခြင်းသို့ ရောက်ရလေသည်။ သူတို့သည် 
ခရစ် ၁၁၉၇-ခုနှစ်တွင် မဂဓတိုင်း၊

ပါဋလိပုတ်မြို့တော်ကြီးကို မြင်းစီးစစ်သား ၂ဝဝ-မျှဖြင့် မြို့တံခါးကြီးမှ 
ဝင်ရောက်ကာ သိမ်းပိုက်လေသည်။ မဟာမေဒင်

မှတ်တမ်းများတွင် ဗုဒ္ဓဘာသာဘုန်းကြီးများဟု ခေါ်ဆိုထားသော 
ဦးပြည်းခေါင်းတုံးပုဏ္ဏား(မဟာယာနရဟန်းကို ဆိုလို

သည်။)ကို အစပျောက်အောင် သတ်ဖြတ်ကြလေရာ ကျောင်းတော်များရှိ 
ပိဋကတ်တိုက်များတွင် ပါဝင်သောအကြောင်း

အရာများကို ပြောပြခြင်းငှာ စွမ်းဆောင်နိုင်သောသူများကို ရှာဖွေပါသော်လည်း 
ရဟန်းတော်တစ်ပါးကိုမှလည်း မတွေ့

ရတော့ချေ။ ဤအကြောင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ သိရှိရသလောက်မှာ 
မြို့တော်ကြီးတစ်ခုလုံးသည် ပညာသင်ကြား

ရာ ဌာနကြီးဖြစ်လေသည်။ ချီတက်တိုက်ခိုက်သူတို့၏ဒေါသအဟုန်ကြောင့် တခြားသော 
ဗုဒ္ဓဘာသာအဆောက်အအုံတို့

သည်လည်း အထက်ပါပျက်စီးခြင်းကံကြမ္မာနှင့် တွေ့ကြုံခံစားရလေသည်။ သူတို့သည် 
ကျောင်းများတို့ကို သိမ်းပိုက်ခြင်း၊

ရဟန်းတော်များအား ရက်စက်စွာ သတ်ဖြတ်ခြင်း၊ စေတီပုထိုးများကို 
ရက်စက်ကြမ်းကြုတ်စွာ ဖျက်ဆီးချေမှုန်းခြင်း၊ ရေ

တွက်ခြင်းငှာ မစွမ်းနိုင်သော ရုပ်တုတော်များအား ရိုက်ချိုးခြင်း၊ 
ခြေနှင့်နင်းခြင်းစသည်တို့ကို ပြုလုပ်လေရကား ဓား

ဘေးမှ လွတ်မြောက်ကြရှာသော ရဟန်းတော်တို့မှာ တိဗက်၊ 
နိပေါလ်နှင့်အိန္ဒိယပြည်တောင်ပိုင်းသို့ ထွက်ပြေးကြလေ

သည်။ မြောက်ပိုင်းအိန္ဒိယ၌ နောက်ဆုံးတည်ရှိခဲ့၍ ဘီဟာခေါ်မဂဓနယ်တွင် 
နိုင်ငံတော်ဘာသာဖြစ်ခဲ့ဖူးသော ဗုဒ္ဓဘာ

သာသည် နောက်ဆုံးပျက်စီးခြင်းသို့ရောက်ရလေသည်။ ယင်းသည့်အခါမှစ၍ 
ပဋနာ(ပါဋလိပုတ်)ပြည်သည် မဟာမေ

ဒင်တို့ အုပ်ချုပ်ခြင်းကို ခံရလေသည်။''

အထက်ပါ ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးမှုတွင် 
အသောကမင်းတရားကြီး၏ကောင်းမှုတော်များဖြစ်သော မဟာ

စေတီ၊ အသောကာရုံကျောင်း စသော အဆောက်အအုံပေါင်းများစွာ ပါဝင်ပျက်စီးရလေသည်။ 
ယခု ကျွန်ုပ်တို့သွား

ရောက်ကြည့်ရှုသောအခါ မောရိယမြို့တော်ဖြစ်သော ပါဋလိပုတ်မြို့ရာကြီးကို 
အထင်အရှား မတွေ့ရတော့ချေ။ ရှေး

ဟောင်း ပါဋလိပုတ်ပြည်သည် ယခုရှိနေသော ပါဋနာမြို့၏အောက် ၂၄-ပေခန့်တွင် 
မြုပ်လျက်ရှိသည်ဟု ကျောက်စာ

ဘက်ဌာနမှ ယူဆထားလေသည်။ ပါဋနာစီတီအရှေ့ဘက် ဖာလုံဝက်လောက်တွင် 
စေတီကြီးတစ်ဆူကို တွေ့ရ၏။၎င်း

စေတီကြီး၏အထက်ပိုင်းကို မွတ်ဆလင်တို့က ဖြိုဖျက်ပြီးလျှင် ဗလီတိုက်ကြီးတစ်ခု
 ဆောက်လုပ်ထားလေသည်။

မဟာမေဒင်တို့သည် ဘီဟာမြို့ကို အောင်မြင်စဉ် ကျောင်းတော်များကို 
လုယက်ဖျက်ဆီးပြီးလျှင်

ဘတ်တီယာခိလဂျီသည် ရဟန်းတော်များအား သတ်ဖြတ်ပစ်လေသည်။ သို့သော် ဘီဟာမြို့သည်
 ခရစ် ၁၅၄၁-နှစ်တိုင်

အောင် မဟာမေဒင်ဘုရင်ခံများ အဆက်ဆက် ရုံးစိုက်သွားသောနေရာဖြစ်သည်။ 
(မှတ်ချက်-ဗီယာမြို့ကို မွတ်ဆလင်တို့

သိမ်းပိုက်စဉ်က ကျောင်းကန်အဆောက်အအုံများကိုသာ ဖျက်ဆီးခဲ့၍ 
တခြားအဆောက်အအုံများကို မဖျက်ဆီးခဲ့ချေ။)

ဘီဟာမြို့၏နေရာတကာတွင် မွတ်ဆလင်အရိုးဂူကြီးများကို တွေ့မြင်ရလေသည်။ 
ထိုအရိုးဂူများ

တွင်ပါဝင်သော အုတ်အကြီးအငယ် လေးထောင့်များနှင့်ပန်းပုပန်းနွယ်များ ထုထားသော
 ကျောက်များကို ဗုဒ္ဓဘာသာ

သို့တည်းမဟုတ် ဟိန္ဒူဘာသာဝင်တို့၏အဆောက်အအုံပျက်များမှ ယူကြလေသည်။

ဘီဟာမြို့အနီးရှိ ကာဒီကူမစ်ခေါ်မွတ်ဆလင်တစ်ဦး၏အရိုးဂူကို 
ရှေးဟောင်းဗုဒ္ဓဘာသာ

ကျောင်းစေတီများမှ ကြွင်းကျန်နေသော ပစ္စည်းများဖြင့် ဆောက်လုပ်ထား၏။ 
ထိုဂူသို့သွားရာလမ်းမှာမူကား စေတီပျက်၊

ကျောက်တိုင်ပျက်တို့မှ ပစ္စည်းများပါဝင်လေသည်။ ဤနေရာမှ 
ရှေ့ဘက်ခပ်လှမ်းလှမ်းနေရာတွင် အမြင့်အားဖြင့် ၁၁-

ပေ၊ အကျယ်အားဖြင့် ၇-ပေရှိသော 
ဂိတ်ပေါက်တံခါးကြီးတစ်ခုနှင့်မုက္ကဒမ်ရှာအဟောမက်ရှာရမောစ်၏သင်္ချိုင်းတစ်ခု

ရှိပြန်သေး၏။၎င်းတံခါးမကြီး၏ရာဇဝင်မှာ ရှေးပဝေသဏီအခါ 
ဗုဒ္ဓဘာသာကျောင်းတော်ကြီးသို့ အဝင်ဝတံခါးပေါက်ကြီး

ဖြစ်သည်ဟူ၏။''

မှတ်ချက်။ ။ဤနေရာကား ဂုတ္တမင်းများလက်ထက်တွင် စည်ပင်ခဲ့သော 
ပေါတိကသံဃာရာမဖြစ်သည်။ ဤကျောင်း

တော်ကြီးသည် ခရစ် ၇ဝဝ-နှင့်၈ဝဝလောက်တွင် သံဃာတော်ပေါင်း ၁ဝဝဝ-ခန့် 
သီတင်းသုံးနေထိုင်ခဲ့လေသည်။ ဤ

ဌာနသည်လည်း မွတ်ဆလင်တို့ လက်ချက်ကြောင့် အန္တိမဘဝသို့ဆိုက်ရောက်ရကြောင်း 
ဖေါ်ပြပါယုတ္တိများဖြင့် လုံလောက်

ပေပြီ။



မေဃဝတီဆရာတော် ဦးနာရဒ၏ ဗုဒ္ဓသမိုင်း (သို့မဟုတ်) အမှတ်တရဒိုင်ယာရီစာအုပ်မှ 
ကောက်နုတ်တင်ပြသည်။


မိဂါဒဝုန်ကို မွတ်ဆလင်များ ဖျက်ဆီးပုံ

ဗာရာဏသီမြို့တွင်း၌ သောင်းကျန်းမွှေနှောက်ခဲ့ပြီးသော မွတ်ဆလင...်စစ်သည်တော်တို့သည်လည်း မြတ်စွာဘုရား
ရှင်၏ဓမ္မစကြာတရားဦးကို ဟောတော်မူရာ မိဂဒါဝုန်တောသို့ တစ်ဟုန်တည်း ချီတက်လာပြီးလျှင် ကျောင်း, စေတီ
စသော အဆောက်အအုံတို့ကို ရက်ရက်စက်စက် စတင်ဖျက်ဆီးလေတော့သည်။၎င်းတို့၏ဖျက်ဆီးမှုကြောင့် ကျောင်း၊
စေတီ၊ ပုထိုးစသော အဆောက်အအုံတို့မှာ လက်ရှိအခြေအနေသို့ ရောက်ရလေသည်။

(A Guide to Buddhist ruins of Sarnath, By Daya Ram Sahni, M.A, Director General of Archaeology in India). Page No.5
The monastic settlement of Sarnath continued in use until the end of the 12th century when it was
devastated in 1194 A.D, By Mohammed Ghory when his general Qutb-ud-din defeated Jaya Chandra,
the raja of Benares, and destroyed a large number of temples and images. မြို့

မစ္စတာဒယာရာမ်ရှဟနီအမ်၊ အေ၏မိဂဒါဝုန်လမ်းညွှန်ခေါ်သောစာအုပ် စာမျက်နှာ ၅-တွင် ရေးသားထား
သည်မှာ-
''မိဂဒါဝုန်ရှိ ကျောင်းတော်များကို ခရစ် ၁၂-ရာစု ကုန်ခါနီးဖြစ်သော ၁၁၉၄-ခုနှစ်အထိ ဆက်လက်အသုံးပြု
ခဲ့လေသည်။၎င်းနှစ်တွင် မိုဟာမက်ဂေါ်ရီ၏ဗိုလ်မှူးကြီးတစ်ဦးဖြစ်သူ ကုတ်ဘွဒ္ဒိန်သည် ဗာရာဏသီရှင်ဘုရင် ဘုရင်
ဇယချန္ဒရမင်းအား သတ်ဖြတ်၍ များစွာကုန်သော စေတီများ၊ ကျောင်းများနှင့်ရုပ်တုတော်များကို ဖျက်ဆီးပစ်သည့်တိုင်
အောင် ဖြစ်လေသည်။
(ဆိုလိုရင်းမှာ ဇယချန္ဒရမင်းကျဆုံးပြီးနောက် မွတ်ဆလင်တို့ ဖျက်ဆီးပစ်သော အဆောက်အအုံပေါင်းများစွာတို့
တွင် မိဂဒါဝုန်အဆောက်အအုံများလည်း ပါဝင်လေသည်ဟုဆိုလို၏။)

It has been stated above that the final destruction of Sarnath Buildings was presumably the work
of Mohammed Ghory and the condition of the remains that have been unearthed shows clearly that their
overthrow was due to a violent catastrophe accompained with thunder and fire.

အဓိပ္ပါယ်။ ။ထိုအကြောင်းနှင့်စပ်လျဉ်း၍ သိရှိရသည်မှာ မိဂဒါဝုန်ရှိကျောင်းတော်ကြီးများ အကြွင်းမဲ့
ပျက်စီးရခြင်းမှာ မိုဟာမက်ဂေါ်ရီ၏လက်ချက်ကြောင့်ဖြစ်သည်။ မွတ်ဆလင်တို့၏မီးစသော လက်နက်တို့ဖြင့် ကြောက်မက်
စဖွယ် ဖျက်ဆီးခဲ့ကြောင်းကို ယခုပေါ်လျက်ရှိသော အဆောက်အအုံ အကြွင်းအကျန်များက ထင်ရှားစွာ ဖေါ်ပြထားလေ
သည်။

Major Kitto's excavations gave ample proof of the fact that the monastery had been destroyed by
a great fire applied by the hands of hostile invaders. The conflagration was "So sudden and rapid as to
force the monks to abandon their very food", for the explorer found "the remains of ready-made wheaten
cakes in a small recess". I myself found in the two cells referred to above several earthen pots containing
remnants of cooked rice.

အဓိပ္ပါယ်။ ။''မေဂျာကစ်တိုးက ရေးသားဖေါ်ပြသည်မှာ ကျူးကျော်ဝင်ရောက် တိုက်ခိုက်သော ရန်သူတို့သည်
ကျောင်းတော်ကြီးကို မီးရှို့၍ စင်စစ်မသွေ ဖျက်ခဲ့လေသည်။ ရုတ်တရက် လောင်ကျွမ်းလာသော မီးကြီး၏အရှိန်ကြောင့်
ရဟန်းတော်များမှာ စားနေသော အစားအစာကိုပင် စွန့်လွှတ်ရလေသည်။ သွားရောက်ရှာဖွေသူတို့သည် ဂျုံဖြင့်ပြုလုပ်
ထားသော ကိတ်မုန့်များကို အခန်းငယ်ကလေးများတွင် တွေ့ရှိရလေသည်။ ထိုအခန်းငယ် ၂-ခန်းထဲ၌ ကျွန်ုပ်ကိုယ်တိုင်
ချက်ထားသောထမင်းများပါဝင်သော မြေအိုးကလေးများကို တွေ့ရှိရသေး၏။''

(History of Benares by Prof. A. H. Altekar, M.A,L.L.B., D.Litt).
Page No.23
The prosperity of Benares was destined to come soon to an end. King Jaya Chandra, who was
ruling Kananj at the time of the invasion of Mohammed Ghory, was unable to drive back the invaders
Kanauj was conquerd by Mohammed in 1193. We are told that a thousand temples of Benares were destroyed
and Masjid were built over their sites....and 1,400 camels were required to carry the plunder.

အဓိပ္ပါယ်မှာ။ ။''ဗာရာဏသီပြည်ကြီး၏ ချမ်းသာကြွယ်ဝမှုသည် မကြာမီပင် ပျက်စီးရန် ကံကြမ္မာဖန်တီးပေးလေ
တော့သည်။ မိုဟာမက်ဂေါ်ရီသည် ကာသိကရာဇ်တိုင်း ဗာရာဏသီမြို့ကို တိုက်ခိုက်စဉ်က ဘုရင်ဇယချန္ဒရမှာ ကျူး
ကျော်ဝင်ရောက် တိုက်ခိုက်သူတို့ကို မတွန်းလှန်နိုင်လေရကား ၁၁၉၃-ခုနှစ်တွင် ဂေါ်ရီသည် ကာသိကရာဇ်တိုင်းကို
အောင်မြင်လေတော့သည်။ ကျွန်ုပ်တို့ ကြားဖူးသလောက်မှာ သူသည် ဗာရာဏသီမြို့ရှိ များစွာသော စေတီ၊ ပုထိုးများ
ကို ဖျက်ဆီး၍၄င်းနေရာများတွင် ဗလီကျောင်းများ ဆောက်လုပ်ကြပေတော့သည်။ တိုက်ခိုက်လုယက်၍ရသော ပစ္စည်း
များကို ကုလားအုပ်ပေါင်း ၁၄ဝဝ-နှင့်သယ်ဆောင်သွားလေသည်။''
ဤသို့လျှင် ဆရာအမျိုးမျိုးတို့ ရေးသားကြသည်ကို ထောက်ချင့်၍ ဗာရာဏသီမြို့နှင့်မိဂဒါဝုန်တောရှိ အဆောက်
အအုံတို့မှာ မွတ်ဆလင်တို့၏လက်ချက်ကြောင့် ပျက်စီးရလေကြောင်း ထင်ရှားလေသည်။ မိဂဒါဝုန်တောကို မွတ်ဆလင်တို့
သည် ၂-ကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်လေတော့သည်။၎င်းတို့မှာ မဟာမက်ဂါဇနီနှင့်မဟာမက်ဂေါ်ရီတို့ ဖြစ်လေ
သည်။ ပထမဝင်ရောက်တိုက်ခိုက်ခဲ့သူကား အကြွင်းမဲ့မဖျက်ဆီးခဲ့ချေ။ အနည်းငယ်မျှသာ ဖျက်ဆီး၍ ပစ္စည်းများနှင့်
ဘုရားဘဏ္ဍာတော်များကို လုယူသွားပေသည်။
နောက်ထပ်ဖျက်ဆီးသူ ဂေါ်ရီသည်သာလျှင် နာလန်မထူနိုင်အောင် ဖျက်ဆီးပစ်လေသည်။ ရဟန်းတော်များမှာ
ဆွမ်းစားနေဆဲတွင် အသတ်ခံကြရရှာလေသည်။
(Natabats History of India)ခေါ်စာအုပ်တွင် ဘုန်းတော်ကြီးများအား စစ်သားများဟု အထင်မှားခြင်းကြောင့်
သတ်ပစ်လေသည်ဟူ၏။ ဤစကားမှာ ယုတ္တိမရှိ။ အကယ်၍ ဤဌာနရှိ ရဟန်းတော်များအား စစ်သားများဟု အထင်
မှားလေသည်ဖြစ်အံ့။ တခြားနေရာရှိ သံဃာတော်တို့မှာ လွတ်စရာအကြောင်းရှိသည်။ တခြားဌာနရှိ ရဟန်းတော်တို့မှာ
လည်း ဤကံကြမ္မာနှင့်ဆုံစည်းကြရလေသောကြောင့်၎င်းစကားမှာ ယုတ္တိမရှိနိုင်။ တကယ့်စေတနာနှင့်သတ်ခြင်းသာ
ဖြစ်လေသည်။ ကုလားအုပ်ပေါင်း ၁၄ဝဝနှင့်ယူဆောင်သွားသော ဘဏ္ဍာတော်များမှာ မိဂဒါဝုန်တောရှိ ကျောင်းတော်
များမှ အများဆုံးပါဝင်ပေသည်။
ရန်သူမွတ်ဆလင်မင်းတို့ ဖျက်ဆီးပစ်ခဲ့သော မိဂဒါဝုန်အဆောက်အအုံတို့မှာ ခရစ် ၁၂-ရာစုမှစ၍ ၁၇-ရာစုထိ
မြေကြီးထဲ၌ မြုပ်လျက်ရှိခဲ့သော်လည်း ပတ်ဝန်းကျင်ရှိ ရပ်သူရွာသားများသည် ထိုအဆောက်အအုံများမှ ပစ္စည်းတို့ကို
မည်သည့်အခါမှ ထုတ်ယူအသုံးမပြုခဲ့ချေ။ ရာဇဝင်တစ်ခါပြောင်း၍ အင်္ဂလိပ်လက်ထက်သို့ ရောက်လတ်သော် မက္ကင်ဇီ
ဆိုသူ ကျောက်စာဝန်ကြီးသည် ခရစ် ၁၈၁၅-ခုနှစ်တွင် ဤနေရာကို စတင်တူးဖော်လေသည်။ တစ်ဖန် ဆာအလက်ဇန္ဒား
ကာနင်ဂန်သည် ခရစ် ၁၈၄၅-ခုနှစ်တွင် ဆက်လက်တူးဖော်ပြန်လေသည်။ ထိုပုဂ္ဂိုလ်ကြီး တူးဖော်ခဲ့စဉ်က ရရှိခဲ့သော
ပစ္စည်းအချို့ကို မိဂဒါဝုန်ပြတိုက်၌ သိမ်းဆည်းထား၍ အချို့ကိုမူ ကာလကတ္တားပြတိုက်ကြီးသို့ ပို့လေသည်။ ဤသို့တူး
ဖော်သောအခါ ကျောက်အုတ်များစွာတို့ကို ဗာရာဏသီမြို့သို့ ယူဆောင်ပြီးလျှင် ကွိင်းကောလိမ်၊ ဝရုနာမြစ်ရှိ ဒွန်ကင်
တံတားဘူတာရုံစသည်တို့ကို ဆောက်လုပ်ကြလေသည်။ ဝရုနာမြစ်ရှိ ရေကာတံတိုင်းကြီးကိုလုပ်ရာ၌လည်း ဘုရားရုပ်ပွား
တော် တစ်ဖက်ပါသော ကျောက်စာပေါင်း ၄၈-ချပ်နှင့်ပန်းပုပန်းနွယ်ပါသော ကျောက်ချပ်ပေါင်းများစွာတို့ကို အသုံးပြု
လေသည်။ ယခု ကျွန်ုပ်တို့ခေတ်မှာပင် ဤကဲ့သို့ အသုံးချကြသည်ကို တွေ့ရခြင်းဖြင့် ရှေးကမည်ရွေ့မည်မျှ အသုံးချခဲ့
ပြီနည်းဆိုတာကို တွေးဆစရာကြီးတစ်ခုပင် ဖြစ်လေသည်။
မွတ်ဆလင်တို့ ဖျက်ဆီးခြင်းကြောင့် ပြိုပျက်၊ ကျိုးပဲ့လျက်ရှိသော ရုပ်တုတော်များ၊ သပိတ်ကွဲ၊ အိုးကွဲ၊ အိုးခြမ်းများ
ကို ယခုအခါ ကျောက်စာဘက်ဌာနမှ ဆောက်လုပ်ထားသော ပြတိုက်ထဲတွင် ကျွန်ုပ်တို့ ဖူးမြင်ကြရသည်။ ထိုပြတိုက်ထဲ
၌ အာသောကကျောက်စာတိုင်မှ ကျောက်ခြင်္သေ့ရုပ် သုံးပွင့်ဆိုင်ကြီးလည်းရှိ၏။ ကျောက်စာများလည်း ရှိ၏။ ကျယ်ပြန့်
လျက် သာယာနာပျော်ဖွယ်ရှိသော ကျောင်းတော်ကြီးများကား အုတ်နံရံကြီးများ၊ သမံတလင်းများဖြင့် ပြိုလျက်ရှိလေရာ
လာရောက်ဖူးမြော်ကြသူ ဗုဒ္ဓဘာသာဝင် သူတော်စင်တိုင်း ရှေးခေတ်ကို ပြန်လည် တ,သလွမ်းဆွတ်ရလေသည်။ ဤဌာန
ကို ဖူးမြင်ရသူတိုင်း ကျွန်ုပ်တို့သန္တာန်၌ ထကြွလေ့ရှိသော သောကတည်းဟူသော ဒီလှိုင်းကြီးကို သံဝေဂတရားဖြင့်ကာ
ဆီးရပေသတည်း။

(From the report of a tour in the Gorakhpur District, By A.C.L.Cirlcyle in 1875-1876 and 1876-
1877. Pages 62-63)
Kushinagar Temple
............In the inner doorway of the temple itself I made an interesting discovery, In two hollows on
each side at the lower part of the temple, I found the acient cupshaped iron pivots hinges. I found some
fragments of back charred wood which showed that the door had been destroyed by fire; and as numerous
bones and various charred substances were found in the outer chamber as well as in both doorways.
It was evident that Buddhism had been destroyed by fire and sword.

မစ္စတာကလိတ်၏ ဂိုရတ်ပူဒိစတြိတ် ခရီးစဉ်စာအုပ် စာမျက်နှာ ၆၂၊ ၆၃တွင် ရေးသားထားသည်မှာ

ကုသိနာရုံကျောင်းတော်
''ကုသိနာရုံဘုရားကျောင်းတော်ကြီး၏အတွင်းတံခါးဘက်တွင် ကျွန်ုပ်သည် စိတ်ဝင်စားဖွယ်ရာတစ်ခုကို တွေ့
ရှိရပေသည်။ ကျောင်းတော်ကြီး၏အောက်တံခါး ၂-ဘက်တွင် အခေါင်းကြီး ၂-ခုရှိလေသည်။ ထိုအခေါင်းများထဲ၌ ရှေး
ဟောင်းတံခါးများတွင် တပ်ဆင်ခဲ့သော ရှေးဟောင်းပုံစံရှိသော သံပတ္တာများနှင့်မီးသွေးအစအနများကို တွေ့ရှိရ၏။ ထို့
ပြင် များစွာသော အရိုးများနှင့်မီးလောင်ကျွမ်းထားသော အရာဝတ္ထုများကိုလည်း အပြင်ရှိတံခါးဝကြီးနှစ်ဖက်စလုံးတွင်
တွေ့ရှိရသေး၏။ ထိုသို့တွေ့ရှိရသော မီးသွေးများ၊ လူရိုးများနှင့်လောင်ကျွမ်းထားသောအရာဝတ္ထုများကို တွေ့ရှိရခြင်းဖြင့်
ကျောင်းတော်ကြီးကို မီးရှို့ဖျက်ဆီးလေကြောင်း ထင်ရှားလေသည်။ ဗုဒ္ဓဘာသာကို မီးနှင့်ဓားလက်နက်တို့က အစတုံး
အောင် ဖျက်ဆီးပစ်လေသတည်း''။
အထက်ပါစကားရပ်များအရ ကုသိနာရုံကျောင်း၊ စေတီ၊ ပုထိုးများကို မီးစသော လက်နက်တို့ဖြင့် ဖျက်ဆီးလေ
သောကြောင့် ပျက်စီးရကြောင်း ထင်ရှားလေသည်။ အဘယ်သူသည် ဖျက်ဆီးလေသနည်းဟူသော လက်သည်ကို ဖော်
ထုတ်ရန် လိုပေသည်။ ထိုသူကား မဟာမက်ကုတ်ဘွဒ္ဒိန်အဲဘတ် ဖြစ်သည်။ သူသည် ခရစ် ၁၁၉၇-ခုနှစ်တွင် အောက်(ဒ်)
နှင့်တရဟုတ်နယ်အပါအဝင်ဖြစ်သော ကုသိနာရုံဘက်သို့ ချီတက်တိုက်ခိုက်လေရာ တစ်လအတွင်း သိမ်းပိုက်မိလေသည်။
ထိုရောအခါက ကုသိနာရုံဌာန၌ ကျောင်းကြီးငယ်ပေါင်း ၃ဝ၊ စေတီ ၈-ဆူနှင့်သံဃာတော်ပေါင်း ၃ဝဝ-ခန့် နေထိုင်သီ
တင်းသုံးကြလေသည်။ ထိုသူသည် ကျောင်းရှိသံဃာတော်တို့အား ဝါဝါမြင်သမျှ လိုက်လံသတ်ဖြတ်လေသော် ရဟန်းတော်
အရှင်မြတ်တို့မှာ ဘုရားပရိနိဗ္ဗာန်ပြုရာဂူကြီးထဲသို့ ဝင်ပြေးကြလေသည်။ ထိုသို့ဝင်ပြေးသောရဟန်းတော်တို့အား အပြင်
ဘက်မှ တံခါးများကိုပိတ်ကာ မီးရှို့၍သတ်လေရာ သံဃာတော်အရှင်မြတ်တို့မှာ မီးပုံကြီးထဲ၌ တဗုန်းဗုန်းလဲကာ သေပွဲ
ဝင်ကြရရှာလေသည်။ မစ္စတာကလိတ် တူးဖော်၍ရရှိသည်ဆိုသော အရိုးများကား ထိုရဟန်းတော်များအရှင်မြတ်တို့၏
အရိုးများပင်ဖြစ်သည်။ မစ္စတာကလိတ်က ကုသိနာရုံဖျက်ဆီးပစ်သူလက်သည်ကို ထုတ်ဖော်မရေးသားသော်လည်း မဟာ
ဗောဓိအသင်းကြီး၏စက္ကတေရီချုပ်ကြီး ဒေဝပြိယကမူ ကုသိနာရုံကို ဖျက်ဆီးသူတို့မှာ မွတ်ဆလင်များဖြစ်သည်ဟု၎င်း၏
(Buddhist Shrines in India) ခေါ်စာအုပ်တွင် ရေးသားထားလေသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး
ပရိနိဗ္ဗာန်ပြုရာဌာနကြီးတစ်ခုပင်ဖြစ်သော်လည်း မွတ်ဆလင်တို့စက်ကွင်းမှ မလွတ်ကင်းနိုင်သဖြင့် ဤသို့ဖြစ်ရပါတကားဟု
သံဝေဂယူကြပါကုန်။
ယခုအထင်အရှား တွေ့မြင်ရသော အဆောက်အအုံများမှ ကျောင်းတော်ပျက်ကြီးများ၊ စေတီကြီးတစ်ဆူ၊ ပရိ
နိဗ္ဗာန်လိုဏ်ဂူကြီးတစ်ခု၊ မာထဂူဝခေါ်ဘုရားတစ်ဆူနှင့်တေဇောဓာတ်လောင်ကျွမ်းရာ ကုန်းတော်ပေါ်ရှိ စေတီတော်ကြီး
တို့ဖြစ်သည်။

သာဝတ္ထိ

သာဝတ္ထိမြို့တော်မှာ ပသေနဒီကောသလမင်းကြီး၏ထီးနန်းစိုက်ရာ မြို့တော်ကြီးဖြစ်၍ ထိုခေတ်က လူဦးရေ
၇-ကုဋေမျှနေထိုင်ကြလေသည်။ ဗုဒ္ဓရှင်တော်ဘုရားသည် ၁၈-ဝါကာလပတ်လုံး သီတင်းသုံးတော်မူခဲ့သော နေရာဖြစ်
ခြင်းကြောင့် ဗုဒ္ဓဘာသာကျမ်းဂန်တို့၌ အလွန်ထင်ပေါ်လေသည်။ သာဝတ္ထိပြည်တွင် ထင်ရှားခဲ့သော အဆောက်အအုံ
ကြီးများကား အနာထပိဏ်သူဌေးကြီး၏ကောင်းမှုတော်ဖြစ်သော ဇေတဝန်ကျောင်းတော်ကြီး မိဂါရမာတာဘွဲ့ထူးခံဝိသာ
ခါဒါယိကာမကြီး၏ကောင်းမှုတော် ပုဗ္ဗာရုံကျောင်းတော်ကြီးနှင့်ပသေနဒီကောသလမင်းကြီး၏နန်းတော်များဖြစ်သည်။
ဤမျှကျော်စောထင်ပေါ်ခဲ့သော သာဝတ္ထိပြည်ကြီးသည် ခရစ်သုံးရာအတွင်း ဆုတ်ယုတ်၍ အိမ်ခြေ ၂ဝဝ-မျှသာြွကင်း
ကျန်ပြီးလျှင် ခရစ် ၆-ရာစုအတွင်းကျသော ဆာဆင်္ကမင်းလက်ထက်တွင် လုံးဝပျက်စီးသွားရလေသည်။ မွတ်ဆလင်များ
ဖျက်ဆီးချိန်၌ကား မရှိတော့ပြီ။ ယခုအခါ ဤမြို့၏အရှေ့ဘက်မျက်နှာကို အစီရဝတီမြစ်ရေစားခြင်းကြောင့် မိုင်ဝက်
ခန့် ရေထဲကျသွားလေပြီ။ ထိုမြို့ရှိ ဇေတဝန်ကျောင်းတော်ကြီးကို ကျောက်စာဘက်ဌာနကတူးဖော်ရာတွင် ကျောင်းတော်
ကြီးနှင့်တကွ ဂန္ဓကုဋီတိုက်လေးလုံး ညောင်စောင်းတော်ကြီးတစ်ခု ပေါ်ထွက်ကုန်သည်။ အရှင်သာရိပုတ္တရာ၏ဓာတ်တော်
စေတီတစ်ဆူ၊ အာနန္ဒာဗောဓိပင်တော်နှင့်ရေတွင်း၊ ရေကန်များလည်း ပေါ်ထွက်ကုန်၏။ ယခုသွားရောက်ဖူးမြော်လိုသူတို့မှာ
ဤအခြေအနေကိုသာ မြင်ရတော့မည်ဖြစ်၍ ရှေးခေတ်ကို အာရုံပြု၍သာ ဖူးမြော်ကြပါကုန်။
မွတ်ဆလင်တို့သည် အိန္ဒိယပြည်တစ်ဝန်းရှိ သာသနာတော်ကို အနှံ့အပြား ရက်စက်စွာ ဖျက်ဆီးကြလေသည်။ ထို
သို့ဖျက်ဆီးသည်ကို ခရေစေ့တွင်းကျ သိနိုင်ဖို့ရာကား မလွယ်လှပေ။ ရာဇဝင်ပညာနှင့်အသက်မွေးမြူကြသော ပရိုဖက်
ဆာကြီးတို့သည်ပင်လျှင် ကုန်စင်အောင်မသိကြချေ။ ထို့ကြောင့် ကျွန်ုပ်သည် ရှာဖွေစုဆောင်း၍ရရှိအပ်သော အကိုးအကား
များဖြင့် သိသလောက်ကို ရေးသားရပေသည်။

Bihar and Orissa District Gazetters(Patna)
By L.S.S.O., Malley, I.C.S., Page No.20
The Mohammed Conquest
The Buddhism of Magadha was finally swept away by the Mohammed invasion under Bakhityar
Khilji. In 1197, the capital, Bihar was seized by a small number of two hundred horse men, who rushed the
postern gate and sacked the twon. The slaughter of the "shaven headed Brahmins" as the Mohammed
chronicle called the Buddhist monks, was so complete that when the victor searched for someone capable
of explaining the contents of the monastic libraries, not a living man could be found who was able to do so,
"It was discovery," it was said, "that the whole place and city was a place of study" * A similar fate befell
the other Buddhist institution, against which the combined intolerance and rapacity of the invaders were
directed. The monasteries were sacked and monks slain. Many of the temples were idols were broken
and trodden underfoot. Those monks who escaped from the sword fled to Tibet, Nepal and southern
India, and Buddhism as a popular religion in Bihar, its last abode in northern India was finally destroyed.
Thence forward Patna passed under the Mohammedan rule.

မစ္စတာမာလေ၏ဘီဟာနှင့်သြရိစ္စဂဇက်တီယာ စာမျက်နှာ နံပါတ် ၂ဝ-

မဟာမေဒင်များ ပါဋလိပြည်ကို နိုင်နင်းခြင်း

အဓိပ္ပါယ်။ ။''မာဂဓတိုင်း ဗုဒ္ဓသာသနာတော်သည် ဘတ်တီယာခိလဂျီ အမှူးရှိသော မဟာမေဒင်များ
ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် ပျက်စီးခြင်းသို့ ရောက်ရလေသည်။ သူတို့သည် ခရစ် ၁၁၉၇-ခုနှစ်တွင် မဂဓတိုင်း၊
ပါဋလိပုတ်မြို့တော်ကြီးကို မြင်းစီးစစ်သား ၂ဝဝ-မျှဖြင့် မြို့တံခါးကြီးမှ ဝင်ရောက်ကာ သိမ်းပိုက်လေသည်။ မဟာမေဒင်
မှတ်တမ်းများတွင် ဗုဒ္ဓဘာသာဘုန်းကြီးများဟု ခေါ်ဆိုထားသော ဦးပြည်းခေါင်းတုံးပုဏ္ဏား(မဟာယာနရဟန်းကို ဆိုလို
သည်။)ကို အစပျောက်အောင် သတ်ဖြတ်ကြလေရာ ကျောင်းတော်များရှိ ပိဋကတ်တိုက်များတွင် ပါဝင်သောအကြောင်း
အရာများကို ပြောပြခြင်းငှာ စွမ်းဆောင်နိုင်သောသူများကို ရှာဖွေပါသော်လည်း ရဟန်းတော်တစ်ပါးကိုမှလည်း မတွေ့
ရတော့ချေ။ ဤအကြောင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ သိရှိရသလောက်မှာ မြို့တော်ကြီးတစ်ခုလုံးသည် ပညာသင်ကြား
ရာ ဌာနကြီးဖြစ်လေသည်။ ချီတက်တိုက်ခိုက်သူတို့၏ဒေါသအဟုန်ကြောင့် တခြားသော ဗုဒ္ဓဘာသာအဆောက်အအုံတို့
သည်လည်း အထက်ပါပျက်စီးခြင်းကံကြမ္မာနှင့် တွေ့ကြုံခံစားရလေသည်။ သူတို့သည် ကျောင်းများတို့ကို သိမ်းပိုက်ခြင်း၊
ရဟန်းတော်များအား ရက်စက်စွာ သတ်ဖြတ်ခြင်း၊ စေတီပုထိုးများကို ရက်စက်ကြမ်းကြုတ်စွာ ဖျက်ဆီးချေမှုန်းခြင်း၊ ရေ
တွက်ခြင်းငှာ မစွမ်းနိုင်သော ရုပ်တုတော်များအား ရိုက်ချိုးခြင်း၊ ခြေနှင့်နင်းခြင်းစသည်တို့ကို ပြုလုပ်လေရကား ဓား
ဘေးမှ လွတ်မြောက်ကြရှာသော ရဟန်းတော်တို့မှာ တိဗက်၊ နိပေါလ်နှင့်အိန္ဒိယပြည်တောင်ပိုင်းသို့ ထွက်ပြေးကြလေ
သည်။ မြောက်ပိုင်းအိန္ဒိယ၌ နောက်ဆုံးတည်ရှိခဲ့၍ ဘီဟာခေါ်မဂဓနယ်တွင် နိုင်ငံတော်ဘာသာဖြစ်ခဲ့ဖူးသော ဗုဒ္ဓဘာ
သာသည် နောက်ဆုံးပျက်စီးခြင်းသို့ရောက်ရလေသည်။ ယင်းသည့်အခါမှစ၍ ပဋနာ(ပါဋလိပုတ်)ပြည်သည် မဟာမေ
ဒင်တို့ အုပ်ချုပ်ခြင်းကို ခံရလေသည်။''
အထက်ပါ ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးမှုတွင် အသောကမင်းတရားကြီး၏ကောင်းမှုတော်များဖြစ်သော မဟာ
စေတီ၊ အသောကာရုံကျောင်း စသော အဆောက်အအုံပေါင်းများစွာ ပါဝင်ပျက်စီးရလေသည်။ ယခု ကျွန်ုပ်တို့သွား
ရောက်ကြည့်ရှုသောအခါ မောရိယမြို့တော်ဖြစ်သော ပါဋလိပုတ်မြို့ရာကြီးကို အထင်အရှား မတွေ့ရတော့ချေ။ ရှေး
ဟောင်း ပါဋလိပုတ်ပြည်သည် ယခုရှိနေသော ပါဋနာမြို့၏အောက် ၂၄-ပေခန့်တွင် မြုပ်လျက်ရှိသည်ဟု ကျောက်စာ
ဘက်ဌာနမှ ယူဆထားလေသည်။ ပါဋနာစီတီအရှေ့ဘက် ဖာလုံဝက်လောက်တွင် စေတီကြီးတစ်ဆူကို တွေ့ရ၏။၎င်း
စေတီကြီး၏အထက်ပိုင်းကို မွတ်ဆလင်တို့က ဖြိုဖျက်ပြီးလျှင် ဗလီတိုက်ကြီးတစ်ခု ဆောက်လုပ်ထားလေသည်။
မဟာမေဒင်တို့သည် ဘီဟာမြို့ကို အောင်မြင်စဉ် ကျောင်းတော်များကို လုယက်ဖျက်ဆီးပြီးလျှင်
ဘတ်တီယာခိလဂျီသည် ရဟန်းတော်များအား သတ်ဖြတ်ပစ်လေသည်။ သို့သော် ဘီဟာမြို့သည် ခရစ် ၁၅၄၁-နှစ်တိုင်
အောင် မဟာမေဒင်ဘုရင်ခံများ အဆက်ဆက် ရုံးစိုက်သွားသောနေရာဖြစ်သည်။ (မှတ်ချက်-ဗီယာမြို့ကို မွတ်ဆလင်တို့
သိမ်းပိုက်စဉ်က ကျောင်းကန်အဆောက်အအုံများကိုသာ ဖျက်ဆီးခဲ့၍ တခြားအဆောက်အအုံများကို မဖျက်ဆီးခဲ့ချေ။)
ဘီဟာမြို့၏နေရာတကာတွင် မွတ်ဆလင်အရိုးဂူကြီးများကို တွေ့မြင်ရလေသည်။ ထိုအရိုးဂူများ
တွင်ပါဝင်သော အုတ်အကြီးအငယ် လေးထောင့်များနှင့်ပန်းပုပန်းနွယ်များ ထုထားသော ကျောက်များကို ဗုဒ္ဓဘာသာ
သို့တည်းမဟုတ် ဟိန္ဒူဘာသာဝင်တို့၏အဆောက်အအုံပျက်များမှ ယူကြလေသည်။
ဘီဟာမြို့အနီးရှိ ကာဒီကူမစ်ခေါ်မွတ်ဆလင်တစ်ဦး၏အရိုးဂူကို ရှေးဟောင်းဗုဒ္ဓဘာသာ
ကျောင်းစေတီများမှ ကြွင်းကျန်နေသော ပစ္စည်းများဖြင့် ဆောက်လုပ်ထား၏။ ထိုဂူသို့သွားရာလမ်းမှာမူကား စေတီပျက်၊
ကျောက်တိုင်ပျက်တို့မှ ပစ္စည်းများပါဝင်လေသည်။ ဤနေရာမှ ရှေ့ဘက်ခပ်လှမ်းလှမ်းနေရာတွင် အမြင့်အားဖြင့် ၁၁-
ပေ၊ အကျယ်အားဖြင့် ၇-ပေရှိသော ဂိတ်ပေါက်တံခါးကြီးတစ်ခုနှင့်မုက္ကဒမ်ရှာအဟောမက်ရှာရမောစ်၏သင်္ချိုင်းတစ်ခု
ရှိပြန်သေး၏။၎င်းတံခါးမကြီး၏ရာဇဝင်မှာ ရှေးပဝေသဏီအခါ ဗုဒ္ဓဘာသာကျောင်းတော်ကြီးသို့ အဝင်ဝတံခါးပေါက်ကြီး
ဖြစ်သည်ဟူ၏။''
မှတ်ချက်။ ။ဤနေရာကား ဂုတ္တမင်းများလက်ထက်တွင် စည်ပင်ခဲ့သော ပေါတိကသံဃာရာမဖြစ်သည်။ ဤကျောင်း
တော်ကြီးသည် ခရစ် ၇ဝဝ-နှင့်၈ဝဝလောက်တွင် သံဃာတော်ပေါင်း ၁ဝဝဝ-ခန့် သီတင်းသုံးနေထိုင်ခဲ့လေသည်။ ဤ
ဌာနသည်လည်း မွတ်ဆလင်တို့ လက်ချက်ကြောင့် အန္တိမဘဝသို့ဆိုက်ရောက်ရကြောင်း ဖေါ်ပြပါယုတ္တိများဖြင့် လုံလောက်
ပေပြီ။

မေဃဝတီဆရာတော် ဦးနာရဒ၏ ဗုဒ္ဓသမိုင်း (သို့မဟုတ်) အမှတ်တရဒိုင်ယာရီစာအုပ်မှ ကောက်နုတ်တင်ပြသည်။

No comments:

Post a Comment