Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Wednesday, May 15, 2013

"မိစ္ဆာခံတွင်းမှ လွတ်မြောက်သူတစ်ဦး" (ဖတ်ပြီး ရှယ်လိုက်ကြပါဦး)



                                   *******************************************
ဗုဒ္ဓဘာသာဝင် သားသမီးကောင်းများစွာ ဆုံးရှုံးရမည့်အန္တရာယ်မှ ကာကွယ်စောင့်ရှောက်ပေးလိုက်သော အမျိုးသမီးလေးတစ်ဦးနှင့် ဘာသာခြားနဲ့ လက်မထပ်ဘဲ ...အမျိုးဘာသာကို ကာကွယ်သောအားဖြင့် လမ်းခွဲလိုက်သော မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းကို တင်ပြချင်ပါတယ်။ သူလေးတွေကတော့ ခင်နွဲ့ရီ နှင့် မြမြအေးတို့ပါပဲ။
ဟေ့- ခင်နွဲ့ရီတို့ ရှိကြသလား၊ ဧည့်သည်လာတယ်၊ မြမြအေးပါလား…ရှိပါတယ်။ လာလာ..မတွေ့ရတာ အတော်ကြာသွားပြီ၊ ဘယ်ကလှည့်လာခဲ့တာလဲ….
နင့်ဆီကိုပဲ တမင်လာခဲ့တာပါ။ အလည်သက်သက်ပဲလား၊ အကြောင်းကိစ္စအထူးရော ရှိသေးလား.. ရှိတာပေါ့ဟဲ့.. ခင်နွဲ့ရီနှင့်မြမြအေးတို့သည် တက္ကသိုလ်တစ်ခုတွင် အတူနေခဲ့ကြဖူးသည်။ ညီအစ်မရင်းပမာ လွန်စွာချစ်ခင်ကြသည်။ ပြောမနာ ဆိုမနာ ရင်းနှီးလှသည်။ သွားအတူ လာအတူ စားအတူ ရှိခဲ့ကြသည်။ ကျောင်းပြီး၍ ဘွဲ့ရပြီးသည့်နောက်တွင် မတွေ့ရသည်မှာ နှစ်အတန်ကြာခဲ့လေပြီ၊ ယခုမှ ပြန်လည်တွေ့ကြရခြင်းဖြစ်လေသည်။
ရှိရင်.. ပြောလေဟာ၊ ဟို..ဟို ..ငါရဲ့ ငါရဲ့ ..အို….စိတ်မရှည်နိုင်အောင် လုပ်နေပြန်ပါပြီ၊ မင်းရဲ့ မင်္ဂလာကိစ္စရှိလား၊
အေးဟုတ်တယ်။ ဘယ်သူနဲ့လဲ၊ ဘယ်ကလဲ၊ ဘာလုပ်သလဲ.. ၊ နင့်မေးခွန်းတွေကလည်း များလိုက်တာဟာ ငါပြောပြမယ်။ ငါတို့မြို့ကလေ ကားပစ္စည်းဆိုင်ပိုင်ရှင်ပဲ၊ ဒီမှာကြည့်လေ….
ဟာ …နင့်လူက ဓာတ်ပုံကြည့်ရတာ မြန်မာလူမျိုး ဟုတ်မယ်ထမင်ဘူး။ ပြီးတော့ ဗုဒ္ဓဘာသာဝင်လည်း ဟုတ်ပုံ မပေါ်ဘူး။
အေး…ဟုတ်တယ်၊ လူမျိုးခြား ဘာသာခြားပါ၊
ဟေ့…ဟုတ်လား၊ ကိုယ်တော့ ဒီလူနဲ့သာဆိုရင် သဘောမတူနိုင်ပါဘူးကွာ
အို…ဘာဖြစ်လို့လဲဟ..ဒီခေတ်မှာ လူမျိုးချင်း ဘာသာချင်း မတူသူတွေ လက်ထပ်နေကြ လက်ချိုးမရနိုင်အောင်ပါပဲကွာ၊
အေး….ဟုတ်တယ်..အဲဒီထဲ ငါ့အချစ်ဆုံးသူငယ်ချင်းကို မပါစေချင်လို့ပေါ့။
နင့်သဘောက ဘယ်လိုတုံးဟ
ကိုယ့်လူမျိုး ကိုယ့်ဘာသာကို ထိန်းသိမ်းစောင့်ရှောက်စေချင်လို့ပါ။ စောင့်လေမျိုးနွယ်ဆိုတဲ့ သားသမီး ကျင့်ဝတ်ရှိတယ်မဟုတ်လား..
အရေးထဲ ဝံသာနုရက္ခိတ ဆရာမကြီးနဲ့ လာတွေ့နေပါကော..၊ အေး…နုသင့်ရင် နုရလိမ့်မယ်ဟေ့၊ ဒီမှာ ငါပြောပြမယ်..
အေးပြောစမ်းပါဦး။

ရှေးခေတ်က ဆရာတော်ကြီးတစ်ပါးက အမိန့်ရှိသွားတယ်၊ “စစ်မြေပြင်မှာ မြန်မာဗုဒ္ဓဘာသာ သားကောင်း ငါးရာကျဆုံးခဲ့ပါလျှင် ဝမ်းနည်းဖို့ အလွန်ကောင်းပေမယ့် မြန်မာ့မိခင် ငါးရာက ထပ်ပြီး သားကောင်း ငါးရာကို မွေးပေးနိုင်သေးတယ်။ ဒါပေမယ့် မြန်မာ အမျိုးသမီးငါးရာ လင်ယူမှားရင်တော့ နောင်လာလတ္တံ့သော အနာဂတ်ကာလမှာ တိုင်းပြည်အတွက် ကြာလေ နာလေနဲ့ ရောဂါဆိုးကြီးတစ်ခု စွဲကပ်သလို ခံစားရတာပဲတဲ့” အေး ..အဲဒီဆရာတော်ကြီးရဲ့ စကားအတိုင်း ကိုယ့်လူမျိုး ကိုယ့်ဘာသာ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်သင့်တာပေါ့..သူငယ်ချင်းရာ.
နင်ကလဲဟာ မြေပြိုခဲ့ရင်လို့ ကြဖန်တွေးပြီး စိတ်ပူနေတဲ့ ယုန်သူငယ်လို ဖြစ်နေပြီ။
ပူရမယ် သူငယ်ချင်း…ပူရမယ်၊ လူဦးရေနဲ့ ဝါးမျိုပစ်လိုက်လို့ ဗုဒ္ဓဘာသာကွယ်ပျောက်သွားရတဲ့ နိုင်ငံတွေ အမြောက်အများရှိနေတယ် မဟုတ်လား..
ကိုင်း..ကိုင်း ..အဲဒါတွေတွေးပြီး စိတ်ပူမနေနဲ့တော့၊ ငါ့အမျိုးသားက လက်ထပ်ပြီးရင် ဗုဒ္ဓဘာသာထဲကို ဝင်ပါ့မယ်တဲ့..
အဲဒါ..နင်ကယုံတယ်ပေါ့
ယုံတာပေါ့ဟ… ကိုယ်ချစ်တဲ့ သူက ပြောတဲ့ဥစ္စာ.
ထိုအခါ ခင်နွဲ့ရီသည် ယခင်ကကြားဖူးထားသော အဖြစ်အပျက်တစ်ခုကို ဖြတ်ခနဲ သတိရလိုက်မိပေသည်။

ရှေးအခါက ဘုရားဂေါပက လူကြီးတစ်ဦး၏ သမီးတစ်ယောက်သည် ဘာသာခြားတစ်ယောက်နှင့် မေတ္တာမျှနေသည်၊ ထိုအကြောင်းကို မိဘဖြစ်သူက မသိပေ၊ အိမ်ထောင်ပြုတော့မယ်ဟု ဖွင့်ပြုသောအခါမှ ဘာသာခြားဖြစ်နေမှန်း သိသွားသည်။ ထိုအခါထိုဘာသာခြားက လက်ထပ်ပြီးရင် ဗုဒ္ဓဘာသာထဲ ဝင်ပါမည်ဟု အာမခံခဲ့သည်။သို့သော် တကယ်လက်ထပ်ပြီးသောအခါ၌ကား ဗုဒ္ဓဘာသာထဲ ဝင်မလာပေ၊ သားသမီးတစ်ယောက်ရလျှင်ဝင်ပါမည်ဟု တစ်မျိုးပြောပြန်သည်။ တကယ်သားသမီးတစ်ယောက် ရသောအခါမှာလည်း ဗုဒ္ဓဘသာထဲကို မဝင်ပေ။ ထိုအခါဇနီးဖြစ်သူက ကတိမတည်သူနဲ့ မပေါင်းနိုင်ဟု ဆိုပြီး မိဘအိမ်ပြန်လာသည်။ သို့သော် သားသမီး သံယောဇဉ်က ရှိနေသဖြင့် မပြတ်နိုင်ရကား ခင်ပွန်းထံ ပြန်သွားခဲ့သည်။ နောက်ဆုံးတွင် သူမသာလျှင် သူမသည်သာလျှင် မိမိကိုးကွယ်နေသည့် ဗုဒ္ဓဘာသာကိုသာ စွန့်လွှတ်လိုက်ရပြီး ဗုဒ္ဓမြတ်စွာဘုရားရှင် ပုံတော်များအပေါ် အဂါရဝ အမှုများပြပြီး နင်းချေကာ ခင်ပွန်း၏ ဘာသာထဲ ဝင်သွားရလေသည်။
ဒီမှာ…သူငယ်ချင်း နင့်လူကို ကိုယ့်ဘက်ပါလာအောင် ဆွဲဖို့ လွယ်မယ်မထင်ဘူးနော်.. လွယ်ပါတယ် သူငယ်ချင်းရာ မင်းလည်း ကြားဖူးမှာပါ၊ မြတ်စွာဘုရားရှင် လက်ထက်တော်က ဓနဉ္စာနီ ပုဏ္ဏေးမက မိစ္ဆာဒိဋ္ဌိ အယူရှိတဲ့ သူ့အမျိုးသားကို ဗုဒ္ဓဘာသာဖြစ်အောင် ဆွဲဆောင်နိုင်ခဲ့သေးတယ် မဟုတ်လား။ အေး..ဟုတ်ပါတယ်၊ ဓနဉ္စာနီပုဏ္ဏေးမက ပုထုဇဉ် မဟုတ်ဘူးနော်၊ သောတာပန်၊ ပြီးတော့ သက်တော်ထင်ရှား မြတ်စွာဘုရားကိုလည်း ဖူးတွေ့ခွင့်ရတဲ့သူပါ။

ကိုယ့်ကိုလည်း အထင်မသေးစမ်းပါနဲ့ သူငယ်ချင်းရာ၊ နင်လည်း ငါ့အကြောင်း သိလျက်သားနဲ့၊ နင် သိပ်လျှော့မတွက်နဲ့နော်၊ နင့်အမျိုးသား၊ ဘာသာက သိပ်တင်းကျပ်လွန်းတယ်လို့ ကြားဖူးတယ်။ အေး…သူငယ်ချင်းရယ် ငါ့အတွက်တော့ ဘာမှ စိတ်မပူပါနဲ့၊ ငါကြိုးစားပြီး ငါ့ဘက်ပါအောင် စည်းရုံးပါ့မယ်။ ငါ့မင်္ဂလာပွဲကျရင်သာ လာဖြစ်အောင်ကြိုးစားပါ၊ ဒါပဲကွာ ငါပြန်တော့မယ်နော်၊ အေး အေး….ငါတော့ ငါ့သူငယ်ချင်းတစ်ယောက် ဦးဖိုးကျားရဲ့ ကိုယ်တွေ့ဝတ္ထုတွေထဲက မယ်မြလို မဖြစ်ပါစေနဲ့လို့သာ ဆုတောင်းနေပါတော့မယ် သူငယ်ချင်းရာ…။

မြမြအေး၊ ပြန်သွားပြီးနောက်တွင် ခင်နွဲ့ရီသည် သူငယ်ချင်း ဖြစ်သူအတွက် စိတ်မကောင်းခြင်းများစွာ ဖြစ်နေမိသည်။ သူမ..ပြောသလို ထိုလူက ဗုဒ္ဓဘာသာထဲဝင်မည်ဆိုလျှင် တော်ပါသေးသည်၊ ထိုသို့မဟုတ်ပါက သူမမှစ၍ သူမ၏ သားစဉ်မြေးဆက်သည် ဘာသာခြားများဖြစ်ကုန်၍ ဗုဒ္ဓဘာသာ သားကောင်းများစွာ ဆုံးရှုံးသွားနိုင်သည်။ ငါ့သူငယ်ချင်း တစ်ယောက် ဘယ်ပုံဘယ်နည်း မျက်စိမှားသွားသနည်း မပြောတတ်ပေ။ သူပြောပုံကတော့.. သူ့အမျိုးသားမှ ကားပစ္စည်းဆိုင်တွေရှိသတဲ့။ ထိုပစ္စည်းဥစ္စများဖြင့် မြူဆွယ်ခံသွားရရှာလေ သလား၊ မပြောတတ်ပေ။ ပစ္စည်းဥစ္စာနှင့် မြူဆွယ်ခံရရိုးမှန်ခဲ့လျှင် ငါ့သူငယ်ချင်းတော့ “အစာသာမြင်လို့ မျှားချိတ်မမြင်တဲ့ငါးလေးလို ဖြစ်သွားတယ်”ဟူသော စကားအတိုင်း ဒုက္ခရောက်မည်ဖြစ်၍ သနားစရာသာ ကောင်းပေတော့မည်။ ဤသို့တွေးမိ၍ မြမြအေးအတွက် စိုးရိမ်စိတ်များ ဖြစ်နေမိသည်။

မြမြအေး ပြန်သွားပြီးနောက် တစ်လလောက်အကြာတွင် ခင်နွဲ့ရီထံသို့ စာတိုက်မှ စာတစ်စောင် ရောက်လာသည်။ မြမြအေးထည့်လိုက်သည့် စာဖြစ်နေသည်။ စာတွင်…..
သူငယ်ချင်း ခင်နွဲ့ရီ..မြမြစာရေးလိုက်ပါတယ်။ နင့်ဆီက ပြန်လာပြီးတည်းက ငါလည်း အဲဒီလူနဲ့ လက်ထပ်ဖို့ အချိန်ရှိသရွေ့စဉ်းစားခဲ့ပါတယ်။ ပြီးတော့ နင်ပြောပြလိုက်တဲ့ ဦးဖိုးကျားရဲ့ ကိုယ်တွေ့ဝတ္ထုတွေထဲက မယ်မြဝတ္ထုကိုလည်း အခေါက်ခေါက် အခါခါဖတ်ကြည့်ပါတယ်။ မယ်မြဒုက္ခရောက်ရပုံတွေကို ဖတ်ရလို့ ငါထိတ်လန့် ကြောက်ရွံ့သွားတယ်။ ဒါကြောင့် အဲဒီလူနဲ့ လက်မထပ်တော့ဘူးလို့ ငါခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်ပြီး လမ်းခွဲလိုက်တယ်။ ငါ့ကို လမ်းမှားမရောက်အောင် မိတ်ဆွေကောင်း ပီသစွာနဲ့ ပြောဆိုဆုံးမခဲ့တဲ့ နင့်ကျေးဇူးတွေကိုလည်း ငါဘယ်တော့မှ မေ့ပျောက်တော့မယ်မထင်ပါဘူး။ အဲဒီအတွက်ဝမ်းသာစွာနဲ့ ကျေးဇူးစကား ငါဆိုလိုက်ပါတယ်။ ငါ့အတွက် စိတ်ပူမနေပါနဲ့တော့။ ဝမ်းသာနေပါတော့ သူငယ်ချင်း၊ မင်းရဲ့အချစ်ဆုံး သူငယ်ချင်း။

စာဖတ်သူအားလုံးလည်း အကယ်၍ ကြုံတွေ့ခဲ့ရင် ကိုယ့်ဘာသာအတွက် အမြင်မှန်ရပါစေ။ စာဖတ်သူအားလုံးလည်း ဘာသာခြားတွေနဲ့ ကင်းရှင်းကြပါစေ။ အထူးသဖြင့် စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေးတွေ ကင်းရှင်းအောင် နေကြစေချင်ပါတယ်။ ဘာသာခြားတွေရဲ့ မြူဆွယ်မှုအောက်မှ လွတ်မြောက်အောင် ကြိုးစားစေချင်ပါတယ်။ မိမိ မိတ်ဆွေသူငယ်ချင်းများကိုလည်း လမ်းမှားလျှောက်နေတာမြင်ရင် ခင်နွဲ့ရီလို သေသေချာချာပြောပြစေချင်ပါသည်။ အဆုံးအမခံယူသူများကလည်း မြမြအေးကဲ့သို့ မှန်ကန်သော ဆုံးဖြတ်ချက်ကို တွေဝေခြင်းမရှိဘဲ ပြတ်ပြတ်သားသား ချမှတ်စေချင်ပါတယ်။ လူမျိုးတူ ဘာသာတူအချင်းချင်း တစ်ဦး၏ အားနည်းချက်၊ တစ်ဦး၏အမှားများကို အားသာချက်၊ အမှန်တရားများဖြစ်အောင် တည့်မတ်ပေးစေလိုပါသည်။ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြစ်ဖို့ အရမ်းကိုလိုအပ်တဲ့အချိန်ဖြစ်နေပါသည်။

စာဖတ်သူအားလုံး အကယ်၍ဒီလိုအဖြစ်ပျက်လေးများကြုံတွေခဲ့ပါလျှင် ခင်နွဲ့ရီကဲ့သို့ သူငယ်ချင်းကောင်းနဲ့တွေ့ဆုံပြီး မြမြအေးကဲ့သို့ နှလုံးသားရေးရာကိုဦးစားမပေးဘဲ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို ကာကွယ်ဖို့နဲ့ အမျိုးဖျက်သူ၊ ဘာသာဖျက်သူ၊ သာသနာဖျက်သူမျိုးမဖြစ်အောင် ဆုံးဖြတ်ချက် ချပြီး ဘာသာခြားကို လက်ထက်ဖို့ အစီအစဦကို လမ်းခွဲရဲတဲ့ သတ္တိမျိုးရှိစေချင်ပါသည်။ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ အမျိုးသားများ ပီသနိုင်ကြပါစေလို့ ဆုတောင်းအသိပေးလိုက်ရပါသည်။
 
(ဗုဒ္ဓဘာသာဝင်) အားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများပြည့်ဝလျက် မိမိအကျိုး သူတစ်ပါးအကျိုး လောကအကျိုး သာသနာ့အကျိုးကို ဆထက်တိုးပြီး ဆောင်ရွတ်နိုင်ကြပါစေ။
မေတ္တာဖြင့်- 

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment