Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Wednesday, May 15, 2013

“မြတ်စွာဘုရားရှင်၏ ရုပ်ပွားဆင်းတု ပူဇော်ပုံ ပူဇော်နည်းနှင့် ပူဇော်ရသည့်အကျိုးတရားများ”

“မြတ်စွာဘုရားရှင်၏ ရုပ်ပွားဆင်းတု ပူဇော်ပုံ ပူဇော်နည်းနှင့် 
ပူဇော်ရသည့်အကျိုးတရားများ”

*************************************************************

“မြတ်စွာဘုရားရှင်၏ ရုပ်ပွားဆင်းတု ပူဇော်ပုံ ပူဇော်နည်း”

**************************************

ဗုဒ္ဓဘာသာအိမ်တိုင်းမှာ မြတ်စွာဘုရား၏ ရုပ်ပွားဆင်းတုတော်ကို 
သက်ရှိထင်ရှားမြတ်စွာဘုရားရှင် မိမိတို့အိမ်တိုက်ခန်းမှာ 
စံပ္ပာယ်တော်မူသကဲ့သို့ အာရုံထားပြီး တည်ထားကိုးကွယ်ကြပါတယ်။ ထိုကဲ့သို့ 
တည်ထားကိုးကွယ်သည့်နေရာမှာလည်း ကိုးကွယ်တတ်ဖို့ အရေးကြီးပြန်ပါတယ်။ 
ပုံတော်မှာ ဂုဏ်တော်တင်ပြီး ပူဇော်ရှိခိုးရမည်ဖြစ်၏။ မြတ်စွာဘုရားရှင် သည် 
ငါတို့၏ ကိုးကွယ်ရာအစစ်ပဲ။ မြတ်စွာဘုရားပွင့်တော်မူလာလို့ ဒါက ကုသိုလ် ဒါက 
အကုသိုလ်ဆိုတာကို ငါတို့ခွဲခြားသိရတယ် စတဲ့အချက်တွေကြောင့် 
မြတ်စွာဘုရားရှင်ဟာ ငါတို့ဗုဒ္ဓဘာသာဝင်များအတွက် ကိုးကွယ်ရာအစစ်ဖြစ်တယ်။ 
ထိုမြတ်စွာဘုရားရှင်သည် အရဟံစတဲ့ဂုဏ်တော်ကိုးပါးနဲ့ပြည့်စုံတော်မူတဲ့ 
ဘုရားရှင်ပဲရယ်လို့ စိတ်ဝယ်အောက်မေ့ပြီး ရှိခိုးပူဇော်ရမှာဖြစ်ပါတယ်။ 
ပုံတော်ကိုပဲ ရှိခိုးမနေဘဲ ထိုပုံတော်မှာ ဂုဏ်တော် ကျေးဇူးတော်များခြုံပြီး
 ကျေးဇူးရှင်အစစ် ကိုးကွယ်ရာအစစ်ဖြင့် ရှိခိုးပူဇော်ရမှာဖြစ်ပါတယ်။



ထိုသို့ရှိခိုးပူဇော်သည့်နေရာမှာလည်း မြတ်စွာဘုရားစင်ကို အိမ်ဦးခန်းမှာသာ 
အမြင့်အမြတ်ထားရပါတယ်။ လှေကားအောက်စသည်မှာ မထားရပါ။ အနိမ့်မှာ မထားရ။ 
မြေညီမှာမထားရ။ အမြင့်အမြတ် နေရာမပေးနိုင် လျှင် မထားသည်က ကောင်းပါတယ်။ 
ယုတ်နိမ့်သော နေရာမှာ မြတ်စွာဘုရားရှင်ကို ထားလျှင် နေ့စဉ် ငရဲကြီး 
မည်ဖြစ်၏။ ဘေးဥပါဒ်ကျရောက်ပါလိမ့်မည်။ မြတ်ဗုဒ္ဓ၏ရုပ်ပွား ဆင်းတုများကို 
ထားရှိပြီး ပူဇော်နည်း ရှိခိုးနည်းများ စနစ်ကျရှိရန်လို၏။

အိမ်တစ်အိမ်တွင် မြတ်ဗုဒ္ဓ၏ ရုပ်တုကို ပင့်ယူပူဇော်ပြီဆိုသည်နှင့် 
တပြိုင်နက် ရှေးဦးစွာ ရုပ်ထုတော်ကို အနေကဇာတင်ရမည်ဖြစ်၏။ 
အနေကဇာမတင်လျှင်လည်း ရှိခိုးကောင်းသည်ဟု မှတ်ယူရမည်။ အနေကဇာတင်မှ 
ဘုရားအရာမြောက်သည်မဟုတ်၊ ရှိခိုးကောင်းသည်မဟုတ်ဘဲ အနေကဇာမတင်သော်လည်း 
မြတ်စွာဘုရားအရာမြောက်ပြီး ရှိခိုးကောင်းသည်ဟု မှတ်ယူရမည်။ လိုအပ်မည် 
သိသင့်သည်ထင်၍ ထည့်ရေးခြင်းမျှသာဖြစ်၏။ အနေကဇာတင်သည်ဆိုသည်မှာ မြတ်စွာဘုရား
 ဘုရားဖြစ်ဖြစ်ချင်း ကျူးရင့်တော်မူသည့် ဥဒါန်းစကားတော်ကို ပြန်ပြီး 
ရွတ်ဖတ်ခြင်းပင်ဖြစ်၏။

အနေကဇာတင်သည်ဖြစ်စေ ၊ မတင်သည်ဖြစ်စေ မြတ်ဗုဒ္ဓ၏ ရုပ်ထုကို 
ပူဇော်ကိုးကွယ်လျှင် ဂုဏ်တော် ကိုးပါးကို လေးစားသည့်စိတ်နှင့် 
ဆွမ်းတော်ပွဲကို စနစ်တကျ ကပ်လှူပူဇော်ရမည်ဖြစ်၏။ ထို့အတူ ပန်း၊ ရေချမ်း၊ 
ဆီမီးကိုလည်း ဤကဲ့သို့ပင် ကပ်လှူပူဇော်ရမည်ဖြစ်၏။ ထိုသို့ 
ကပ်လှူပူဇော်ရာတွင် မြတ်စွာဘုရားအား မိမိတို့ စားဦးစားဖျားများ 
ကပ်လှူပူဇော်ခြင်းကို သက်ရှိထင်ရှား မြတ်စွာဘုရားထံ စိတ်ရောက်ပြီး 
လှူဒါန်းနေခြင်းဟု မှတ်ယူထားရမည်ဖြစ်၏။ 



"မြတ်စွာဘုရားကိုယ်စား ရုပ်ပွားဆင်းတု ပူဇော်ရသည့် အကျိုး"

*******************************************

မြတ်စွာဘုရား၏ ရုပ်ပွားဆင်းတုတော်ကို ပူဇော်ရှိခိုးကြသည့် သူများမှာ 
“သက်တော်ထင်ရှား မြတ်စွာဘုရားပါတကား” ဟု ဂုဏ်တော်ကိုးပါးကို 
စိတ်ရောက်ပြီးကြသူများ ဖြစ်ကြပါသည်။ ဤကဲ့သို့ ပူဇော်ကိုးကွယ်ကြမည်ဆိုလျှင် 
“သမေစိတ္တေ သမံ ဖလံ” ဆိုသည့် မြတ်စွာဘုရားဟောတော်မူခဲ့သည့် ပါဠိတော်အရ 
အကျိုးထူးများ ရရှိနိုင်မည်ဖြစ်၏။



“စိတ္တေ၊ မိမိ၏စိတ်သည်။ သမေ၊ သက်တော်ထင်ရှား မြတ်စွာဘုရားနဲ့ 
ရုပ်တုဆင်းတုတောင်နဲ့ အညီအမျှ ထားနိုင်သည်ရှိသော်။ သမံ ဖလံ၊ 
မြတ်စွာဘုရားအစစ်ကို ပူဇော်ရသကဲ့သို့ အကျိုးတရား အတူတူပင် ရရှိနိုင်ပါသည်။”
 ထို့ကြောင့် ရုပ်ပွားဆင်းတု ကိုးကွယ်ကြသူများ၏ စိတ်သည် အချုပ်ဖြစ်သကဲ့သို့
 အဓိကလည်း ကျသည်ဖြစ်၏။ မိမိစိတ်သည် စွမ်းလျှင် မိမိအား 
အကျိုးပေးစွမ်းမည်ဖြစ်၍ မိမိစိတ်ထက်သန် အားကြီး ဖြူစင်နေမည်ဆိုလျှင် 
အကျိုးပေးလည်း ထက်ထက်မြတ်မြတ် အားကြီး ဖြူစင်မည် ဖြစ်ပေ၏။

မိမိတို့၏ နေအိမ်များအသီးသီးတွင် ရုပ်ပွားဆင်းတု ကိုးကွယ်ထားပြီးသည်နှင့် 
လိုက်နာရမည့် စည်းကမ်းများလည်း ရှိပါသည်။ ဘုရားစင်ကို သီးခြားစင်မြင့်နှင့်
 ကိုးကွယ်ထားရမည်ဖြစ်၏။ မြတ်စွာဘုရားစင်ကို ပိတ်လိုက်ကာ၊ သို့မဟုတ် 
ဇာလိုက်တာဖြင့် ကန့်လန့် ကာရမည်။ မိမိအာရုံပြု ပူဇော်လိုသည့် အချိန်တွင် 
ဘုရားစင် လိုက်ကာကို ဆွဲဖွင့်၍ ပူဇော်ကိုးကွယ်ရပါသည်။



အထူးမှတ်ရန်မှာ မြတ်စွာဘုရားရှင် တည်ထားတော်မူသော ဘုရားစင်ရှေ့တွင် 
ဒူးထောင် ပေါင်ကား မနေရပေ။ မြတ်စွာဘုရားကို အဂါရဝ မရိုမသေမလေးမစား 
ပြုလုပ်နေထိုင်ကြလျှင် အပြစ်ဖြစ်ပါသည်။ အပြောအဆို ယဉ်ကျေးသိမ်မွေ့ရပါမည်။ 
ဘုရားစင်ရှေ့ထားပြီး ဆဲဆိုခြင်း၊ ရန်ဖြစ်ခြင်းများ မပြုလုပ်ရပါ။ 
အမင်္ဂလာစကားများ၊ (မင်္ဂလာမရှိသောစကားများ) ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ 
မပြောဆိုမိခြင်းသည် အဓိကဖြစ်သည်။ ယခုခေတ် ရုပ်ရှင် တီဗီဇာတ်ဝင်ခန်းများတွင်
 မင်းသား မင်းသမီးချစ်ကြိုက် ချိန်းတွေ့သည့် ဇာတ်ဝင်ခန်းများကို အတုမရှိ 
ကိလေသာငြိမ်းတော်မူပြီးသည့် မြတ်စွာရင်ပြင်ပေါ်တွင် ရိုက်ကူးနေခြင်း၊ 
သမီးရည်းစား စကားပြောခန်းများ ရိုက်ကူးနေခြင်းကို အပြင်းအထန် 
ရှုံ့ချသင့်လှ၏။

မိမိတို့နေအိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို ဘုရားစင်နှင့် 
နည်းမှန်လမ်းမှန် ကိုးကွယ်ထားခြင်းအားဖြင့် ဖော်ပြလတ္တံ့ပါ အကျိုးကျေးဇူး(၉)
 မျိုးကို ရရှိပါသည်။



၁။ ဘုရားစင်ရှိသည့်အတွက် ဘုရားကို မြင်နေရခြင်း၊ 
ဘုရားဝေယျာဝေစ္စပြုနေရခြင်း၊ မြတ်စွာဘုရားကို ကိုင်းညွတ်သည့်စိတ်ဖြင့် 
မမေ့ခြင်းနှင့် ဘုရားတရားနှင့် ကင်းကွာမနေခြင်းပင်ဖြစ်သည်။

၂။ မြတ်စွာဘုရားကို ဖူးတွေ့ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ် ပို၍ ယုံကြည်မှု 
လေးနက်လာသည်။

၃။ အိမ်တွင် ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှု ပြုခြင်းဖြင့် 
သတိမြဲခြင်းနှင့် ပညာဥာဏ် ထက်မြက်ခြင်းများ ရှိလာသည်။

၎။ ကုသိုလ်တရားများ တိုးပွားလာသည်။

၅။ စိတ်ညစ်ညူးမှုရှိလာလျှင် ဘုရားစင် ဘုရားရှင်ရှေ့တော်သို့ သွားပြီး 
ဘုရားပန်းလဲခြင်း၊ မြတ်စွာဘုရားကို အသေအချာကြည့် အာရုံပြုလိုက်ခြင်းဖြင့် 
စိတ်ညစ်ညူးမှုများ ပပျောက်လာသည်။ အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ 
ရပ်တန်းမှ ရပ်ပြီး စိတ်ကြည်နူးမှု ချက်ချင်းရရှိလာပါသည်။

၆။ အိမ်တွင် ဘုရားစင်ထားရှိသဖြင့် နာနာဘာဝ ဝိနာဘာဝများ၏ 
အနှောင့်အယှက်များမှ ကင်းပြီး မကြောက်မရွံ့နေနိုင်ပါသည်။

၇။ ဆင်းရဲဒုက္ခကို သည်းခံလာနိုင်သည်။

၈။ ဘုရားစင်ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်းသုတ်သင်ပြီး 
ကျကျနန ထားလျှင် အိမ့်ကျက်သရေ၊ လူ့ကျက်သရေတက်ပြီး ဂုဏ်သိက္ခာများ တက်ပါမည်။

၉ ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့်အတူ ပေါင်းသင်းနေရသကဲ့သို့ ဖြစ်ပြီး 
သူတပါး၏ ချီးမြှောက်ပူဇော်မှုကို ခံယူရရှိနိုင်ပါသည်။

ကိုးကား။ ။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်(သာသနာရေးဝန်ကြီးဌာန)



ဘုရားစစ် ဘုရားမှန် တရားစစ်တရားမှန် သံဃာစစ် သံဃာမှန်ကို 
ယုံကြည်ကိုးကွယ်နေကြသော ဗုဒ္ဓဘာသာဝင်များအတွက် စုစည်းတင်ပြလိုက်ပါသည်။ 
(English Version) အဖြစ်ဖြင့် ပြန်လည်ဖော်ပြနိုင်ရန် ထပ်မံ၍ 
ကြိုးစားပါဦးမည်။

စာဖတ်သူအားလုံးသ်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း 
ပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
 
“မြတ်စွာဘုရားရှင်၏ ရုပ်ပွားဆင်းတု ပူဇော်ပုံ ပူဇော်နည်း”
**************************************
ဗုဒ္ဓဘာသာအိမ်တိုင်းမှာ မြတ်စွာဘုရား၏ ရုပ်ပွားဆင်းတုတော်ကို သက်ရှိထင်ရှားမြတ်စွာဘုရားရှင် မိမိတို့အိမ်တိုက်ခန်းမှာ စံပ္ပာယ်တော်မူသကဲ့သို့ အာရုံထားပြီး တည်ထားကု...ိးကွယ်ကြပါတယ်။ ထိုကဲ့သို့ တည်ထားကိုးကွယ်သည့်နေရာမှာလည်း ကိုးကွယ်တတ်ဖို့ အရေးကြီးပြန်ပါတယ်။ ပုံတော်မှာ ဂုဏ်တော်တင်ပြီး ပူဇော်ရှိခိုးရမည်ဖြစ်၏။ မြတ်စွာဘုရားရှင် သည် ငါတို့၏ ကိုးကွယ်ရာအစစ်ပဲ။ မြတ်စွာဘုရားပွင့်တော်မူလာလို့ ဒါက ကုသိုလ် ဒါက အကုသိုလ်ဆိုတာကို ငါတို့ခွဲခြားသိရတယ် စတဲ့အချက်တွေကြောင့် မြတ်စွာဘုရားရှင်ဟာ ငါတို့ဗုဒ္ဓဘာသာဝင်များအတွက် ကိုးကွယ်ရာအစစ်ဖြစ်တယ်။ ထိုမြတ်စွာဘုရားရှင်သည် အရဟံစတဲ့ဂုဏ်တော်ကိုးပါးနဲ့ပြည့်စုံတော်မူတဲ့ ဘုရားရှင်ပဲရယ်လို့ စိတ်ဝယ်အောက်မေ့ပြီး ရှိခိုးပူဇော်ရမှာဖြစ်ပါတယ်။ ပုံတော်ကိုပဲ ရှိခိုးမနေဘဲ ထိုပုံတော်မှာ ဂုဏ်တော် ကျေးဇူးတော်များခြုံပြီး ကျေးဇူးရှင်အစစ် ကိုးကွယ်ရာအစစ်ဖြင့် ရှိခိုးပူဇော်ရမှာဖြစ်ပါတယ်

ထိုသို့ရှိခိုးပူဇော်သည့်နေရာမှာလည်း မြတ်စွာဘုရားစင်ကို အိမ်ဦးခန်းမှာသာ အမြင့်အမြတ်ထားရပါတယ်။ လှေကားအောက်စသည်မှာ မထားရပါ။ အနိမ့်မှာ မထားရ။ မြေညီမှာမထားရ။ အမြင့်အမြတ် နေရာမပေးနိုင် လျှင် မထားသည်က ကောင်းပါတယ်။ ယုတ်နိမ့်သော နေရာမှာ မြတ်စွာဘုရားရှင်ကို ထားလျှင် နေ့စဉ် ငရဲကြီး မည်ဖြစ်၏။ ဘေးဥပါဒ်ကျရောက်ပါလိမ့်မည်။ မြတ်ဗုဒ္ဓ၏ရုပ်ပွား ဆင်းတုများကို ထားရှိပြီး ပူဇော်နည်း ရှိခိုးနည်းများ စနစ်ကျရှိရန်လို၏။
အိမ်တစ်အိမ်တွင် မြတ်ဗုဒ္ဓ၏ ရုပ်တုကို ပင့်ယူပူဇော်ပြီဆိုသည်နှင့် တပြိုင်နက် ရှေးဦးစွာ ရုပ်ထုတော်ကို အနေကဇာတင်ရမည်ဖြစ်၏။ အနေကဇာမတင်လျှင်လည်း ရှိခိုးကောင်းသည်ဟု မှတ်ယူရမည်။ အနေကဇာတင်မှ ဘုရားအရာမြောက်သည်မဟုတ်၊ ရှိခိုးကောင်းသည်မဟုတ်ဘဲ အနေကဇာမတင်သော်လည်း မြတ်စွာဘုရားအရာမြောက်ပြီး ရှိခိုးကောင်းသည်ဟု မှတ်ယူရမည်။ လိုအပ်မည် သိသင့်သည်ထင်၍ ထည့်ရေးခြင်းမျှသာဖြစ်၏။ အနေကဇာတင်သည်ဆိုသည်မှာ မြတ်စွာဘုရား ဘုရားဖြစ်ဖြစ်ချင်း ကျူးရင့်တော်မူသည့် ဥဒါန်းစကားတော်ကို ပြန်ပြီး ရွတ်ဖတ်ခြင်းပင်ဖြစ်၏။
အနေကဇာတင်သည်ဖြစ်စေ ၊ မတင်သည်ဖြစ်စေ မြတ်ဗုဒ္ဓ၏ ရုပ်ထုကို ပူဇော်ကိုးကွယ်လျှင် ဂုဏ်တော် ကိုးပါးကို လေးစားသည့်စိတ်နှင့် ဆွမ်းတော်ပွဲကို စနစ်တကျ ကပ်လှူပူဇော်ရမည်ဖြစ်၏။ ထို့အတူ ပန်း၊ ရေချမ်း၊ ဆီမီးကိုလည်း ဤကဲ့သို့ပင် ကပ်လှူပူဇော်ရမည်ဖြစ်၏။ ထိုသို့ ကပ်လှူပူဇော်ရာတွင် မြတ်စွာဘုရားအား မိမိတို့ စားဦးစားဖျားများ ကပ်လှူပူဇော်ခြင်းကို သက်ရှိထင်ရှား မြတ်စွာဘုရားထံ စိတ်ရောက်ပြီး လှူဒါန်းနေခြင်းဟု မှတ်ယူထားရမည်ဖြစ်၏။

"မြတ်စွာဘုရားကိုယ်စား ရုပ်ပွားဆင်းတု ပူဇော်ရသည့် အကျိုး"
*******************************************
မြတ်စွာဘုရား၏ ရုပ်ပွားဆင်းတုတော်ကို ပူဇော်ရှိခိုးကြသည့် သူများမှာ “သက်တော်ထင်ရှား မြတ်စွာဘုရားပါတကား” ဟု ဂုဏ်တော်ကိုးပါးကို စိတ်ရောက်ပြီးကြသူများ ဖြစ်ကြပါသည်။ ဤကဲ့သို့ ပူဇော်ကိုးကွယ်ကြမည်ဆိုလျှင် “သမေစိတ္တေ သမံ ဖလံ” ဆိုသည့် မြတ်စွာဘုရားဟောတော်မူခဲ့သည့် ပါဠိတော်အရ အကျိုးထူးများ ရရှိနိုင်မည်ဖြစ်၏။

“စိတ္တေ၊ မိမိ၏စိတ်သည်။ သမေ၊ သက်တော်ထင်ရှား မြတ်စွာဘုရားနဲ့ ရုပ်တုဆင်းတုတောင်နဲ့ အညီအမျှ ထားနိုင်သည်ရှိသော်။ သမံ ဖလံ၊ မြတ်စွာဘုရားအစစ်ကို ပူဇော်ရသကဲ့သို့ အကျိုးတရား အတူတူပင် ရရှိနိုင်ပါသည်။” ထို့ကြောင့် ရုပ်ပွားဆင်းတု ကိုးကွယ်ကြသူများ၏ စိတ်သည် အချုပ်ဖြစ်သကဲ့သို့ အဓိကလည်း ကျသည်ဖြစ်၏။ မိမိစိတ်သည် စွမ်းလျှင် မိမိအား အကျိုးပေးစွမ်းမည်ဖြစ်၍ မိမိစိတ်ထက်သန် အားကြီး ဖြူစင်နေမည်ဆိုလျှင် အကျိုးပေးလည်း ထက်ထက်မြတ်မြတ် အားကြီး ဖြူစင်မည် ဖြစ်ပေ၏။
မိမိတို့၏ နေအိမ်များအသီးသီးတွင် ရုပ်ပွားဆင်းတု ကိုးကွယ်ထားပြီးသည်နှင့် လိုက်နာရမည့် စည်းကမ်းများလည်း ရှိပါသည်။ ဘုရားစင်ကို သီးခြားစင်မြင့်နှင့် ကိုးကွယ်ထားရမည်ဖြစ်၏။ မြတ်စွာဘုရားစင်ကို ပိတ်လိုက်ကာ၊ သို့မဟုတ် ဇာလိုက်တာဖြင့် ကန့်လန့် ကာရမည်။ မိမိအာရုံပြု ပူဇော်လိုသည့် အချိန်တွင် ဘုရားစင် လိုက်ကာကို ဆွဲဖွင့်၍ ပူဇော်ကိုးကွယ်ရပါသည်။

အထူးမှတ်ရန်မှာ မြတ်စွာဘုရားရှင် တည်ထားတော်မူသော ဘုရားစင်ရှေ့တွင် ဒူးထောင် ပေါင်ကား မနေရပေ။ မြတ်စွာဘုရားကို အဂါရဝ မရိုမသေမလေးမစား ပြုလုပ်နေထိုင်ကြလျှင် အပြစ်ဖြစ်ပါသည်။ အပြောအဆို ယဉ်ကျေးသိမ်မွေ့ရပါမည်။ ဘုရားစင်ရှေ့ထားပြီး ဆဲဆိုခြင်း၊ ရန်ဖြစ်ခြင်းများ မပြုလုပ်ရပါ။ အမင်္ဂလာစကားများ၊ (မင်္ဂလာမရှိသောစကားများ) ၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ မပြောဆိုမိခြင်းသည် အဓိကဖြစ်သည်။ ယခုခေတ် ရုပ်ရှင် တီဗီဇာတ်ဝင်ခန်းများတွင် မင်းသား မင်းသမီးချစ်ကြိုက် ချိန်းတွေ့သည့် ဇာတ်ဝင်ခန်းများကို အတုမရှိ ကိလေသာငြိမ်းတော်မူပြီးသည့် မြတ်စွာရင်ပြင်ပေါ်တွင် ရိုက်ကူးနေခြင်း၊ သမီးရည်းစား စကားပြောခန်းများ ရိုက်ကူးနေခြင်းကို အပြင်းအထန် ရှုံ့ချသင့်လှ၏။
မိမိတို့နေအိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို ဘုရားစင်နှင့် နည်းမှန်လမ်းမှန် ကိုးကွယ်ထားခြင်းအားဖြင့် ဖော်ပြလတ္တံ့ပါ အကျိုးကျေးဇူး(၉) မျိုးကို ရရှိပါသည်။

၁။ ဘုရားစင်ရှိသည့်အတွက် ဘုရားကို မြင်နေရခြင်း၊ ဘုရားဝေယျာဝေစ္စပြုနေရခြင်း၊ မြတ်စွာဘုရားကို ကိုင်းညွတ်သည့်စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရားတရားနှင့် ကင်းကွာမနေခြင်းပင်ဖြစ်သည်။
၂။ မြတ်စွာဘုရားကို ဖူးတွေ့ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ် ပို၍ ယုံကြည်မှု လေးနက်လာသည်။
၃။ အိမ်တွင် ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှု ပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဥာဏ် ထက်မြက်ခြင်းများ ရှိလာသည်။
၎။ ကုသိုလ်တရားများ တိုးပွားလာသည်။
၅။ စိတ်ညစ်ညူးမှုရှိလာလျှင် ဘုရားစင် ဘုရားရှင်ရှေ့တော်သို့ သွားပြီး ဘုရားပန်းလဲခြင်း၊ မြတ်စွာဘုရားကို အသေအချာကြည့် အာရုံပြုလိုက်ခြင်းဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာသည်။ အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှ ရပ်ပြီး စိတ်ကြည်နူးမှု ချက်ချင်းရရှိလာပါသည်။
၆။ အိမ်တွင် ဘုရားစင်ထားရှိသဖြင့် နာနာဘာဝ ဝိနာဘာဝများ၏ အနှောင့်အယှက်များမှ ကင်းပြီး မကြောက်မရွံ့နေနိုင်ပါသည်။
၇။ ဆင်းရဲဒုက္ခကို သည်းခံလာနိုင်သည်။
၈။ ဘုရားစင်ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်းသုတ်သင်ပြီး ကျကျနန ထားလျှင် အိမ့်ကျက်သရေ၊ လူ့ကျက်သရေတက်ပြီး ဂုဏ်သိက္ခာများ တက်ပါမည်။
၉ ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့်အတူ ပေါင်းသင်းနေရသကဲ့သို့ ဖြစ်ပြီး သူတပါး၏ ချီးမြှောက်ပူဇော်မှုကို ခံယူရရှိနိုင်ပါသည်။
ကိုးကား။ ။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်(သာသနာရေးဝန်ကြီးဌာန)

ဘုရားစစ် ဘုရားမှန် တရားစစ်တရားမှန် သံဃာစစ် သံဃာမှန်ကို ယုံကြည်ကိုးကွယ်နေကြသော ဗုဒ္ဓဘာသာဝင်များအတွက် စုစည်းတင်ပြလိုက်ပါသည်။ (English Version) အဖြစ်ဖြင့် ပြန်လည်ဖော်ပြနိုင်ရန် ထပ်မံ၍ ကြိုးစားပါဦးမည်။
 
စာဖတ်သူအားလုံးသ်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
 
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

No comments:

Post a Comment