Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Thursday, May 23, 2013

"မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူတဲ့ ဘာသာရေးခွဲတမ်း"

"မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူတဲ့ 
ဘာသာရေးခွဲတမ်း"

**************************************************

 ကိုယ့်ဘယ်ကသား၊ သူကားသမီး၊ ချစ်ကျွမ်းနှီးက သာချည်းခေါင်ကောက်၊ 
သူ့လက်အောက် တစ်ယောက်မျှသာ ကျစေမည်။

 သူ့ဘက်ကသား၊ ကိုယ်ကားသမီး၊ချစ်ကျွမ်းနှီးသော်၊ သမီးကပါ၊ သွေးသားအားလုံး 
အတုံးအရုံးပင် သူ့အောက်ကခွင်၊ နွယ်ငင်စင်းလုံး ဆုံးတော့သည်။ 

 မျိုးခြား ရိုးခြား၊ ဘာသာခြားနှင့်၊ ထိမ်းမြားလက်ထပ် သတိုးဆက်သည့် 
ရစ်ပတ်စုလျား၊ ထိုပွဲများတွင် ဘက်မှားဆိုက်ဆိုက်၊ သူ့နောက်လိုက်က၊ 
ခိုက်မည့်ဆုံးရှုံး ကိန်းတွက်နှုန်းကို ပေါင်းရုံးတွက်ဆ၊ ခွဲတမ်းချလျှက်၊ 

 မကျခင်က၊ ကျမည့်အရာ၊ စဉ်းစားပါ။ 

 မရခင်က၊ ရမည့်အရာ၊ စဉ်းစားပါ။



အထက်ပါ ကဗျာလေးဟာ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးကိုယ်တိုင် 
ရေးစပ်ခဲ့တာဖြစ်ပါတယ်။ ဒီကဗျာလေးကို ကြည့်ခြင်းအားဖြင့် 
ဆရာတော်ဘုရားကြီးရဲ့ အမျိုးသားရေးစိတ်ဓာတ်၊ ဘာသာရေးစိတ်ဓာတ်တွေဟာ 
ဘယ်လောက်ထိ ကြီးကျယ်ခမ်းနားလှတယ်ဆိုတာ အပွေးမြင် အပင်သိဆိုသလို 
ထင်ရှားလွန်းလှပါတယ်။ ဆရာတော်ဘုရားကြီးဟာ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ 
သိက္ခာသုံးပါးနှင့် ပြည့်စုံတဲ့ ဆရာတော်ဘုရားကြီးဖြစ်ပဲဖြစ်ပါတယ်။ 
ဆရာတော်ဘုရားကြီးဟာ ဘာလို့ ဒီလိုကဗျာတွေရေးပြီး မြန်မာလူမျိုးတွေကို 
သတိပေးရတာလဲဆိုရင် အဖြေကတော့ အမျိုးပျောက်မည့်အရေး 
တကယ်စိတ်မအေးလို့ဖြစ်ပါတယ်။ တတ်သိနားလည် အသိဥာဏ်ကြွယ်တဲ့ ရဟန်းပညာရှိ 
လူပညာရှိတွေက ဘယ်လိုပဲ စိတ်မအေးဖြစ်နေနေ တချို့ မြန်မာလူမျိုးတွေကတော့ 
ကိုယ်နဲ့မဆိုင်သလို ဘာမှမပတ်သတ်သလို နေကြတတ်ကြပြီး၊ အခုထိ 
ဘာသာခြားလူမျိုးခြားဆိုင်တွေမှာ ဈေးဝယ်တုန်း၊ ပေါင်းသင်းတုန်း၊ 
အိမ်ထောင်ပြုကြတုန်းပင် ဖြစ်ပါတယ်။ ဒီလိုစိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ 
အောက်တန်းစားလို့တောင် ပြောရမလိုပါပဲ။ 

လူဆိုတာ လူကသာအောက်ကရောက်နေပေမယ့် စိတ်ဓာတ်ကတော့ အမြင့်ဆုံးနေရာမှာ 
ထားရပါမယ်။ လူတစ်ယောက်မှာ စိတ်ဓာတ်ဟာ အဓိကကျပါတယ်။ စိတ်ဓာတ်ခိုင်မာနေရင် 
အရာရာမှာ ပြီးမြောက်အောင်မြင်နိုင်ပါတယ်။ သူတစ်ပါးတွေက 
ကိုယ့်ကိုလာရောက်ဖျက်စီးတောင်မှ ကိုယ်က ခိုင်မာတဲ့စိတ်ဓာတ်ရှိမှ 
ပြန်ပြီးတွန်းလှန်နိုင်ပါတယ်။



ဆရာတော်ဘုရားကြီးရေးတဲ့ ကဗျာကို ပြန်ပြီးလိုရင်း အနှစ်ချုပ်လိုက်မယ်ဆိုရင် 
ယောက်ျားလေး တစ်ယောက် လူမျိုးခြား ဘာသာခြားနောက်ပါသွားရင် 
အဲဒီယောက်ျားလေးတစ်ယောက်တည်းပဲ ဆုံးရှုံးပါတယ်။ 
မိန်းကလေးတစ်ယောက်ပါသွားရင်တော့ အဲဒီမိန်းကလေးမှ မွေးလာမယ့် မျိုးဆက်သစ်တွေ
 အားလုံး ဆုံးရှုံးသွားတယ်လို့ ဆိုတဲ့သဘောပါပဲ။ ဒါကြောင့်မို့ 
မြန်မာမိန်းကလေးတိုင်း အမျိုးသားရေး၊ ဘာသာရေးနဲ့ ပတ်သတ်လာရင် 
အမှားဆိုတာမျိုး ဘယ်တော့မှ ဖြစ်မလာအောင် ကြိုတင်ပြင်ဆင်ပြီး အားမွေးထားဖို့
 လိုအပ်ပါတယ်။ မှားပြီးမှရတဲ့ နောင်တမျိုးဟာ အခါလွန်ရင် ပြင်ဖို့ခက်ပါတယ်။ 
တစ်ဘဝစာ တစ်နပ်စာ မကြည့်ပါနဲ့။ ကိုယ့်ကြောင့်ဖြစ်လာမယ့် မျိုးဆက်သစ်တွေ 
အယူမှားကြောင့် သံသရာမှာ ခံရမယ့် ဒုက္ခတွေကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။



အချုပ်အားဖြင့် ပြောရမယ်ဆိုရင် မြန်မာမိန်းကလေးတစ်ယောက်ဟာ 
အိမ်ထောင်ပြုတော့မယ်ဆိုရင် မျိုးဆက်သစ်အဖြစ် သားသမီးရတနာလေးတွေ 
မွေးဖွားပေးရဦးမှာ မလွဲမသွေဖြစ်ပါတယ်။ အဲဒီအခါ မိမိရင်မှ ဖြစ်လာမယ့် 
ရင်သွေးလေးတွေဟာ ကိုယ့်အမျိုး ကိုယ့်ဘာသာအတွက် မွေးဖွားပေးမလား၊ ဒါမှမဟုတ် 
လူမျိုးခြား ဘာသာခြားတွေအတွက် မွေးဖွားပေးလားဆိုတာပါပဲ။

အနူးအညွတ်တောင်းပန်းချင်တာကတော့ မိမိရဲ့မျိုးဆက်သစ်လေးတွေကို ကိုယ့်အမျိုး 
ကိုယ့်ဘာသာအတွက် မွေးဖွားပေးကြပါလို့ တိုက်တွန်းလိုက်ပါသည်။



ဖိုးပညော(သပိတ်ကျင်း) ၏ ဒို့အမျိုး ဒို့ဘာသာ မကွယ်ပျောက်စေဖို့ စာအုပ်မှ။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး 
လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

**************************************************
ကိုယ့်ဘယ်ကသား၊ သူကားသမီး၊ ချစ်ကျွမ်းနှီးက... သာချည်းခေါင်ကောက်၊ သူ့လက်အောက် တစ်ယောက်မျှသာ ကျစေမည်။
သူ့ဘက်ကသား၊ ကိုယ်ကားသမီး၊ချစ်ကျွမ်းနှီးသော်၊ သမီးကပါ၊ သွေးသားအားလုံး အတုံးအရုံးပင် သူ့အောက်ကခွင်၊ နွယ်ငင်စင်းလုံး ဆုံးတော့သည်။
မျိုးခြား ရိုးခြား၊ ဘာသာခြားနှင့်၊ ထိမ်းမြားလက်ထပ် သတိုးဆက်သည့် ရစ်ပတ်စုလျား၊ ထိုပွဲများတွင် ဘက်မှားဆိုက်ဆိုက်၊ သူ့နောက်လိုက်က၊ ခိုက်မည့်ဆုံးရှုံး ကိန်းတွက်နှုန်းကို ပေါင်းရုံးတွက်ဆ၊ ခွဲတမ်းချလျှက်၊
မကျခင်က၊ ကျမည့်အရာ၊ စဉ်းစားပါ။
မရခင်က၊ ရမည့်အရာ၊ စဉ်းစားပါ။

အထက်ပါ ကဗျာလေးဟာ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးကိုယ်တိုင် ရေးစပ်ခဲ့တာဖြစ်ပါတယ်။ ဒီကဗျာလေးကို ကြည့်ခြင်းအားဖြင့် ဆရာတော်ဘုရားကြီးရဲ့ အမျိုးသားရေးစိတ်ဓာတ်၊ ဘာသာရေးစိတ်ဓာတ်တွေဟာ ဘယ်လောက်ထိ ကြီးကျယ်ခမ်းနားလှတယ်ဆိုတာ အပွေးမြင် အပင်သိဆိုသလို ထင်ရှားလွန်းလှပါတယ်။ ဆရာတော်ဘုရားကြီးဟာ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးပါးနှင့် ပြည့်စုံတဲ့ ဆရာတော်ဘုရားကြီးဖြစ်ပဲဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးဟာ ဘာလို့ ဒီလိုကဗျာတွေရေးပြီး မြန်မာလူမျိုးတွေကို သတိပေးရတာလဲဆိုရင် အဖြေကတော့ အမျိုးပျောက်မည့်အရေး တကယ်စိတ်မအေးလို့ဖြစ်ပါတယ်။ တတ်သိနားလည် အသိဥာဏ်ကြွယ်တဲ့ ရဟန်းပညာရှိ လူပညာရှိတွေက ဘယ်လိုပဲ စိတ်မအေးဖြစ်နေနေ တချို့ မြန်မာလူမျိုးတွေကတော့ ကိုယ်နဲ့မဆိုင်သလို ဘာမှမပတ်သတ်သလို နေကြတတ်ကြပြီး၊ အခုထိ ဘာသာခြားလူမျိုးခြားဆိုင်တွေမှာ ဈေးဝယ်တုန်း၊ ပေါင်းသင်းတုန်း၊ အိမ်ထောင်ပြုကြတုန်းပင် ဖြစ်ပါတယ်။ ဒီလိုစိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ အောက်တန်းစားလို့တောင် ပြောရမလိုပါပဲ။
လူဆိုတာ လူကသာအောက်ကရောက်နေပေမယ့် စိတ်ဓာတ်ကတော့ အမြင့်ဆုံးနေရာမှာ ထားရပါမယ်။ လူတစ်ယောက်မှာ စိတ်ဓာတ်ဟာ အဓိကကျပါတယ်။ စိတ်ဓာတ်ခိုင်မာနေရင် အရာရာမှာ ပြီးမြောက်အောင်မြင်နိုင်ပါတယ်။ သူတစ်ပါးတွေက ကိုယ့်ကိုလာရောက်ဖျက်စီးတောင်မှ ကိုယ်က ခိုင်မာတဲ့စိတ်ဓာတ်ရှိမှ ပြန်ပြီးတွန်းလှန်နိုင်ပါတယ်။

ဆရာတော်ဘုရားကြီးရေးတဲ့ ကဗျာကို ပြန်ပြီးလိုရင်း အနှစ်ချုပ်လိုက်မယ်ဆိုရင် ယောက်ျားလေး တစ်ယောက် လူမျိုးခြား ဘာသာခြားနောက်ပါသွားရင် အဲဒီယောက်ျားလေးတစ်ယောက်တည်းပဲ ဆုံးရှုံးပါတယ်။ မိန်းကလေးတစ်ယောက်ပါသွားရင်တော့ အဲဒီမိန်းကလေးမှ မွေးလာမယ့် မျိုးဆက်သစ်တွေ အားလုံး ဆုံးရှုံးသွားတယ်လို့ ဆိုတဲ့သဘောပါပဲ။ ဒါကြောင့်မို့ မြန်မာမိန်းကလေးတိုင်း အမျိုးသားရေး၊ ဘာသာရေးနဲ့ ပတ်သတ်လာရင် အမှားဆိုတာမျိုး ဘယ်တော့မှ ဖြစ်မလာအောင် ကြိုတင်ပြင်ဆင်ပြီး အားမွေးထားဖို့ လိုအပ်ပါတယ်။ မှားပြီးမှရတဲ့ နောင်တမျိုးဟာ အခါလွန်ရင် ပြင်ဖို့ခက်ပါတယ်။ တစ်ဘဝစာ တစ်နပ်စာ မကြည့်ပါနဲ့။ ကိုယ့်ကြောင့်ဖြစ်လာမယ့် မျိုးဆက်သစ်တွေ အယူမှားကြောင့် သံသရာမှာ ခံရမယ့် ဒုက္ခတွေကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် မြန်မာမိန်းကလေးတစ်ယောက်ဟာ အိမ်ထောင်ပြုတော့မယ်ဆိုရင် မျိုးဆက်သစ်အဖြစ် သားသမီးရတနာလေးတွေ မွေးဖွားပေးရဦးမှာ မလွဲမသွေဖြစ်ပါတယ်။ အဲဒီအခါ မိမိရင်မှ ဖြစ်လာမယ့် ရင်သွေးလေးတွေဟာ ကိုယ့်အမျိုး ကိုယ့်ဘာသာအတွက် မွေးဖွားပေးမလား၊ ဒါမှမဟုတ် လူမျိုးခြား ဘာသာခြားတွေအတွက် မွေးဖွားပေးလားဆိုတာပါပဲ။
အနူးအညွတ်တောင်းပန်းချင်တာကတော့ မိမိရဲ့မျိုးဆက်သစ်လေးတွေကို ကိုယ့်အမျိုး ကိုယ့်ဘာသာအတွက် မွေးဖွားပေးကြပါလို့ တိုက်တွန်းလိုက်ပါသည်။

ဖိုးပညော(သပိတ်ကျင်း) ၏ ဒို့အမျိုး ဒို့ဘာသာ မကွယ်ပျောက်စေဖို့ စာအုပ်မှ။
 
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
 
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment