ဘုရားလောင်း မျောက်မင်း ဘ၀ ဖြစ်တုန်းက တောအုပ်တခု မှာ ဆွေမျိုးတော် မျောက်အခြံအရံ မြောက်မြ...ားစွာနဲ့ နေခဲ့ပါတယ်။ အဲ့ဒီ တောအုပ် နဲ့ မလှမ်းမကန်းမှာတော့ ရွာကြီးတရွာ ရှိပြီးတော့ ရွာလည်တည့်တည့်မှာ တည်သီပင်းကြီး တပင်လည်းရှိပါတယ်။
တည်သီး မှည့်ရင် အလွန်အနံ့အရာသာ ရှိတဲ့ အတွက် ဘုရားလောင်း ရဲ့  ဆွေမျိုးတော် မျောက်တွေ ဟာ အဲ့ဒီ ရွာလည် က တည်သီးမှည့်တွေ ကို စားဖို့ အတွက် မျောက်မင်း ဘုရားလောင်းဆီ မှာ အကြိမ်ကြိမ် ခွင့်တောင်းပေမယ့် အန္တရာယ်ကို ကြိုမြင် တဲ့ ဘုရားလောင်းမျောက်မင်းက ခွင့်မပြုခဲ့ပါဘူး။
နောက်ဆုံးမှာတော့ မျောက်တွေဟာ သန်းခေါင်ယံ ရွာသားတွေ အိပ်နေတဲ့ အချိန်မှာ မျောက်မင်း မသိအောင် လစ်ထွက်ကြပြီး ရွာလည်က တည်သီးကို သွားခိုးစားကြပါတော့တယ်။ မျောက်တွေ တည်ပင်ပေါ်မှာ ရောက်နေတာကို တရေးတမော နိုးလာတဲ့ ရွာသားတယောက်က မြင်သွားတဲ့ အခါမှာတော့ တရွာလုံးကို နိုးပြီး မျောက်တွေ ရှိတဲ့ တည်ပင်ကြီးအောက်ကို တုတ်ဓါးကိုယ်စီ နဲ့ ဆင်းလာတဲ့ မျောက်တွေ ကို သတ်ပြီး စားသောက်မယ်ဆိုပြီး ရောက်လာကြပါတော့တယ်။
မျောက်မင်း လည်း ဆူဆူညံညံ အသံကြားလို့ အိပ်နေရာက ထ ကြည့်တဲ့ အခါ သူ့ဆွေမျိုး မျောက်တွေတကောင်မှ သူ့နားမှာ မရှိတော့ပဲ ရွာလည်က တည်ပင်ကြီးမှာ ရောက်နေတာတွေ့ပါတယ်။ အဲ့ဒီလိုပဲ သူ့ဆွေတော်မျိုးတော် မျောက်တွေ အသက်အန္တရာယ် ရှိတာကို သိသွားတဲ့ မျောက်မင်းဟာ ဆွေမျိုးတွေရဲ့  အသက်ကို ကယ်နိုင်ဖို့ အတွက် ရွာ ရဲ့  အခြေအနေ လေ့လာကြည့်တဲ့အခါ အဘွားအိုတယောက် က ဖိုခလောက် တခုမှာ ရေနွေးအိုးတည်နေတာကို တွေ့ပါတယ်။ ဒါနဲ့ပဲ မျောက်မင်းဟာ အဲ့ဒီ ဖိုခလောက် ထဲ က ထင်းမီးစ တခုကို လု ယူပြီးတော့ ရွာသားတွေ ရဲ့  အိမ်တွေ ကို မီးရှို့ ပါတော့တယ်။ ခေါင်းမိုးတွေ ကို တက်ပြီး ဟိုအိမ်ဒီအိမ် လိုက်ပြီး ရှို့ တော့ ရွာမီးလောင်ပါလေရော....။
အဲ့ဒီ အချိန်မှာ မျောက်တွေ ကို သတ်စားဖို့ တည်ပင်အောက် မှာ စောင့်နေတဲ့ ရွာသားတွေ ဟာ သူ့တို့ အိမ်တွေ မီးလောင်တဲ့ အခါ မီးငြိမ်းသတ် ဖို့ အတွက် အလျှင်အမြန် လုပ်ကြရပါတော့တယ်။ ဒီလိုနဲ့ ပဲ တည်ပင်ပေါ်က မျောက်တွေ ဟာ အသက်ချမ်းသာရာ ရခဲ့ကြပါတယ်။
ခေါင်းဆောင် ဆိုတာ မိမိရဲ့  ဆွေတော် မျိုးတော် ကို ခုလိုပဲ ကာကွယ်ပေးရတယ် ဆိုပြီး ဘုရားက ဟောကြားခဲ့တာပါ။ ကျွန်တော်တို့ ခေါင်းဆောင် ဆိုတဲ့ ပုဂ္ဂိုလ်တွေ က တိရိစ္ဆာန်လောက် အမျိုး ဘာသာ သာသနာကို ကာကွယ်ပေးပါသလား....
(Zaw Z Tun)





![လူ့အခွင့်ရေး ချိုးဖောက်မှူ ဖြင့် ဘုရားလောင်း မျောက်မင်း အား
အရေးယူမည်..
ဘုရားလောင်း မျောက်မင်း ဘ၀ ဖြစ်တုန်းက တောအုပ်တခု မှာ ဆွေမျိုးတော်
မျောက်အခြံအရံ မြောက်မြားစွာနဲ့ နေခဲ့ပါတယ်။ အဲ့ဒီ တောအုပ် နဲ့
မလှမ်းမကန်းမှာတော့ ရွာကြီးတရွာ ရှိပြီးတော့ ရွာလည်တည့်တည့်မှာ
တည်သီပင်းကြီး တပင်လည်းရှိပါတယ်။
တည်သီး မှည့်ရင် အလွန်အနံ့အရာသာ ရှိတဲ့ အတွက် ဘုရားလောင်း ရဲ့ 
ဆွေမျိုးတော် မျောက်တွေ ဟာ အဲ့ဒီ ရွာလည် က တည်သီးမှည့်တွေ ကို စားဖို့
အတွက် မျောက်မင်း ဘုရားလောင်းဆီ မှာ အကြိမ်ကြိမ် ခွင့်တောင်းပေမယ့်
အန္တရာယ်ကို ကြိုမြင် တဲ့ ဘုရားလောင်းမျောက်မင်းက ခွင့်မပြုခဲ့ပါဘူး။
နောက်ဆုံးမှာတော့ မျောက်တွေဟာ သန်းခေါင်ယံ ရွာသားတွေ အိပ်နေတဲ့ အချိန်မှာ
မျောက်မင်း မသိအောင် လစ်ထွက်ကြပြီး ရွာလည်က တည်သီးကို
သွားခိုးစားကြပါတော့တယ်။ မျောက်တွေ တည်ပင်ပေါ်မှာ ရောက်နေတာကို တရေးတမော
နိုးလာတဲ့ ရွာသားတယောက်က မြင်သွားတဲ့ အခါမှာတော့ တရွာလုံးကို နိုးပြီး
မျောက်တွေ ရှိတဲ့ တည်ပင်ကြီးအောက်ကို တုတ်ဓါးကိုယ်စီ နဲ့ ဆင်းလာတဲ့
မျောက်တွေ ကို သတ်ပြီး စားသောက်မယ်ဆိုပြီး ရောက်လာကြပါတော့တယ်။
မျောက်မင်း လည်း ဆူဆူညံညံ အသံကြားလို့ အိပ်နေရာက ထ ကြည့်တဲ့ အခါ
သူ့ဆွေမျိုး မျောက်တွေတကောင်မှ သူ့နားမှာ မရှိတော့ပဲ ရွာလည်က တည်ပင်ကြီးမှာ
ရောက်နေတာတွေ့ပါတယ်။ အဲ့ဒီလိုပဲ သူ့ဆွေတော်မျိုးတော် မျောက်တွေ
အသက်အန္တရာယ် ရှိတာကို သိသွားတဲ့ မျောက်မင်းဟာ ဆွေမျိုးတွေရဲ့  အသက်ကို
ကယ်နိုင်ဖို့ အတွက် ရွာ ရဲ့  အခြေအနေ လေ့လာကြည့်တဲ့အခါ အဘွားအိုတယောက် က
ဖိုခလောက် တခုမှာ ရေနွေးအိုးတည်နေတာကို တွေ့ပါတယ်။ ဒါနဲ့ပဲ မျောက်မင်းဟာ
အဲ့ဒီ ဖိုခလောက် ထဲ က ထင်းမီးစ တခုကို လု ယူပြီးတော့ ရွာသားတွေ ရဲ့ 
အိမ်တွေ ကို မီးရှို့ ပါတော့တယ်။ ခေါင်းမိုးတွေ ကို တက်ပြီး ဟိုအိမ်ဒီအိမ်
လိုက်ပြီး ရှို့ တော့ ရွာမီးလောင်ပါလေရော....။
အဲ့ဒီ အချိန်မှာ မျောက်တွေ ကို သတ်စားဖို့ တည်ပင်အောက် မှာ စောင့်နေတဲ့
ရွာသားတွေ ဟာ သူ့တို့ အိမ်တွေ မီးလောင်တဲ့ အခါ မီးငြိမ်းသတ် ဖို့ အတွက်
အလျှင်အမြန် လုပ်ကြရပါတော့တယ်။ ဒီလိုနဲ့ ပဲ တည်ပင်ပေါ်က မျောက်တွေ ဟာ
အသက်ချမ်းသာရာ ရခဲ့ကြပါတယ်။
ခေါင်းဆောင် ဆိုတာ မိမိရဲ့  ဆွေတော် မျိုးတော် ကို ခုလိုပဲ ကာကွယ်ပေးရတယ်
ဆိုပြီး ဘုရားက ဟောကြားခဲ့တာပါ။ ကျွန်တော်တို့ ခေါင်းဆောင် ဆိုတဲ့
ပုဂ္ဂိုလ်တွေ က တိရိစ္ဆာန်လောက် အမျိုး ဘာသာ သာသနာကို ကာကွယ်ပေးပါသလား....
(Zaw Z Tun)
Credit; Arakan @[100004166954224:2048:Shwemaw Tharlay]](https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-ash4/q71/s480x480/424593_179384475556502_1214382798_n.jpg)
No comments:
Post a Comment