တွေ့ဆုံရာ ကမ္ဘာ
ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......
Tuesday, May 14, 2013
"ဗုဒ္ဓဘာသာအဖြစ်မှပျက်စီးပုံ အပိုင်း(၂)- ကိုးကွယ်မှုအမှားကြောင့် သရဏဂုံ ပျက်စီးပုံ"
**************************
**************************
*****
လောကီသရဏဂုံကျတော့ ကိုးကွယ်ဆည်းကပ်ပုံလေးမျိုး
ရှိပါတယ်။အဲဒါဘာတွေလဲလို့ဆု
ိတော့
(၁)။မိမိကိုယ်ကို ရတနာသုံးပါးအား အပ်နှင်းခြင်း(အတ္တသန္တွိယျာတန
သရဏဂုံ)ဆိုလိုတာက မိမိရဲ့ဘဝကိုရတနာသုံးပါးအား
စွန့်လှူပြီးကိုးကွယ်ဆည်းကပ
်ခြင်းဖြစ်ပါတယ်။ရာထူး စည်းစိမ် အာဏာ ဘယ်လိုအရေးနဲ့ ပဲကြုံ
...
ကြုံ မိမိအသက်သာအသေခံမည်၊ရတနာသုံ
းပါးကို မစွန့်ဘဲ အသက်ထက်ဆုံး ဆည်းကပ်ကိုးကွယ်မှုကိုခေါ်တာ
ပါ။
(၂)။မိမိကိုယ်ကို ရတနာသုံးပါသည်သာလျှင် ကိုးကွယ်လဲလျောင်းရာရှိတယ်(
သို့မဟုတ်) ရတနာသုံးပါးအပေါ်လုံးဝအားကို
း အားထားပြုခြင်း(တပ္ပရာယဏတာသရ
ဏဂုံ)။ဆိုလိုတာက ရတနာသုံးပါမှတစ်ပါး အခြားကိုးကွယ်ရာ လဲလျောင်းရာ ဆည်းကပ်ရာ(နတ် ဗြဟ္မာ ဖန်ဆင်းရှင် ဘိုးတော်စသည်)ဖြင့်ဆည်းကပ်က
ိုးကွယ်ရာမရှိဘူး၊ရတနာသုံးပ
ါသည်သာလျှင် ကိုးကွယ်ရာအစစ်ဖြစ်တယ်လို့ သဒ္ဓါ ပညာဦးစီးတဲ့ကိုးကွယ်မှုကို
ခေါ်တာပါ။
(၃)။မိမိကိုယ်ကို ရတနာသုံးပါးရဲ့ တပည့်သားအဖြစ်ကိုခံယူခြင်း(
သိဿဘာဝူပဂမဏသရဏဂုံ)၊ဆိုလိုတ
ာက ရတနာသုံးပါးသည် သာလျှင်သံသရာဝဋ်ဆင်းရဲမှထွက
်မြောက်ရာအတွက်စစ်မှန်သောနည
်းမှန်လမ်းမှန်ဆရာဖြစ်တယ်၊ဒ
ါကြောင့်ရတနာသုံးပါးရဲ့ တပည့်အဖြစ်မိမိကိုယ်ကိုခံယူ
ပြီးကိုးကွယ်ခြင်းကိုဆိုလို
တာပါ။
(၄)။ရတနာသုံးပါးအားဝပ်တွားခ
ယမိမိကိုယ်ကို နှိပ်ချပြီးအလွန်ရိုသေသောအြ
ခင်းအရာကိုပြသခြင်း(ပဏိပါတသ
ရဏဂုံ) ဆိုပြီးလေးမျိုးရှိပါတယ်။အမ
ှတ်စဉ်လေးဖြစ်တဲ့ ပဏိပါတသရဂုံမှာကျတော့မြတ်စွ
ာဘုရားရှင်ဟာဘာသာခြားများ ကဲ့ရဲ့ရှုံ့ချသလို ကုလားမျိုးမဟုတ်ပါဘူး၊သာကီဝ
င်မင်းမျိုးပါ။ မြတ်စွာဘုရားရှင်က သာကီဝင်မင်းမျိုးဖြစ်လို့ သာကီဝင်မင်းမျိုးတွေက ဘုရားလို့မှတ်ယူခြင်းမရှိဘဲ
ဆွေမျိုးအဖြစ်မှတ်ယူပြီး ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုသေပေးခြင်းမျိုးက တကယ်ကြည်ညိုလေးစားလို့မဟုတ်
ဘဲ ဆွေးမျိုးဆိုတဲ့အသိနဲ့ ကိုးကွယ်တာဖြစ်သည့်အတွက် သရဏဂုံဆောက်တည်ရာမရောက်ပါဘူ
း။
(၂)။ ရတနာသုံးပါးမကိုးကွယ်ရင် ဘေးဒုက္ခရောက်မယ် စီးပွားပျက်မယ် ရာထူးကျမယ် အလုပ်ကိုင်တွေအဆင်မပြေဖြစ်မ
ယ် ကျန်းမာရေးညံ့မယ်စသည်ဖြင့်ေ
ပါ့လေ)အကြောက်တရားကို အခြေခံပြီး ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုသေပေးခြင်း စသည်ပြုခြင်းသည် တကယ်စစ်မှန်သော သဒ္ဓါတရားမဟုတ်သောကြောင့် သရဏဂုံတည်ရာမရောက်ပါဘူး။
(၃)။ မြတ်စွာဘုရားရှင်အား လောကီလမ်းညွှန်မှုအဆုံးအမကို
နာယူရသောကြောင့် ဆရာအဖြစ် မှတ်ယူပြီးရှိခိုးခြင်း အရိုသေပြုခြင်းလက်အုပ်ချီခြ
င်းခရီးဦးကြိုပြုခြင်းသည်သ
ရဏဂုံဆောက်တည်ရာမဖြစ်ပေ။ဆို
လိုတာက မြတ်စွာဘုရားကို ကိုးကွယ်ခြင်း မြတ်စွာဘုရားတရားကိုနာယူလျှ
င်(စီးပွားတိုးတက်ခြင်း ကျန်းမာခြင်း ရာထူးတိုးတက်ခြင်း) စတဲ့လောကီကောင်းကျိုးတွေကို
ရရှိခံစားရတယ်ဆိုတဲ့ကိုးကွယ
်ဆည်းကပ်ခြင်း၊ရှိခိုးခြင်း
၊လက်အုပ်ချီခြင်း၊ စတဲ့အမှုများသည် သရဏဂုံဆောက်တည်ရာမရောက်ပါ။
(၄)ရတနာသုံးပါး၏ သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ် တို့ကို ရည်မှန်းပြီး ရှိခိုးခြင်း လက်အုပ်ချီခြင်း အရိုသေပေးခြင်း ခရီးဦးကြိုဆိုခြင်း အမှုများကိုပြုလုပ်လျှင် သရဏဂုံဆောက်တည်သည်မည်ပါသည်။
သရဏဂုံတည်ခြင်းအကျိုးတရားကသ
ရဏဆိုသည်မှာဘေးအန္တရာယ်ကိုတာ
းဆီးကာကွယ်ပေး တတ်သော၊ ပယ်ဖျောက်ပေးတတ်သောအရာ/
ပုဂ္ဂိုလ် ဟု အဓိပ္ပါယ်ရသည်နှင့်လျော်ညီစွ
ာဝဋ်ဘေး (ကိလေသာဝဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်) စိတ်ပူလောင်မှုဘေး ကိုယ်ဆင်းရဲမှုဘေးဒုဂ္ဂတိဘုံဆ
င်းရဲမှု၊(အပါယ်လေးပါး)တို့မ
ှလွတ်မြောက်ခြင်း တို့ကို ဆိုလိုသည်။
သရဏဂုံပျက်စီးပုံကားဆွေမျို
းဥာတိအမှတ်ဖြင့်လည်းကောင်း၊
ကြောက်ရွံ့ခြင်းဖြင့်လည်းကေ
ာင်း၊အတတ်ပညာသင်ပေးသူဆရာ အဖြစ်မှတ်ယူခြင်းဖြင့်သော်လ
ည်းကောင်း၊မည်သူ့ကိုမဆို ရှိခိုးခြင်းလက်အုပ်ချီခြင်
း အရိုသေပေးခြင်း ခရီးဦးကြိုဆိုခြင်းစသည်ကို
ပြုလုပ်လျှင် သရဏဂုံမပျက်ဆီးပါ။ဘုရား၊တရာ
း၊သံဃာ တို့ကို မပစ်ပယ်ဘဲ လာဘ်လာဘရွှင်စေလိုခြင်းစီးပွ
ားတိုးတက် စေလိုခြင်း၊ ရာထူးတက်လိုခြင်းတို့ကြောင်
့နတ်ကို ပူဇော်ပူခြင်း၊နတ်ဖမ်းစားမည
်ကို ကြောက်ရွံ့သောကြောင့် ရိုးရာတင်မြှောက်ခြင်းတို့သ
ည် သရဏဂုံ မပျက်စီးပါ။
သို့ရာတွင်ရတနာသုံးပါမှတစ်ပ
ါးသောပုဂ္ဂိုလ်တို့၌သီလသမာဓိ
ပညာဂုဏ်ကြီးမြတ်မှုတို့ကို ရည်မှတ်လျက် အထက်ကဖော်ပြသည့်လောကီသရဏဂုံ
ဆောက်တည်ခြင်းလေးမျိုးကို ပြုလုပ်လျှင်၎င်း၊ သရဏဂုံဆောက်တည်ထား သေဆုံးသွားလျှင်သော်လည်းကော
င်း သရဏဂုံလုံးဝ ပျက်စီးပါတယ်။
ဘုရား၊တရား၊သံဃာကို ပယ်နှုတ်ပြီး နတ်ကိုဖြစ်စေ၊တခြားသော မယ်တော် ဘိုးတော်များကိုလည်းကောင်း ကိုးကွယ်ဟု သတ်မှတ်ပြီး ကိုးကွယ်ဆည်းကပ်ပါက သရဏဂုံပျက်စီးပါတယ်။
ရတနာသုံးပါတို့၏ဂုဏ်တော်မျာ
း၌မသိနားမလည်ခြင်း၊ရတနာသုံး
ပါးအပေါ်တွေဝေခြင်း၊မှားယွင်
းစွာယူဆခြင်း၊မရိုမသေ မလေးမစားပြုလုပ်မှုများသည် ဆောက်တည်ထားသော သရဏဂုံ ညှိုးနွမ်းပါတယ်၊ဒါကြောင့် သရဏဂုံ မညှိုးနွမ်းအောင် မပျက်စီးအောင် စောင့်ထိန်းကြဖို့အထူးတိုက်
တွန်းလိုတာပါ။ဒါက ကိုးကွယ်မှုနှင့်ဆိုင်တဲ့ သရဏဂုံ ပျက်စီးခြင်းဖြစ်ပါတယ်။ဗုဒ္ဓ
ဘာသာမှကိုးကွယ်မှုမှားပြီး ပျက်စီးသွားတဲ့ သရဏဂုံပျက်စီးမှုပါ။
စာဖတ်သူများအားလုံးသက်ရှည်က
ျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်
းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ
်)
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment