Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Tuesday, May 14, 2013

"ဗုဒ္ဓဘာသာအဖြစ်မှ ပျက်စီးပုံအပိုင်း(၁)"

"ဗုဒ္ဓဘာသာအဖြစ်မှ ပျက်စီးပုံအပိုင်း(၁)"

**************************

ဒီနေ့ ဆွေးနွေးမည့်ခေါင်းစဉ်က ဗုဒ္ဓဘာသာအဖြစ်မှ ပျက်စီးပုံကိုဆွေးနွေးမှာပါ။
 အရင်ရက်များက ဗုဒ္ဓဘာသာအဖြစ်ခံယူ ဆောက်တည်ပုံ၊ သရဏဂုံသုံးပါး၏ 
တန်ဘိုးကြီးမားပုံများ၊ သရဏဂုံဆောက်တည်ခြင်းရခြင်း၏ အကျိုးတရားများကို 
ဖော်ပြရေးသားပေးခဲ့ပါသည်။ ယခု အခါမှာတော့ သရဏဂုံပျက်စီးခြင်း ခေါင်းစဉ်ကို 
ဆက်လက်ဖော်ပြ ပေးသွားမှာဖြစ်ပါတယ်။ ရည်ရွယ်ချက်အနေနဲ့ မိမိတို့ 
ဗုဒ္ဓဘာသာအပေါ် အလေးထား မြတ်နိုးတတ်စေရန် ဖြစ်ပါတယ်။

(က)သရဏဂုံပျက်စီးခြင်း၊(ခ) အယူဝါဒပျက်စီးခြင်းဆိုပြီး ၂ မျိုးရှိပါတယ်။

(က) သရဏဂုံပျက်စီးခြင်း

သရဏဂုံပျက်စီးခြင်းဆိုတာက ဘုရား တရား သံဃာ ရတနာသုံးပါးသည် ကိုးကွယ်အားထားရာ
 ဖြစ်သောကြောင့် သရဏမည်ပါတယ်။ထိုသရဏပေါ်တွင် တွေဝေ ယုံမှားမှုမရှိဘဲ 
ကြည်ညိုလေးမြတ် ဆည်းကပ်ကိုးကွယ်သော သဒ္ဓါ ပညာစသည့်ကုသိုလ်စိတ်များသည် 
သရဏဂုံမည်ပါတယ်။ ဒါကြောင့် သရဏဂုံဆိုတာ ဘုရား တရား သံဃာ ရတနာသုံးပါးအပေါ် 
တွေဝေ ယုံမှားမှုမရှိဘဲသဒ္ဓါ ပညာဦးစီးပြီး 
ဆည်းကပ်ကိုးကွယ်ခြင်းကိုခေါ်တာပါ။(တနည်း) သရဏဆိုသည်မှာဘေးအန္တရာယ်ကို 
တားဆီးကာကွယ်ပေးတတ်သော၊ပယ်ဖျောက်ပေးတတ်သောအရာ/ပုဂ္ဂိုလ် ဟု အဓိပ္ပါယ်ရပေသည်။



ဘေးအန္တရာယ်ဆိုသည်မှာ

၁။ဝဋ်ဘေး (ကိလေသာဝဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်)

၂။စိတ်ပူလောင်မှု

၃။ကိုယ်ဆင်းရဲမှု

၎။ဒုဂ္ဂတိဘုံဆင်းရဲမှု တို့ကို ဆိုလိုသည်။

ထို(၄)မျိုးသော ပင်ပန်းဆင်းရဲမှုတို့ကို ပယ်ဖျောက်ပေးတတ်သော၊ 
တားဆီးကာကွယ်ပေးတတ်သော အရာ/ပုဂ္ဂိုလ် သည် သရဏ ဖြစ်ပေ၏။

တနည်းအားဖြင့် ကိလေသာ စိတ်အပူတို့ကို သက်သာ လျော့ပါးသွားစေမှသာလျင် သရဏ 
ဖြစ်ပေသည်။ ထို့ကြောင့် သရဏ ဆိုသည်မှာ ကိုးကွယ်ရာပင်ဖြစ်၏။

ထိုသို့ (၄)မျိုးသော ပင်ပန်းဆင်းရဲမှု စိတ်ပူလောင်မှု တို့ကို 
မသက်သာစေနိုင်သော၊ ကာကွယ်တားဆီးခြင်းငှာ မစွမ်းနိုင်သော အရာတို့သည် သရဏ 
မမည်ပေ။ သရဏ မဖြစ်လျင် ကိုးကွယ်ရန်မထိုက်၊ ကြည်ညိုရန်မထိုက်ပေ။ ကိုးကွယ်ရာ 
မဖြစ်ပေ။

ထိုသရဏဂုံသည် လောကီသရဏဂုံနှင့် လောကုတ္တရာ သရဏဂုံဆိုပြီးတော့ 
နှစ်မျိုးရှိပါတယ်။ လောကုတ္တရာသရဏဂုံ ဆိုသည်မှာ သစ္စာလေးပါးကို သိမြင်ပြီးသူ၏
 သန္တာန်၌ဖြစ်သော ရတနာသုံးပါးအပေါ် ကိုးကွယ်ဆည်းကပ်သောစိတ်ဖြစ်၏။ သစ္စာသိသူ၏ 
သရဏဂုံ ဖြစ်သည်။ လောကုတ္တရာသရဏဂုံသည် ပျက်စီးခြင်းမရှိ၊ ညစ်ညူးခြင်းလည်း 
မရှိတော့ပေ။ မဂ်စိတ်နှင့် အတူတူဖြစ်သော ရတနာသုံးပါးအပေါ် ကိုးကွယ် 
ဆည်းကပ်တဲ့စိတ် ဖြစ်ပေသည်။ ထို့ကြောင့် အရိယာပုဂ္ဂိုလ်ဖြစ်မှသာလျင် 
လောကုတ္တရာသရဏဂုံကို ရပေမည်။ ပုထုဇဉ်အဖြစ်နှင့် ဘယ်သောအခါမှ မရနိုင်ပေ 
မဖြစ်နိုင်ပေ။လောကုတ္တရာသရဏဂုံသည် ရတနာသုံးပါး အပေါ်တွေဝေခြင်း 
ယုံမှားခြင်းမရှိတော့သောကြောင့်အထူးဆောက်တည်စရာမလိုပါပဲ 
အလိုလိုတည်ခြင်းခြင်းဖြစ်ပါတယ်။



စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး 
လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

**************************
ဒီနေ့ ဆွေးနွေးမည့်ခေါင်းစဉ်က ဗုဒ္ဓဘာသာအဖြစ်မှ ပျက်စီးပုံကိုဆွေးနွေးမှာပါ။ အရင်ရက်များက ဗုဒ္ဓဘာသာအဖြစ်ခံယူ ဆောက်တည်ပုံ၊ သရဏဂုံသုံးပါး၏ တန်ဘိုးကြီးမားပုံများ၊ သရဏဂုံဆောက်တည်ခြင်းရခြင်း၏ အကျိုးတရားများကို ဖော်ပြရေးသားပေးခဲ့ပါသည်။ ယခု အခါမှာတော့ သရဏဂုံပျက်စီးခြင်း ခေါင်းစဉ်ကို ဆက်လက်ဖော်ပြ ပေးသွားမှာဖြစ်ပါတယ်။ ရည်ရွယ်ချက်အနေနဲ့ မိမိတို့ ဗုဒ္ဓဘာသာအပေါ် အလေးထား မြတ်နိုးတတ်စေရန် ဖြစ်ပါတယ်။
(က)သရဏဂုံပျက်စီးခြင်း၊(ခ) အယူဝါဒပျက်စီးခြင်းဆိုပြီး ၂ မျိုးရှိပါတယ်။
(က) သရဏဂုံပျက်စီးခြင်း
... သရဏဂုံပျက်စီးခြင်းဆိုတာက ဘုရား တရား သံဃာ ရတနာသုံးပါးသည် ကိုးကွယ်အားထားရာ ဖြစ်သောကြောင့် သရဏမည်ပါတယ်။ထိုသရဏပေါ်တွင် တွေဝေ ယုံမှားမှုမရှိဘဲ ကြည်ညိုလေးမြတ် ဆည်းကပ်ကိုးကွယ်သော သဒ္ဓါ ပညာစသည့်ကုသိုလ်စိတ်များသည် သရဏဂုံမည်ပါတယ်။ ဒါကြောင့် သရဏဂုံဆိုတာ ဘုရား တရား သံဃာ ရတနာသုံးပါးအပေါ် တွေဝေ ယုံမှားမှုမရှိဘဲသဒ္ဓါ ပညာဦးစီးပြီး ဆည်းကပ်ကိုးကွယ်ခြင်းကိုခေါ်တာပါ။(တနည်း) သရဏဆိုသည်မှာဘေးအန္တရာယ်ကို တားဆီးကာကွယ်ပေးတတ်သော၊ပယ်ဖျောက်ပေးတတ်သောအရာ/ပုဂ္ဂိုလ် ဟု အဓိပ္ပါယ်ရပေသည်။

ဘေးအန္တရာယ်ဆိုသည်မှာ
၁။ဝဋ်ဘေး (ကိလေသာဝဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်)
၂။စိတ်ပူလောင်မှု
၃။ကိုယ်ဆင်းရဲမှု
၎။ဒုဂ္ဂတိဘုံဆင်းရဲမှု တို့ကို ဆိုလိုသည်။
ထို(၄)မျိုးသော ပင်ပန်းဆင်းရဲမှုတို့ကို ပယ်ဖျောက်ပေးတတ်သော၊ တားဆီးကာကွယ်ပေးတတ်သော အရာ/ပုဂ္ဂိုလ် သည် သရဏ ဖြစ်ပေ၏။
တနည်းအားဖြင့် ကိလေသာ စိတ်အပူတို့ကို သက်သာ လျော့ပါးသွားစေမှသာလျင် သရဏ ဖြစ်ပေသည်။ ထို့ကြောင့် သရဏ ဆိုသည်မှာ ကိုးကွယ်ရာပင်ဖြစ်၏။
ထိုသို့ (၄)မျိုးသော ပင်ပန်းဆင်းရဲမှု စိတ်ပူလောင်မှု တို့ကို မသက်သာစေနိုင်သော၊ ကာကွယ်တားဆီးခြင်းငှာ မစွမ်းနိုင်သော အရာတို့သည် သရဏ မမည်ပေ။ သရဏ မဖြစ်လျင် ကိုးကွယ်ရန်မထိုက်၊ ကြည်ညိုရန်မထိုက်ပေ။ ကိုးကွယ်ရာ မဖြစ်ပေ။
ထိုသရဏဂုံသည် လောကီသရဏဂုံနှင့် လောကုတ္တရာ သရဏဂုံဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ လောကုတ္တရာသရဏဂုံ ဆိုသည်မှာ သစ္စာလေးပါးကို သိမြင်ပြီးသူ၏ သန္တာန်၌ဖြစ်သော ရတနာသုံးပါးအပေါ် ကိုးကွယ်ဆည်းကပ်သောစိတ်ဖြစ်၏။ သစ္စာသိသူ၏ သရဏဂုံ ဖြစ်သည်။ လောကုတ္တရာသရဏဂုံသည် ပျက်စီးခြင်းမရှိ၊ ညစ်ညူးခြင်းလည်း မရှိတော့ပေ။ မဂ်စိတ်နှင့် အတူတူဖြစ်သော ရတနာသုံးပါးအပေါ် ကိုးကွယ် ဆည်းကပ်တဲ့စိတ် ဖြစ်ပေသည်။ ထို့ကြောင့် အရိယာပုဂ္ဂိုလ်ဖြစ်မှသာလျင် လောကုတ္တရာသရဏဂုံကို ရပေမည်။ ပုထုဇဉ်အဖြစ်နှင့် ဘယ်သောအခါမှ မရနိုင်ပေ မဖြစ်နိုင်ပေ။လောကုတ္တရာသရဏဂုံသည် ရတနာသုံးပါး အပေါ်တွေဝေခြင်း ယုံမှားခြင်းမရှိတော့သောကြောင့်အထူးဆောက်တည်စရာမလိုပါပဲ အလိုလိုတည်ခြင်းခြင်းဖြစ်ပါတယ်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

No comments:

Post a Comment