Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Saturday, May 4, 2013

"ငြိမ်းချမ်းလိုသူတွေအတွက် ငြိမ်းချမ်းပြီးသားပါ"

"ငြိမ်းချမ်းလိုသူတွေအတွက် ငြိမ်းချမ်းပြီးသားပါ"

==========================



ယနေ့ (၄.၅.၂၀၁၃) ၀ါသနာတူ သူငယ်ချင်းများနဲ့ အင်းဝမြို့ဟောင်းကို 
ဓါတ်ပုံရိုက်ထွက်ခဲ့ပါတယ်။ "မယ်နုအုဋ်ကျောင်း"ပေါ်မှာ 
ဓါတ်ပုံရိုက်နေရင်းနဲ့ ပါတ်ဝန်းကျင်ကိုကြည့်မိတဲ့အခါ မူဆလင်ဘာသာဝင် 
အမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦး တို့ လာရောက်လည်ပတ်ကြတာကို 
တွေ့လိုက်ရပါတယ်။ အဲ့ဒီနောက်တော့ မောပြီး ရေဆာတာနဲ့ 
"မယ်နုအုဋ်ကျောင်း" အ၀င်ဝနားက အအေးဆိုင်တွေဆီ 
ပြန်ဆင်းလာခဲ့ပါတယ်။ အောက်ရောက်တဲ့အခါမှာ အအေးဆိုင်မှာထိုင်နေရင်း 
ဓါတ်ပုံရိုက်လို့ကောင်းတဲ့ ရိုက်ကွင်း၊ရိုက်ကွက်များတွေ့မလားလို့ 
ပါတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်မိချိန်မှာတော့ မထင်မှတ်တဲ့မြင်ကွင်းတစ်ခုကို 
မြင်လိုက်ရတော့တာပါပဲ။

"မယ်နုအုဋ်ကျောင်း"ကို လာရောက်လည်ပတ်ပြီးလို့ ဆင်းလာတဲ့ 
မူဆလင်ဘာသာဝင်အမျိုးသားတစ်ဦးကို အခုမှလာရောက်လည်ပတ်ဖို့ 
ဆိုင်ကယ်နဲ့ရောက်လာတဲ့သံဃာတော်တစ်ပါးက 
ဖော်ဖော်ရွေရွေလက်ဆွဲနှုတ်ဆက်လိုက်တာပါပဲ။ မထင်မှတ်တဲ့မြင်ကွင်းလို့ 
သုံးနှုန်းမိတာက သာမန်အချိန်ဆိုရင် ဘာမှမထူးခြားတဲ့ 
မြင်ကွင်းတစ်ခုဖြစ်ပေမယ့် အခုအချိန်မှာတော့ နည်းနည်းထူးခြားတယ်လို့ 
စိတ်ထဲမှာတွေးမိလို့ ဖြစ်ပါတယ်။ စကားပြောနေတဲ့ပုံစံကို လေ့လာကြည့်မိတော့ 
တစ်ဦးနဲ့တစ်ဦး အရင်ကမသိ၊မတွေ့ဖူးတဲ့ပုံစံနဲ့ပြောနေတာပါ။ အဲ့ဒီလို 
နှုတ်ဆက်ပြီးတော့ မူဆလင်ဘာသာဝင်အမျိုးသားက ဆက်ဆင်းသွားသလို 
သံဃာတော်ဦးဇင်းကလည်း ဆက်တက်သွားပါတယ်။

စိတ်ဝင်တစားဆက်ကြည့်နေရင်း မူဆလင်ဘာသာဝင်အမျိုးသား(၁)ဦးနဲ့ 
အမျိုးသမီး(၂)ဦးတို့ ဆင်းလာတာတွေ့တော့ ကျွန်တော်လည်း ကင်မရာကိုင်၊ 
ရိုက်ဖို့အသင့်ချိန်ထားပြီး သံဃာတော်ဦးဇင်းနဲ့ ဖြတ်အသွားကို 
စောင့်ကြည့်နေခဲ့ပါတယ်။ ရင်ဘောင်တန်း ဖြတ်ကာနီးမှာ 
မူဆလင်ဘာသာဝင်အမျိုးသမီးက လှေကားအစွန်းဘေးဘက်ကို အနည်းငယ်လန့်နေတဲ့ 
မျက်နှာအနေအထားနဲ့ ကပ်သွားပါတယ်။ ကျွန်တော်မျှော်လင့်ထားသလိုပါပဲ 
သံဃာတော်ဦးဇင်းက မူဆလင်အမျိုးသားကို လက်ဆွဲနှုတ်ပြန်ပါတယ်။ 
(သံဃာတော်ဦးဇင်းနဲ့ မဆုံခင်အချိန်ကစလို့ လက်ဆွဲနှုတ်ဆက်ပြီး 
လမ်းခွဲချိန်အထိပါတဲ့ ဓါတ်ပုံ(၉)ပုံ ကျွန်တော်ရိုက်လိုက်မိပါတယ်)။ 
အရှေ့ကလိုပဲ စကား(၃၊၄)ခွန်းပြောနေသည့် ပုံစံတွေ့ရပြီးနောက် 
သံဃာတော်ဦးဇင်းလည်း "မယ်နုအုဋ်ကျောင်း"ကို ဆက်တက်သွားသလို 
မူဆလင်အမျိုးသားနဲ့ အမျိုးသမီးလည်း အောက်ဆင်းလာပါတယ်။

အဲ့ဒီအဖြစ်အပျက်အပြီး (၅)မိနစ်ခန့်အကြာမှာ အမောပြေပြီဖြစ်လို့ 
ဓါတ်ပုံထပ်ရိုက်မယ်ဆိုပြီး "မယ်နုအုဋ်ကျောင်း" ဆီကို 
ပြန်တက်လာခဲ့ပါတယ်။ လှည့်ပါတ်ကြည့်နေရင်း တစ်နေရာအရောက်မှာ 
ခုနကသံဃာတော်ဦးဇင်းနဲ့ ဆုံတွေ့မိပါတော့တယ်။ ဒါနဲ့ကျွန်တော်လည်း 
သိချင်စိတ်ကို ဘယ်လိုမှမထိန်းနိုင်တော့ပဲ ဦးဇင်းနားကို ကပ်သွားပြီး 
အောက်ပါအတိုင်းလျှောက်လိုက်မိပါတယ်။



ကျွန်တော် - ဦးတင်ပါတယ်ဘုရား။

ဦးဇင်း - ပြော ... ဒကာလေး။

ကျွန်တော် - တင်ပါ့ဘုရား။ တပည့်တော်ခုနက ၀င်ပေါက်အတက်လှေကားနားမှာ ဦးဇင်း 
မူဆလင်ဘာသာဝင်အမျိုးသား(၂)ဦးကို လက်ဆွဲနှုတ်ဆက်နေတာတွေ့လိုက်ပါတယ် ဘုရား။ 
တစ်ဦးနဲ့ တစ်ဦး သိကြတဲ့ပုံစံလဲ မဟုတ်ဘူး။ ပြီးတော့ ဦးဇင်းက 
စပြီးနှုတ်ဆက်နေတာတွေ့လို့ပါဘုရား။ အဲ့ဒါစိတ်ဝင်စားလို့ 
မေးလျှောက်ကြည့်တာပါဘုရား။

ဦးဇင်း - ဒကာလေး အစ၊အဆုံးမြင်လားကွ။

ကျွန်တော် - တင်ပါ့ဘုရား။ တပည့်တော်မြင်လိုက်ပါတယ် ဘုရား။

ဦးဇင်း - ဒါဆို ဒကာလေးလဲ မြင်တာပဲလေ။ ဦးဇင်းတက်လာတာကို သူတို့မြင်တော့ 
သူတို့မျက်နှာတွေမှာ နည်းနည်းလန့်ပြီး ရှိန်သွားတဲ့ပုံစံ 
ဦးဇင်းမြင်လိုက်ရတယ်။ ဒုတိယနှုတ်ဆက်တဲ့ စုံတွဲထဲက အမျိုးသမီးဆိုရင် 
အစွန်းဖက်ကိုတောင် ကပ်သွားတာ ဒကာလေးမြင်ရဲ့ မဟုတ်လား?

ကျွန်တော် - တင်ပါ့ဘုရား။ တပည့်တော်မြင်လိုက်ပါတယ် ဘုရား။

ဦးဇင်း - အဲ့ဒါကြောင့် ဦးဇင်းက ကိုယ်ချင်းစာပြီး နှုတ်ဆက်တာပါ ဒကာလေး။ 
အခုလိုဆက်ဆံလိုက်တော့ သူတို့စိတ်ထဲမှာလည်း ဦးဇင်းတို့ကို အမြင်ကြည်မယ်။ 
ဦးဇင်းစိတ်ထဲမှာလဲ ငြိမ်းချမ်းတယ်လေ။ ***"ငြိမ်းချမ်းလိုသူတွေအတွက် 
ငြိမ်းချမ်းပြီးသားပါ"*** ဒကာလေးရယ်။

ကျွန်တော် - သာဓု သာဓု သာဓု ပါ ဘုရား။



အဲ့ဒီနောက်တော့ ကျွန်တော် ဦးဇင်းကို နှုတ်ဆက်ထွက်ခွာခဲ့ပါတယ်။ 
ကျွန်တော့်အတွေးထဲတွင်တော့ ***"ဦးဇင်းရယ်... မြင်ရတဲ့သူလည်း 
ကြည်နူးပီတိဖြစ်ရပါတယ်"*** လို့ ပြောမိရင်း 
...................................................



အေးချမ်းမွန် Credit & Copy From >မန္တလေး သတင်း 
ပုံရိပ်များ<Thank

https://www.facebook.com/excellencemedia

သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်။

==========================

ယနေ့ (၄.၅.၂၀၁၃) ၀ါသနာတူ သူငယ်ချင်းများနဲ့ အင်းဝမြို့ဟောင်းကို ဓါတ်ပုံရိုက်ထွက်ခဲ့ပါတ...ယ်။ "မယ်နုအုဋ်ကျောင်း"ပေါ်မှာ ဓါတ်ပုံရိုက်နေရင်းနဲ့ ပါတ်ဝန်းကျင်ကိုကြည့်မိတဲ့အခါ မူဆလင်ဘာသာဝင် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦး တို့ လာရောက်လည်ပတ်ကြတာကို တွေ့လိုက်ရပါတယ်။ အဲ့ဒီနောက်တော့ မောပြီး ရေဆာတာနဲ့ "မယ်နုအုဋ်ကျောင်း" အ၀င်ဝနားက အအေးဆိုင်တွေဆီ ပြန်ဆင်းလာခဲ့ပါတယ်။ အောက်ရောက်တဲ့အခါမှာ အအေးဆိုင်မှာထိုင်နေရင်း ဓါတ်ပုံရိုက်လို့ကောင်းတဲ့ ရိုက်ကွင်း၊ရိုက်ကွက်များတွေ့မလားလို့ ပါတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်မိချိန်မှာတော့ မထင်မှတ်တဲ့မြင်ကွင်းတစ်ခုကို မြင်လိုက်ရတော့တာပါပဲ။
"မယ်နုအုဋ်ကျောင်း"ကို လာရောက်လည်ပတ်ပြီးလို့ ဆင်းလာတဲ့ မူဆလင်ဘာသာဝင်အမျိုးသားတစ်ဦးကို အခုမှလာရောက်လည်ပတ်ဖို့ ဆိုင်ကယ်နဲ့ရောက်လာတဲ့သံဃာတော်တစ်ပါးက ဖော်ဖော်ရွေရွေလက်ဆွဲနှုတ်ဆက်လိုက်တာပါပဲ။ မထင်မှတ်တဲ့မြင်ကွင်းလို့ သုံးနှုန်းမိတာက သာမန်အချိန်ဆိုရင် ဘာမှမထူးခြားတဲ့ မြင်ကွင်းတစ်ခုဖြစ်ပေမယ့် အခုအချိန်မှာတော့ နည်းနည်းထူးခြားတယ်လို့ စိတ်ထဲမှာတွေးမိလို့ ဖြစ်ပါတယ်။ စကားပြောနေတဲ့ပုံစံကို လေ့လာကြည့်မိတော့ တစ်ဦးနဲ့တစ်ဦး အရင်ကမသိ၊မတွေ့ဖူးတဲ့ပုံစံနဲ့ပြောနေတာပါ။ အဲ့ဒီလို နှုတ်ဆက်ပြီးတော့ မူဆလင်ဘာသာဝင်အမျိုးသားက ဆက်ဆင်းသွားသလို သံဃာတော်ဦးဇင်းကလည်း ဆက်တက်သွားပါတယ်။
စိတ်ဝင်တစားဆက်ကြည့်နေရင်း မူဆလင်ဘာသာဝင်အမျိုးသား(၁)ဦးနဲ့ အမျိုးသမီး(၂)ဦးတို့ ဆင်းလာတာတွေ့တော့ ကျွန်တော်လည်း ကင်မရာကိုင်၊ ရိုက်ဖို့အသင့်ချိန်ထားပြီး သံဃာတော်ဦးဇင်းနဲ့ ဖြတ်အသွားကို စောင့်ကြည့်နေခဲ့ပါတယ်။ ရင်ဘောင်တန်း ဖြတ်ကာနီးမှာ မူဆလင်ဘာသာဝင်အမျိုးသမီးက လှေကားအစွန်းဘေးဘက်ကို အနည်းငယ်လန့်နေတဲ့ မျက်နှာအနေအထားနဲ့ ကပ်သွားပါတယ်။ ကျွန်တော်မျှော်လင့်ထားသလိုပါပဲ သံဃာတော်ဦးဇင်းက မူဆလင်အမျိုးသားကို လက်ဆွဲနှုတ်ပြန်ပါတယ်။ (သံဃာတော်ဦးဇင်းနဲ့ မဆုံခင်အချိန်ကစလို့ လက်ဆွဲနှုတ်ဆက်ပြီး လမ်းခွဲချိန်အထိပါတဲ့ ဓါတ်ပုံ(၉)ပုံ ကျွန်တော်ရိုက်လိုက်မိပါတယ်)။ အရှေ့ကလိုပဲ စကား(၃၊၄)ခွန်းပြောနေသည့် ပုံစံတွေ့ရပြီးနောက် သံဃာတော်ဦးဇင်းလည်း "မယ်နုအုဋ်ကျောင်း"ကို ဆက်တက်သွားသလို မူဆလင်အမျိုးသားနဲ့ အမျိုးသမီးလည်း အောက်ဆင်းလာပါတယ်။
အဲ့ဒီအဖြစ်အပျက်အပြီး (၅)မိနစ်ခန့်အကြာမှာ အမောပြေပြီဖြစ်လို့ ဓါတ်ပုံထပ်ရိုက်မယ်ဆိုပြီး "မယ်နုအုဋ်ကျောင်း" ဆီကို ပြန်တက်လာခဲ့ပါတယ်။ လှည့်ပါတ်ကြည့်နေရင်း တစ်နေရာအရောက်မှာ ခုနကသံဃာတော်ဦးဇင်းနဲ့ ဆုံတွေ့မိပါတော့တယ်။ ဒါနဲ့ကျွန်တော်လည်း သိချင်စိတ်ကို ဘယ်လိုမှမထိန်းနိုင်တော့ပဲ ဦးဇင်းနားကို ကပ်သွားပြီး အောက်ပါအတိုင်းလျှောက်လိုက်မိပါတယ်။

ကျွန်တော် - ဦးတင်ပါတယ်ဘုရား။
ဦးဇင်း - ပြော ... ဒကာလေး။
ကျွန်တော် - တင်ပါ့ဘုရား။ တပည့်တော်ခုနက ၀င်ပေါက်အတက်လှေကားနားမှာ ဦးဇင်း မူဆလင်ဘာသာဝင်အမျိုးသား(၂)ဦးကို လက်ဆွဲနှုတ်ဆက်နေတာတွေ့လိုက်ပါတယ် ဘုရား။ တစ်ဦးနဲ့ တစ်ဦး သိကြတဲ့ပုံစံလဲ မဟုတ်ဘူး။ ပြီးတော့ ဦးဇင်းက စပြီးနှုတ်ဆက်နေတာတွေ့လို့ပါဘုရား။ အဲ့ဒါစိတ်ဝင်စားလို့ မေးလျှောက်ကြည့်တာပါဘုရား။
ဦးဇင်း - ဒကာလေး အစ၊အဆုံးမြင်လားကွ။
ကျွန်တော် - တင်ပါ့ဘုရား။ တပည့်တော်မြင်လိုက်ပါတယ် ဘုရား။
ဦးဇင်း - ဒါဆို ဒကာလေးလဲ မြင်တာပဲလေ။ ဦးဇင်းတက်လာတာကို သူတို့မြင်တော့ သူတို့မျက်နှာတွေမှာ နည်းနည်းလန့်ပြီး ရှိန်သွားတဲ့ပုံစံ ဦးဇင်းမြင်လိုက်ရတယ်။ ဒုတိယနှုတ်ဆက်တဲ့ စုံတွဲထဲက အမျိုးသမီးဆိုရင် အစွန်းဖက်ကိုတောင် ကပ်သွားတာ ဒကာလေးမြင်ရဲ့ မဟုတ်လား?
ကျွန်တော် - တင်ပါ့ဘုရား။ တပည့်တော်မြင်လိုက်ပါတယ် ဘုရား။
ဦးဇင်း - အဲ့ဒါကြောင့် ဦးဇင်းက ကိုယ်ချင်းစာပြီး နှုတ်ဆက်တာပါ ဒကာလေး။ အခုလိုဆက်ဆံလိုက်တော့ သူတို့စိတ်ထဲမှာလည်း ဦးဇင်းတို့ကို အမြင်ကြည်မယ်။ ဦးဇင်းစိတ်ထဲမှာလဲ ငြိမ်းချမ်းတယ်လေ။ ***"ငြိမ်းချမ်းလိုသူတွေအတွက် ငြိမ်းချမ်းပြီးသားပါ"*** ဒကာလေးရယ်။
ကျွန်တော် - သာဓု သာဓု သာဓု ပါ ဘုရား။

အဲ့ဒီနောက်တော့ ကျွန်တော် ဦးဇင်းကို နှုတ်ဆက်ထွက်ခွာခဲ့ပါတယ်။ ကျွန်တော့်အတွေးထဲတွင်တော့ ***"ဦးဇင်းရယ်... မြင်ရတဲ့သူလည်း ကြည်နူးပီတိဖြစ်ရပါတယ်"*** လို့ ပြောမိရင်း ............

အေးချမ်းမွန် Credit & Copy From >မန္တလေး သတင်း ပုံရိပ်များ<Thank
https://www.facebook.com/excellencemedia
သတင်းများသည် သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်။

No comments:

Post a Comment