Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Wednesday, May 15, 2013

မြတ်ဗုဒ္ဓဝါဒသည် လူသားမျိုးနွယ်စိတ်သုဉ်းရေးကို ဦးတည်နေသော ဝါဒဟုတ်ပါသလား။


=========================================

အကျဉ်းဖြေရှင်းချက်။ ။ မြတ်ဗုဒ္ဓဝါဒသည် လူသားမျိုးနွယ်စိတ်သုဉ်းရေးဝါဒ မဟုတ်သကဲ့သို့ လူသားမျိုးနွယ်ဆိတ်သုဉ်းရေးကိုလည်း ဦးတည်မနေပါ။ မြတ်ဗုဒ္ဓဝါဒမှာအမှန်စင်စစ် ဒုက္ခမှ သုခသို့ဦးတည်နေသော ဝါဒ၊ မသိမှုအဝိဇ္ဇာမှ သိမှုဝိဇ္ဇာသို့ ဦးတည်သောဝါဒ၊ အကြမ်းဖက်ခြင်းမှ ငြိမ်းချမ်းခြင်းသို့ဦးတည်နေသောဝါဒပင်ဖြစ်ပါသည်။

ဖြေရှင်းချက်။ ။ ထိုကဲ့သို့ စွပ်စွဲမေးမြန်းမှုကို အဆင့်မြင့်သော မေးခွန်းဟုမဆိုချင်ပါ။ သို့သော် ကြံကြံဖန်ဖန် ကပ်သီးကပ်သပ် နိုင်လွန်းသော အတွေးလွန် အတွေးချော်သော မေးခွန်းမျိုးဟုသာဆိုချင်ပါသည်။ တစ်ခွန်းစ နှစ်ခွန်းစ ကြာဖူးနားဝကို ကိုယ်လိုရာဆွဲတွေးသော စွပ်စွဲမှုမျိုးသာဖြစ်သည်။ ကျွန်တော်10 နှစ်အရွယ်လောက်ကလည်း ထိုသို့သော အတွေးမျိုးတွေးဖူးပါသည်။ အကုန်ဘုန်ကြီးသီလရှင်ဝတ်သွားလျှင် ဘယ်သူက ဆွမ်းလောင်းပါ့မလဲဆိုတာမျိုးပေါ့။

သက်သေ ၁။ ။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်ကိုးကွယ်လာသည်မှာ ပထမမြန်မာနိုင်ငံတော် အနော်ရထာမင်းကြီးလက်ထက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာသို့ ရောက်ရှိခဲ့သည်။ ထိုအချိန်မှ ယနေ့အထိ ကောက်ခဲ့ဖူးသောစစ်တမ်းများအရ လူဦးရေးလျော့သွားတယ်ဆိုသော သန်ခေါင်စာရင်း ကြာဖူးပါသလော။ ဒီနိုင်ငံမှ မဟုတ်ပါ။ အခြားဗုဒ္ဓဘာသာကိုးကွယ်သော မည်သည့်နိုင်ငံတွင် လူဦးရေလျော့ပါးသွားသည်ကို ကြာဖူး လေ့လာဖူးပါသနည်း။ ထိုအချက်ကိုကြည့်၍ပင် လူသားမျိုးနွယ်စိတ်သုဉ်းရေးဝါဒလို့ စွပ်စွဲနေခြင်းမှာ မှန်ကန်သင့်မြတ်ပါ၏လော။

သက်သေ ၂။ ။ ဗုဒ္ဓဘာသာဝင်တွေက မြတ်ဗုဒ္ဓစကား နားမထောင်သောကြောင့် အိမ်ထောင်ပြုသားမွေးလုပ်နေကြတာလားလို့ ပြောစရာရှိပါသည်။ ငယ်ငယ်က စာသင်ခန်းတွေထဲမှာကပ်ထားတဲ့ မိဘဝတ်ငါးပါး (မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင် ဖခင်မယ်တို့တာ ) ဆိုတာ သိင်္ဂါလောဝါဒသုတ်မှာ သိင်္ဂါရ သတို့သားကို မြတ်ဗုဒ္ဓဟောထားတာပါ။ ထိမ်းမြားခြင်းဆိုတာဘာလဲသိတယ်နော်။

သက်သေ ၃။ ။ မြတ်ဗုဒ္ဓရဲ့ တပည့်ရင်းဖြစ်တဲ့ ဝိသာခါကျောင်းအမဟာ ၇ နှစ်သမီးနဲ့ သောတာပန်တည်သူပါ။ သူမမှာ သား ၂၀ တောင်ရှိပါတယ်။ သူကိုဗုဒ္ဓဘာသာစစ်စစ် မဟုတ်ဘူးလို့ ဘယ်သူဆိုချင်ပါသလဲ။

သက်သေ ၄။ ။ အသက်မွေးမှု စင်ကြယ်စေရန် လုပ်ငန်း ၅ မျိုးကို မလုပ်ရဘူးလို့ မြတ်ဗုဒ္ဓက လူသားအာလုံး (ဗုဒ္ဓဘာသာဝင်များအတွက်သာမဟုတ်) ကိုတားမြစ် ရှောင်ကြဉ်ခိုင်းတယ်။ အဲဒါတွေက အသက်သတ်ခြင်း၊ အဆိပ်ထုတ်လုပ်ရောင်းဝယ်ခြင်း၊ လက်နက်ထုတ်လုပ် ရောင်းဝယ်ခြင်း၊ ခိုးခြင်း၊ လူကုန်ကူးခြင်း) တို့ပဲဖြစ်ပါတယ်။ ရှေ့သုံးချက်ကိုကြည့်ရင်ပဲ လူသားမျိုးနွယ်ဆိတ်သုန်းရေးကိုဖြစ်စေလား? ငြိမ်ချမ်းရေးနဲ့ရှင်သန်ရေးကို ဖြစ်စေလားဆိုတာ ကွဲကွဲပြားပြား သိသာပါတယ်။ ယနေ့ဆန်းသစ်လာမှုနှင့်အတူ နြူးကလီးယားလက်နက်တွေဟာ လူသားမျိုးနွယ်အားလုံးကို မည်မျှ ခြိမ်းခြောက်လျက်ရှိတယ်ဆိုတာ အားလုံးအသိပင်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်ပြန်မေးချင်တာက ဒီလုပ်ငန်းတွေကို တားမြစ်ထားတဲ့ ဘာသာတရားက လူးသားမျိုးဆက် ဆိတ်သုဉ်းရေးကို ဦးတည်နေသလား။ ဒါမှမဟုတ် ဒီလုပ်ငန်းတွေကို တားမြစ်မထားတဲ့ သို့တည်းမဟုတ် ခွင့်ပြုထားတဲ့ ဘာသာတရားက လူသားမျိုးနွယ်စိတ်သုဉ်းရေးကို ဦးတည်နေသလားဆိုတာပါပဲ။

သက်သေ ၅။ ။ အားလုံးဘုန်းကြီးသီလရှင်ဝတ်ကုန်ရင် ဘယ်လိုလုပ်မလဲ ဆိတ်သုန်းကုန်မှာပေါ့လို့ ထပ်မေးဦးမှာပဲ။ ဒီအချက်ကိုတော့ ဘာမှမပူပါနဲ့။ မြတ်ဗုဒ္ဓက ငါ့ကိုယုံကြည်သူတိုင်း မဝတ်မနေရ ဝတ်ကိုဝတ်ရမယ်လို့ ဘယ်တရားမှာများ ဟောထားတာရှိပါသလဲ။ မရှိဘူးလေ။ တကယ်လို့ မြတ်ဗုဒ္ဓက ငါ့ကိုယုံကြည်သူတိုင်း မဝတ်မနေရ ဝတ်ကိုဝတ်ရမယ်ဆိုရင်တောင် လူတိုင်းမဝတ်ဘူး စိတ်ချ။ ဘာမှစိတ်ပူမနေနဲ့။ ဒါတွေဟာ စည်းကမ်းနဲ့ကျင့်စဉ်ကို နားမလည်လို့ပဲ။ မြတ်ဗုဒ္ဓတရားတော်ကို စည်းကမ်းနဲ့အမိန့်တွေနဲ့ပဲ ဖွဲ့စည်းထားတယ်လို့မတွေးနဲ့။ ကျင့်စဉ်ဆိုတာတွေရှိတယ်။ ကာမဂုဏ်ချမ်းသာက သီလနဲ့ရပြီ။ ဈာန်ချမ်းသာက သီလနဲ့ သမာဓိကျင့်စဉ် ကျင့်ရမယ်။ နိဗ္ဗာန်ချမ်းသာက သီလ သမာဓိ ပညာကျင့်စဉ်ကျင့်ရမယ်။ ပိုမိုကောင်းမွန်မြင့်မြတ်တဲ့ ချမ်းသာကိုရဖို့ ကျင့်စဉ်တွေကို ပိုကျင့်ရမယ်လေ။ လိုချင်ရင် တန်ရာတန်ကြေးတော့ ပေးရတော့မပေါ့။ အအေးလို အပူစွန့်ရမယ်၊ ချမ်းသာလို ဆင်းရဲစွန့်ရမယ်၊ အနီးလို အဝေးစွန့်ရမယ်။ တစ်ခုလိုချင်ရင်တော့ သဘောသဘာဝမတူတာတွေကိုစွန့်လွှတ်ရမယ်လေ။ ထိပ်ဆုံးရောက်ဖို့ဆိုရင်တော့ အောက်ကလှေကားထစ်ကို စွန့်လွှတ်ရမယ်လေ။ နိဗ္ဗာန်ချမ်းသာနဲ့နီးဖို့ ကာမဂုဏ်ချမ်းသာ စွန့်လွှတ်တာ ဘယ်လိုလုပ် အပြစ်ဆိုနိုင်ပါ့မလဲ။ သံဃာဆိုတာ သာသနာတော်သုံးရပ် ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ ကောင်းမှုမျိုးစေ့ ကြဲချစိုက်ပျိုးဖို့အတွက် တည်ထောင်ထားတာ။ သံဃာဆိုတာမရှိရင် မြတ်ဗုဒ္ဓတရားတော်တွေ ထိန်းသိမ်းစောင့်မယ့်သူမရှိနိုင်ဘူး။ အကျင့် ကျင့်စဉ် တွေကို ဘယ်သူက ထိန်းသိမ်းမှာလဲ။ ဒါဆို နိဗ္ဗာန်ဆိုတဲ့ သန္တိသုခ အနှိုင်းမဲ့ချမ်းသာကို ဘယ်လိုစောင့်ရှောက်နိုင်ပါ့မလဲ။ ဗုဒ္ဓဘာသာဝင်တွေအတွက်လဲ ကောင်းမှုမျိုးစေ့ ကြဲချစိုက်ပျိုးဖို့ လယ်ယာမြေကောင်းဆိုတာရှိပါတော့မလား။ ဘုန်ကြီးဝတ်တဲ့ အရေအတွက်လောက်နဲ့တော့ လူသားမျိုးနွယ်မဆိပ်သုဉ်းဘူး စိတ်သာချ။

အကြံပြုချက်။ ။ မြတ်ဗုဒ္ဓဝါဒသည် လူသားမျိုးနွယ်ဆိတ်သုဉ်းရေးကိုဖြစ်စေသလား? လူသားမျိုးနွယ်ငြိမ်းချမ်းရေးနှင့် တည်တံ့ရေးကိုဖြစ်စေသလားဆိုတာကို ဟိုလူပြော ဒီလူပြော တွေကိုဘေးဖယ်ပြီး မိမိ၏ ကိုယ်ပိုင်ဥာဏ်ကို ကောင်းစွာအသုံးချလျက် တရားစစ်စစ်များကို စနစ်တကျလေ့လာ၍ ငြိမ်းချမ်းရေးနှင့် တည်တံ့ရေးဝါဒကို ရွေးချယ်လက်ခံ ယုံကြည်ကိုးကွယ်နိုင်ပါစေလို့ ဆန္ဒပြုရင်:……………………………။

ပိုင်သစ္စာ

No comments:

Post a Comment