Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Sunday, May 19, 2013

တိရစ္ဆာန်ဘ၀မှသေလွန်ကာ နတ်ဘ၀သို့ ရသွားသူ "… ပါလိလေယျက ဆင်မင်း၏ အကြောင်း … (ပထမပိုင်း)…"



-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-
သံဃာတော်များ ဂိုဏ်းကွဲခြင်း
------------------------------

မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ကောသမ္ဗီပြည်၌ နေကုန်သော ရဟန်းတို့ ကို အကြောင်းတစ်ခု ပြုတော်မူသောအားဖြင့် ဤတရားတော်ကို ဟောတော်မူခဲ့၏။

ကောသမ္ဗီပြည် ဃောသက သူဌေးသည် (ဤ၀တ္ထုပါ ဃောသက သူဌေးသည်လည်း တိရစ္ဆာန်ဘ၀မှ နတ်ဘ၀သို့ ရောက်ရှိကာ လူ့ ဘ၀အဖြစ်၌သူဌေးကြီးဖြစ်ကာ မြတ်စွာဘုရားရှင်အား ဃောသိတာရုံကျောင်းတော်ကြီးကို ဆောက်လုပ်လှူဒါန်းလာသူဖြစ်ပါသည်) ဆောက်လှူအပ်သော ဃောသိတာရုံကျောင်း၌ ငါးရာ ငါးရာစီ အခြံအရံရှိသော ၀ိနိယဓရ ရဟန်းတစ်ပါးနှင့် ဓမ္မကထိက ရဟန်းတစ်ပါးတို့ သည် ကိုယ်လက်သုတ်သင်ခြင်းပြုသော ရေအင်းပြင်၌ သန့် သက်ရေကြွင်းကို ဓမ္မကထိက ရဟန်းမှ ခွက်၌ထားရှိ ကြွင်းကျန်ရစ်သည်ကို အကြောင်းပြုကာ ထိုသို့ ခွက်အတွင်း၌ ရေကြွင်းထားရှိကျန်ရစ်လျှင် အာပတ်သင့်၏ဟု ၀ိနိယဓရ ရဟန်းမှ ပြောဆိုဆုံးမရာ ဓမ္မကထိကရဟန်းမှလည်း ထိုသို့ အာပတ်သင့်သည်ရှိသော် ကုစားပေအံ့ဟု လိုက်နာကျင့်ကြံတော်မူ၏။

ဝိနိယဓရ ရဟန်းကလည်း အကယ်၍ ကျူးလွန်လိုသော ၀ီတိက္ကမ စေတနာမရှိခဲ့ပဲ သတိလွတ်ကင်းမေ့လျော့ခြင်းကြောင့် ပြုမိသည်ရှိသော် အာပတ်သည်မသင့်ဟု အယူရှိ၏ဆိုကာဖြေကြားလေ၏။

ကျောင်းတွင်းသို့ ရောက်သော် ၀ိနယဓရ ရဟန်းသည် သူ၏တပည့်တို့ အား ထိုဓမ္မကထိကရဟန်းသည် အာပတ်သင့်သော ကိစ္စကိုပင် မသိဟုပြောပြလေ၏။

ထိုအခါ ၀ိနိယဓရ ရဟန်း၏ တပည့်တို့ သည်လည်း ဓမ္မကထိကရဟန်း၏ တပည့်တို့ ကိုတဆင့်ပြန်လည်၍ သင်တို့ ၏ ဆရာသည် အာပတ်သို့ ရောက်သည်ကိုပင် အာပတ်သင့်သည်၏ အဖြစ်ကိုမသိဟု ဆိုကုန်ကြလေရာ မိမိတို့ ၏ ဆရာအားပြန်လည်လျှောက်ထား ကြလေကုန်၏။

ထိုအခါ ဓမ္မကထိကရဟန်းကလည်း ဤ၀ိနိယဓရရဟန်းသည် ရှေ့ ကပြောတော့ အာပတ်မသင့်ဟုဆိုသော်လည်း ယခုမူ အာပတ်သင့်သည်ဟု ဆိုပြန်လေသည်။ ထို့ ကြောင့် မဟုတ်မမှန် ချွတ်ယွင်းသော စကားကို ဆိုပြန်လေသည်ဟု ပြန်ပြောင်းပြောဆိုလေကာ ထိုဆရာရဟန်းတို့ ၏ တပည့်များအချင်းချင်း ဂိုဏ်းကွဲကြလေကုန်၏။

ထိုအခါမှ အစပြု၍ ထိုရဟန်းတို့ ၏ အလုပ်အကျွေး ဖြစ်ကုန်သော ဒါယိကာတို့ သည်လည်းကောင်း၊ ထိုရဟန်းတို့ ၏ သြ၀ါဒကို ခံယူဆောက်တည်ကြကုန်သော ရဟန်းမိန်းမတို့ သည်လည်းကောင်း၊ ထိုသူတို့ ၏ အစောင့်အရှောက် ဖြစ်ကုန်သော နတ်တို့ သည် လည်းကောင်း၊ ထိုနတ်တို့ ၏အဆွေခင်ပွန်း ဖြစ်ကုန်သော စာတုမဟာရာဇ် နတ်တို့ ကို အစပြု၍ ပုတုဇဉ်ဟူသမျှတို့ သည် အထက်ဗြဟ္မာပြည်တိုင်အောင် ကွဲပြားကြလေကုန်၏။

ထိုသို့ ဗြဟ္မာ့ပြည်သို့  တိုင်အောင် ရောက်ရှိ၍သွားသော ကောလဟာလ အကွဲအပြဲကို မထင်ရှားသော တပါးသောရဟန်းသည် မြတ်စွာဘုရားရှင်၏ ထံတော်ပါးသို့ ချဉ်းကပ်၍ ပြန်ကြားလျှောက်ထားလေ၏။

ထိုအခါမြတ်စွာဘုရားရှင်သည် ထိုရဟန်းအားနှစ်ကြိမ်တိုင်တိုင် စေလွှတ်ကာ ချစ်သားရဟန်းများတို့ အချင်းချင်း ညီညွတ်ကြကုန်လော့ဟု မိန့် တော်မူ၏။ သို့ သော် ညီညွတ်ခြင်းကို မမြင်မတွေ့ ရ၍ သုံးကြိမ်မြောက်၌ ဘုရားရှင်ကိုယ်တော်တိုင် ကြွသွားတော်မူကာ ငြင်းခုန်ခိုက်ရန်ကို အမှီပြု၍ နှံစုတ်ငှက်မငယ်သည် ကြီးကျယ်သော ကာယဗလရှိသော ဆင်ပြောင်ကြီးကို အသက်ကုန်ခြင်းသို့ ရောက်စေဖူးသည်ဟု နှံစုတ်ငှက်မငယ်၏ ဇာတ်ကို ဟောပြတော်မူ၏။

ထိုသို့ မှ မရသည်တွင် တဖန်ငြင်းခုန်ကွဲပြားခြင်းကို အမှီပြု၍ များစွာသောငုံးငှက်တို့ သည် အသက်ကုန်ခြင်းသို့ ရောက်ခဲ့ဖူးကုန်သည်ဟု ငုံးမင်းဇာတ်တော်ကိုလည်း ဟောတော်မူလေ၏။

ထိုသို့ ဟောကြားမြွက်ဖော် ဟောတော်မူသော်လည်း မနာမယူကြသောကြောင့် နောက်ဆုံးအနေဖြင့် သူ၏ အလောင်းတော်ဘ၀ သူတော်ကောင်းတည်းဟူသော အဆုံးအမ သြ၀ါဒတို့ ဖြင့် သည်းခံခြင်းရှိသည်ဖြစ်၍ နှစ်ဌာနသော တိုင်းကြီးပြည်ကြီးတို့ ၏ ချစ်ကြည်ဆက်ဆံ နိုင်ငံထီးနန်းကို သိမ်းမြန်းအုပ်ချုပ်ရသောမင်းအဖြစ်သို့ ရောက်ခဲ့သေး၏ဟု ဒီဃာဝုမင်းသား ဇာတ်တော်ကို ဟောတော်မူလေ၏။

ချစ်သားရဟန်းတို့ အမျက်ဒေါသ စသည်ဖြစ်ပွား ရန်အများကို ပယ်ရှားစွန့် ပစ်လျှက် နှစ်သက်သောအားဖြင့် သည်းခံခြင်းတရားကို အားထုတ်ကြပါကုန်လော့။ အမျက်မလှန် သည်းခံခြင်းကို ရှေးရှုလျှက် ကြည်ဖြူနှစ်သက် စုံမက်သဖြင့် သင့်တင့်သောသမ္မာဆန္ဒ ရှိကြကုန်သဖြင့် တင့်တယ်စွာနေထိုင်ကြကုန်လော့ဟု ထပ်မံ၍ဆုံးတော်မူ၏။

ပါလိလေယျကတောအုပ်သို့ တစ်ကိုယ်တည်းကြွသွားခြင်း
---------------------------------------------------------

ထိုသို့ မှဆုံးမတော်မူငြား ရတော်မမူလေသဖြင့် အလုံးစုံသော ရဟန်းသံဃာ များစွာသော တပည့်ပရိသတ်တို့ ကို ပယ်စွန့် လျှက် တစ်ပါးတည်းသော ကိန်းအောင်းခြင်းငှာ ကောင်းစွာလျှောက်ပတ်တော်မူသေးဟု ဆင်ခြင်တော်မူ၍ ကောသမ္ဗီပြည်တွင်းသို့  ဆွမ်းခံလှည့်တော်မူပြီးလျှင် ရဟန်းအပေါင်းတို့ ကို ပန်ကြားတော်မမူတော့ပဲ ကိုယ်တော်မြတ်တစ်ပါးတည်းသာလျှင် မိမိ၏သပိတ်သင်္ကန်းတော်တို့ ကို ယူကာ ပါလိလေယျကရွာအနီး ပါလိလေယျက တောအုပ်သို့ ဝင်ကာအင်ကြင်းပင်ရင်း၌ သီတင်းသုံးတော်မူလေ၏။

ထိုတောအုပ်၌ ပါလိလေယျက ဆင်မင်းနှင့်တွေ့ တော်မူကာ အဖော်အပေါင်းနှင့်နေရသည်ငြား ငြီးငွေ့ သောကြောင့် အဖော်မပါ တစ်ကိုယ်တည်းလှည့်လည်သွားလာနေရာမှ ဆင်မင်းသည် မြတ်စွာဘုရားရှင်အား ပြုစုလုပ်ကျွေးသူမပါရှိသည်ကို မြင်သိလေသဖြင့် မိမိသည်သာလျှင် ပြုစုလုပ်ကျွေးအံ့ဟု အင်ကြင်းပင်ရင်းမှအစ ထက်အောက်မကျန် မြေပြင်အခင်းအကျင်းကို သန့် ရှင်းညီညွတ်စေလျှက် မြတ်စွာဘုရားအား ကောင်းစွာစောင့်ရှောက်လေ၏။

ဆရာတော် အရှင်စန္ဒိမာ

No comments:

Post a Comment