Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Friday, May 31, 2013

"ဇနီးမယားတို့ မကြည်ဖြူနိုင်တဲ့ ရှောင်ကြဉ်ရမည့် လင်(ယောက်ျား) ရှစ်မျိုး"

"ဇနီးမယားတို့ မကြည်ဖြူနိုင်တဲ့ ရှောင်ကြဉ်ရမည့် လင်(ယောက်ျား) 
ရှစ်မျိုး"

***********************************************

အရင်က ဦးဇင်း ဇနီးမယား၇မျိုးအကြောင်းကို ရေးခဲ့ဖူးပါတယ်။ အခုဆက်လက်ပြီး 
လင်ယောက်ျားရှစ်မျိုးကို တင်ပြပေးမှာဖြစ်ပါတယ်။ အကယ်၍ 
ဇနီးမယား(၇)မျိုးအကြောင်းကို ထပ်မံသိလိုပါက ကွန်မင့် ပေးထားခဲ့ပါ။ 
ဦးဇင်းပြန်ပြီးတင်ပေးပါ့မယ်။ လင်ယောက်ျားရှစ်မျိုးက 
အောက်ပါအတိုင်းဖြစ်ပါတယ်။

လင်မွဲ၊ လင်နာ၊ လင်သူရာကြိုက်၊ လင်မိုက် လင်ဖျင်း၊ လင်ပျင်း လင်အို၊ 
အလိုမဖြည့်၊ မပြည့်ဆန္ဒ၊ ရှိတုံကလျှင် အနာဒရ၊ ပြုတတ်စွာရှင့်။ (မဃဒေဝ-၂၉၇)

(၁)။ လင်မွဲ- ဆင်းရဲတဲ့လင်၊ စီးပွားဥစ္စာရအောင် ရှာဖွေမပေးနိုင်ဘဲ 
မိန်းမလုပ်စာ မှီခိုစားသောက်တဲ့ လင်ကို ဇနီးသည်က မလေးစားပါဘူး။ ဒါကြောင့် 
ခင်ပွန်းသည်များအနေနဲ့ ဇနီးမယားအတွက် ထိုလင်မျိုးမဖြစ် ဂရုစိုက်ရပါမယ်။



၂။ လင်နာ- အနာရောဂါ စွဲကပ်နေတဲ့လင်၊ ကုသလို့မပျောက်ကင်းနိုင်၊ 
နာတာရှည်ရောဂါစွဲ၊ ရသမျှငွေကြေးလည်း ဆေးဖိုးဝါးခနဲ့ ကုန်နေရတဲ့လင်ကို 
ဇနီးသည်က မလေးစားပါဘူး။

 

၃။ လင်သုရာကြိုက်- အရက်သေစာ အလွန်အကျွံသောက်စားတဲ့လင်၊ ပြဿနာတွေပေါ်၊ 
စီးပွားရေးပျက်၊ အရှက်ရစရာဖြစ်လို့ အဲဒီလင်မျိုးကိုလည်း ဇနီးသည်က 
မလေးစားပါဘူး။



၎။ လင်မိုက်- ပေတေမိုက်မဲတဲ့လင် ၊ လူကြီးမိဘ ဆရာသမား ရိုသေလေးစားရမှန်းမသိ၊
 ပူဇော်ရှိခိုးရမှန်းမသိ၊ ဗုဒ္ဓဘာသာဝင်ယောက်ျားဖြစ်သော်လည်း ဘုရားမေ့၊ 
တရားမေ့ သံဃာမေ့ ဘာသာရေးမကိုင်းရှိုင်း၊ ဒါနလည်းမသိ၊ သီလလည်းနားမလည်၊ 
ဝိပဿနာဆိုတာ ဝေလာဝေးထိုလင်မျိုးလည်းကောင်း၊ ဘာသာခြားဖြစ်ခဲ့သော် 
ရတနာသုံးပါးအား ကိုးကွယ်ဆည်းကပ်မှုကို အပထား၊ အပြစ်ပြောခြင်း ကဲ့ရဲ့ရှုံ့ချ 
ဆဲဆိုခြင်းစတဲ့ မိုက်ရိုင်းကြမ်းတမ်းတဲ့ လင်မိုက် လင်ဆိုး များကို 
ဇနီးမယားဖြစ်သူများ အထူးသတိထားပြီး ရှောင်ကြဉ်ရမှာဖြစ်သလို၊ 
ဘာသာခြားဆိုတာမျိုးကို အိမ်ထောင်ဖက်မရွေးသင့်လှကြောင်း (လင်မိုက်) ဆိုတဲ့ 
မိုက်မဲတဲ့လင်မျိုးကို စိတ်ကူးထဲမှာတောင် မထားသင့်ကြောင်း ထင်ရှားလှပါတယ်။ 
ဘာသာခြားဆိုတာမျိုးက ကိုယ်က ဗုဒ္ဓဘာသာဝင်ဖြစ်နေခြင်းကြောင့် 
ဘုရားရှိခိုးခြင်း တရားစာရွတ်ဖတ်ကျင့်ကြံခြင်း၊ သံဃာတော်များကို ဆွမ်း 
သင်္ကန်း ကျောင်းဆေးတို့ဖြင့် လုပ်ကျွေးသမှုပြုသည်ကို မည်သည့် ဘာသာခြားကမှ 
ကြည်ဖြူမည်မဟုတ်သလို၊ အမြဲတမ်းစော်ကား မော်ကား 
ဆဲဆိုကြိမ်းမောင်းမည်သာဖြစ်ပြီး နောက်ဆုံး သူတို့ 
လက်ခုပ်ထဲရောက်သွားပြီဆိုရင် မိဘလက်ထက်က ကြည်ညိုဆည်းကပ်ကိုးကွယ်နေခဲ့တဲ့ 
မြတ်စွာဘုရားပုံတော်များ၊ တရားစာအုပ်များ၊ သံဃာတော်များ၏ ပုံတော်များကို 
နင်းချေဖျက်စီးခိုင်းပြီး သူတို့ ဘာသာထဲကိုသာ 
အတင်းအဓမ္မသွတ်သွင်းမည်သာဖြစ်ပါတယ်။ ဒါကြောင့် လင်မိုက်ဆိုတဲ့ နေရာမှာ 
ဘာသာခြားလင်မျိုးကို အထူးရှောင်ကြဉ်ကြပါလို့ တိုက်တွန်းလိုပါတယ်။ ဒါမှသာ 
မိမိအနေနဲ့ အမျိုးဖျက်ဘဝ ဘာသာဖျက်ဘဝမှကင်းဝေးမည်ဖြစ်ပြီး 
ရတနာသုံးပါးကြည်ညိုကိုးကွယ်ခွင့် အသက်ထက်ဆုံးရရှိမည်ဖြစ်ပြီး ပစ္စုပ္ပန် 
သံသရာ နှစ်ဖြာမှာ ကောင်းကျိုးများဖြင့် ပြည့်စုံမည်သာဖြစ်ပါတယ်။ 
ဘာသာခြား(လင်မိုက်)ကို လင်တော်လိုက်မည်ဆိုပါက မိမိအနေနဲ့ အမျိုးဖျက်ဘဝ 
ဘာသာဖျက်ဘဝကိုလည်းရောက်မှာဖြစ်သလို၊ ရတနာသုံးပါးကို 
နင်းချေစော်ကားခြင်းကြောင့် ပစ္စုပ္ပန်သံသရာ 
နှစ်ဖြာမှာဆိုးကျိုးများနှင့်ကြုံကြိုက်ရမည်ဖြစ်ပြီး သေလျှင်လည်း 
ထိုရတနာသုံးပါးကိုစော်ကားခြင်းစတဲ့ အကုသိုလ်ကံကြောင့် 
အပါယ်ဘဝရောက်ရမည်သာဖြစ်ပါတယ်။ ဒါကြောင့် လင်မိုက်လို့ဆိုလိုက်တာနဲ့ 
အထူးသဖြင့် ဗုဒ္ဓဘာသာနှင့်ဆန့်ကျင်ဘက် ဘာသာခြား လင်မိုက်မျိုးကို 
အထူးရှောင်ကြဉ်သင့်လှကြောင်း အသိပေးပါတယ်။



၅။လင်ဖျင်း- ဖျင်းတဲ့လင်၊ အတဲ့လင်၊ သူများခေါ်ရင်သွား၊ ခိုင်းရင်လုပ်၊ 
အ-တယ်၊ န-တယ်တဲ့။ အ-တာ အောက်တန်းကျတာ။ န-တာက နောက်တန်းနေရာ ရောက်နေတာပါပဲ။



၆။ လင်ပျင်း- ပျင်းတဲ့လင်၊ လက်ကြောတင်းအောင်၊ အလုပ်မလုပ်ချင်ဘဲ ဘိုးတော် 
မယ်တော် ကူညီစောင်မ လိမ့်နိုး သူတစ်ပါးမျှော်ကိုးပြီး ဝီရိယ 
လုံ့လမရှိတဲ့လင်။



၇။လင်အို- အားအင်ယိုယွင်း၊ အိုမင်းနေတဲ့ လင်၊ ဇနီးက ငယ်ငယ် 
လင်သယ်ကကြီးကြီး၊ အရွယ်မညီကြရင်လည်း တစ်ကယ်မကြည်ဖြူလှပါဘူး။



၈။ အလိုပြည့်အောင် မစွမ်းဆောင်နိုင်တဲ့လင်- ပစ္စည်းဥစ္စာ အလိုဆန္ဒပြည့်ဝအောင် 
ဖြည့်ဆည်းမပေးတဲ့ လင်၊ အမျိုးသမီးရဲ့ ဝတ်စားနေမှုနဲ့ အလိုရမ္မက်ကို 
မဖြည့်ဆည်းပေးနိုင်တဲ့လင်မျိုးဖြစ်ပါတယ်။

ဒါကြောင့် အိမ်ထောင်ပြုတော့မည့် မိန်းကလေးတစ်ဦးအနေနဲ့ ထိုသို့သော 
လင်မျိုးများကိုရှောင်ကြဉ်သင့်သလို၊ လင်ယောက်ျားများအနေနဲ့ ဇနီးမယားတို့၏ 
ကြည်လင်နှစ်သက်မြတ်နိုး ရိုသေမှုကို ခံယူလိုပါလျှင် အထက်ပါ လင်ရှစ်မျိုးထဲမှ
 လွတ်အောင် ထိန်းသိမ်းကြဖို့တိုက်တွန်းလိုပါတယ်။ မိန်းကလေးများအနေနဲ့ 
ထိုလင်ရှစ်မျိုးကို ရှောင်ကြှုရမည်ဖြစ်သလို (ဘာသာခြား) လင်မျိုးကိုတော့ 
(အထူး အထူး) ကိုရှောင်ကြဉ်ရမည်ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။



စာဖတ်သူအားလုံး 
သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

***********************************************
အရင်က ဦးဇင်း ဇနီးမယား၇မျိုးအကြောင်းကို ရေးခဲ့ဖူးပါတယ်။ အခုဆက်လက်ပြီး လင်ယောက်ျားရှစ်မျိုးကို တင်ပြပေးမှာဖြစ်ပါတယ်။ အကယ်၍ ဇနီးမယား(၇)မျိုးအကြောင်းကို ထပ်မံသိလိုပါက ကွန်မင့် ပေးထားခဲ့ပါ။ ဦးဇင်းပြန်ပြီးတင်ပေးပါ့မယ်။ လင်ယောက်ျားရှစ်မျိုးက အောက်ပါအတိုင်းဖြစ်ပါတယ်။
လင်မွဲ၊ လင်နာ၊ လင်...သူရာကြိုက်၊ လင်မိုက် လင်ဖျင်း၊ လင်ပျင်း လင်အို၊ အလိုမဖြည့်၊ မပြည့်ဆန္ဒ၊ ရှိတုံကလျှင် အနာဒရ၊ ပြုတတ်စွာရှင့်။ (မဃဒေဝ-၂၉၇)
(၁)။ လင်မွဲ- ဆင်းရဲတဲ့လင်၊ စီးပွားဥစ္စာရအောင် ရှာဖွေမပေးနိုင်ဘဲ မိန်းမလုပ်စာ မှီခိုစားသောက်တဲ့ လင်ကို ဇနီးသည်က မလေးစားပါဘူး။ ဒါကြောင့် ခင်ပွန်းသည်များအနေနဲ့ ဇနီးမယားအတွက် ထိုလင်မျိုးမဖြစ် ဂရုစိုက်ရပါမယ်။

၂။ လင်နာ- အနာရောဂါ စွဲကပ်နေတဲ့လင်၊ ကုသလို့မပျောက်ကင်းနိုင်၊ နာတာရှည်ရောဂါစွဲ၊ ရသမျှငွေကြေးလည်း ဆေးဖိုးဝါးခနဲ့ ကုန်နေရတဲ့လင်ကို ဇနီးသည်က မလေးစားပါဘူး။

၃။ လင်သုရာကြိုက်- အရက်သေစာ အလွန်အကျွံသောက်စားတဲ့လင်၊ ပြဿနာတွေပေါ်၊ စီးပွားရေးပျက်၊ အရှက်ရစရာဖြစ်လို့ အဲဒီလင်မျိုးကိုလည်း ဇနီးသည်က မလေးစားပါဘူး။

၎။ လင်မိုက်- ပေတေမိုက်မဲတဲ့လင် ၊ လူကြီးမိဘ ဆရာသမား ရိုသေလေးစားရမှန်းမသိ၊ ပူဇော်ရှိခိုးရမှန်းမသိ၊ ဗုဒ္ဓဘာသာဝင်ယောက်ျားဖြစ်သော်လည်း ဘုရားမေ့၊ တရားမေ့ သံဃာမေ့ ဘာသာရေးမကိုင်းရှိုင်း၊ ဒါနလည်းမသိ၊ သီလလည်းနားမလည်၊ ဝိပဿနာဆိုတာ ဝေလာဝေးထိုလင်မျိုးလည်းကောင်း၊ ဘာသာခြားဖြစ်ခဲ့သော် ရတနာသုံးပါးအား ကိုးကွယ်ဆည်းကပ်မှုကို အပထား၊ အပြစ်ပြောခြင်း ကဲ့ရဲ့ရှုံ့ချ ဆဲဆိုခြင်းစတဲ့ မိုက်ရိုင်းကြမ်းတမ်းတဲ့ လင်မိုက် လင်ဆိုး များကို ဇနီးမယားဖြစ်သူများ အထူးသတိထားပြီး ရှောင်ကြဉ်ရမှာဖြစ်သလို၊ ဘာသာခြားဆိုတာမျိုးကို အိမ်ထောင်ဖက်မရွေးသင့်လှကြောင်း (လင်မိုက်) ဆိုတဲ့ မိုက်မဲတဲ့လင်မျိုးကို စိတ်ကူးထဲမှာတောင် မထားသင့်ကြောင်း ထင်ရှားလှပါတယ်။ ဘာသာခြားဆိုတာမျိုးက ကိုယ်က ဗုဒ္ဓဘာသာဝင်ဖြစ်နေခြင်းကြောင့် ဘုရားရှိခိုးခြင်း တရားစာရွတ်ဖတ်ကျင့်ကြံခြင်း၊ သံဃာတော်များကို ဆွမ်း သင်္ကန်း ကျောင်းဆေးတို့ဖြင့် လုပ်ကျွေးသမှုပြုသည်ကို မည်သည့် ဘာသာခြားကမှ ကြည်ဖြူမည်မဟုတ်သလို၊ အမြဲတမ်းစော်ကား မော်ကား ဆဲဆိုကြိမ်းမောင်းမည်သာဖြစ်ပြီး နောက်ဆုံး သူတို့ လက်ခုပ်ထဲရောက်သွားပြီဆိုရင် မိဘလက်ထက်က ကြည်ညိုဆည်းကပ်ကိုးကွယ်နေခဲ့တဲ့ မြတ်စွာဘုရားပုံတော်များ၊ တရားစာအုပ်များ၊ သံဃာတော်များ၏ ပုံတော်များကို နင်းချေဖျက်စီးခိုင်းပြီး သူတို့ ဘာသာထဲကိုသာ အတင်းအဓမ္မသွတ်သွင်းမည်သာဖြစ်ပါတယ်။ ဒါကြောင့် လင်မိုက်ဆိုတဲ့ နေရာမှာ ဘာသာခြားလင်မျိုးကို အထူးရှောင်ကြဉ်ကြပါလို့ တိုက်တွန်းလိုပါတယ်။ ဒါမှသာ မိမိအနေနဲ့ အမျိုးဖျက်ဘဝ ဘာသာဖျက်ဘဝမှကင်းဝေးမည်ဖြစ်ပြီး ရတနာသုံးပါးကြည်ညိုကိုးကွယ်ခွင့် အသက်ထက်ဆုံးရရှိမည်ဖြစ်ပြီး ပစ္စုပ္ပန် သံသရာ နှစ်ဖြာမှာ ကောင်းကျိုးများဖြင့် ပြည့်စုံမည်သာဖြစ်ပါတယ်။ ဘာသာခြား(လင်မိုက်)ကို လင်တော်လိုက်မည်ဆိုပါက မိမိအနေနဲ့ အမျိုးဖျက်ဘဝ ဘာသာဖျက်ဘဝကိုလည်းရောက်မှာဖြစ်သလို၊ ရတနာသုံးပါးကို နင်းချေစော်ကားခြင်းကြောင့် ပစ္စုပ္ပန်သံသရာ နှစ်ဖြာမှာဆိုးကျိုးများနှင့်ကြုံကြိုက်ရမည်ဖြစ်ပြီး သေလျှင်လည်း ထိုရတနာသုံးပါးကိုစော်ကားခြင်းစတဲ့ အကုသိုလ်ကံကြောင့် အပါယ်ဘဝရောက်ရမည်သာဖြစ်ပါတယ်။ ဒါကြောင့် လင်မိုက်လို့ဆိုလိုက်တာနဲ့ အထူးသဖြင့် ဗုဒ္ဓဘာသာနှင့်ဆန့်ကျင်ဘက် ဘာသာခြား လင်မိုက်မျိုးကို အထူးရှောင်ကြဉ်သင့်လှကြောင်း အသိပေးပါတယ်။

၅။လင်ဖျင်း- ဖျင်းတဲ့လင်၊ အတဲ့လင်၊ သူများခေါ်ရင်သွား၊ ခိုင်းရင်လုပ်၊ အ-တယ်၊ န-တယ်တဲ့။ အ-တာ အောက်တန်းကျတာ။ န-တာက နောက်တန်းနေရာ ရောက်နေတာပါပဲ။

၆။ လင်ပျင်း- ပျင်းတဲ့လင်၊ လက်ကြောတင်းအောင်၊ အလုပ်မလုပ်ချင်ဘဲ ဘိုးတော် မယ်တော် ကူညီစောင်မ လိမ့်နိုး သူတစ်ပါးမျှော်ကိုးပြီး ဝီရိယ လုံ့လမရှိတဲ့လင်။

၇။လင်အို- အားအင်ယိုယွင်း၊ အိုမင်းနေတဲ့ လင်၊ ဇနီးက ငယ်ငယ် လင်သယ်ကကြီးကြီး၊ အရွယ်မညီကြရင်လည်း တစ်ကယ်မကြည်ဖြူလှပါဘူး။

၈။ အလိုပြည့်အောင် မစွမ်းဆောင်နိုင်တဲ့လင်- ပစ္စည်းဥစ္စာ အလိုဆန္ဒပြည့်ဝအောင် ဖြည့်ဆည်းမပေးတဲ့ လင်၊ အမျိုးသမီးရဲ့ ဝတ်စားနေမှုနဲ့ အလိုရမ္မက်ကို မဖြည့်ဆည်းပေးနိုင်တဲ့လင်မျိုးဖြစ်ပါတယ်။
ဒါကြောင့် အိမ်ထောင်ပြုတော့မည့် မိန်းကလေးတစ်ဦးအနေနဲ့ ထိုသို့သော လင်မျိုးများကိုရှောင်ကြဉ်သင့်သလို၊ လင်ယောက်ျားများအနေနဲ့ ဇနီးမယားတို့၏ ကြည်လင်နှစ်သက်မြတ်နိုး ရိုသေမှုကို ခံယူလိုပါလျှင် အထက်ပါ လင်ရှစ်မျိုးထဲမှ လွတ်အောင် ထိန်းသိမ်းကြဖို့တိုက်တွန်းလိုပါတယ်။ မိန်းကလေးများအနေနဲ့ ထိုလင်ရှစ်မျိုးကို ရှောင်ကြှုရမည်ဖြစ်သလို (ဘာသာခြား) လင်မျိုးကိုတော့ (အထူး အထူး) ကိုရှောင်ကြဉ်ရမည်ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
 
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment