Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Wednesday, May 15, 2013

"ငွေနဲ့ပေါက်လို့ ဘာသာမပျောက်စေနဲ့ ဖြစ်ရပ်မှန် (နိဂုံး)"



***************************************
နောက်တဖြည်းဖြည်း အပေးအကမ်းတွေများလာတဲ့အခါ တောင်းဆိုမှုတွေ ရှိလာကြပါတယ်။
သူတို့ရဲ့တောင်းဆိုမှုတွေကတော့“ခင်ဗျားတို့ကို အခုလိုကျွေးမွေးနေတာ ကျွန်တော...်တို့က ကျွေးမွေးနေတာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ဘုရားက ကျွေးမွေးနေတာပါ။ ကျွန်တော်တို့ဘုရားက သူ့ကို အားထားယုံကြည်မယ့်လူသားတွေကိုဘယ်တော့မှ ပစ်မထားဘူး။ သူရဲ့တန်းခိုးတော်နဲ့ စောင့်ရှောက်နေ တယ်။ခင်ဗျားတို့မိသားစုအနေနဲ့ ကျွန်တော်တို့ဘုရားကို ကိုးကွယ်ယုံကြည်မယ်ဆိုရင် ခင်ဗျားတို့ အခုလောလောဆယ်တွေ့ကြုံနေရတဲ့ ဘ၀အခက်အခဲပြဿနာတွေကိုကျွန်တော်တို့ဘုရားရဲ့ ဆန္ဒတော်အတိုင်း အဆင်ပြေချောမွေ့တဲ့အထိ ကူညီပါ့မယ်။
ပြိုလဲနေတဲ့ အိမ်ကိုလည်း ပြန်ဆောက်ပေးမယ်။ ကျောင်းထုတ်ထားရတဲ့ကလေးတွေကိုလည်း
ကျောင်းပြန်တက်နိုင်အောင် ဆက်ထားပေးမယ်။ ခင်ဗျားမှာဖြစ်နေတဲ့ရောဂါကိုလည်း
ကျွန်တော်တို့ဘုရားရဲ့ မေတ္တာနဲ့ပေါင်းစပ်ပြီး သက်သာပျောက်ကင်းတဲ့အထိအထူးကုဆရာဝန်တွေနဲ့ ကုသပေးပါ့မယ်။ အခုလိုပြောရတာကလည်းခင်ဗျားတို့ရဲ့ ဒုက္ခတွေကို ကယ်တင်ချင်လို့ပါ။
ဒီလိုကယ်တင်တဲ့နေရာမှာလည်း ကျွန်တော်တို့ဘုရားကို ကိုးကွယ်ယုံကြည်မှ ဖြစ်နိုင်မှာမို့ပါ။
အဲဒါ ခင်ဗျားတို့ မိသားစုအနေနဲ့ စဉ်းစားပြီးရင် ကျွန်တော်တိှု့ဆီကို အကြောင်းကြားပါ။”
ကိုကြည်လွင်တို့မိသားစုဟာ မမျှော်လင့်တဲ့အချိန်မှာ မမျှော်လင့်တဲ့စကားကို ကြားလိုက်ရတော့ စိတ်ထဲမှာ တုန်လှုပ်ခြောက်ခြားသွားပါတယ်။

မိမိတို့ ငယ်ငယ်လေးထဲက အရိုးစွဲအောင် ကိုးကွယ်ယုံကြည်ခဲ့တဲ့အာသာတရားကို စွန့်လွတ်ပြီး
စားဝတ်နေရေး ကျန်းမာရေးကြောင့် အခြားဘာသာတရားကို ကိုးကွယ်ယုံကြည်ရမယ်ဆိုတာ
အိပ်မက်တောင်မှ မက်ခဲ့ဖူးတာ မဟုတ်ပါဘူး။အခုတော့ ဘယ်လိုမှ ထင်မထားတဲ့အရာတွေက မိမိတို့စိတ်ကို မွန်းကြပ်စေခဲ့ပါတယ်။ကိုကြည်လွင်အနေနဲ့ စဉ်းစားစရာ အချက်နှစ်ချက်ပေါ်လာပါတယ်။
အဲဒါကတော့ ယခုဘ၀ကောင်းစားရေးနဲ့ နောင်သံသရာကျင်လည်ရေးတို့ပဲဖြစ်ပါတယ်။
နောက်ပြီး ဒီကိစ္စဟာ မိသားစုအရေးဖြစ်တဲ့အတွက် မိမိတစ်ဦးတည်းနဲ့တင်လည်းဆုံးဖြတ်လို့ မရပါဘူး။ အိမ်ထောင်ဦးစီးဖြစ်တဲ့မိမိကဆုံးဖြတ်ချက်လွဲမှားသွားပြီဆိုရင် ဇနီးနဲ့ သားသမီးတွေပါ မိစ္ဆာဒိဋ္ဌိအယူဖြစ်သွားနိုင်ပါတယ်။

တစ်ဘက်က ကြည့်မယ်ဆိုရင်လည်းမိမိကျန်းမာရေးကောင်းစဉ်အချိန်အခါက နှစ်ထပ်အိမ်ကြီးပေါ်မှာ ဘာအပူအပင်မှ မရှိဘဲ နေလာခဲ့တဲ့သားသမီးတွေဟာ အခုတော့ တစ်ဘက်ရပ် တဲကုတ်လေးထဲမှာ
ဆင်းဆင်းရဲရဲနဲ့ နေနေရပါတယ်။မိသားစုစီးပွါးရေးချွတ်ခြုံကျမှုကြောင့်ကလေးတွေရဲ့ကျောင်းပညာရေး ကလည်းတစ်ပိုင်းတစ်စနဲ့ ကျောင်းထုတ်ထားရပါတယ်။

သားသမီးတွေရဲ့ ဘ၀ရှေ့ရေး၊ မိသားစုစားဝတ်နေရေး။ မိမိရဲ့ ကျန်းမာရေး၊နောက်ပြီး တစ်ဘက်ရပ် တဲကုတ်လေးထဲမှာ နေရတဲ့ ဘ၀နောင်ရေးစတာတွေဟာကိုကြည်လွင်တို့ မိသားစုကို ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာထဲကို ရောက်ဖို့အတွက်တွန်းအားတွေ ဖြစ်စေခဲ့ပါတယ်။

ဒီအချိန်မှာတော့ အခြားဘာသာဝင်တွေဟာ ကိုကြည်လွင်တို့မိသားစုနေတဲ့အိမ်ကိုနေညမပြတ် တစ်ယောက်ပြီးတစ်ယောက် ၀င်ထွက်နေကြပြီးသူတို့ဘုရားက လူသားတွေအပေါ်ကို ဘယ်လို စောင့်ရှောက်တယ်၊တရားတော်တွေရဲ့ အနှစ်သာရတွေဟာ ဘယ်လို အကျိုးကျေးဇူးများတယ်၊
သူတို့ဘုရားသာလျှင် လူသားတွေအတွက် ကယ်တင်ရှင်အစစ်ဖြစ်တယ်ဆိုတဲ့အကြောင်းတွေကို
လာရောက်စည်းရုံးဟောပြောကြပါတယ်။

သူတို့ဘာသာရေးအဖွဲ့အစည်းများမှလည်း သူတို့လတ်တလောစားသောက်ဖို့၊ ၀တ်ဖို့အတွက်ဆန်၊ ဆီ၊ ငြုပ်၊ ကြက်သွန်မှအစ အ၀တ်အထည်များကိုလည်း ပို့ပေးကြပါတယ်။နောက်ပြီးပြိုလဲနေတဲ့အိမ်ကို လည်း ပြန်လည်တည်ဆောက်ဖို့အတွက်သံများ၊ သွပ်များ၊ အသားများကိုလည်း မက်လောက်အောင် ပို့ပေးကြပါတယ်။ကိုကြည်လွင်ခံစားနေရတဲ့ရောဂါဝေဒနာကိုလည်း သက်သာပျောက်ကင်းအောင်ဆိုပြီး
သူတို့ဘုရားကျောင်းကိုခေါ်ကာ ၀တ်ပြုဆုတောင်းပြီး အထူးကုဆရာဝန်တွေနဲ့ ကုသပေးကြပါတယ်။
အထူးကုဆရာဝန်တွေရဲ့ ကျေးဇူးကြောင့် အိပ်ယာထဲမှာ ဘုန်းဘုန်းလဲဖြစ်နေတဲ့ကိုကြည်လွင် ရဲ့ ရောဂါဝေဒနာဟာ တဖြည်းဖြည်း သက်သာလာပါတယ်။

အိမ်ကိုလည်း လက်သမားများနဲ့ ဆောက်လိုက်တဲ့အခါ နှစ်ပတ်အတွင်း ပြီးသွားပါတယ်။
ကိုကြည်လွင်တို့ မိသားစုကို အခုလို စေတနာဗလပွနဲ့ ဘာလို့ထောက်ပံ့လှူဒါန်းနေကြတာလဲဆိုရင်
အဖြေကတော့ ရှင်းနေတာပဲ။ခွေးအ များဟာ သူတို့အစာဖြစ်လာမဲ့သားကောင်ကို
စုပေါင်းအင်အားနဲ့ ၀ိုင်အုံလိုက်ပြီး ကိုက်ဖြတ်စားသောက်သလိုမျိုး ဖြစ်နေပါတယ်။
သူတို့စက်ကွင်းထဲကို ရောက်လာတဲ့သားကောင်ကိုလည်း အလွတ်ပေးတယ်ဆိုတာ မရှိပါဘူး။
အခုလည်းပဲ ကိုကြည်လွင်တို့မိသားစုဟာ သူတို့အတွက် သားကောင်ဖြစ်ခဲ့ရသလို
သူတို့ထောက်ပံ့တဲ့ပစ္စည်းတွေဟာလည်း ကိုကြည်လွင်တို့ မိသားစုအတွက်တော့ အဆိပ်ဖြစ်ခဲ့ရပါတယ်။
ကိုကြည်လွင်တို့နေမယ့် အိမ်လေးဆောက်ပြီးလို့ တစ်ပတ်လောက်အကြာမှာတော့သူတို့ကို ထောက်ပံ့ လှူဒါန်းကြတဲ့ပုဂ္ဂိုလ်တွေ စုရုံးရောက်ရှိလာကြပါတယ်။

သူတို့ဘာတွေ ပြောကြတယ်၊ ဘာတွေလုပ်ကြတယ်ဆိုတာကတော့ကိုကြည်လွင်တို့မိသားစုနှင့် သူတို့သာလျှင် အသိဆုံးဖြစ်ပါတယ်။သေချာတာတစ်ခုကတော့ နောက်နေ့ မနက်ပိုင်းမှာ
ကိုကြည်လွင်တို့မိဘဘိုးဘွားတွေ လက်ထက်ကတည်းက အိမ်ဦးခန်းမှာအမြတ်တနိုး ကိုးကွယ်ယုံကြည်ခဲ့တဲ့ ဗုဒ္ဓရုပ်ပွါးတော်ဟာအိမ်ရှေ့ရှိ ရေမြောင်းထဲ ရောက်နေတယ်ဆိုတာပါပဲ။

အိမ်နီးနားချင်းရှိ ဗုဒ္ဓဘာသာဝင်တွေမှာ ဗုဒ္ဓရုပ်ပွါးတော် အိမ်ရှေ့ရှိ ရေမြောင်းထဲရောက်နေတာနှင့် ပတ်သက်လို့ တော်တော်လေး စိတ်အနှောက်အယှက်ဖြစ်ကြရပါတယ်။မဆင်မခြင်နဲ့ ဘာသာပြောင်းသွားတဲ့ ကိုကြည်လွင်တို့ မိသားစုကိုလည်း အခြားဗုဒ္ဓဘာသာဝင်တွေက မနှစ်မြို့ကြပေမဲ့ သူတို့ရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကိုတော့ ဘယ်သူမှ မတားမြစ်ကြပါဘူး။ ဒါပေမဲ့ ဗုဒ္ဓရုပ်ပွါးတော်ကိစ္စနဲ့ ပတ်သက်လို့ကတော့“ခင်ဗျားတို့ မယုံကြည်လို့ မကိုးကွယ်ရင်နေပါ၊ ဒီလို လူမြင်မကောင်းတဲ့နေရာမှာတော့ စွန့်ပစ်မထားပါနဲ့” ဆိုတော့မှ ဗုဒ္ဓရုပ်ပွါးတော်ကို ပြန်ပင့်ပြီး ရပ်ကွက်ထဲရှိ ရေကန်ကြီးထဲကို သွားရောက်စွန့်ပစ်လိုက်ပါတယ်။

ဒီနေရာလေးမှာ ဒီဖြစ်ရပ်မှန် ဇာတ်လမ်းလေးနဲ့ပတ်သက်ပြီး ပြောစရာ စကားလေးတွေ ရှိလာပါတယ်။ အခြားဘာသာဝင်တွေဟာ သူတို့ဘာသာကို ကိုးကွယ်ယုံကြည်မဲ့လူပုဂ္ဂိုလ်များ ပေါ်ပေါက်လာပြီဆိုရင် အဲဒီပုဂ္ဂိုလ်များကို သူတို့ဘာသာထဲ မရောက်ရောက်အောင်အစွမ်းကုန်ထိ ကြိုးစားပြီး လက်ကမ်းခေါ်ယူကြပါတယ်။ဒါပေမဲ့ သူတို့ဘာသာဝင်ထဲက တစ်ယောက်ယောက်ကများ အခြားဘာသာထဲကို ၀င်မယ်ဆိုရင်တော့ သေလုမတတ်ကြောက်ကြပါတယ်။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဒါဟာ သူတို့ကို အပြစ်တင်စရာ မဟုတ်ပါဘူး။
အတုယူစရာဖြစ်ပါတယ်။

အချို့ဗုဒ္ဓဘာသာဝင်တွေဟာ မိမိတို့ရဲ့ ဗုဒ္ဓဘာသာတရားအပေါ် မကြည်ညိုသေးတဲ့သူတွေကိုလည်း ကြည်ညိုတတ်လာအောင် နည်းပေးလမ်းပြနိုင်မှု မရှိသလို ကြည်ညိုပြီးသားဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေက စားဝတ်နေရေး၊ ကျန်းမာရေးနှင့် လူမှုရေးတွေကြောင့် အခြားဘာသာထဲကိုပြောင်းသွားရင်လည်း ဘယ်လိုခံစားမှုမျိုးမှ မထားတတ်ကြပါဘူး။ဒါဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ကြီးလေးတဲ့ ပေါ့ဆမှု တစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓသာသနာတည်တံ့ဖို့ဟာလူတွေအားလုံးရဲ့အပေါ်မှာအခြေခံထား တာမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အပေါ်မှာသာအခြေခံထားတာဖြစ်ပါတယ်။ မြန်မာ လူမျိုးတွေဖြစ်နေပေမဲ့ဗုဒ္ဓဘာသာမဟုတ်ကြတဲ့လူတွေ အများကြီးရှိပါတယ်။ ဒီလိုပြောလို့ မြန်မာလူမျိုးအချင်းချင်း သွေးခွဲတာလား လို့ မေးစရာဖြစ်လာပါတယ်။သွေးခွဲတာ မဟုတ်ပါဘူး။ဘာသာနဲ့လူမျိုး၊ လူမျိုးနဲ့ဘာသာဟာ တစ်ချို့နေရာတွေမှာ အတူတကွရှိနေကြသလိုကွဲပြားတာတွေလည်း ရှိပါတယ်။ မြန်မာလူမျိုးလို့ ဆိုလိုက်တာနဲ့ အများအားဖြင့် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာလို့ဆိုလိုက်ပြန်ရင်လည်း အများအားဖြင့် မြန်မာ လူမျိုးတွေက များပါတယ်။ ဒါ့ကြောင့်မို့ ဗုဒ္ဓသာသနာတော်မြတ်ကြီး အမိမြန်မာနိုင်ငံတော်ကြီး မှာရေရှည်တည်တံ့နိုင်ဖို့ဆိုရင် မြန်မာလူမျိုးများ ဗုဒ္ဓဘာသာကို ယုံယုံကြည်ကြည် မြတ်မြတ်နိုးနိုး ရှိကြဖို့လိုပါတယ်။ ဟိုရပ်ကွက်က အခြားဘာသာထဲကို တစ်ယောက်ပါသွားလိုက်၊ ဒီရပ်ကွက်က တစ်မိသားစုလုံးပြောင်းသွားလိုက်ဆိုရင် ကြာလာရင် ဗုဒ္ဓသာသနာတော်မြတ်ကြီးကို အထောက်အပံ့ပေးနိုင်မယ့် မြန်မာလူမျိုးများတဖြည်းဖြည်း လျှော့ပါး သွားနိုင်ပါတယ်။

ဒီအကြောင်းမျိုးတွေကြောင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ အခြားဘာသာထဲကို ပြောင်းသွား ရင် တော်တော်ကိုပဲ စိတ်ထိခိုက်ဖို့ကောင်းပါတယ်။ ဗုဒ္ဓဟောကြားခဲ့တဲ့တရားတော်တွေကို မနှစ်သက်လို့ ဒါမှမဟုတ် အခြားဘာသာရေးတရားတော်တွေကို ယုံကြည်လို့ ပြောင်းသွားတယ်ဆိုရင်တော့ သူတို့ရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်လို့ ပြောလို့ရပါတယ်။ ကိုကြည်လွင်တို့ မိသားစုဟာ သူတို့ပြောင်းသွားတဲ့ ဘာသာအပေါ်ကို တကယ်ယုံကြည်မှုအပြည့်ရှိလို့ ပြောင်းသွားကြတာ မဟုတ်ပါဘူး။ လတ်တလောတွေ့ကြုံနေရတဲ့ မိသားစုပြဿနာတွေကို အဖြေရှာဖို့ ပြောင်းသွားကြတာဖြစ်ပါတယ်။ အခြားဘာသာဝင်တွေက သူတို့ကို ထောက်ပံ့လှူဒါန်းလိုက်တဲ့ ငွေကြေးဟာ လေးငါးခြောက် သိန်းလောက်ပဲ ရှိပါတယ်။

ဒီစကားကို ရှင်းအောင်ပြောရရင် ငွေခြောက်သိန်းနဲ့ လူခြောက်ယောက်ကို သူတို့ဘာသာဝင်ဖြစ်အောင် ၀ယ်ယူလိုက်တာပဲ ဖြစ်ပါတယ်။အပေါ်ယံအနေနဲ့ကြည့်မယ်ဆိုရင်သာ ခြောက်ယောက်လို့ထင်ရပေမဲ့ သူတို့ရဲ့ နောင်ဖြစ်လာမဲ့ မျိုးဆက်သစ်အဆက်ဆက်ကို ကြည့်မယ်ဆိုရင်တော့ ဆယ်ဂဏန်း ရာဂဏန်းတောင် မကပါဘူး။ဒီနေရာလေးမှာ ဗုဒ္ဓဘာသာအဖွဲ့အစည်းအသီးသီးများကို သိစေချင်တာလေးကအခြားဘာသာရေးအသင်းအဖွဲ့များလို အောက်ခြေသိမ်းသာသနာပြုမယ်ဆိုရင် ပိုပြီးထိရောက်မယ်လို့ ထင်ပါတယ်။ မလိုအပ်ဘဲ ဘုရားတည်တာ ကျောင်းဆောက်တာ
နောက်ပြီး ပေါများတဲ့နေရာတွေမှာ အလှူဒါနပြုတာတွေဟာရေပြည့်အိုးကိုထပ်ဖြည့်သလို မျိုးဖြစ်နေတတ်ပါတယ်။

ကိုကြည်လွင်တို့မိသားစုကို ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုခုကများ ထောက်ပံ့လှူဒါန်းလိုက်မယ်ဆိုရင် အခြားဘာသာထဲကို ရောက်သွားစရာအကြောင်းမရှိပါဘူး။ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေနဲ့ ကိုကြည်လွင်တို့မိသားစုလို ဟိုတစ်ယောက် ဒီတစ်ယောက် ဘာသာပြောင်းသွားရုံနဲ့ ဒို့ဗုဒ္ဓဘာသာကြီးတို့ ဘာမှမဖြစ်သွားပါဘူးဆိုပြီး ခပ်ပေါ့ပေါ့လေးတော့ မနေလိုက်ကြပါနဲ့။ ကြာလာရင် လူမျိုးရောဘာသာပါ ပျောက်သွားနိုင်ကြတယ်ဆိုတာ ကောင်းကောင်းကြီး သတိထားကြဖို့လိုအပ်ပါတယ်။
ဒီဆောင်းပါးရေးနေတုန်း မပြီးသေးခင်မှာပဲ အမျိုးဘာသာနဲ့ ပတ်သက်ပြီး ကိုကြည်လွင်တို့ရပ်ကွက်ထဲမှာ စိတ်မကောင်းစရာတွေ တစ်ခုပြီးတစ်ခု ပေါ်လာပြန်ပါတယ်။

ဗုဒ္ဓဘာသာမဟုတ်တဲ့ အခြားဘာသာရေးအဖွဲ့အစည်းတွေက မရှိဆင်းရဲနွမ်းပါးတဲ့ ဗုဒ္ဓဘာသာဝင်မိသားစုတွေကို သူတို့ဘာသာထဲဝင်ရင် အိမ်ဆောက်ပေးမယ်၊ ငွေဘယ်လောက်ပေးမယ်၊ လစဉ်လာတွေ ထောက်ပံ့ပေးမယ်၊ အပတ်စဉ် သူတို့ဘုရားကျောင်းကိုလာရင် ငွေငါးရာနဲ့ ဆန်တစ်ပြီပေးမယ်ဆိုပြီးပြောင်ပြောင်တင်းတင်း ၀င်ရောက်စည်းရုံးနေကြပါတယ်။
မရှိဆင်းရဲနွမ်းပါးသူတွေဟာ သူတို့ရဲ့ဘုရားကို ယုံကြည်တာ မယုံကြည်တာထက် လောလောဆယ်ရမယ့် ဆန်တစ်ပြီနဲ့ ငွေငါးရာကိုမက်ပြီးသူတို့ဘုရားကျောင်းကို သွားနေကြပါတယ်။

အခုလောလောဆယ် ကိုကြည်လွင်တို့ မိသားစုအပါအ၀င် အခြားဘာသာထဲကို ပြောင်းသွားတဲ့ မိသားစုခြောက်စုရှိသွားပြီလို့ သိရပါတယ်။ အဲဒီမိသားစုခြောက်စုရဲ့ လူဦးရေဟာ ဘယ်နှစ်ယောက်ရှိတယ် ဆိုတာတော့ အတိအကျမသိရသေးပါဘူး။ဒါဟာ ဗုဒ္ဓသာသနာတော်မြတ်ကြီးအမိမြန်မာပြည်မှာ ရေရှည် တည်တံ့ဖို့အတွက် အပေါင်းလက္ခဏာမဟုတ်ပါဘူး။အနှုတ်လက္ခဏာသာဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မဖြစ်စလောက်ငွေကြေး အစားအသောက်ရရုံလောက်နဲ့တော့ မိမိတို့ ဘိုးဘွားအစဉ်အဆက်တွေ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ ဘာသာတရားကို မစွန့်လွတ်သင့်ပါဘူး။
ဘာသာလည်း သိက္ခာကျသလို လူမျိုးလဲ မျက်နှာငယ်ရပါတယ်။

ဒါလောက်ငွေကြေးလောက်ကတော့ ဘယ်ဘုန်းကြီးကျောင်း၊ ဘယ်သီလရှင်ကျောင်းမှာ ၀င်တောင်းဦးတော့ ရနိုင်ပါတယ်။ အခြားဘာသာ တခြားလူမျိုးတွေဆီမှာ ဘာမှ မျက်နှာသွားငယ်စရာ မလိုပါဘူး။
အခြားဘာသာရေးအဖွဲ့အစည်းများအနေဖြင့်လည်း ငွေးကြေးကို ဗန်းပြပြီး မရှိဆင်းရဲနွမ်းပါးတဲ့ သူတွေအပေါ် အဆင်းအဓမ္မကိုးကွယ်ယုံကြည်ခိုင်းတာမျိုး မပြုလုပ်သင့်ပါဘူး။
အဲဒီလို ပြုလုပ်ခြင်းဟာ ဗုဒ္ဓဘာသာအပေါ်ကိုတစ်ဘက်လှည့်စော်ကားသလိုမျိုးဖြစ်နေပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ လွတ်လပ်ပြီးတရားမျှတတဲ့နိုင်ငံဆိုတာ သိထားသင့်ပါတယ်။
အဲ့ဒါကြောင့် လူတွေရဲ့ ကိုးကွယ်ယုံကြည်မှုကို ငွေကြေးနဲ့ဝယ်ယူစရာမလိုပါဘူး။
အဲ့ဒီလို ငွေကြေးနဲ့ ၀ယ်ယူလို့ရတဲ့ဘာသာတရားဆိုရင်လည်းဘယ်တော့မှ အစစ်အမှန်ဖြစ်မလာနိုင်ပါဘူး ဆိုတာကောင်းကောင်းကြီးသဘောပေါက်ထားဖို့လိုပါတယ်။ ဖိုးပညော (သပိတ်ကျင်း)

မိမိအတွက်နဲ့ လူမျိုး ဘာသာ သာသနာတော်ကြီးဆုတ်ယုတ်မှုမျိုး၊ ဘာသာသာသနာ လူမျိုး ဖျတ်များ မဖြစ်လေအောင် သင်ခန်းစာယူပြီး ဆင်ခြင်ကြပါလို့တိုက်တွန်းလိုက်ရပါသည်။
 
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
 
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment