တွေ့ဆုံရာ ကမ္ဘာ
ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......
Tuesday, May 14, 2013
"ဗုဒ္ဓဘာသာအဖြစ်မှပျက်စီးပုံ(နိဂုံး) အယူအမှားကြောင့် သရဏဂုံ ပျက်စီးပုံ"
**************************
**********************
အယူဝါဒ ပျက်စီးပုံကဒီလိုပါ။ဗုဒ္ဓဘာသ
ာဝင်သည်
(၁)။ဘုရား
(၂)တရား
...
(၃)သံဃာ
(၄)ကံ ကံ၏အကျိုး
(၅)အကြောင်းနှင့်အကျိုး ဆက်သွယ်ဖြစ်မှု(ပဋိစ္စသမုပ္ပါ
ဒ်)
(၆)အတိတ်ဘဝ၊အနာဂတ်ဘဝတို့ကို
ယုံကြည်ရပါတယ်။
ထို၌ ကံသည် ကုသိုလ်ကံ(ကောင်းသော အလုပ်)၊ အကုသိုလ်ကံ(မကောင်းသောအလုပ်
)ပင်ဖြစ်ပါတယ်။လောက၌မည်သည့်
ပုဂ္ဂိုလ်မဆို ကောင်းတာ(ကုသိုလ်)လုပ်လျှင်
ကောင်းကျိုးခံစားရပါတယ်။မကေ
ာင်းတာ(အကုသိုလ်) လုပ်လျှင် မကောင်းကျိုး ကိုခံစားရပါတယ်။မိမိပြုလုပ်
လိုက်သော ကံသည် မိမိ၏ကိုယ်ပိုင်ဥစ္စာ (ကမ္မဿကာ)မည်ပါတယ်။မိမိပြုလု
ပ်လိုက်သော ကံအရ ကုသိုလ်ကံလုပ်လိုက် လျှင်လည်း ကောင်းကျိုးကို ခံစားရခြင်း၊မကောင်းတဲ့အကုသ
ိုလ်ကံကိုပြုလုပ်လိုက်လျှင်
လည်း မကောင်းသော အကျိုးကိုခံစားရခြင်းစတဲ့ကေ
ာင်းမွေ ဆိုးမွေ(ကမ္မဒါယာဒ)ကိုခံယူရမ
ှာ ဖြစ်ပါတယ်။ ထိုသို့အမှန်ကိုလက်ခံယုံကြည
်နေခြင်း သည်(ကမ္မဿကတာသမ္မာဒိဋ္ဌိ)လို့ခေ
ါ် တာပါ။ဗုဒ္ဓဘာသာဝင်တစ်ဦးသည်ထ
ိုသို့ လက်ခံယုံကြည်နေပါက အမှန်ကိုလက်ခံ နေခြင်းဖြစ်လို့အယူဝါဒ မှန်ကန်သောကြောင့် အယူဝါဒမပျက်စီးပဲတည်နေမည်ဖြ
စ်ပါတယ်။
အထက်ကဖော်ပြထားခဲ့တဲ့အချက်ေ
ခြာက်ချက်ကို မယုံကြည်လက်မခံဘဲ အောက်ဖော်ပြ လတ္တံ့သော အချက်များကိုလက်ခံ ယုံကြည်ပါကသရဏဂုံပျက်စီးမည်
ဖြစ်ပါတယ်။
အဲဒီအချက်တွေက(၁)လောကမှာ ဖန်ဆင်းရှင်ရှိ၏။မြေကြီး၊ဟိ
မဝန္တာတောင်၊သမုဒ္ဒရာ၊ စကြာဝဠာနှင့် လူစတဲ့သတ္တဝါများစွာကို ထိုဖန်ဆင်းရှင်က ဖန်ဆင်းသည်ဟုမှားယွင်းစွာ ယူဆတတ်ကြပါတယ်။မှားယွင်းစွာ
ခံယူတတ်ကြပါတယ်။အဲဒီအယူမှား
ဝါဒကို ဖန်ဆင်းရှင် (ဣဿရနိမ္မာန)ဝါဒလို့ခေါ်ပါတယ်
။
(၂)တစ်ချို့သောပုဂ္ဂိုလ်များ
ဟာ လောကမှာ ကုသိုလ်ကံ၊ အကုသိုလ်ကံဆိုတာမရှိ။ကောင်း
မှုကို ပြုလုပ်သော်လည်း ကုသိုလ်မဖြစ် ကုသိုလ်မမည်။
အကုသိုလ်(သူတစ်ပါးအသတ်သတ်ခြ
င်း၊သူတစ်ပါးဥစ္စာခိုးယူခြင်
းစသည်)ပြုလုပ်သော်လည်း အကုသိုလ်မဖြစ်၊အကုသိုလ်မည်
စတဲ့ အယူဝါဒများကိုလက်ခံကျင့်သုံ
းနေမှုများရှိနေပါတယ်။အဲဒီဝ
ါဒကို အကြောင်းတရားကိုပယ်တဲ့ဝါဒဖြ
စ်လို့(အကိရိယဒိဋ္ဌိ)လို့ခေါ်ပ
ါတယ်။
(၃)တစ်ဖန် ကုသိုလ်ကံ၊အကုသိုလ်ကံတို့၏ အကျိုးတရားဆိုတာမရှိ။ကုသိုလ
်ကံပြုလုပ် သော်လည်းကောင်းကျိုးမရ။ အကုသိုလ်ကံ(သူတစ်ပါးဥစ္စာခို
းယူခြင်း၊သူတစ်ပါးအသတ်ကိုသတ
်ဖြတ်ခြင်းစတဲ့)မကောင်းတဲ့အ
ကုသိုလ်ကံများကိုလုပ်ခြင်းသ
ည် မကောင်းကျိုးမခံစားရ၊ ကုသိုလ်အကျိုးပင်ရသေးသည်ဟုထ
င်မှတ် ယူဆနေကြပါတယ်။ထိုအယူဝါဒသည် အကျိုးတရားကိုပယ်သတ်ခြင်ြးေ
ကာင့်(နတ္ထိကဝါဒ)လို့ခေါ်ပါတယ
်။ဘယ်လိုဘာသာများရဲ့ အယူဝါဒဆိုတာသိသာလောက်မှာပါ။
(၄)ထို့ပြင် ကုသိုလ်၊အကုသိုလ်မရှိ။ကုသို
လ်ကံရဲ့ကောင်းကျိုး၊အကုသိုလ
်ကံရဲ့ မကောင်းကျိုး ဆိုတာလည်းမရှိ။ဆိုလိုတာက အလှူဒါနပြုခြင်းသည် အကျိုးမဲ့တဲ့အလုပ် ပိုက်ဆံကုန်တဲ့ ပိုက်ဆံဖြုန်းခြင်းဖြစ်တယ်။
သူတစ်ပါးအသတ်ကိုလည်လှီးပြီး
သတ်ဖြတ်ခြင်းသည် ကိုယ်မခံရပဲ။ ဖြတ်တဲ့ဓါးကသာ ခံရတယ်ဆိုတဲ့အယူဝါဒများကိုလ
ည်းခံယူကျင့်သုံးနေကြပါတယ်။
ထိုအယူ ဝါဒများသည် အကြောင်းရော၊ အကျိုးရော နှစ်ပါးလုံးကို ပယ်သတ်ခြင်းဖြစ်တဲ့အတွက် (အဟေတုကဒိဋ္ဌိ)လို့ခေါ်ပါတယ်။
ထိုဖော်ပြခဲ့ပြီးတဲ့ မှားယွင်းတဲ့ (မိစ္ဆာဒိဋ္ဌိ) အယူတစ်မျိုးမျိုးကို လက်ခံယုံကြည်လိုက်လျှင် ထိုသူ၏မူလက ရှိနေသော မှန်ကန်သော မြင့်မြတ်သော ကောင်းသော (သမ္မာဒိဋ္ဌိ)ပျက်စီး ပါတယ်။သရဏဂုံလည်းပျက်စီးပါတ
ယ်။ဒါက အယူမှာတဲ့ မိစ္ဆာဒိဋ္ဌိကြောင့် သရဏဂုံပျက်စီး ခြင်းဖြစ်ပါတယ်။ထိုပျက်စီးမ
ှုသည် အပြစ်မကင်းတဲ့ပျက်စီးမှုပါ။
သရဏဂုံဆောက်တည်တဲ့သူ သေသွားလို့ပျက်တဲ့သရဏဂုံက အပြစ်ကင်းတဲ့သရဏဂုံပါ။ရတနာသ
ုံးပါးကို အာရုံပြုပြီး သေသွားမယ်ဆိုရင်တောင် ကောင်းရာသုဂတိလို့ခေါ်တဲ့ ကောင်းတဲ့ မြင့်မြတ်တဲ့ဘုံဌာနကိုရောက်
စေပါတယ်။ သေသွားလို့သရဏဂုံပျက်တယ် ဆိုပေမယ့် သေခါနီးနှလုံး သွင်းမှန်သွားတဲ့အတွက် မသေခင်မှာ ရတနာသုံးပါးမှတစ်ပါး မည်သည့်ပုဂ္ဂိုလ်ကိုမှ မဆည်းကပ်မကိုးကွယ်ခြင်း၊ အယူဝါဒကြောင့်သရဏဂုံမပျက်စီ
းခြင်းစတဲ့အချက်တွေနဲ့ပြည့်
စုံနေတော့ သရဏဂုံတည်ခြင်းဆိုတဲ့အကြောင
်း တရားကြောင့် အပါယ် လေးပါးမရောက်တော့ဘဲ သုဂတိဘုံ ကောင်းတဲ့ဘုံများကို ရောက်ခြင်းဆိုတဲ့ အကျိုးတရားများရရှိစေပါတယ်။
။ ဒါဆိုရင် သေခါနီး ဘာမှနှလုံးသွင်းလို့ မရတော့ဘူးဆိုရင် ဘုရား တရား သံဃာကိုသာ အာရုံပြုပါလို့ တိုက်တွန်း လိုတာပါ။အဲလိုသာ အာရုံပြုမည်ဆိုရင် သရဏဂုံတည်ပြီး သေတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ အပါယ်လေးဘုံကို မရောက်တော့ဘဲ ကောင်းသော သုဂတိဘုံဌာနသို့ရောက်မည်ဖြစ
်ကြောင်း သရဏဂုံတည်ခြင်း၏ အကျိုးတရားများကို အသိပေးလိုက်ရပါသည်။
အရှင်ဝိမလဝံသ(နာလန္ဒာ တက္ကသိုလ်)
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment