*******************************************
ဣတ္ထိဓုတ္တဖြင့် တရားဝင်မိန်းမတစ်ယောက် မျှနှင့် အ...ားရကျေနပ်မှုမရှိဘဲ
မိန်းမများစွာကို ယူဆောင် ပေါင်းသင်းသည့် မိန်းမအယူများသော သူကို
ကြီးပွားချမ်းသာမှုကို ပျက်စီးကြောင်းဟု ဟောတော်မူ ပါတယ်။
“သေတိ ဒါရေဟိ အသန္တုဋ္ဌော၊ဝေသိယာသု ပဒုဿတိ။
ဒုဿတိ ပရဒါရေသု၊တံ ပရာဘဝတောမုခံ”
ထိုဂါထာရဲ့ဆိုလိုရင်းက မိမိလက်ရှိမယားနှင့် မရောင့်ရဲ မတင်းတိမ်နိုင်ဘဲ မိန်းမပျက်၊မိန်းမပေါ့တို့နှင့် ပျော်ပါးမှု သူတစ်ပါး ဇနီးမယားကို
ခိုးယူပေါင်းသင်းသူတို့သည်လည်း ပစ္စည်း ဥစ္စာ၊ဂုဏ်သတင်း၊ ကျန်းမာရေး
စသည်တို့မှ ဆုတ်ယုတ်ပျက်စီးတတ်ကြောင်း ဆက်လက်ဟောကြားတော်မူသည်။
ပြည့်တန်ဆာမဟုခေါ်သော မိန်းမပျက်၊မိန်းမပေါ့တို့နှင့် ပျော်ပါးလိုက်စားလေ့ရှိသော သူတို့သည် လွန်စွာ
စဉ်းစားဆင်ခြင် ဥာဏ်နည်းပါး၍ အမှန်ကို သိမြင်နိုင်ခဲလှသည်။သူတစ်ပါး
ဇနီးမယားတို့၌ သွားလာ ပေါင်းသင်းမှုသည်လည်း သံသရာအပြစ်ခံရသည်ကိုထားဘိဦး။
မိမိမှာလင်ယောင်္ကျားရှိလျှက်နှင့် တခြားယောင်္ကျားအား ဆက်ဆံတတ်သော မိန်းမ၏
ယုတ်ညံ့သော ကိုယ်ကျင့်တရား။
ယောင်္ကျားတစ်ဦးတစ်ယောက်နှင့် သာမဟုတ် ဆိတ်ကွယ်ရာ၌ တွေ့သမျှယောင်္ကျားနှင့် ဆက်ဆံတော့မည် ဖြစ်ခြင်း။ ထိုထိုသဘောရှိသော မိန်းမမှာမြင့်မြတ်သော စိတ်နေသဘောထားနှင့် သန့်ရှင်းစင်ကြယ်သော ရုပ်ရည်အဘယ်မှာရှိနိုင်ပါတော့မည်နည်း။
ပုထုဇဉ်တို့သဘာဝ တဏှာရာဂကို ထိန်းသိမ်းနိုင်ခြင်းမရှိ၊သေးသည်မှန်သော်လည်း ဇနီးမောင်နှံအစုံဖြင့်
နေထိုင်ခြင်းသည် ဖောက်ပြန်သော တဏှာကို ထိန်းကျောင်းနိုင်ရန်ဖြစ်သည်။လောကဓမ္မတာ ယောင်္ကျား မိန်းမ အစုံဖြင့်
နေထိုင်ခြင်းသည် ဖောက်ပြန်သော တဏှာကို ထိန်းကျောင်းနိုင်ရန်ဖြစ်သည်။လောကဓမ္မတာ ယောင်္ကျားမိန်းမ သဘောတူစွာ
လက်ထပ်မင်္ဂလာပြုလုပ်ပေး၍ ကာမဂုဏ်အာရုံနှင့် ပျော်ပျော်ပါးပါး လင်မယားအသွင်
နေထိုင်ကြခြင်းဖြစ်၏။
ဤသို့ နေထိုင်စေခြင်းဖြင့် ယောင်္ကျားမှာလည်း လင့်ဝတ္တရား မပျက်ကွက်၊မိန်းမများလည်း မယားဝတ္တရား မပျက်မကွက်စေဘဲ အတူတကွ စီးပွားရှာကာ နေထိုင်ကြခြင်းဖြင့် လူတို့၏ ဝတ္တရား ပြည့်စုံ၍ တရားသဖြင့် နေထိုင်ကြသည်ဟု ဆိုနိုင်ပေသည်။ထိုလင် မယားစုံတွဲတို့၏ အရေးကြီးဆုံး ဝတ္တရားမှာလည်း မိမိလင် မိမိ မယားမှလွဲ၍ တစ်ပါးသော ယောင်္ကျားမိန်းမတို့ကို ပြစ်မှားဖောက်ပြန်ခြင်းမှ ရှောင်ရှားကြရန်ဖြစ်သည်။
ကိုယ်ပိုင်ဇနီးမယားရှိပြီးဖြစ်ကြပါလျက်
တဏှာရာရလွန်ကဲ၍ မိမိမယား၌ မတင်းတိမ်နိုင်ဘဲ တဏှာ၏ အလိုသို့လိုက်၍
ပြည့်တန်ဆာမ၌ ဝင်ထွက်သွားလာ၏။(သို့မဟုတ်) သူတစ်ပါးတို့၏ ဇနီးမယား၌ လွန်ကြူး
သွားလာခြင်းကိုပြု၏။ထိုသို့ပြုလုပ်ခြင်းသည်
အိမ်ထောင်ဦးစီးယောင်္ကျားအဖို့ အဆိုးရွားဆုံး ဝတ္တရား
ပျက်ကွက်မှုကြီးပင်ဖြစ်သည်။
ကာမတဏှာ၏ သဘောသည် နွားဆိုး နွားရိုင်းနှင့်တူ၏။သူတစ်ပါးစိုက်ပျိုးထားသော
ပဲခင်း၊ပြောင်းခင်း စသည်တို့ကို ဝင်၍ စားရမှ တင်းတိမ်သော နွားဆိုးကဲ့သို့
ကာမတဏှာလွန်ကြူးသူသည်လည်း သူတစ်ပါး ပိုင်နက်၊ သူတစ်ပါးဇနီးမယားတို့၌
လွန်ကြူးပျော်ပါးရမှ တင်းတိမ်၏။သူတစ်ပါးမယား၌ အခွင့်မသာလျှင်
အများသွားလာရန် လွယ်ကူသော ပြည့်တန်ဆာမ၌ ဝင်ထွက်၍ ကာမတဏှာ၏ အလိုဆန္ဒကို
ဖြည့်ရလေ သည်။ပြည့်တန်ဆာမ၌ သွားလာဝင်ထွက်ပြုခြင်းကား
၁။ဂုဏ်ကျက်သရေ ဆုတ်ယုတ်ခြင်း။
၂။ငွေ ကြေး ဥစ္စာကုန်ခြင်း။
၃။သေလောက်သော အနာရောဂါရတတ်ခြင်းစသော ဆိုကျိုးများကို ကြုံတွေ့ရတတ်သည်။
သူတစ်ပါးဇနီးမယား၌ ပြစ်မှားကျူးလွန်သော ပရဒါရကံ၏ ဆိုကျိုးကား
၁။အပါယ်ငရဲ၌ ကြာရှည်ခံရပြီး လူဖြစ်ပါက မိန်းမဘဝ၌ကြိမ်ဖန်များစွာဖြစ်ရခြင်း။
၂။ယောင်္ကျားမဟုတ်၊မိန်းမမဟုတ်၊နပုန်း၊ပဏ္ဍုက်အဖန်ဖန်ဖြစ်ရခြင်း။
၃။ကုဋ္ဌနူနာစွဲကပ်ခြင်း။
၅။သက်တမ်းမစေ့ခင် သေခြင်း။
၆။သူတစ်ပါးသက်၍ သေခြင်းများ ခံစားရလေသည်။
“ဣတ္ထိ ဘဏ္ဍာန မုတ္တမံ”ဟူ၍ ဘုရားရှင်ဟောတော်မူချက်အရ ယောင်္ကျားဖြစ်သူတို့ ပိုင်ဆိုင်သမျှတွင် မိန်းမ ဘဏ္ဍာသည် ယောင်္ကျားအတွက် အမြတ်ဆုံး ဘဏ္ဍာပစ္စည်းဖြစ်၏။သူတစ်ပါး မိန်းမကို ခိုးသူသည် အမြတ်ဆုံး ဘဏ္ဍာကိုခိုးရာရောက်သောကြောင့် အကြီးဆုံး အပြစ်ထိုက်သည်။မယားခိုးသူမှာ ရပ်ရွာထဲတွင် ခိုးဆိုးလုယက်တိုက်ခိုက်နေသော ခိုးသားဓားပြတို့ထက် အပြစ်ကြီး၏။အဘယ့်ကြောင့်ဆိုမူ ရွှေငွေဥစ္စာသည် ပြင်ပမှာတည်သော ဗဟိဒ္ဓပစ္စည်းမျှသာဖြစ်၍ မိန်းမ၏သန္တာန်မှာရှိသော ကာမသုခ ယောင်္ကျားအတွက် ကိုယ်ပိုင်အဇ္ဈတ္တပစ္စည်းမည်သောကြောင့်
ဖြစ်၏။
စင်စစ်ကာမအာရုံဖြင့် ယောင်္ကျားမိန်းမ ပျော်မြူးကြခြင်း၊အလုပ်သည် မျက်စိမရှိသော တဏှာဘီလူး ပူးဝင်၍ သာနှစ်သက်ပျော်ပါးနိုင်ခြင်းဖြစ်သည်။တဏှာဘီလူး
ပူးဝင်ခြင်းမရှိဘဲ သန့်ရှင်းစင်ကြယ်သော စိတ်ရှိသူတို့ အတွက်မူအလွန်
စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အပြုအမူပင်ဖြစ်၏။ကာမတဏှာစရိုက်အားကြီးသူ တို့သည် မိန်းမဆိုလျှင်
စက်ဆုတ်လေ့မရှိကြ။လွန်စွာနှစ်သက်မြတ်နိုးကြ၏။မိန်းမကို
အထူးအဆန်းလုပ်၍ အထင်ကြီးတတ်ကြသည်။
မိန်းမ၏ “ကာမသမ္ဖဿ”အတွေ့အထိကို အထင်ကြီး နှစ်သက်တတ်သူများအဖို့ ကာမစည်းစိမ်၌ အားမရ မတင်းတိမ်နိုင်ဘဲရှိတတ်၏။ထိုသူတို့ပင်လျှင်
ကိုယ်ပိုင်ဇနီးမယားနှင့် မရောင်ရဲနိုင်ဘဲ ပြည့်တန်ဆာမနှင့်
ပျော်ပါးခြင်း၊သူတစ်ပါးဇနီးမယား၌
လွန်ကြူးခြင်းတို့ဖြစ်တတ်ကြသည်။
ကာမစရိုက်အားနည်းသူတို့ကား မိန်းမ၌ စက်ဆုတ်ရွံရှာသော
စိတ်ရှိကြကုန်၏။မိမိကိုယ်ပိုင်ဇနီးမယားမှာပင်
မနှစ်သက်စက်ဆုတ်ဖွယ်ရာများ လျက်ရှိတတ်ရာ ပြည့်တန်ဆာမနှင့် သူတစ်ပါးမယား၌
အဘယ်မှာ နှစ်သက်မြတ်နိုး လွန်ကြူး လိုစိတ် ရှိပါအံ့နည်း။ မိန်းမမြင်တိုင်း
လက်ညှိုးထိုးလွန်ကြူးလိုစိတ်ရှိသူတို့၏
စိတ်မှာ အလွန်အံ့သြဖွယ်ကောင်း၏။ ထိုသူများမှာ ပြည့်တန်ဆာမနှင့်
ဆက်ဆံပျော်ပါးတတ်၍ ပရဒါရကံကို ကျူးလွန်တတ်သော ကျက်သရေ မင်္ဂလာမဲ့၍
စိတ်ဓာတ်နုံချာ အောက်တန်းကျသောသူများ ဖြစ်လေသည်။
မေတ္တာဖြင့် ဖွဲ့စည်းထားသော ဇနီးမောင်နှံတို့၌ တစ်ဦးအပေါ်တစ်ဦး သစ္စာရှိရှိ မြတ်နိုးကြင်နာစွာဖြင့် ကိုယ်လင် ကိုယ့်မယားအချင်းချင်း ချစ်ခင်ကြင်နာကြပါက ပျိုရွယ်သူတို့သည် အနာမဲ့စွာ အသက်ရှည်ကြ မည်ဟု ဆိုလေသည်။ထိုမှဆက်၍ ထိုမိခင်မျိုး၌ ဖြစ်ပွားသော သန္ဓေသားမှာ ဓာတ်ခိုက်၍ လိမ္မာယဉ်ကျေး သော သားကောင်းသမီးကောင်း ထွန်းကားတတ်၏။သားစဉ်မြေးဆက် အဆက်ဆက်တို့မှာလည်း အသက်ရှည်ခြင်း၊ကျန်းမာခြင်း စိတ်နေစိတ်ထား မြင့်မြတ်ခြင်း၊ဥာဏ်ပညာကြီးမြင့်ခြင်းဟူသော ဂုဏ်တို့နှင့်
ပြည့်စုံနိုင်မည်ဖြစ်ကြောင်းဟောတော်မူလေသည်။
သို့ဖြစ်၍ မိမိတို့၏ ရင်သွေးမျိုးဆက်သစ်တို့အား
၁။မကျန်းမာခြင်း။
၂။အသက်တိုခြင်း။
၃။မကြီးပွားခြင်း။
၎။စိတ်သဘောထား သေးသိမ်ခြင်း။
၅။ပညာဥာဏ်နုံနဲခြင်း။
၆။ဗဟုသုတ နည်းပါးခြင်း။
၇။အမျိုးကိုမစောင့်ရှောက်နိုင်ခြင်း။
စသော အကျိုးယုတ်တို့မှ ကင်းစင်၍ ပျက်စီးခြင်းဘေးဝေးကြစေရန် မိမိဇနီးမယားမှတစ်ပါး အခြားသော မိန်းမတို့၌ လွန်ကြူးပျော်ပါးခြင်းမှ ရှောင်ရှားကြပါလျှင် သားကောင်းသမီးမြတ်တို့ သန်မြန်စွာ ထွန်းကားနိုင် ကြမည် ဖြစ်လေသတည်း။
စာဖတ်သူ(ဗုဒ္ဓဘာသာဝင်)များ အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
“သေတိ ဒါရေဟိ အသန္တုဋ္ဌော၊ဝေသိယာသု ပဒုဿတိ။
ဒုဿတိ ပရဒါရေသု၊တံ ပရာဘဝတောမုခံ”
ထိုဂါထာရဲ့ဆိုလိုရင်းက မိမိလက်ရှိမယားနှင့် မရောင့်ရဲ မတင်းတိမ်နိုင်ဘဲ မိန်းမပျက်၊မိန်းမပေါ့တို့နှင့်
ပြည့်တန်ဆာမဟုခေါ်သော မိန်းမပျက်၊မိန်းမပေါ့တို့နှင့်
မိမိမှာလင်ယောင်္ကျားရှိလျှက်နှင်
ယောင်္ကျားတစ်ဦးတစ်ယောက်နှင့် သာမဟုတ် ဆိတ်ကွယ်ရာ၌ တွေ့သမျှယောင်္ကျားနှင့် ဆက်ဆံတော့မည် ဖြစ်ခြင်း။ ထိုထိုသဘောရှိသော မိန်းမမှာမြင့်မြတ်သော စိတ်နေသဘောထားနှင့် သန့်ရှင်းစင်ကြယ်သော ရုပ်ရည်အဘယ်မှာရှိနိုင်ပါတော့မည
ပုထုဇဉ်တို့သဘာဝ တဏှာရာဂကို ထိန်းသိမ်းနိုင်ခြင်းမရှိ၊သေးသည
ဤသို့ နေထိုင်စေခြင်းဖြင့် ယောင်္ကျားမှာလည်း လင့်ဝတ္တရား မပျက်ကွက်၊မိန်းမများလည်း မယားဝတ္တရား မပျက်မကွက်စေဘဲ အတူတကွ စီးပွားရှာကာ နေထိုင်ကြခြင်းဖြင့် လူတို့၏ ဝတ္တရား ပြည့်စုံ၍ တရားသဖြင့် နေထိုင်ကြသည်ဟု ဆိုနိုင်ပေသည်။ထိုလင် မယားစုံတွဲတို့၏ အရေးကြီးဆုံး ဝတ္တရားမှာလည်း မိမိလင် မိမိ မယားမှလွဲ၍ တစ်ပါးသော ယောင်္ကျားမိန်းမတို့ကို ပြစ်မှားဖောက်ပြန်ခြင်းမှ ရှောင်ရှားကြရန်ဖြစ်သည်။
ကိုယ်ပိုင်ဇနီးမယားရှိပြီးဖြစ်ြ
ကာမတဏှာ၏ သဘောသည် နွားဆိုး နွားရိုင်းနှင့်တူ၏။သူတစ်ပါးစို
၁။ဂုဏ်ကျက်သရေ ဆုတ်ယုတ်ခြင်း။
၂။ငွေ ကြေး ဥစ္စာကုန်ခြင်း။
၃။သေလောက်သော အနာရောဂါရတတ်ခြင်းစသော ဆိုကျိုးများကို ကြုံတွေ့ရတတ်သည်။
သူတစ်ပါးဇနီးမယား၌ ပြစ်မှားကျူးလွန်သော ပရဒါရကံ၏ ဆိုကျိုးကား
၁။အပါယ်ငရဲ၌ ကြာရှည်ခံရပြီး လူဖြစ်ပါက မိန်းမဘဝ၌ကြိမ်ဖန်များစွာဖြစ်ရြ
၂။ယောင်္ကျားမဟုတ်၊မိန်းမမဟုတ်၊နပ
၃။ကုဋ္ဌနူနာစွဲကပ်ခြင်း။
၅။သက်တမ်းမစေ့ခင် သေခြင်း။
၆။သူတစ်ပါးသက်၍ သေခြင်းများ ခံစားရလေသည်။
“ဣတ္ထိ ဘဏ္ဍာန မုတ္တမံ”ဟူ၍ ဘုရားရှင်ဟောတော်မူချက်အရ ယောင်္ကျားဖြစ်သူတို့ ပိုင်ဆိုင်သမျှတွင် မိန်းမ ဘဏ္ဍာသည် ယောင်္ကျားအတွက် အမြတ်ဆုံး ဘဏ္ဍာပစ္စည်းဖြစ်၏။သူတစ်ပါး မိန်းမကို ခိုးသူသည် အမြတ်ဆုံး ဘဏ္ဍာကိုခိုးရာရောက်သောကြောင့် အကြီးဆုံး အပြစ်ထိုက်သည်။မယားခိုးသူမှာ ရပ်ရွာထဲတွင် ခိုးဆိုးလုယက်တိုက်ခိုက်နေသော ခိုးသားဓားပြတို့ထက် အပြစ်ကြီး၏။အဘယ့်ကြောင့်ဆိုမူ ရွှေငွေဥစ္စာသည် ပြင်ပမှာတည်သော ဗဟိဒ္ဓပစ္စည်းမျှသာဖြစ်၍ မိန်းမ၏သန္တာန်မှာရှိသော ကာမသုခ ယောင်္ကျားအတွက် ကိုယ်ပိုင်အဇ္ဈတ္တပစ္စည်းမည်သေြာေ
စင်စစ်ကာမအာရုံဖြင့် ယောင်္ကျားမိန်းမ ပျော်မြူးကြခြင်း၊အလုပ်သည် မျက်စိမရှိသော တဏှာဘီလူး ပူးဝင်၍ သာနှစ်သက်ပျော်ပါးနိုင်ခြင်းဖြစ
မိန်းမ၏ “ကာမသမ္ဖဿ”အတွေ့အထိကို အထင်ကြီး နှစ်သက်တတ်သူများအဖို့ ကာမစည်းစိမ်၌ အားမရ မတင်းတိမ်နိုင်ဘဲရှိတတ်၏။ထိုသူတ
မေတ္တာဖြင့် ဖွဲ့စည်းထားသော ဇနီးမောင်နှံတို့၌ တစ်ဦးအပေါ်တစ်ဦး သစ္စာရှိရှိ မြတ်နိုးကြင်နာစွာဖြင့် ကိုယ်လင် ကိုယ့်မယားအချင်းချင်း ချစ်ခင်ကြင်နာကြပါက ပျိုရွယ်သူတို့သည် အနာမဲ့စွာ အသက်ရှည်ကြ မည်ဟု ဆိုလေသည်။ထိုမှဆက်၍ ထိုမိခင်မျိုး၌ ဖြစ်ပွားသော သန္ဓေသားမှာ ဓာတ်ခိုက်၍ လိမ္မာယဉ်ကျေး သော သားကောင်းသမီးကောင်း ထွန်းကားတတ်၏။သားစဉ်မြေးဆက် အဆက်ဆက်တို့မှာလည်း အသက်ရှည်ခြင်း၊ကျန်းမာခြင်း စိတ်နေစိတ်ထား မြင့်မြတ်ခြင်း၊ဥာဏ်ပညာကြီးမြင်
သို့ဖြစ်၍ မိမိတို့၏ ရင်သွေးမျိုးဆက်သစ်တို့အား
၁။မကျန်းမာခြင်း။
၂။အသက်တိုခြင်း။
၃။မကြီးပွားခြင်း။
၎။စိတ်သဘောထား သေးသိမ်ခြင်း။
၅။ပညာဥာဏ်နုံနဲခြင်း။
၆။ဗဟုသုတ နည်းပါးခြင်း။
၇။အမျိုးကိုမစောင့်ရှောက်နိုင်ြ
စသော အကျိုးယုတ်တို့မှ ကင်းစင်၍ ပျက်စီးခြင်းဘေးဝေးကြစေရန် မိမိဇနီးမယားမှတစ်ပါး အခြားသော မိန်းမတို့၌ လွန်ကြူးပျော်ပါးခြင်းမှ ရှောင်ရှားကြပါလျှင် သားကောင်းသမီးမြတ်တို့ သန်မြန်စွာ ထွန်းကားနိုင် ကြမည် ဖြစ်လေသတည်း။
စာဖတ်သူ(ဗုဒ္ဓဘာသာဝင်)များ အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment