Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Monday, May 6, 2013

အစ္စလာမ်နိုင်ငံများရှိ မြန်မာများအတွက် လုံခြုံရေးတိုးမြှင့်


အစ္စလာမ်နိုင်ငံများရှိ မြန်မာများအတွက် လုံခြုံရေးတိုးမြှင့်



မြန်မာနိုင်ငံအနေဖြင့် အစ္စလာမ်နိုင်ငံများတွင်ရှိသည့် 
မြန်မာသံရုံးများနှင့် သံရုံးဝန်ထမ်းများ၏ လုံခြုံရေးအပါအ၀င် ပြည်ပရောက်

နိုင်ငံသားများ လုံခြုံရေးကာကွယ်ပေးရန် သံတမန်နည်းလမ်းအရ 
ညှိနှိုင်းဆောင်ရွက်ထားပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတပြောရေးဆိုခွင့်ရှိသူက
 ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်သည်။



“သက်ဆိုင်ရာ နိုင်ငံတွေကလည်း လုံခြုံရေးအတွက် 
အပြည့်အ၀ပူးပေါင်းဆောင်ရွက်ပေးမည်ဟု ကတိပေးထားပြီးဖြစ်သည်”ဟု ဆိုသည်။



“အင်ဒိုနီးရှားအစိုးရအနေနဲ့ ယခုလိုအကြမ်းဖက်သမားများကို 
ဖော်ထုတ်ဖမ်းဆီးပေးနိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာလည်း 
မြန်မာသံရုံး၊ သံရုံး

ဝန်ထမ်းများနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ 
မြန်မာနိုင်ငံသားများရဲ့ လုံခြုံရေးကို ယခုလိုပဲ ဆက်လက် 
ကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့

ယုံကြည်ပါတယ်” ဟု ရေးသားထားသည်။



အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲ 
တိုက်ခိုက်ရန် ကြံစည်မှုနှင့်လူ နှစ်ဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က မေလ ၂ 
ရက်တွင် ဖမ်းဆီးခဲ့သည်။



မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော 
ဘင်္ဂါလီမွတ်ဆလင်လူမျိုးများအရေးနှင့်ပတ်သက်ပြီးတုံ့ပြန်ရန်အတွက်ယခုကဲ့သို့ 
မြန်မာ သံရုံးကို တိုက်ခိုက်ရန် ကြံစည်ခြင်းဖြစ်ကြောင်း အေဘီစီရုပ်သံသတင်း၌
 ဖော်ပြထားသည်။



ထိုအမှုနှင့်ဆက်စပ်၍ အင်ဒိုနီးရှားအကြမ်းဖက်နှိမ်နင်းရေးအဖွဲ့က 
ဂျကာတာမြို့တောင်ပိုင်းရှိ ဗုံးထုတ်လုပ်သည့် အလုပ်ရုံတစ်ခုကိုဝင်စီးကာ 
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်းဆီး ခဲ့သည်။ 
ထိုအုပ်စု၏နောက်ကွယ် တွင်ပတ်သက်နေသော အုပ်စုကြီးတစ်ခုရှိရမည်ဟု ရဲတပ်ဖွဲ့က 
ခန့်မှန်းကြောင်း

အေဘီစီရုပ်သံသတင်းတွင် ဖော်ပြထားသည်။

Ref. 7Day news



Photo- Bay ISMOYO/AFP


မြန်မာနိုင်ငံအနေဖြင့် အစ္စလာမ်နိုင်ငံများတွင်ရှိသည့် မြန်မာသံရုံးများနှင့် သံရုံးဝန်ထမ်းများ၏ လုံခြုံ...ရေးအပါအ၀င် ပြည်ပရောက်
နိုင်ငံသားများ လုံခြုံရေးကာကွယ်ပေးရန် သံတမန်နည်းလမ်းအရ ညှိနှိုင်းဆောင်ရွက်ထားပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတပြောရေးဆိုခွင့်ရှိသူက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်သည်။

“သက်ဆိုင်ရာ နိုင်ငံတွေကလည်း လုံခြုံရေးအတွက် အပြည့်အ၀ပူးပေါင်းဆောင်ရွက်ပေးမည်ဟု ကတိပေးထားပြီးဖြစ်သည်”ဟု ဆိုသည်။

“အင်ဒိုနီးရှားအစိုးရအနေနဲ့ ယခုလိုအကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးပေးနိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာလည်း မြန်မာသံရုံး၊ သံရုံး
ဝန်ထမ်းများနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများရဲ့ လုံခြုံရေးကို ယခုလိုပဲ ဆက်လက် ကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့
ယုံကြည်ပါတယ်” ဟု ရေးသားထားသည်။

အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်မှုနှင့်လူ နှစ်ဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က မေလ ၂ ရက်တွင် ဖမ်းဆီးခဲ့သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဘင်္ဂါလီမွတ်ဆလင်လူမျိုးများအရေးနှင့်ပတ်သက်ပြီးတုံ့ပြန်ရန်အတွက်ယခုကဲ့သို့ မြန်မာ သံရုံးကို တိုက်ခိုက်ရန် ကြံစည်ခြင်းဖြစ်ကြောင်း အေဘီစီရုပ်သံသတင်း၌ ဖော်ပြထားသည်။

ထိုအမှုနှင့်ဆက်စပ်၍ အင်ဒိုနီးရှားအကြမ်းဖက်နှိမ်နင်းရေးအဖွဲ့က ဂျကာတာမြို့တောင်ပိုင်းရှိ ဗုံးထုတ်လုပ်သည့် အလုပ်ရုံတစ်ခုကိုဝင်စီးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်းဆီး ခဲ့သည်။ ထိုအုပ်စု၏နောက်ကွယ် တွင်ပတ်သက်နေသော အုပ်စုကြီးတစ်ခုရှိရမည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းကြောင်း
အေဘီစီရုပ်သံသတင်းတွင် ဖော်ပြထားသည်။
 

Ref. 7Day news

No comments:

Post a Comment