Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Tuesday, May 7, 2013

ဗုဒ္ဓဘာသာနှင့်မလဲနိုင်ပါ"(မဟာဂန္ဓာရုံဆရာတော်ကြီး)


ဗုဒ္ဓဘာသာနှင်.မလဲနိုင်ပါ"(မဟာဂန္ဓာရုံဆရာတော်ကြီး)







မနေ.ကစကားပြောကြတယ်၊စကားပြောတော. နိုင်ငံကြီးတွေမှာ ဗုဒ္ဓဘာသာလဲမဟုတ်၊ 
တချို.များ သူဌေးကြီးတွေဟာလေ တစ်နေ.သုံးလိုက်တဲ. အသုံးစားရိတ်ဟာ 
ဒီမြန်မာနိုင်ငံက သူဌေးတွေတစ်သက်လုံးစားလောက် သုံးလောက်တယ် ၊ 
မြန်မာနိုင်ငံရဲ. ပစ္စည်းရှိတဲ. သူဌေးတွေနဲ. 
တစ်သက်လုံးစားလောက်တဲ.စည်းစိမ်ကို တစ်နေ.တည်း 
သုံးပစ်တာပဲ၊အဲဒါလောက်ပေါတယ်တဲ.။





ဒါဗုဒ္ဓဘာသာမဟုတ်ဘူးတဲ.၊ ဒီတော. ဗုဒ္ဓဘာသာနိုင်ငံဟာ အညံ.ဆုံးဖြစ်နေတယ်၊ 
သီဟိုဠ်တို.၊ လာအိုတို.၊ ကမ္ဗောဒီးယားတို.၊ ယိုးဒယားတို.၊ မြန်မာနိုင်ငံတို.
 ဒီနိုင်ငံကလေးတွေ ဗုဒ္ဓဘာသာနိုင်ငံက လူတွေဟာ အညံ.ဆုံးဖြစ်နေကြတယ်တဲ.။ 
ဒါဘယ်.နှယ်အဓိပ္ပါယ်တုန်းတဲ.။

ဟာ-ဟုတ်တယ် လို. စိတ်ထဲက ဇဝေဇ၀ါ ဖြစ်စရာပါပဲ ၊



နိုင်ငံကြီးတွေကသူဌေးကြီးတွေ ရှေ.ကံပြုတုန်းက ဘယ်လိုပြုခဲ.ကြတယ်ဆိုတာ 
စဉ်းစားကြည်.လိုက်ပါလေ၊ စဉ်းစားကြည်.တော. ရှေးကံပြုတုန်းက 
သူတို.လဲကံရှိမှာပေါ.၊ ဗုဒ္ဓဘာသာမဟုတ်ဘူးတဲ.၊ ဘုရားအလောင်း ပါရမီဖြည်.တုန်း 
ဗုဒ္ဓဘာသာအဖြစ်နဲ. ဖြည်.တဲ.ဘ၀ ဘယ်နှစ်ဘ၀များ တွေ.ခဲ.ဖူးတုန်း၊ ကဲ 
ဇာတ်ကြီးဆယ်ဘွဲ.ကို အကြမ်းစားစဉ်းစားကြစို.။

တေမိမင်း ဗုဒ္ဓဘာသာမဟုတ်ဘူး၊ ဘုန်းကြီးမဟုတ်ဘူး၊ တေမိမင်း မဟာဇနကမင်း 
ဗုဒ္ဓဘာသာမဟုတ်ဘူး၊ သူတို.ကုသိုလ်တွေ သူတို.ပြုသွားတာပဲ၊ ဇနကမင်းကလဲ 
ကုသိုလ်တွေပြုသွားတာပဲ၊ ဗုဒ္ဓဘာသာမဟုတ်ဘူး၊ တေမိမင်းကလဲ ကုသိုလ်ပြု တောထွက် 
တရားကျင်. ဈာန်တွေရ ဗုဒ္ဓဘာသာမဟုတ်ဘူး၊ သုဝဏ္ဏသျှံ တောထဲမှာ မေတ္တာနဲ. 
နေရှာတာ၊ ဗုဒ္ဓဘာသာမဟုတ်ဘူး၊ မိဘလဲ ဗုဒ္ဓဘာသာမဟုတ်ဘူး၊ အဲ နေမိမင်းကြီး 
တစ်နေ.တော. ပြောလိုက်တဲ. နာရဒဗြဟ္မာမင်းကြီး ဗုဒ္ဓဘာသာမဟုတ်ဘူး၊ 
အကုန်လုံးပေါ.လေ၊ ဝေဿန္တရာမင်းကိုကြည်.ပါ၊ ဗုဒ္ဓဘာသာဟုတ်ရဲ.လား၊ 
ဘယ်ဘုန်းကြီးကတရားဟောနေတုန်း၊သူက ရသေ.တွေ အလှုပေးနေတာပဲ၊ ဘယ်သူကမှ 
တရားလာမဟောဘူး။



လူတိုင်းကုသိုလ်ပြုတတ်ခြင်း

....................................

ဒီတော.ကာ လူတွေက ဗုဒ္ဓဘာသာတွေမှ ကုသိုလ်ပြုတတ်တယ်၊ ဗုဒ္ဓဘာသာမဟုတ်ရင် 
မပြုတတ်ဘူးဆိုတော. ဘုရားလောင်း ပါရမီဖြည်.တာတွေ.ဟာ ဗုဒ္ဓဘာသာမဟုတ်တဲ. 
ဘ၀ချည်းများတယ်၊ ဘုရားအလောင်း လေးအသင်္ချေနှင်. ကမ္ဘာတစ်သိန်းထဲမှာ 
နှစ်ကျိပ်လေးဆူပဲ ဘုရားပွင်.တယ်၊ ဗုဒ္ဓဘာသာဆိုတဲ. ဘာသာ ၂၄ ခါသာပေါ်ခဲ.တယ်၊ 
ကျန်တဲ.အချိန်တွေ ဗုဒ္ဓဘာသာ ခေတ်ကိုမဟုတ်ဘူး၊ အဲဒီအတောအတွင်းမှာ 
ဘုရားအလောင်းတွေ ပါရမီဖြည်.တော်မူလိုက်ကြတာ၊ ဒီတာ. ဒီအချက်ကလေးကို 
ပထမဆုံးနားလည်ပါစေ။

ဒီတော.ကာ ဟို ခုနက သူဌေးကြီးတွေ ဗုဒ္ဓဘာသာမဟုတ်ပေမယ်. သူတို.လဲ သူတို.နည်း 
သူတို.ဟန်နဲ. ၊ အင်း-လွန်ခဲ.တဲ. ဖြစ်လေရာ ဘ၀တုန်းက ကုသိုလ်တွေ ဖြစ်မှာပေါ.၊
 သေခါနီးကျတော. နိမိတ်ထင်မှာပေါ.၊ နိမိတ်တွေထင်တဲ.အခါကျတော. 
အမျိုးမျိုးသောကံကြောင်. တချို.က ခုနက ပေါများတဲ. နိုင်ငံမှာ သွားပြီးတော. 
ပဋိသန္ဓေနေကြမယ်၊ ဟို အဖေက သူဌေးလေ၊ အမေက သူဌေးလေ၊ သူတို.ကျတော. သူဌေး၊ 
ဘာပြောစရာရှိတုန်း၊ ဗုဒ္ဓဘာသာနဲ. ဘာဆိုင်တုန်း၊ ဗုဒ္ဓဘာသာနဲ.ဘာမှမဆိုင်ဘူး၊ 
အဖေကသူဌေးနဲ. အမေကသူဌေးနဲ.သာဆိုင်တယ်၊ နိုင်ငံကြီးနဲ.သာဆိုင်တယ်၊ အဲဒါနဲ. 
သူတို. သုံးမကုန်အောင်ပေါကြတယ်။



သုံးလို.ကိုမကုန်နိုင်အောင်ပေါတော.ကာ လူတွေက သုံးချည်းပစ်နေသလားဆိုတော. 
သုံးလို.ကို မကုန်နိုင်တော. ဆေးရုံတွေဆောက်ကြတယ်၊ သူတို.ပိုက်ဆံကြောင်. 
ဆင်းရဲတဲ.သူတွေ ကျန်းမာ ချမ်းသာစေချင်လိုက်တာ၊ မေတ္တာ ကရုဏာ ကြီးမားလိုက်တာ၊
 (ကံက ကံက ကံက)၊ စာသင်ကျာင်းတွေ တကတည်း ငွေတွေထည်.ပြီးတော. 
ထောက်ပံ.ပေးနေကြတယ်၊ ဆေးရုံတွေ ဆောက်တယ်၊ စာသင်ကျောင်းတွေတည်တယ်၊ 
မရှိဆင်းရဲတဲ.သူတွေ နိုင်ငံတွေကို ကြီးပွားအောင်ကို ထောက်ပံ.ပေးနေတယ်၊ 
နည်းတဲ. သတ္တိတွေလား၊ နည်းတဲ.ကံတွေလား။

ဒီလူတွေက ရှေ.ကိုတက်ကြပါဦးမယ်၊ အကယ်၍များ အရိမေတ္တယျ မြတ်စွာဘုရားလက်ထက်မှာ
 သူတို.က လူအဖြစ်နဲ.ဆိုလို.ရှိရင် ဘုရားဆီရောက်ကြပါဦးမယ်၊ 
ဘုရားဆီရောက်တဲ.အခါကျတော. သစ္စာလေးပါးတရားကို နာကြရဦးမယ်။

ဒီလူတွေ ဒီဥာဏ်ရှိတဲ.သူတွေ နာတော.ကာ ကျွတ်တန်းဝင်ချင်လဲ ၀င်သွားမယ်၊ 
ဒါမှမဟုတ် နောက်ဘုရားလက်ထက် ကျွတ်တန်းဝင်ဖို.ရန် အထောက်အပံ. 
ကောင်းကောင်းကြီး ရသွားကြပါလိမ်.မယ်၊ ဒါကြောင်. ဗုဒ္ဓဘာသာဆိုပြီးတော. 
စိတ်ကြီးဝင်မနေကြပါနဲ.၊ ကောင်းကာင်းနေကြဖို. အရေးကြီးပါတယ်၊ 
ဗုဒ္ဓဘာသာဆိုပြီးတော. အမှတ်တမဲ. နေရင်တော. တခြားလူတွေက ဘုန်းကြီးတို.အပေါ်မှာ
 ကျော်ပြီးရင်း ကျော်သွားကြပါလိမ်.မယ်။



နိုင်ငံငယ်ငယ်ကလေးတွေမှာ ဗုဒ္ဓဘာသာဖြစ်နေတာကတော. နိုင်ငံငယ်ကလေးတွေက 
စားစရာတွေရှိတယ်၊ စားစရာလေးတွေရှိတယ်၊ ပြီးတော. ဘုန်းကြီးတွေက စားစရာကို 
မှီပြီးတော. ဘုန်းကြီးတွေဖြစ်ရတယ်။ အဲဒီဘုန်းကြီးတွေက ဟောပြောပြီးပေးတော.မှ
 သူတို.က အသိဥာဏ်တွေရင်.ကျက်ပြီးတာ. လာခဲ.တယ်။

ရှင်အရဟံကျေးဇူး

နဂိုတုန်းက မြန်မာနိုင်ငံရဲ. အသိဥာဏ်ဟာ လှမ်းပြီးတော. ကြည်.စမ်း၊ 
အရည်းကြီးတွေ လက်ခံပြီး နေကတည်းကိုက မြန်မာနိုင်ငံ ဘယ်လောက် ညံ.နေတုန်း၊ 
အရည်းကြီးတွေကို လက်ခံရမှာမဟုတ်ဘူး၊ အရည်းကြီးတွေကို မောင်းထုတ်ရမှာ၊ 
အဲဒါကို ရှင်ဘုရင်နဲ.တကွ အရည်းကြီးတွေ လက်ခံလာကတည်းကိုက မြန်မာနိုင်ငံရဲ. 
အသိဥာဏ်က ဘယ်လောက်ညံ.နေတုန်း၊ ရှင်အရဟံသာ မလာလို.ရှိရင် မြန်မာနိုင်ငံက 
သိတဲ. အသိဥာဏ် ညံ.ပါတယ်၊ ရှင်အရဟံ ကြွလာပြီးတော. ဗုဒ္ဓတရားတော်တွေပါလာလို. 
ဒီအခြေအနေ၊ ဒီအရည်အချင်းတွေကို မြင်ရတာပါ၊ အကယ်၍များ ဗုဒ္ဓဘာသာ 
မဖြစ်လို.ရှိရင် ဗုဒ္ဓမြတ်စွာရဲ. တရားတော်တွေ မပါလာလို.ရှိရင်တော. 
မြန်မာနိုင်ငံ အခုထိ သည်ထက်ညံ.ပါဦးမယ်၊ အဲဒါလေးနားလည်ကြပါ။



ဗုဒ္ဓဘာသာကို မလဲနိုင်ကြောင်း

........................................

ဒါပေမယ်. ဘုန်းကြီးက ဗုဒ္ဓဘာသာဖြစ်ရတာကနေပြီး ဘာနဲ.မှ မလဲဘူး၊ ဟိုက 
သူဌေးစည်းစိမ်တွေနဲ. မလဲပါဘူး၊ အစားတော. ဆင်းဆင်းရဲရဲ စားရတာဟုတ်ပါတယ်၊ 
ပဲကြော်လေးတွေနဲ. စားနေရတောင်မှ ဟို သူဌေးစည်းစိမ်တွေနဲ. မလဲပါဘူး၊ အဲ 
ဘုန်းကြီးတို. တစ်သက်လုံး သုံးတဲ. အသုံးကို သူတို.က တစ်နေ.တောင် 
မသုံးလောက်သေးဘူး၊ ဒါပေမယ်. မလဲဘူး၊ ဘာဖြစ်လို.တုန်းဆိုတော. ဘုန်းကြီးတို.က
 ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ မြင်နေပြီလေ၊ 



သူတို.က မသိတသိ၊ သိလဲ သိပ်အရေးမကြီးဘူး၊ ဒုက္ခ မဖြစ်အောင် သူတို.က 
ကြိုးစားပေးနေတယ်လေ၊ ချစ်တဲ.သူတွေနဲ. ကွဲပြီးနေရတဲ. ဒုက္ခ၊ မုန်းတဲ.သူတွေနဲ.
 အတူနေရတဲ. ဒုက္ခ၊ ဘုန်းကြီးတို.က ဒါတွေတွေးပြီးတော. သိရတော. သံသရာကြီးထဲမှာ
 ကြာရှည်နေလို. မကောင်းဘူးလို. ငြီးငွေ.နေတဲ. ဥာဏ်ကလေး၇လာတာက သူတို.ထက် 
မသာဘူးလား၊ သူတို. ဘယ်တော.မှ တစ်သက်လုံး ဒီဥာဏ်မျိုး မဖြစ်ဘူး၊ 
ဘုန်းကြီးတို.က မကြာခဏ ဖြစ်တယ်၊ ဒီဥာဏ်ကသာလာပြီနော်။

ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ရှိတယ်လို. ဆိုတာကို ဗုဒ္ဓမြတ်စွာဟောတော်မူတယ်၊ 
ယုတ္တိယုတ္တာတွေနဲ. စဉ်းစားကြတယ်၊ ဟုတ်တယ် ရှိထိုက်တယ်၊ တိရစ္ဆာန်တွေ ဆိုတာ 
ရှိထိုက်တယ်၊ သူ.ကံကြောင်. သူဖြစ်လာတာ၊ ဒါတွေ ဘုန်းကြီးတို.က ယုံကြည်တယ်၊ 
သူတို.က မယုံကြည်ဘူး၊



ငရဲရှိတယ်ဆိုတာကို သူတို.က မယုံကြည်ဘူး၊ ယခု တစ္ဆေတို. ဘာတို. နည်းနည်းလေး 
ယုံလာကြပြီ၊ ယုံတာလဲ ယောင်ယောင်ဝါးဝါးနဲ. ဘာတွေမှန်းမသိဘူး၊ ခုထိ 
စာတွေရေးကြပြီ၊ ဖတ်ကြပြီ၊ တစ္ဆေတွေရှိနေပြီ၊ သူတို. ဆွေတွေ မျိုးတွေ 
တစ္ဆေဖြစ်တာလဲ သူတို. စာဖတ်ရပြီ။

ဒါလဲ ဘာတွေတုန်း၊ ခုမှ ဘာတွေတုန်း ရှိသေးတယ်၊ သူတို.က ကကြီး 
ခခွေးရှိသေးတယ်၊ ဒီနေရာမှာ ဘုန်းကြီးတို.က မင်္ဂလသုတ်တွေ ရောက်ကုန်ပြီ၊ 
ဒီအသိကြတော. မင်္ဂလသုတ်တွေရောက်ကုန်ပြီ၊ ပဋ္ဌာန်းတွေရောက်လာပြီ၊

ဒီအသိကျတော. သူတို.ဟာ ကကြီး ခခွေး ရှိသေးတယ်၊ အံမယ် ဒီလိုက်လာမှာ ၊ 
ဒီလိုက်လာမှာ မသဘဲနဲ. စောင်.နေ ဘုန်းကြီးတို.က စောင်.နေချင်လိုက်တာ ၊ 
လိုက်လာမှာ ၊ ဘုန်းကြီးတို. နောက် လိုက်လာမှာ ၊ ဒါတွေ လိုက်လာလိမ်.မယ်၊ 
သူတို. ကကြီး ခခွေး၊ တစ္ဆေရှိတယ်၊ တစ္ဆေရှိတယ် ၊ သေသွား ဟိုဖက် ဘ၀မှာ ၊ အင်း 
-ပြောနေတဲ.နောက် ကကြီးရေး ကတို. နည်းနည်း တက်လာပြီ၊ နည်းနည်းတက်လာပြီ၊ ဒီက 
ပဋ္ဌာန်းရောက်နေပြီ၊အဲဒီမှာ ဘုန်းကြီးတို.က သူတို.နဲ. ကွာသွားပြီ။



တစ်ခါ ကုသိုလ်ပြုတဲ. အခါကျတော. နိဗ္ဗာန်ကရှိနေပြီလေ၊ နိဗ္ဗာန်ရှိနေတော. 
သူတို.က ဆေးရုံကြီးတွေ ဆောက်တယ်၊ နိဗ္ဗာနပစ္စယော မပါဘူး၊ ကံတော်ကံငြား 
ဘုရားနဲ. နောက်ထပ် တွေ.ရဦးမယ်၊ ဘုန်းကြီးတို.က ဆွမ်းကလေး လောင်းတာတောင် 
မနက်က နိဗ္ဗာနပစ္စယော ဟောတုနော်၊ နိဗ္ဗာန်ကိုမှန်းနော်၊ နိဗ္ဗာန်ကို မှန်းနော်၊
 နိဗ္ဗာန်ဆိုတာဟာ ဘုရား ပရိနိဗ္ဗာန်စံတဲ. နိဗ္ဗာန်၊ အရှင်သာရိပုတ္တရာ 
၊အရှင်မောဂ္ဂလ္လာန်တို.ပရိနိဗ္ဗာန်စံတော်မူံတဲ. နိဗ္ဗာန်၊ တို.လဲ 
အဲဒီနိဗ္ဗာန်ကို နောက်ဆုံး ရောက်ရမယ်လို. ဒါလေးသိထားတယ်။



သူတို. အဲဒီလို မသိကြဘူး၊ သူတို.မကြားဖူးဘူး၊ ခုသူတို. ဒီလိုမသိဘူး၊ 
သူတို.က နေ.တိုင်း သုံးချင်တာ သုံးနေလေ အကာင်းစားချင်တာ စားနေလေ၊ 
ဒီအသိမျိုး မသိဘူး၊ ဘုန်းကြီးတို.က နိဗ္ဗာန်ကိုလဲ သိနေတယ်၊ 
နိဗ္ဗာန်ရောက်ရပါလိုရဲ.၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလိုရဲ.၊ နိဗ္ဗာနပစ္စယော 
ဟောတု၊ နိဗ္ဗာနပစ္စယော ဟောတု၊ ဘုန်းကြီးတို.က အဆင်းအတန်းတွေ 
သိပ်ပြီးမြင်.တာပဲ၊ ဒီမြင်.တဲ. အဆင်းအတန်းကို ဘုန်းကြီးတို.က ထပ်ပြီးတော. 
ကိုယ်တိုင်တကယ်. ပီပီသသ သူတော်ကောင်းဖြစ်အောင် ကြိုးစား ၊ အကုသိုလ်တွေ 
ရှောင်ပြီးတော. ဒီလို နေနိုင်ကြလို.ရှိရင် သူတို.လို မသုံးနိုင်ပေမယ်. 
လို.၊သူတို.လို မစားနိုင်ပေမယ်လို. တရားအသိဥာဏ်ရနေတော. သူတို.ထက် အရင်ပဲ 
နိဗ္ဗာန်ကိုမြင်မယ်. ပုဂ္ဂိုလ်တွေ ဖြစ်လို.မို. ၀မ်းမြောက်စရာကြီး 
အင်မတန်ကောင်းပါတယ်၊ ဒါကြောင်. ပဋ္ဌာန်းတရားတော်နဲ. စပ်ပြီးတော. သိစရာတွေ 
အများကြီး သိလာကြပြီလေ။

အဲဒီသိတာကို အကြောင်းပြုပြီး သကာလ မိမိတို. ကိုယ်တိုင် စိတ်နေ 
စိတ်ထားတွေကို ပြုပြင်ပြီးတဲ သကာလ ၀ီရိယ ရှိရှိနဲ. နေနိုင်အောင် 
ကြိုးစားကြပါ။



(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ - အခြေပြုပဋ္ဌာန်းတရားတော်မှ 
ကောက်နုတ်ပူဇော်ပါသည်)


မနေ.ကစကားပြောကြတယ်၊စကားပြောတော. နိုင်ငံကြီးတွေမှာ ဗုဒ္ဓဘာသာလဲမဟုတ်၊ တချို.များ သူဌေးကြီးတွေဟာလေ တစ်နေ.သုံးလိုက...်တဲ. အသုံးစားရိတ်ဟာ ဒီမြန်မာနိုင်ငံက သူဌေးတွေတစ်သက်လုံးစားလောက် သုံးလောက်တယ် ၊ မြန်မာနိုင်ငံရဲ. ပစ္စည်းရှိတဲ. သူဌေးတွေနဲ. တစ်သက်လုံးစားလောက်တဲ.စည်းစိမ်ကို တစ်နေ.တည်း သုံးပစ်တာပဲ၊အဲဒါလောက်ပေါတယ်တဲ.


ဒါဗုဒ္ဓဘာသာမဟုတ်ဘူးတဲ.၊ ဒီတော. ဗုဒ္ဓဘာသာနိုင်ငံဟာ အညံ.ဆုံးဖြစ်နေတယ်၊ သီဟိုဠ်တို.၊ လာအိုတို.၊ ကမ္ဗောဒီးယားတို.၊ ယိုးဒယားတို.၊ မြန်မာနိုင်ငံတို. ဒီနိုင်ငံကလေးတွေ ဗုဒ္ဓဘာသာနိုင်ငံက လူတွေဟာ အညံ.ဆုံးဖြစ်နေကြတယ်တဲ.။ ဒါဘယ်.နှယ်အဓိပ္ပါယ်တုန်းတဲ.။
ဟာ-ဟုတ်တယ် လို. စိတ်ထဲက ဇဝေဇ၀ါ ဖြစ်စရာပါပဲ ၊

နိုင်ငံကြီးတွေကသူဌေးကြီးတွေ ရှေ.ကံပြုတုန်းက ဘယ်လိုပြုခဲ.ကြတယ်ဆိုတာ စဉ်းစားကြည်.လိုက်ပါလေ၊ စဉ်းစားကြည်.တော. ရှေးကံပြုတုန်းက သူတို.လဲကံရှိမှာပေါ.၊ ဗုဒ္ဓဘာသာမဟုတ်ဘူးတဲ.၊ ဘုရားအလောင်း ပါရမီဖြည်.တုန်း ဗုဒ္ဓဘာသာအဖြစ်နဲ. ဖြည်.တဲ.ဘ၀ ဘယ်နှစ်ဘ၀များ တွေ.ခဲ.ဖူးတုန်း၊ ကဲ ဇာတ်ကြီးဆယ်ဘွဲ.ကို အကြမ်းစားစဉ်းစားကြစို.။
တေမိမင်း ဗုဒ္ဓဘာသာမဟုတ်ဘူး၊ ဘုန်းကြီးမဟုတ်ဘူး၊ တေမိမင်း မဟာဇနကမင်း ဗုဒ္ဓဘာသာမဟုတ်ဘူး၊ သူတို.ကုသိုလ်တွေ သူတို.ပြုသွားတာပဲ၊ ဇနကမင်းကလဲ ကုသိုလ်တွေပြုသွားတာပဲ၊ ဗုဒ္ဓဘာသာမဟုတ်ဘူး၊ တေမိမင်းကလဲ ကုသိုလ်ပြု တောထွက် တရားကျင်. ဈာန်တွေရ ဗုဒ္ဓဘာသာမဟုတ်ဘူး၊ သုဝဏ္ဏသျှံ တောထဲမှာ မေတ္တာနဲ. နေရှာတာ၊ ဗုဒ္ဓဘာသာမဟုတ်ဘူး၊ မိဘလဲ ဗုဒ္ဓဘာသာမဟုတ်ဘူး၊ အဲ နေမိမင်းကြီး တစ်နေ.တော. ပြောလိုက်တဲ. နာရဒဗြဟ္မာမင်းကြီး ဗုဒ္ဓဘာသာမဟုတ်ဘူး၊ အကုန်လုံးပေါ.လေ၊ ဝေဿန္တရာမင်းကိုကြည်.ပါ၊ ဗုဒ္ဓဘာသာဟုတ်ရဲ.လား၊ ဘယ်ဘုန်းကြီးကတရားဟောနေတုန်း၊သူက ရသေ.တွေ အလှုပေးနေတာပဲ၊ ဘယ်သူကမှ တရားလာမဟောဘူး။

လူတိုင်းကုသိုလ်ပြုတတ်ခြင်း
....................................
ဒီတော.ကာ လူတွေက ဗုဒ္ဓဘာသာတွေမှ ကုသိုလ်ပြုတတ်တယ်၊ ဗုဒ္ဓဘာသာမဟုတ်ရင် မပြုတတ်ဘူးဆိုတော. ဘုရားလောင်း ပါရမီဖြည်.တာတွေ.ဟာ ဗုဒ္ဓဘာသာမဟုတ်တဲ. ဘ၀ချည်းများတယ်၊ ဘုရားအလောင်း လေးအသင်္ချေနှင်. ကမ္ဘာတစ်သိန်းထဲမှာ နှစ်ကျိပ်လေးဆူပဲ ဘုရားပွင်.တယ်၊ ဗုဒ္ဓဘာသာဆိုတဲ. ဘာသာ ၂၄ ခါသာပေါ်ခဲ.တယ်၊ ကျန်တဲ.အချိန်တွေ ဗုဒ္ဓဘာသာ ခေတ်ကိုမဟုတ်ဘူး၊ အဲဒီအတောအတွင်းမှာ ဘုရားအလောင်းတွေ ပါရမီဖြည်.တော်မူလိုက်ကြတာ၊ ဒီတာ. ဒီအချက်ကလေးကို ပထမဆုံးနားလည်ပါစေ။
ဒီတော.ကာ ဟို ခုနက သူဌေးကြီးတွေ ဗုဒ္ဓဘာသာမဟုတ်ပေမယ်. သူတို.လဲ သူတို.နည်း သူတို.ဟန်နဲ. ၊ အင်း-လွန်ခဲ.တဲ. ဖြစ်လေရာ ဘ၀တုန်းက ကုသိုလ်တွေ ဖြစ်မှာပေါ.၊ သေခါနီးကျတော. နိမိတ်ထင်မှာပေါ.၊ နိမိတ်တွေထင်တဲ.အခါကျတော. အမျိုးမျိုးသောကံကြောင်. တချို.က ခုနက ပေါများတဲ. နိုင်ငံမှာ သွားပြီးတော. ပဋိသန္ဓေနေကြမယ်၊ ဟို အဖေက သူဌေးလေ၊ အမေက သူဌေးလေ၊ သူတို.ကျတော. သူဌေး၊ ဘာပြောစရာရှိတုန်း၊ ဗုဒ္ဓဘာသာနဲ. ဘာဆိုင်တုန်း၊ ဗုဒ္ဓဘာသာနဲ.ဘာမှမဆိုင်ဘူး၊ အဖေကသူဌေးနဲ. အမေကသူဌေးနဲ.သာဆိုင်တယ်၊ နိုင်ငံကြီးနဲ.သာဆိုင်တယ်၊ အဲဒါနဲ. သူတို. သုံးမကုန်အောင်ပေါကြတယ်။

သုံးလို.ကိုမကုန်နိုင်အောင်ပေါတော.ကာ လူတွေက သုံးချည်းပစ်နေသလားဆိုတော. သုံးလို.ကို မကုန်နိုင်တော. ဆေးရုံတွေဆောက်ကြတယ်၊ သူတို.ပိုက်ဆံကြောင်. ဆင်းရဲတဲ.သူတွေ ကျန်းမာ ချမ်းသာစေချင်လိုက်တာ၊ မေတ္တာ ကရုဏာ ကြီးမားလိုက်တာ၊ (ကံက ကံက ကံက)၊ စာသင်ကျာင်းတွေ တကတည်း ငွေတွေထည်.ပြီးတော. ထောက်ပံ.ပေးနေကြတယ်၊ ဆေးရုံတွေ ဆောက်တယ်၊ စာသင်ကျောင်းတွေတည်တယ်၊ မရှိဆင်းရဲတဲ.သူတွေ နိုင်ငံတွေကို ကြီးပွားအောင်ကို ထောက်ပံ.ပေးနေတယ်၊ နည်းတဲ. သတ္တိတွေလား၊ နည်းတဲ.ကံတွေလား။
ဒီလူတွေက ရှေ.ကိုတက်ကြပါဦးမယ်၊ အကယ်၍များ အရိမေတ္တယျ မြတ်စွာဘုရားလက်ထက်မှာ သူတို.က လူအဖြစ်နဲ.ဆိုလို.ရှိရင် ဘုရားဆီရောက်ကြပါဦးမယ်၊ ဘုရားဆီရောက်တဲ.အခါကျတော. သစ္စာလေးပါးတရားကို နာကြရဦးမယ်။
ဒီလူတွေ ဒီဥာဏ်ရှိတဲ.သူတွေ နာတော.ကာ ကျွတ်တန်းဝင်ချင်လဲ ၀င်သွားမယ်၊ ဒါမှမဟုတ် နောက်ဘုရားလက်ထက် ကျွတ်တန်းဝင်ဖို.ရန် အထောက်အပံ. ကောင်းကောင်းကြီး ရသွားကြပါလိမ်.မယ်၊ ဒါကြောင်. ဗုဒ္ဓဘာသာဆိုပြီးတော. စိတ်ကြီးဝင်မနေကြပါနဲ.၊ ကောင်းကာင်းနေကြဖို. အရေးကြီးပါတယ်၊ ဗုဒ္ဓဘာသာဆိုပြီးတော. အမှတ်တမဲ. နေရင်တော. တခြားလူတွေက ဘုန်းကြီးတို.အပေါ်မှာ ကျော်ပြီးရင်း ကျော်သွားကြပါလိမ်.မယ်။

နိုင်ငံငယ်ငယ်ကလေးတွေမှာ ဗုဒ္ဓဘာသာဖြစ်နေတာကတော. နိုင်ငံငယ်ကလေးတွေက စားစရာတွေရှိတယ်၊ စားစရာလေးတွေရှိတယ်၊ ပြီးတော. ဘုန်းကြီးတွေက စားစရာကို မှီပြီးတော. ဘုန်းကြီးတွေဖြစ်ရတယ်။ အဲဒီဘုန်းကြီးတွေက ဟောပြောပြီးပေးတော.မှ သူတို.က အသိဥာဏ်တွေရင်.ကျက်ပြီးတာ. လာခဲ.တယ်။
ရှင်အရဟံကျေးဇူး
နဂိုတုန်းက မြန်မာနိုင်ငံရဲ. အသိဥာဏ်ဟာ လှမ်းပြီးတော. ကြည်.စမ်း၊ အရည်းကြီးတွေ လက်ခံပြီး နေကတည်းကိုက မြန်မာနိုင်ငံ ဘယ်လောက် ညံ.နေတုန်း၊ အရည်းကြီးတွေကို လက်ခံရမှာမဟုတ်ဘူး၊ အရည်းကြီးတွေကို မောင်းထုတ်ရမှာ၊ အဲဒါကို ရှင်ဘုရင်နဲ.တကွ အရည်းကြီးတွေ လက်ခံလာကတည်းကိုက မြန်မာနိုင်ငံရဲ. အသိဥာဏ်က ဘယ်လောက်ညံ.နေတုန်း၊ ရှင်အရဟံသာ မလာလို.ရှိရင် မြန်မာနိုင်ငံက သိတဲ. အသိဥာဏ် ညံ.ပါတယ်၊ ရှင်အရဟံ ကြွလာပြီးတော. ဗုဒ္ဓတရားတော်တွေပါလာလို. ဒီအခြေအနေ၊ ဒီအရည်အချင်းတွေကို မြင်ရတာပါ၊ အကယ်၍များ ဗုဒ္ဓဘာသာ မဖြစ်လို.ရှိရင် ဗုဒ္ဓမြတ်စွာရဲ. တရားတော်တွေ မပါလာလို.ရှိရင်တော. မြန်မာနိုင်ငံ အခုထိ သည်ထက်ညံ.ပါဦးမယ်၊ အဲဒါလေးနားလည်ကြပါ။

ဗုဒ္ဓဘာသာကို မလဲနိုင်ကြောင်း
........................................
ဒါပေမယ်. ဘုန်းကြီးက ဗုဒ္ဓဘာသာဖြစ်ရတာကနေပြီး ဘာနဲ.မှ မလဲဘူး၊ ဟိုက သူဌေးစည်းစိမ်တွေနဲ. မလဲပါဘူး၊ အစားတော. ဆင်းဆင်းရဲရဲ စားရတာဟုတ်ပါတယ်၊ ပဲကြော်လေးတွေနဲ. စားနေရတောင်မှ ဟို သူဌေးစည်းစိမ်တွေနဲ. မလဲပါဘူး၊ အဲ ဘုန်းကြီးတို. တစ်သက်လုံး သုံးတဲ. အသုံးကို သူတို.က တစ်နေ.တောင် မသုံးလောက်သေးဘူး၊ ဒါပေမယ်. မလဲဘူး၊ ဘာဖြစ်လို.တုန်းဆိုတော. ဘုန်းကြီးတို.က ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ မြင်နေပြီလေ၊ ပဋိသန္ဓေ နေရတဲ. ဒုက္ခ ကြားနေပြီလေ၊ သိနေပြီလေ၊ အိုရတဲ. ဒုက္ခ နာရတဲ.ဒုက္ခ ဒါတွေ သိနေပြီလေ။

သူတို.က မသိတသိ၊ သိလဲ သိပ်အရေးမကြီးဘူး၊ ဒုက္ခ မဖြစ်အောင် သူတို.က ကြိုးစားပေးနေတယ်လေ၊ ချစ်တဲ.သူတွေနဲ. ကွဲပြီးနေရတဲ. ဒုက္ခ၊ မုန်းတဲ.သူတွေနဲ. အတူနေရတဲ. ဒုက္ခ၊ ဘုန်းကြီးတို.က ဒါတွေတွေးပြီးတော. သိရတော. သံသရာကြီးထဲမှာ ကြာရှည်နေလို. မကောင်းဘူးလို. ငြီးငွေ.နေတဲ. ဥာဏ်ကလေး၇လာတာက သူတို.ထက် မသာဘူးလား၊ သူတို. ဘယ်တော.မှ တစ်သက်လုံး ဒီဥာဏ်မျိုး မဖြစ်ဘူး၊ ဘုန်းကြီးတို.က မကြာခဏ ဖြစ်တယ်၊ ဒီဥာဏ်ကသာလာပြီနော်။
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ရှိတယ်လို. ဆိုတာကို ဗုဒ္ဓမြတ်စွာဟောတော်မူတယ်၊ ယုတ္တိယုတ္တာတွေနဲ. စဉ်းစားကြတယ်၊ ဟုတ်တယ် ရှိထိုက်တယ်၊ တိရစ္ဆာန်တွေ ဆိုတာ ရှိထိုက်တယ်၊ သူ.ကံကြောင်. သူဖြစ်လာတာ၊ ဒါတွေ ဘုန်းကြီးတို.က ယုံကြည်တယ်၊ သူတို.က မယုံကြည်ဘူး၊

ငရဲရှိတယ်ဆိုတာကို သူတို.က မယုံကြည်ဘူး၊ ယခု တစ္ဆေတို. ဘာတို. နည်းနည်းလေး ယုံလာကြပြီ၊ ယုံတာလဲ ယောင်ယောင်ဝါးဝါးနဲ. ဘာတွေမှန်းမသိဘူး၊ ခုထိ စာတွေရေးကြပြီ၊ ဖတ်ကြပြီ၊ တစ္ဆေတွေရှိနေပြီ၊ သူတို. ဆွေတွေ မျိုးတွေ တစ္ဆေဖြစ်တာလဲ သူတို. စာဖတ်ရပြီ။
ဒါလဲ ဘာတွေတုန်း၊ ခုမှ ဘာတွေတုန်း ရှိသေးတယ်၊ သူတို.က ကကြီး ခခွေးရှိသေးတယ်၊ ဒီနေရာမှာ ဘုန်းကြီးတို.က မင်္ဂလသုတ်တွေ ရောက်ကုန်ပြီ၊ ဒီအသိကြတော. မင်္ဂလသုတ်တွေရောက်ကုန်ပြီ၊ ပဋ္ဌာန်းတွေရောက်လာပြီ၊
ဒီအသိကျတော. သူတို.ဟာ ကကြီး ခခွေး ရှိသေးတယ်၊ အံမယ် ဒီလိုက်လာမှာ ၊ ဒီလိုက်လာမှာ မသဘဲနဲ. စောင်.နေ ဘုန်းကြီးတို.က စောင်.နေချင်လိုက်တာ ၊ လိုက်လာမှာ ၊ ဘုန်းကြီးတို. နောက် လိုက်လာမှာ ၊ ဒါတွေ လိုက်လာလိမ်.မယ်၊ သူတို. ကကြီး ခခွေး၊ တစ္ဆေရှိတယ်၊ တစ္ဆေရှိတယ် ၊ သေသွား ဟိုဖက် ဘ၀မှာ ၊ အင်း -ပြောနေတဲ.နောက် ကကြီးရေး ကတို. နည်းနည်း တက်လာပြီ၊ နည်းနည်းတက်လာပြီ၊ ဒီက ပဋ္ဌာန်းရောက်နေပြီ၊အဲဒီမှာ ဘုန်းကြီးတို.က သူတို.နဲ. ကွာသွားပြီ။

တစ်ခါ ကုသိုလ်ပြုတဲ. အခါကျတော. နိဗ္ဗာန်ကရှိနေပြီလေ၊ နိဗ္ဗာန်ရှိနေတော. သူတို.က ဆေးရုံကြီးတွေ ဆောက်တယ်၊ နိဗ္ဗာနပစ္စယော မပါဘူး၊ ကံတော်ကံငြား ဘုရားနဲ. နောက်ထပ် တွေ.ရဦးမယ်၊ ဘုန်းကြီးတို.က ဆွမ်းကလေး လောင်းတာတောင် မနက်က နိဗ္ဗာနပစ္စယော ဟောတုနော်၊ နိဗ္ဗာန်ကိုမှန်းနော်၊ နိဗ္ဗာန်ကို မှန်းနော်၊ နိဗ္ဗာန်ဆိုတာဟာ ဘုရား ပရိနိဗ္ဗာန်စံတဲ. နိဗ္ဗာန်၊ အရှင်သာရိပုတ္တရာ ၊အရှင်မောဂ္ဂလ္လာန်တို.ပရိနိဗ္ဗာန်စံတော်မူံတဲ. နိဗ္ဗာန်၊ တို.လဲ အဲဒီနိဗ္ဗာန်ကို နောက်ဆုံး ရောက်ရမယ်လို. ဒါလေးသိထားတယ်။

သူတို. အဲဒီလို မသိကြဘူး၊ သူတို.မကြားဖူးဘူး၊ ခုသူတို. ဒီလိုမသိဘူး၊ သူတို.က နေ.တိုင်း သုံးချင်တာ သုံးနေလေ အကာင်းစားချင်တာ စားနေလေ၊ ဒီအသိမျိုး မသိဘူး၊ ဘုန်းကြီးတို.က နိဗ္ဗာန်ကိုလဲ သိနေတယ်၊ နိဗ္ဗာန်ရောက်ရပါလိုရဲ.၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလိုရဲ.၊ နိဗ္ဗာနပစ္စယော ဟောတု၊ နိဗ္ဗာနပစ္စယော ဟောတု၊ ဘုန်းကြီးတို.က အဆင်းအတန်းတွေ သိပ်ပြီးမြင်.တာပဲ၊ ဒီမြင်.တဲ. အဆင်းအတန်းကို ဘုန်းကြီးတို.က ထပ်ပြီးတော. ကိုယ်တိုင်တကယ်. ပီပီသသ သူတော်ကောင်းဖြစ်အောင် ကြိုးစား ၊ အကုသိုလ်တွေ ရှောင်ပြီးတော. ဒီလို နေနိုင်ကြလို.ရှိရင် သူတို.လို မသုံးနိုင်ပေမယ်. လို.၊သူတို.လို မစားနိုင်ပေမယ်လို. တရားအသိဥာဏ်ရနေတော. သူတို.ထက် အရင်ပဲ နိဗ္ဗာန်ကိုမြင်မယ်. ပုဂ္ဂိုလ်တွေ ဖြစ်လို.မို. ၀မ်းမြောက်စရာကြီး အင်မတန်ကောင်းပါတယ်၊ ဒါကြောင်. ပဋ္ဌာန်းတရားတော်နဲ. စပ်ပြီးတော. သိစရာတွေ အများကြီး သိလာကြပြီလေ။
အဲဒီသိတာကို အကြောင်းပြုပြီး သကာလ မိမိတို. ကိုယ်တိုင် စိတ်နေ စိတ်ထားတွေကို ပြုပြင်ပြီးတဲ သကာလ ၀ီရိယ ရှိရှိနဲ. နေနိုင်အောင် ကြိုးစားကြပါ။

(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ - အခြေပြုပဋ္ဌာန်းတရားတော်မှ ကောက်နုတ်ပူဇော်ပါသည်)

No comments:

Post a Comment