
******************************************************
အားလုံးမင်္ဂလာပါ။
ဦးဇင်းတင်တဲ့ပိုစ့်များကို
အားပေးသူများအား အထူးကျေးဇူးတင်ပါတယ်လို့ ရှေးဦးစွာပြောလိုပါတယ်။
ဦးဇင်းရဲ့ဆိုဒ်မှာ ကွန်မင့်အနေဖြင့်သော် လည်းကောင်း ၊ ဦးဇင်းရဲ့ ဂျီမေလ်း
အကောင့်မှာ မေလ်းပို့ပြီးတော့သော်လည်းကောင်း၊ ရဟန်းဖြစ်ပြီး နိုင်ငံရေး အမျိုးသားရေး
စာတွေေ...ရးရသလား၊ ဖြန့်ဝေရသလား၊ ရဟန်းအစစ်ရော
ဟုတ်ရဲ့လား။ ဆိုသည်ကတစ်မျိုး၊ ခွေးအလုပ်ကို မြင်းဝင်ရှုပ်ရင် အရိုက်ခံရ
တယ်ဆိုသည်က တစ်ဖုံ၊ တိရစ္ဆာန်နှင့်နှိုင်းသူကနှိုင်း အပြစ်တင် ရှုတ်ချ
ကဲ့ရဲ့သူများရှိသကဲ့သို့ အားပေးသူများလည်း ရှိပါတယ်။ အားပေးသူများကို
အထူးကျေးဇူးတင်သလို ၊ ကဲ့ရဲ့ရှုတ်ချသူများကိုလည်း မည်သည့် အာဃာတတရား၊ ဒေါသတရားများမထားပါ။
ဦးဇင်းဟာ ရဟန်းအစစ်ပါ။ သိက္ခာပုဒ်အကျဉ်း(၂၂၇)ပါး၊ သိက္ခာပုဒ်အကျယ်
ကုဋေကိုးထောင့်တစ်ရာ့ရှစ်ဆယ်ငါးသန်းသုံးသောင်းခြောက်ထောင် သော သိက္ခာပုဒ်များကို စောင့်ထိန်းရင်း
စာပေတွေကို သင်ယူလျက် အမျိုး ဘာသာ သာသနာအတွက် မသိသေးသူများကိုသိစေခြင်း၊
သိပြီးသူများကို ပိုပြီးသိစေရန်အလို့ငှာ မိမိရဲ့ အချိန်များထဲမှ
ဟောပြောပြသနေခြင်း၊ ရေးသားဖြန့်ဝေခြင်းများကို ပြုလုပ်နေတာပါ။
ကဲ့ရဲ့ရှုတ်ချတဲ့ဒဏ်ကို မခံနိုင်လို့ ရေးသားခြင်းများကို
ရပ်တန့်မည်မဟုတ်သလို၊ ဟောပြောခြင်းများကိုလည်း ရပ်နားမည်မဟုတ်ပါ။
ဆက်လက်ရေးသား ဟောပြောနေမည်သာဖြစ်၏။
ဦးဇင်းတင်တဲ့ပိုစ့်တွေဟာ
နိုင်ငံရေးမပါပါဘူး။ အဲဒါနိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဦးဇင်းထံမေလ်း
တစ်စောင်ဝင်လာတာပါ။ ဒါကြောင့်ရဟန်းနှင့်နိုင်ငံရေး အကြောင်းလေးကို တစ်စိတ်တစ်ဒေသ သိစေချင်တာနဲ့
မျှဝေလိုက်ပါတယ်။
ရဟန်းဆိုသည်မှာ နိုင်ငံရေးမလုပ်ကောင်းဟု
မြတ်စွာဘုရားဟောတော်မူတဲ့ ဝိနည်းဒေသနာတော်တွေမှာ မတွေ့ရပါဘူး။ ပြီးတော့
မြတ်စွာဘုရားအလောင်းတော် ဘဝကလည်း နိုင်ငံရေးလုပ်တော်မူခဲ့သလို၊ မြတ်စွာဘုရား
ဖြစ်ပြီးတော်မူတဲ့အခါမှာလည်း
နိုင်ငံရေးနဲ့မကင်းခဲ့ပါဘူး။
မြတ်စွာဘုရားလည်း နိုင်ငံရေးလုပ်ပါသည်။ ၀ိဋဋူဘ၀တ္ထုကို ကြည့်ပါ။
နှစ်ပြည်ထောင်မင်းတို့ မြစ်ရေကြောင့် စစ်ခင်းမည့်အရေးကိုကြည့်ပါ။ ရာ ဇောဝါဒဇာတ်ကို ကြည့်ပါ။
မင်းကျင့်တရားဆယ်ပါး ဟောကြားတော်မူခဲ့သည်ကို ကြည့်ပါ။ စရိယသုံးပါးတွင်
ဉာတတ္ထစရိယသည် အမျိုး သားနိုင်ငံရေးဖြစ်ပြီး၊ လောကတ္ထစရိယသည်
အမျိုးသားနိုင်ငံရေးထက်ကျယ်ပြန့်သည့်
ပြည်သူ့နိုင်ငံရေးဖြစ်ပါသည်။
“လူဆိုသည်မှာ နိုင်ငံရေးသတ္တ၀ါဖြစ်သည်” (Human is political animal) ဟု
ဆိုကြပါသည်။ ဘုရားလောင်းလည်း နိုင်ငံရေုးလုပ်ပါသည်။ ဓမ္မနှင့်အဓမ္မ၊
အနိုင်ကျင့်သူနှင့် အနိုင်ကျင့် ခံရသူ၊ ဖိနှိပ်သူနှင့်အဖိနှိပ်ခံရသူ ဘက်နှစ်ဖက်တို့တွင် ဓမ္မဘက်၊
အနိုင်ကျင့်ခံရသူများဘက်၊ အဖိနှိပ်ခံရသူများဘက်မှ ရပ် တည်ကာ
ဦးဆောင်ဦးရွက်ပြု၍ ကာကွယ်စောင့်ရှောက်ခြင်း၊ တော်လှန်ရင်ဆိုင်ခြင်းများပြုလုပ်ခဲ့သည့် ဇာတ်နိပါတ်တော်များ
များစွာရှိပါ သည်။ထို့ကြောင့် ဆရာတော်ဦးဥတ္တမ၊ ဆရာတော်ဦးဝိစာရတို့လို
ရဟန်းသိက္ခာ ရဟန်းကျင့်ဝတ်နှင့်အညီ နိုင်ငံရေးလုပ်ကိုင်က
ဘုရားအလိုတော်ကျမည်ဖြစ်ပါသည်။
ရဟန်းပျိုသံဃာများအနေဖြင့် ဓမ္မဘက်မှရပ်တည်သည်ကိုလည်းကောင်း၊ အဖိနှိပ်ခံပြည်သူ့ဘက်မှ
ရပ်တည်သည်ကိုလည်းကောင်း၊ ဒီမိုက ရေစီသဘောထားအရ ကိုယ့်ဆန္ဒနှင့်ညီသော
ပါတီခေါင်းဆောင် အဖွဲ့အစည်းခေါင်းဆောင် မည်သည့်ပုဂ္ဂိုလ်မဆို လွတ်လပ်စွာ
ထောက်ခံကြိုဆိုအားပေးသည်ကိုလည်းကောင်း
လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိပါသည်။
သို့သော် လွတ်လပ်စွာနှင့် စည်းကမ်းပျက်စွာ၊ တက်ကြွစွာနှင့် သရုပ်ပျက်စွာ
ခွဲခြားတတ်ရပါမည်။
ရဟန်းတော်များ နိုင်ငံရေးမလုပ်ကောင်းဟု
အခိုင်အမာယူဆထားသော မျက်လုံးတစ်ဖက်ကန်းနေသည့် ဒေ၀ဒတ်ဂိုဏ်းသားများလည်း
မြောက်များစွာရှိနေသဖြင့် ၎င်းတို့ထောက်ကွက်မရလေအောင်
ကိုယ်ကျင့်သိက္ခာပြည့်ဝသောနိုင်ငံရေးကို
ကိုယ်ကျင့်သိက္ခာပြည့်ဝစွာ ဆောင်ရွက်သင့်ပါသည်။ ရွှေဝါရောင်သံဃာတော်များ
ရှေ့သွားရှိပါသည်
အဓမ္မကို ဓမ္မဖြင့်၊ ဒေါသကို မေတ္တာဖြင့်၊
လက်နက်ကို ကလောင်ဖြင့် သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ တည်တည်ငြိမ်ငြိမ် သိက္ခာရှိရှိ
တော်လှန်ရေးဆင်နွှဲကာ အသက်ကိုစတေးသွားခဲ့သော ဘ၀ကိုစတေးသွားခဲ့သော၊အမျိုးဘာသာသာသနာအတွက် သွေးစက်ချ၍
ပေးဆပ်သွားခဲ့သောအရှင် ကောင်း အရှင်မြတ်တို့ကို ငဲ့ညှာသင့်ပါသည်။
ရဟန်းတော်များအားလုံး ပြည်သူ့အတွက်၊ အမှန်တရားအတွက် အရှက်နှင့်သိက္ခာကို
မစွန့်လွှတ်မူ၍ အသက်စွန့်ကာ ပေးဆပ်နိုင်ပါစေ။
ဆရာတော်ဦးဝီရသူ၏
ရဟန်းနှင့်နိုင်ငံရေး အကြောင်းကို မှီငြမ်းရေးသားပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများ
တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment