Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Thursday, May 9, 2013

ဗုဒ္ဓဘုရားနှင့် မြန်မာနိုင်ငံ

Photo: မှန်တယ်ဆိုလိုက်လုပ်နိုင်ပါသည်........ကြိုက်တယ်ဆိုshareပေးခြင်းဖြင်. သာသနာကိုပံ့ ပိုးပေးခြင်းဖြင်.ကူညီပေးပါ............


                                                         ==============

ဗုဒ္ဓဘုရားရှင်သည် သက်တော်ထင်ရှား ရှိစဉ်ကပင် မြန်မာနိုင်ငံသို့ ကြွရောက်ခဲ့ကြောင်း အချို့ မှတ်တမ်းများ၌ ဖော်ပြကြသည်။ ဘုရားရှင်သည် ဂ၀ံပတိရဟန္တာမထေရ်၏ ပင့်လျှောက်ချက်အရ နောက်ပါ ရဟန္တာ ၅၀၀-နှင့်အတူ သုဝဏ္ဏဘုမ္မိမြို့သို့ ကြွရောက်တော်မူလာ၏။ ဘုရားရှင်သည် ပင်လယ်ပြင်ထက် ကောင်းကင်ပြင်မှ ကြွလာတော်မူစဉ် ပင်လယ်ရေပြင်အတွင်း ဟင်္သာတစ်ဝပ်စာမျှ ပေါ်နေသော သဲပြင်ပေါ်၌ ဟင်္သာဖိုက အောက်၊ ဟင်္သာမက ထပ်၍ ၀ပ်နေသည်ကို မြင်ရသည်။ ထိုဖြစ်ရပ်ကို ကြည့်၍ ဘုရားရှင် ပြုံးတော်မူ၏။ ထိုအကြောင်းကို မေးလျှောက်ရာ နောင်သောအခါ ဤနေရာမှာ ဟံသာဝတီအမည်ရှိသော ပြည်ကြီး ဖြစ်လိမ့်မည်၊ ဟူ၍ ဗျာဒိတ်ကြားတော်မူ၏။

သုဝဏ္ဏဘုမ္မိပြည်နှင့် ဥက္ကလာပပြည်၌ သာသနာတော် တည်ထွန်းမည့်အကြောင်းကို လည်း ဗျာဒိတ်ပေးခဲ့သည်။ ယင်းဗျာဒိတ်စကားအရ ဟံသာဝတီပြည်၊ သုဝဏ္ဏဘုမ္မိပြည်၊ ဥက္ကလာပပြည်တို့မှာ သာသနာထွန်းကားရာ ပြည်များ ဖြစ်ခဲ့ကြသည်။

အလားတူပင် အရိမဒ္ဒနခေါ် ပုဂံပြည်ကြီး တည်မည့်အကြောင်းနှင့် သာသနာတော် ထွန်ကားမည့် အကြောင်းကိုလည်း ဘုရားရှင်သည် တန့်ကြည့်တောင်မှ ဗျာဒိတ်ပေးတော်မူသည်။ သုနာပရန္တ၊ အပရန္တ ခေါ် မင်းဘူး လယ်ကိုင်းကျောင်းတော်ရာသို့လည်း ကြွရောက်သည်။ စက်တော်ရာများကိုလည်း ချထားတော်မူလေသည်။ ထိုမျှ မကသေး။ မြန်မာနိုင်ငံ စေတီပုထိုး အမျိုမျိုးနှင့် မြို့တော်တည်ရာ အဖြာဖြာတို့ကို လည်း ဘုရားရှင်၏ ဗျာဒိတ်တော်အရ ဖြစ်ပေါ်လာရကြောင်း သမိုင်းအစောင်စောင်တို့၌ ရေးသား ဖော်ပြထားကြသည်။ ယင်းသို့ ရေးသားထားကြသည်မှာ သဒ္ဓါတရားကို အခြေခံ၍ ပေါ်ပေါက် လာသော စာပေများ ဖြစ်ပါသည်။

ဗုဒ္ဓဘုရားနှင့် ဆက်စပ်၍ ဖော်ပြနေကြသည်မှာ မြန်မာနိုငံသာ မဟုတ်။ သီရိလင်္ကာခေါ် သီဟိုဠ်နိုင်ငံကလည်း ဗုဒ္ဓဘုရားသည် သီဟိုဠ်ကျွန်းသို့ ကြွရောက်တော်မူလာကြောင်း သီဟိုဠ်ဗုဒ္ဓဘာသာဝင်တို့ လက်ခံယုံကြည်နေခဲ့ကြသည်။

အချို့သုတေသီတို့က မြန်မာနိုင်ငံသို့ ဘုရားရှင် ကြွလာတော်မူကြောင်း အဋ္ဌကထာစကားဖြင့် ကိုးကားပြကြသည်။ ဤကိုးကားချက်တို့မှာလည်း မငြင်းသာသော ကိုးကားချက်များ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံ အတွင်းရှိ သာသနိက အထိမ်းအမှတ် အချို့မှာ ထိုကျမ်းများနှင့် ကိုက်ညီနေသောကြောင့်တည်း။ ဤသို့ ကိုက်ညီနေသည်မှာလည်း ရှေးခေတ်မြန်မာ တို့သည် သာသနာတော်ကျမ်းလာ ဖြစ်စဉ်တို့ကို အတုလိုက်၍ ပြုလုပ်ထားသောကြောင့် ဖြစ်ပေသည်။

ရှင်းပါဦးမည်။ မြန်မာနိုင်ငံသည် ရာစုနှစ် အစောပိုင်းကပင် အိန္ဒိယလူမျိုးများနှင့် ဆက်ဆံခဲ့ကြသည်။ အိန္ဒိယယဉ်ကျေးမှုကို လက်ခံခဲ့ကြသည်။ ထို့နောက် ဗုဒ္ဓဘာသာလည်း ရောက်ရှိလာလေသည်။ မြန်မာတို့သည် ဗုဒ္ဓဘာသာကို လက်ခံပြီးနောက် ဗုဒ္ဓစာပေများကို လေ့လာကြသည်။ ကြည်ညိုသဒ္ဓါပွားကြသည်။ ဗုဒ္ဓဘာသာ စာပေထဲက အမည်နာမများကို မြတ်နိုးသဖြင့် အတုယူ၍ မှည့်ခေါ်ကြသည်။

နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်တို့သည် ထိုအမည်တို့ကို အခြေခံ၍ ဗုဒ္ဓသာသနိက အထိမ်းအမှတ် ပစ္စည်းများကို တည်ဆောက်ခဲ့ကြသည်။ ထိုပစ္စည်းများကို ကျမ်းဂန်တို့ဖြင့် ပြန်လည် ကိုးကား၍ သမိုင်းပြုကြပြန်ရာ မြန်မာနိုင်ငံသို့ ဘုရားရှင် ကြွရောက်လာပါသည်ဆိုသော အယူအဆ များ အငြင်းပွားစရာ ဖြစ်နေရလေသည်။

ကျမ်းဂန်လာ စကားအရ သာသနိကလက်ရာ ပစ္စည်းများစွာကို တည်ထားပြုစုကြသည်။ သမိုင်းများကို ရေးသားကြသည်။ ဤသို့ ရေးသားရာမှ ဒွိဟဖြစ်ရာများ ပေါ်ပေါက်လာရခြင်း ဖြစ်ပေသည်။

အမှန်မူ ဗုဒ္ဓဘုရားရှင်သည် မြန်မာနိုင်ငံသို့ ရောက်ခြင်း၊ မရောက်ခြင်းမှာ ပြဿနာတစ်ရပ် မဟုတ်ပါ။ အဓိကမှာ ဗုဒ္ဓဘုရားရှင်၏ ဓမ္မဒေသနာတော်များ ရောက်ရှိလာခြင်းသာ ပဓာန ဖြစ်ပေသည်။ ဗုဒ္ဓဒေသနာတော်များ ရောက်ရှိနေသဖြင့် တရားတော်၏ အနှစ်သာရကို ရရှိနေကြ သည်။ ကျင့်သုံးနေကြရသည်။

ဤသို့ တရားဓမ္မကို တွေသိကျင့်ပွားနေရသည်ပင် ဗုဒ္ဓဘုရားကို တွေ့သိဖူးမြင်နေရခြင်း ဖြစ်ပါသည်။ ဗုဒ္ဓတရားတော်ကို မခံယူရလျှင် ဗုဒ္ဓရောက်ရှိခဲ့သော်လည်း အကျိုးတရား ထူးခြားမည် မဟုတ်ပေ။

ဗုဒ္ဓဘုရားရှင် ကိုယ်တိုင်ကလည်း တရားတော်၏ အနှစ်သာရကို မမြင်လျှင် ငါဘုရားကို ဖူးမြင်ရသည် မမည်ကြောင်း၊ တရားတော်ကို မြင်မှသာ ငါဘုရားကို မြင်သိနိုင်မည် ဖြစ်ကြောင်း ၀က္ကလိရဟန်းအား ဟောကြားခဲ့ပါသည်။ ယခုဆိုလျှင် ဗုဒ္ဓပွင့်ရာ မဇ္ဈိမဒေသ၌ သာသနာတော် အားနည်းမှေးမှိန်နေရပြီ။ သာသနာဆိုသည်မှာ အဆုံးအမတရားတော် ဖြစ်သည်။ တရားဒေသနာတော် ကွယ်ပျောက်လျှင် လည်းကောင်း၊ လူသားတို့က ယုံကြည်မှု မရှိလျှင်သော်လည်းကောင်း သာသနာ ကွယ်ပရမည်သာ ဖြစ်သည်။

ဤသို့ ယုံကြည်မှုကို လက်ဆင့်ကမ်း၍ မထိန်းသိမ်းနိုင်ခဲ့သဖြင့် ဆံချီထူပါ၊ ဗောရောဗူးဒူး၊ အင်ကောဝပ်စသော စေတီပုထိုးတို့မှာ ရှေးဟောင်းပစ္စည်းများ အဖြစ် အထီးကျန် ဖြစ်နေခဲ့ရလေသည်။

ယခုအခါ မြန်မာနိုင်ငံသည် လက်ဆင့်ကမ်း သယ်ဆောင်နိုင်ခဲ့သဖြင့် ထေရ၀ါဒ ဗုဒ္ဓဘာသာ ပွင့်လင်းရာ အဓိကနိုင်ငံတော် တစ်ခုအဖြစ် ရပ်တည်နေနိုင်ခဲ့ပါသည်။ ထေရ၀ါဒ ၅-နိုင်ငံ၏ ဦးဆောင်နိုင်ငံလည်း ဖြစ်နေ၏။ ထေရ၀ါဒ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံသို့ မည်သည့်ကာလမှ စ၍ ၀င်ရောက်လာခဲ့လေသနည်း။

No comments:

Post a Comment