Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Friday, May 31, 2013

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေ လွှတ်တော်သို့တင်သွင်းမည်

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး
•••••••••••••••••••••••••••••••••••••••••••••••
ဥပဒေ လွှတ်တော်သို့တင်သွင်းမည်
•••••••••••••••••••••••••••••••
အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအ
ဖွဲ့ မှ ဆရာတော်ကြီးများ ဦးဆောင်၍ အမျိုးဘာသာ သာ
သနာထိန်းသိမ်း စောင့်ရှောက်ရေးဥပဒေကို လွှတ်တော်
သို့ တင်သွင်းနိုင်ရန် ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း ဆရာ
တော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ ( ဦးဝီရသူ)ကယူနတီသို့
မိန့်ကြားသည်။
      "စင်္ကာပူနိုင်ငံတို့ မလေးရှားနိုင်ငံတို့မှာလို မြန်မာနိုင်ငံ
မှာလည်း မြန်မာနိုင်ငံနဲ့လိုက်ဖက်မယ့် အမျိုးဘာသာ
သာသနာထိမ်းသိမ်း စောင့်ရှောက်ရေးဥပဒေပေါ်ထွက်
လာအောင် လက်မှတ်ထိုးပြီလွှတ်တော်တင်မယ်။ အဆို
တင်သွင်းမယ် လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း
ရှာနေပါတယ်။တင်သွင်းနိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်
တိုင်းကို စာပို့ပါတယ်" ဟုဆရာတော် ဦးဝိစိတ္တာဘိဝံသ
(ဦးဝီရသူ)က မိန့်ကြားသည်။
         အမျိုးဘာသာ သာသနာ ထိန်းသိမးစောင့်ရှောက်
ရေးအတွက် ဆရာတော်များက ၂၀၀၁ ခုနှစ်မှစတင်ခဲ့ပြီး
ယခင်နှစ်က သက်ဆိုင်ရာများသို့ အဆင့်ဆင့်စာတင်ခဲ့
ကြောင်း၊ သို့သော်လွှတ်တော်တွင်တင်သွင်းသူမရှိ၍
ဆွေးနွေးမှု မရှိခဲ့ကြောင်း ဆရာတော်ကဆက်လက်မိန့်
ကြားသည်။ 
         အမျိုးဘာသာ သာသနာထိမ်းသိမ်းစောင့်ရှောက်
ရေးအဖွဲ့မှ ဆရာတော်များအနေဖြင့် အဖွဲ့၏လုပ်ငန်းစဉ်
များအားချပြ၍ အထက်ပါ ဥပဒေကို လွှတ်တော်ကိုယ်စား
လှယ်များမှ တဆင့်လွှတ်တော်တွင် တင်သွင်းနိုင်ရန် သ
ဘောထားလက်မှတ်များ ကောက်ယူသွားမည်ဖြစ်သည်။
         ယင်းအတွက် အမျိုးဘာသာ သာသနာ ကာကွယ်
စောင့်ရှောက်ရေး ညှိနှိုင်းအစည်းဝေးကို မေလ ၆ ရက်နေ့
တနင်္လာနေ့တွင် အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်
တိုက်တွင် ပထမအကြိမ်၊ မေလ ၁၄ ရက်တွင်မန္တလေး
မြို့၌ဒုတိယအကြိမ် ကျင်းပခဲ့သည်။
          ယနေ့ဖြစ်ပေါ်နေသော အခြေအနေများအရ အမျိုး
ဘာသာ သာသနာကို ကာကွယ်စောင့်နိုင်ရေးအတွက်
ဆောင်ရွက်ကြရာတွင် အကြမ်းဖက်မှု၊ ပဋိပက္ခများ မဖြစ်
ပွားစေရေး၊ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားများ ညီညွတ်
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရန် စည်းရုံးရေး၊ အမျိုး
ဘာသာ၊ သာသနာကို တရားဥပဒေနှင့်အညီ ကာကွယ်
စောင့်ရှောက်နိုင်ရေးစသည့် အချက်များကို အခြေခံ၍
ဘာသာရေးလူမှုရေးအဖွဲ့စည်းများ မီဒီယာများ သက်ဆိုင်
ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အမျိုးသား
ရေး တာဝန်အဖြစ်ဆောင်ရွက်သွားရန် ဖြစ်သည်။
         အမျိုးဘာသာ သာသနာထိမ်းသိမ်းစောင့်ရှောက်
ရေးအဖွဲ့ကို မေလ၂၀ ရက်တွင်ဖွဲ့စည်းခဲ့ပြီးနိုင်ငံတော်သြ
ဝါဒစရိယ ဆရာတော်ကြီးများ တိပိဋကဓရဆရာတော်များ
ဓမ္မကထိကဆရာတော်များ ခေတ်ပညာတတ်မဟာဓမ္မာစ
ရိယဆရာတော်များနှင့် ဘာသာရေးအသင်းများပါဝင်
ကြောင်းဦးဝီရသူကမိန့်သည်။

အမျိုးဘာ...သာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအ

No comments:

Post a Comment