Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Sunday, May 19, 2013

"(သတိထားဖွယ်) ပျက်စီးသူများ ဖျတ်ဆီးနေကြသည်"


                                
1 photo


**********************************
ဗမာတို့သည် ခေတ်ရေးစီးကြောင်းကြီးတိုင်း တက်မပါဘဲ တမြောတည်းမြောပါလာခဲ့ကြရသည့်အတွက် ထိန်းသိမ်းရန် ခက်ကြုံမှုတို့နှင့်အတူ ထိုခရီးလမ်းတလျှောက်တွင် မှော်၊မှိုက်၊ ဒိုက်သ...ရောတို့ ကပ်ပါလာခဲ့သည်။ ကျောက်ဆောင်နှင့်တိုက်မိပြီးအပဲ့အရွဲ့ ဒဏ်ရာများလည်း ရရှိခဲ့သည်၊ ဝဲဂယက်တွင်လည်း သွက်သွက်ခါအောင်ချာချာလည်ခဲ့ရသည်။ဤသည်မှာဗမာတို့၏ ကမ္မဗီဇကြောင့်ဟု ကျနော်မထင်ပါ။ကျနော်တို့၏ နိစ္စဓူဝတို့ ယိုယွင်းချွတ်ယွင်းမှုတို့ကြောင့်ထိုသို့ပျက်စီးကြောင်းကို ဆိုက်ရောက်လာခဲ့ရသည်ဟု ထင်မြင်အောင်ထပ်မံစွပ်စွဲပါဦးမည်။


လူကြီးသူမ ပညာရှိတို့သည် ဤသည်ကား အပျော်၊ ဤသည်ကား အပျက်၊ ဤသည်ကား အထုံ၊ ဤသည်ကား အဖျင်းဟု ရှုမြင်ကြပြီး မူလနဂို ရွှေပုံပေါ်သို့ ပြန်တင်ပေးရန် ကြိုးပမ်းနေ
ကြသည့်အချိန်၌ ကျနော်တို့ရှုမြင်ထားသည့် အပျော်၊ အပျက်၊ အထုံ၊ အဖျင်းတို့အား
ဘုရင် ဧကရာဇ်တို့ စားတော်ပွဲကြီးပမာ ထင်မှတ်ကာ အရသာခံ စားသုံးနေကြသည်ကို
မြင်ရသောအခါ ပါးစပ်ဟောင်းသားဖြင့် သုညခေတ်တလျှောက်လုံးတွင် နိမ့်ဆုံးဘဝသို့
ရောက်ရချေပြီဟု သံဝေဂမယူနိုင်ရှာပဲ ငိုခြင်းကြီးများဖြင့် မြည်တမ်း
ကြရပါတော့သည်။

ဗမာ့လောကကြီး၏ ဖြစ်တည်ပျက်တို့သည် ဤမျှ မြန်ဆန်ဖောက်ပြန်လာသည်ကို အံ့အဲမကုန်ပါ။ မည်သို့ ဖောက်ပြန်သနည်းဟု သာဓကတခု တင်ပြပါမည်။ မဂ္ဂဇင်းများတွင် တိုကပ်လွန်းလှသည့်
ခန္ဓာကိုယ်အောက်ပိုင်း စကတ်၊ ဂါဝန်လို အဝတ်အစား၊ အလွန်တရာ ဖော်လွန်းနေသည့်
ချက်ပေါ်၊ ရင်သားပေါ်သည့် အင်္ကျီအတိုအပြတ်၊ မိုးကြိုးစက်ကွင်း မိထားသည့်နှယ်
ကြောင်ကြောင်ကြားကြား ဆံပင်ခြေသုတ်ခုံ စသည်စသည်တို့ကို အရေးတယူဖော်ပြနေကြသည်မှာ ဟိရီသြတ္တပ္ပ မည်မျှချို့တဲ့၍ မည်မျှစဉ်းလဲနေသည်ကိုမှန်းဆနိုင်ပါလိမ့်မည်။ ဗမာသည် ကမ္ဘာတွင် ယဉ်ကျေးဆုံး၊အရှက်အကြောက်ကြီးဆုံး၊အားနာတတ်ဆုံး၊သဘောမနောကောင်းဆုံးဟု တချိန်ကကြွေးကြော်ခဲ့ကြသည့် မြန်မာတို့သည် အခုတော့ဖြင့် မိုးနဲ့မြေကြီး၊မိုးကြိုးနှင့် ချီးသံလို ကွားခြားသွားပါပြီ။ ဤသည်မှာ ဖောက်ပြန်ပြောင်းလဲမှုများစွာထဲမှာ တခုပင်ဖြစ်သည်။
ယနေ့ဗမာများ၏ အရှက်ကင်းမဲ့ ဝတ်စားဆင်ယင်မှုများနှင့် ရုန်ရင်းကြမ်းတမ်းသော စကားများကို ထောက်ရှုခြင်းအားဖြင့် အမျိုးသားရေးလက္ခဏာ၊ အမျိုးသားယဉ်ကျေးမှုများ
မည်၍မည်မျှ ပျက်စီးယိုယွင်း နေကြသည်ကို မြင်နိုင်ပါလိမ့်မည်။စစ်ရာဇဝတ်ကောင်များ၊ အနုပညာသည် များ၊ လူချမ်းသာများ၊ ပြည့်တန်ဆာများ တရုတ်၊ ကုလားများ ထိုသူများသည် မြန်မာ့ယဉ်ကျေးမှုကို ဖျက်လိုဖျက်ဆီး လုပ်နေကြသည့် ထိပ်တန်းဖောက်ပြန်ရေးသမားများပင်ဖြစ်သည်။ စစ်ရာဇဝတ်ကောင်တို့သည် ထိပ်ဆုံးမှအောက်ခြေတပ်သားများ အထိ အကျင့်ပျက်လာဒ်စားပြီး အာဏာမြဲရေး၊ထိုင်ခုံမြဲရေး၊ရာထူးတက်ရေးများကိုသာ ဦးစားပေး ဖောက်ပြန်နေကြသည်။
တောနယ်များတွင်မိန်းမပျိုများကို မုဒိန်းကျင့်ခြင်း၊ရွာလုံးကျွတ်မီးရှို့ခြင်း၊ပေါ်တာခေါ်ခြင်း၊ လုပ်အားပေးခေါ်ခြင်း၊ကလေးစစ်သားအသုံးပြုခြင်းတို့ကိုဥပဒေမဲ့ ပြုလုပ်နေကြသည်မှာ အထင်အရှား ပင်ဖြစ်သည်။ဗိုလ်ချုပ်အောင်းဆန်းသည်တပ်မတော်အား ပြည်သူများကို အလုပ်အကျွေးပြုရန် တည်ထောင်ခဲ့ခြင်းဖြစ်သော်လည်းနေဝင်းမဆလခေတ်မှစ၍ သန်းရွှေနအဖခေတ် အထိ မြန်မာပြည်သူတို့ သည် တပ်မတော်အားအလုပ်အကျွေးပြုနေကြရတော့သည်။
အနုပညာသည်ဆိုသူများလည်း စစ်အုပ်နှင့် မထူးခြားနား ဖောက်ပြန်လျှက်ပင်၊ကိုကျော်သူတို့လို မွန်မြတ်ယဉ်ကျေးသည့် အဘိုးတန်အနုပညာသမားများမှာ အင်မတန် နည်းပါးလှသည်။အနုပညာသည် ဆိုသည်မှာ ပြည်သူတို့အား ဦးဆောင်လမ်းပြ ပေးရမည်ဆိုသော်လည်းထိုအနုပညာသည်တို့သည် မိဘပြည်သူတို့အား သူငယ်နပ်စား၊လူဆင်းရဲနင်းပြားများဟု သဘောထား၍ ဗမာ့ယဉ်ကျေးမှုနှင့် ဖီလာဖြစ်သော အပြုအမူ၊အပြောအဆို၊အနေထိုင်၊အသွားအလာ၊အဆင်အယင်တို့ကိုဦးစားပေးလာကြပြီး
အရှက်ဟူသည်မှာ မရှိအပ်သော အရာတခုဖြစ်အောင်၊ အကြောက်ဟူသည် မထားအပ်သော
အရာတခုဟု ထင်မှားအောင် လမ်းမှားသို့ ဆွဲခေါ်နေကြပြီး၊ ဂျောက်ထဲသို့တွန်းချနေသည်မှာ အထင်အရှားပင်။ ယခုအချိန်တွင် မြို့ရောတောပါမကျန်ဗမာ့ယဉ်ကျေးမှုအငွေ့အသက်များ မတွေ့ရမမြင်ရတော့ပါ။ တိုင်းတပါး၏ဖောက်ပြားလော်လီသည့် ယဉ်ကျေးမှုများကိုသာ အထင်ကြီးကြပြီး အတုမှားနေကြသည်မှာအနုပညာသမားဆိုသူများ၏ စနက်ပင်ဖြစ်လေတော့သည်။

ပြည့်တန်ဆာများသည် ဘဝပေးအခြေအနေအရ ခန္ဓာကိုယ်ကိုချရောင်းပြီးဝမ်း ကျောင်းနေရ သူများဖြစ်သောကြောင့် သနားစဖွယ်သတ္တဝါများဖြစ်ပါသည်။ သို့သော်ခန္ဓာကိုယ်ကိုပင် ရင်းနှီး၍ လုပ်ကိုင်စားသောက်နေရသူများပီပီအရှက်တရားနည်းပါးကြပြီ၊ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ အဆင်အယင်မှုအရာတို့၌ မနှစ်မြို့စရာ ရုန့်ရင်း ကြမ်းတမ်း လှသည်။ လူတိုင်းကိုသူ၏ဖောက်သည်ဟုပင် ထင်မှတ်ထားကြဟန်ရှိသည်။ ထိုသူများတွင် အမျိုးဂုဏ်ဟူ၍မရှိ၊ ဇာတိဂုဏ်ဟူ၍မသိဘဲ ငွေစကြေးစ အတွက် ဘယ်သို့ သော ယောက်ျားဖောက်ပြားသူများပင်ဖြစ်စေ လက်သင့်ခံကြသည်။ ကုလား၊ တရုတ်၊ အဖြူ၊ အမည်းမရွေးပိုက်ဆံရလျှင် ဖြစ်ချင်ရာဖြစ်ဟူ၍ သဘောထားသူများ ဖြစ်ကြသည်။

ဗမာပြည်ကြီးသည် တရုတ်၊ ကုလားတို့နှင့် ကူးလူးဆက်ဆံမှုရှိပြီးဖြစ်သည်။ ကောင်းမြတ်သည့် ယဉ်ကျေးမှုနှင့် အတတ်ပညာတို့ကို သည်ဆောင်လာကြပြီး စီးပွားဖက်ပီပီကတိတည်မြဲကာ လက်တွဲလုပ်ဆောင်ခဲ့ကြသည်။ တဦးနှင့်တဦး တယောက်နှင့်တယောက်သဘောကြည်ဖြူကာ တိုးတက်ကြီးပွားအောင် လုပ်ဆောင်ရာ၌ တကယ့်ပင်ကျေးဇူးကြီးလှသူများဖြစ်သည်။ ဤသည်မှာ ပဝေသဏီက တရုတ်၊ ကုလားများဖြစ်ပါသည်။ကိစ္စပြီးလျှင် ကိုယ့်အိမ်ကိုယ်ပြန်ကြသည်ခြည်း။ယ္ခုတရုတ်၊
ကုလားတို့သည်မှာကား ထိုသို့မဟုတ်ဘဲ ဗမာ့ရေကိုသောက်၊ ဗမာ့ထမင်းကိုစားပြီးထမင်းရှင်ဗမာများကို သူ့ကျွန်သဖွယ်ဆက်ဆံနေကြသည်ကို ခံနေကြသည်။ဗမာ့ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ ရတနာပုံ နေပြည်တော်မန္တလေးမြို့၏အချက်ချာများတွင်ဗမာမြင်လျှင် ပါးရိုက်ဟုဆိုရလောက်အောင်
တရုတ်ကုလားများနယ်ချဲ့ထားကြတော့သည်။ မန္တလေးသူများသည် အဝတ်အစား၊ အပြောအဆို၊
အနေအထိုင်မှုများတွင် ယဉ်ကျေး၊ သိမ်မွေ့၊ ပျော့ပြောင်း၊ ချိုသာလှသည်ဟုသတင်းကြီးသည်မှာ ဗမာတိုင်းသည်သိပါလိမ့်မည်။ ယ္ခုအခါတွင် ထိုသတင်းမှာ တက်တက်စင်အောင် လွဲသွားချေပြီ။ တရုတ်မများသည် အဝတ်အစားဆင်ယင်ရာတွင် အလွန်တရာရိုင်စိုင်းလော်လီကြသည်။ အုပ်စုဖွဲ့ဘီယာသောက်ပွဲတွေကို ကျင်းပကြသည်မှာလည်းထိုတရုတ်များပင်ဖြစ်သည်။ ဦးပိန်တံတားပေါ်တွင် ဝိုင်းဖွဲ့ကာ တရုတ်လေးများ၊တရုတ်မ လေးများ အစားအသောက်များနှင့် ဘီယာ၊ အရက်၊ မူယစ်ဆေးကို ယူလာကြပြီးစားသောက် ပျော်ပါးနေကြပြီး လမ်းသွားလမ်းလာများက ခဏလမ်းဖယ်ပေးရန်တောင်းတောင်းပန်ပန် ပြောသည်ကိုပင် မကျေနပ် ဟန်အမူအရာ များကို မြင်ရသည်မှာအော့နှလုံးနာခဲ့ရသည်။ နေရာတကာတွင် တရုတ်ကုလားများ မောင်ပိုင် စီးထားကြပြီးဗမာများမှာတော့ မြင်းလည်း၊ ဆိုက်ကားတို့ဖြင့်သာ ဝမ်းကျောင်းနေကြကာရှေးကျဆုံး စီးပွားရေးကို ထိန်းသိမ်းမြဲပင်။ ထိုမျှပြဆိုရလျှင် ဗမာများ၏ညံ့ဖျင်းမှုများ ပေါ်လွင်နေပြီဖြစ်သည့်အတွက် ကိုယ့်ပေါင်ကိုလှန်မထောင်းချင်တော့။ ဗမာများသည် ရှင်ဘုရာများ၏ ကျွန်ဖြစ်ခဲ့ကြပြီး၊ဗြိတိသျှတို့၏ ကျွန်လည်းဖြစ်ခဲ့ကြသည်။တဖန်စစ်ကျွန်၊တရုတ်ကျွန်၊ကုလားကျွန်များ ဖြစ်နေကြရ၏ ။ခေတ်တလျှောက်လုံး ကျေးတော်မျိုး၊ကျွန်တော်မျိုးများ ဖြစ်ခဲ့ကြရ သည့်ကြောင့်လော မပြောတတ်၊ ယ္ခုထိပင်ကျွန်စိတ်မပျောက်နိုင်ကြသေးဘဲအကွဲအပြဲများကိုမစုစည်းနိုင်ကြ သေး၊ခြောက်စား မြောက်စား များကို မဖယ်ရှားနိုင်ကြသေး၊ ဘဘိုးဘေးတို့ကိုကျေးဇူးမပြုနိုင် သေးဘဲ ကျွန်ဖြစ်မြဲ ဖြစ်နေကြသည်။

အထက်ပါပုဂ္ဂိုလ်တို့သည် နိုင်ငံအကျိုးပြု အရေးကိစ္စများ၊ အမျိုးသားရေးအကျိုးပြု အရေးကိစ္စများ တွင် ပါဝင်ပတ်သက်မှုမရှိဘဲ လှေနံနှစ်ဖက်နင်းပြီး ကိုယ်ကျိုးကိုသာရှေးရှုတတ်ကြသူများ ဖြစ်ကြသည်။ ထိုသူတို့မှာ ဇာတိမာန်ဟူ၍မရှိ၊ဇာတိသွေးဟူ၍မရှိဘဲ ဝံသာနုစိတ်ဓာတ်ကင်းမဲ့သော ရွက်ကျပင်ပေါက်
အချောင်သမားများသာ ဖြစ်ချေသည်။ ဤသည်မှာလည်း ကျနော့်တို့ ဗမာများ၏ စိတ်ဓာတ် ညံ့ဖျင်းသေးသိမ်မှုများကြောင့်ပင် ဖြစ်သည်။ ရှေးဗမာဘဘိုးဘေးတို့၏စိတ်ဓာတ်နှင့်လုပ်ရည် ကိုယ်ရည် ကောင်းမွန်သလောက် ကျနော့်တို့ခေတ်ဗမာများမှာညံ့ဖျင်းခဲ့ကြသည်။ ထိုသေးသိမ်သည့် စိတ်ဓာတ်များ မပျောက်သေးသရွေ့ကျေးတော်မျိုး၊ကျွန်တော်မျိုးဘဝမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ထိုထိုဖောက်ပြန်လော်လီအကျင့်ပျက်များကိုမဖယ်ရှားနိုင်သေးသရွေ့ဇာတိသွေး၊ ဇာတိမာန်များ ကင်းမဲ့နေကြပြီးအမျိုးသားယဉ်ကျေးမှုများ၊အမျိုးသားရေးလက္ခဏာများ ပျက်စီးယိုယွင်း နေဦးမည်ဖြစ်သည်။

"မြန်မာတွေ စည်းကမ်းဖောက်လို့၊ ထီးနန်းပျောက်ဖြစ်ပြီ။
မှီးငြမ်းထောက် အသစ်ကိုမှီသည်၊ ညစ်ပလီလူမျိုး။
မိပစ်လို့ ဖ,ရှောင်သွေသည်၊ ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။
မြန်မာချင်း ကြွားကြချင်၊ ဓားပြသွင်သူခိုး၊
ကုလားမြင် သူ့အမေရိုးတော့မလို၊ ခုမြေလျှိုးပုန်းရှောင်။
မိုက်မနော် ပြုပဂေးရယ်တို့၊ သူ့ပထွေး ထွက်၍မဟောင်။
ပြောရာဟဲ့ရာဇ၀င်ပြောင်အောင်၊ စာဇင်တွေဦးချလို့၊
ပလူးရပြေးကျို့ခါခါ၊ ခွေးသို့ပမာ။
တွေးမိတိုင်း အရိုးနာတယ်၊ အမျိုးပါဆဲချင်ပေါ့လေး။"
(အချုပ်တန်းဆရာဖေ)
1. ဘာသာခြားများ၏ကျွန်ပြုခြင်းခံဘဝမှ လွတ်မြောက်ရေး။
2.ဗုဒ္ဓဘာသာဝင်များနှင့် ဆန့်ကျင်ဘက်ဘာသာခြား အဖွဲ့အစည်းများ ဝင်ရောက်လာမည်ဆိုပါက ဝင်ရောက်ဖို့ကြိုးစားမည်ဆိုပါက သပိတ်မှောက်ဆန့်ကျင်ရေး။
3. အမျိုးသားရေးလက္ခဏာ မပပျောက်ရေး။
4. အမျိုးသားယဉ်ကျေးမှုများ ထိန်းသိမ်း၊ ပြန့်ပွားရေး။
5. သူတော်ကောင်းတရားများ ထွန်းကားရေး။
6. မသူတော်တရားများ ပပျောက်ရေး။
အထက်ပါအရေးကိစ္စများသည် ဗမာ့မြေပေါ်တွင် မွေးဖွားပြီး၊ ဗမာ့မိခင်တို့၏ နို့ရည်ကို သောက်စို့ကာ
ကြီးပြင်း လာကြသူများမှန်လျှင် တာဝန်တရပ်အနေဖြင့် ထမ်းဆောင်ကြ ရမည်ဖြစ်သည်။
ထိုသို့ တာဝန်သိ၍ တာဝန်ရှိသူများပီပီ ကိုယ်စီကိုယ်ငှ ထမ်းဆောင်
နိုင်ကြသည့် ဗမာ့သားကောင်းများဖြစ်ကြစေရန် ရည်သန်၍ ရေးသားလိုက်ပါသည်။
 
ဝန်ခံချက်။ ။ အလွန်ကြာပြီးဖြစ်သော ဖော်ဝတ်မေလ်းအား တဆင့်ဖြန့်ဝေခြင်းသာဖြစ်သည်။
 
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
 
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment