Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Monday, May 6, 2013

"ဗုဒ္ဓဘာသာကို အမြစ်ပြတ် ဖြိုခွင်းဖို့ကြိုးစားခဲ့တဲ့ သံလျင်မြို့စားငဇင်ကာ"

Photo: "ဗုဒ္ဓဘာသာကို အမြစ်ပြတ် ဖြိုခွင်းဖို့ကြိုးစားခဲ့တဲ့ 
သံလျင်မြို့စားငဇင်ကာ"

*************************************************

ရှေးမြန်မာမင်းများလက်ထက်က မြန်မာ့မြေပေါ်မှာ အခွင့်ထူးများရခဲ့ပြီး 
ဗုဒ္ဓဘာသာနဲ့ မြန်မာလူမျိုးများ အပေါင်းကို ထိပါးနှောင့်ယှက်ဖျက်ဆီးခဲ့တဲ့ 
ဘိုင်ဆတ်အပြင် အခြားတိုင်းတစ်ပါးသား နယ်စား တစ်ယောက်လည်း ကျန်ပါသေးတယ်။ 
သက္ကရာဇ် (၉၆၂)ခုနစ်၊ တောင်ငူမင်းနှင့် ရခိုင်မင်းတို့ဟာ ပေါ်တူဂီမှ 
ရောက်ရှိလာတဲ့ ဖိလစ်ဒီဘရစ်တိုနီကိုတီ(ခ) ငဇင်ကာကို လူနှစ်ထောင်ကျော် 
သဘောင်္သုံးစင်း လွန်ကျင်တစ်ရာကျော် အပ်ပြီး သန်လျင်မြို့မှာ နေထိုင်စေပါတယ်။
 ဒီလိုအင်အား အလုံးအရင်းနှင့် သန်လျင်မြို့ကို အပ်လိုက်ခြင်းဟာ 
တိုင်းတစ်ပါးသား လူမျိုးခြား ဘာသာခြားကို မြို့ဝန်နယ်စားအဖြစ် 
အပိုင်စားပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။

ငဇင်ကာဟာ သန်လျင်မြို့ကို အပိုင်စားရထားပေမယ့် သူရဲ့လောဘက အတောမသတ်နိုင်ဘဲ 
တောင်ငူဘုရင် နတ်သျှင်နောင်ကို သွားတိုက်ပါတယ်။ ဆယ်ရက်ခန့် အတွင်းမှာပဲ 
တောင်ငူဘုရင် နတ်သျှင်နောင် ကျရှုံးပြီး နန်းတော်ကိုလည်း 
မီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။ ဘုရား ကျောင်းကန် အိမ်တွေကိုလည်း ဖျက်စီးပြီး
 အဖိုးတန်ပစ္စည်းများကိုလည်း လုယက်ယူငင်သွားပါတယ်။ အဲဒီအချိန်ကစပြီး 
ဒီဘရစ်တို(ခ) ငဇင်ကာဟာ မြန်မာပြည်အတွင်းသို့ ကျူးကျော်ရန်စရေးလမ်းစဉ်ကို 
ပြောင်ပြောင်တင်းတင်း ချမှတ်လုပ်ဆောင်လာခဲ့ပါတယ်။



နောက်ပြီး သန်လျင်မှာ ဘုရားတစ်ဆူလိုနေပြီး သီးခြားအုပ်ချုပ်မှုကို 
ပြုလုပ်ပါတယ်။ သူ့နယ်မြေအတွင်းမှာရှိတဲ့ ပုသိမ် ဒလသင်္ဘောများကိုလည်း 
သိမ်းယူခဲ့သလို ဧရာဝတီမြစ်ဝကျွန်းပေါ်မှာရှိတဲ့ နိုင်ငံခြားကူးသန်း 
ရောင်းဝယ်ရေး သော့ချက်များကိုလည်း သိမ်းယူပြန်ပါတယ်။ သူရဲ့ရည်ရွယ်ချက်ကတော့
 မြန်မာနိုင်ငံတစ်နိုင်ငံလုံးကိုပါ သိမ်းယူပြီး ဗုဒ္ဓဘာသာကိုပါ 
မျိုးဖြုတ်သုတ်သင်ဖို့အထိ အစီအစဉ်များ ချမှတ်ဆောင်ရွတ်လာခဲ့ပါတယ်။

သူပိုင်ဆိုင်တဲ့ နယ်မြေအတွင်းမှာရှိတဲ့ ကျိုက်ခေါက်စေတီတော် အပါအဝင် 
ဘုရားစေတီ ပုထိုးတော်တွေရဲ့ ထီးတော်၊ ငှက်မြတ်နားတော်တွေမှာ လှူဒါန်းထားတဲ့
 အဖိုးတန်၊ စိန်ရွှေရတနာတွေကို ဖြုတ်ယူပါတယ်။ ဘုရားဌာပနာတော်တွေကိုလည်း 
ဖောက်ထွင်းယူပါတယ်။



ဘုရားဆင်းတုတော်တွေကိုလည်း ဖျက်ဆီးပစ်ခဲ့ပါတယ်။ ကြေးဆင်းတုတော်၊ ကြေးစည်၊ 
ကြေးခေါင်းလောင်း၊ စတာတွေကိုလည်း ဖြတ်ယူပြီး 
အမြောက်ဆံကျည်ဆံများပြုလုပ်ပါတယ်။ နောက်ပြီးမြင့်မြတ်တဲ့ 
ဗုဒ္ဓဘာသာရဟန်းတော်တွေကိုလည်း ညှဉ်းဆဲနှိပ်စက် သတ်ဖြတ်ပြန်ပါတယ်။

ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ သူ့ရဲ့ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုတွေကြောင့် 
မြန်မာ့မြေပေါ်မှာတောင် ထင်ထင်ပေါ်ပေါ် မနေဝံ့ကြတော့ဘဲ 
တိတ်တိတ်ပုန်းပုန်းနေရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာ 
မြန်မာလူမျိုးများက ရဟန်းသံဃာတော်တွေကို အလှူဒါန်းရဆိုတဲ့ အမိန့်ကို 
ထုတ်ပြန်ပြီး အမျိုးမျိုးနှောင့်ယှက်ပေးကာ မြန်မာ့မြေ တစ်စိတ်တစ်ဒေသမှာ 
ဗုဒ္ဓဘာသာ သာသနာကွယ်ပျောက်အောင် လုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို 
ကြားသိတော်မူသော အင်းဝဘုရင် မဟာသီဟသူမင်းဟာ လွန်စွာမှ စိတ်မချမ်းမြေ့ 
ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် စစ်အင်အားအလုံးအရင်းနဲ့ တပ်ကြီးချီလာပြီး 
သံလျင်မြို့ကို ဝန်းရံပိတ်ဆို့ တိုက်ခိုက်တော်မူပါတယ် မြို့သိမ်းတိုက်ပွဲဟာ
 အလွန်ပြင်းထန်လှပါတယ်။ မြန်မာရဲဘက်တော်များဟာ အမျိုး ဘာသာ သာသနာကို 
ချစ်တဲ့စိတ်နဲ့ မကြောက်မရွံ့ နောက်မတွန့်ဘဲ တိုက်ခိုက်ကြပါတယ်။ အဲဒီအခါ 
မြို့ရိုးပေါက်ပြီး သာသနာဖျက် ကျူးကျော်ရေးသမား၊ ငရဲသား ငဇင်ကာ(ခ) 
ဒီဘရစ်တိုကို အရှင်လက်ရဖမ်းဆီးရမိပါတယ်။ အင်းဝဘုရင်လည်း ဒီဘရစ်တို(ခ) 
ငဇင်ကာကို ကားစင်တင် တံကျင်းထိုးပြီး ကွပ်မျက်လိုက်ပါတယ်။



ဗုဒ္ဓသာသနာဖျက် ငဇင်ကာကြောင့် မြန်မာလူမျိုးတွေအနေနဲ့ အကြီးမားဆုံး 
ဆုံးရှုံးမှုတွေထဲက တစ်ခုဖြစ်တဲ့ ဓမ္မစေတီခေါင်းလောင်းကြီး 
အစပျောက်သွားမှုပါပဲ။ ဓမ္မစေတီခေါင်းလောင်းကြီးကို ဓမ္မစေတီမင်းက ခရစ်နှစ် 
(၁၃၇၆)ခုနှစ်မှာ သွန်းလုပ်ပြီး ရွှေတိဂုံဘုရားကြီးမှာ လှူဒါန်းခဲ့ပါတယ်။ 
ဓမ္မစေတီခေါင်းလောင်းကြီးရဲ့ ကြီးကျယ်မှုကတော့ ကြေးချိန်ပိဿာ ၁၈၀,၀၀၀၊ 
တန်ချိန် ၂၇၀၊ အစောက် ၁၂တောင်၊ အဝ ၈-တောင် ရှိပါတယ်။ ဓမ္မစေတီမင်းကြီး 
လှူဒါန်းပြီးနောက် ၁၃၂-နှစ်ခန့်အကြာ ခရစ်နှစ် ၁၉၀၈-ခုနှစ်မှာ ငဇင်ကာဟာ 
အမြှောက်များ၊ ကျည်ဆံများပြုလုပ်ရန် ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်မှ 
ဓမ္မစေတီခေါင်းလောင်းကြီးကို အတင်းအဓမ္မ လုယူသယ်ဆောင်သွားပါတယ်။ 
သန်လျင်ဘက်သို့ မရောက်မီ ပုဇွန်တောင်ချောင်းဝ အရောက်မှာ တင်ဆောင်ထားတဲ့ 
သဘောင်္ာဝမ်းဗိုက်ကွဲထွက်သွားပြီး ရန်ကုန်မြစ်အတွင်းထဲ နစ်မြုပ် 
ပျောက်ကွယ်ခဲ့ရဟာ ယနေ့အချိန်ထိပါပဲ။ ငဇင်ကာဟာ ဒီခေါင်းလောင်းကြီးကို 
လုယူသယ်ဆောင်ခြင်း မပြုခဲ့ဘူး ဆိုရင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအနေနဲ့ 
ရွှေတိဂုံဘုရားကြီးအပေါ်မှာ ယနေ့အချိန်ထိ ဂုဏ်ယူဝင့်ကြွားစွာ 
တွေ့မြင်နိုင်ပါသေးတယ်။



ဒီအကြောင်းတွေကို ဒီနေရာလေးမှာ ထည့်ပြောရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ 
လူမျိုးခြား ဘာသာခြားတွေဟာ မြန်မာ့မြေပေါ်မှာ အခွင့်ကောင်းကို ရတိုင်း 
ဗုဒ္ဓဘာသာနဲ့ မြန်မာလူမျိုးတွေကို အမြဲတမ်း ဖျက်ဆီးနှောင့်ယှက် ကြတယ်ဆိုတာ 
သိစေချင်လို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး လူမျိုးခြား ဘာသာခြားတွေကို 
ရာထူးကြီးကြီး ပေးမိခဲ့တဲ့အတွက် အဲဒီရာထူးကပဲ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေကို
 နှိပ်စက်ဖျက်ဆီး စော်ကားခံခဲ့ရတယ်ဆိုတဲ့ သတိသံဝေဂကို 
ရစေချင်လွန်းလို့ပဲဖြစ်ပါတယ်။ အတိတ်က ဖြစ်ရပ်တွေကို သင်္ခန်းစာယူပြီး 
ပြုပြင်သင့်သည်များကို ပြုပြင်စေချင်ကြောင်း အသိပေးလိုက်ပါသည်။

စာဖတ်သူ(ဗုဒ္ဓဘာသာဝင်) များအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး 
လိုရာဆန္ဒများတစ်လုံး တစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)


                                  *************************************************
ရှေးမြန်မာမင်းများလက်ထက်က မြန်မာ့မြေပေါ်မှာ အခွင့်ထူးများရခဲ့ပြီး ဗုဒ္ဓဘာသာနဲ့ မြန်မာလူမျိုးများ အပေါင်းကို ထိပါးနှောင်...့ယှက်ဖျက်ဆီးခဲ့တဲ့ ဘိုင်ဆတ်အပြင် အခြားတိုင်းတစ်ပါးသား နယ်စား တစ်ယောက်လည်း ကျန်ပါသေးတယ်။ သက္ကရာဇ် (၉၆၂)ခုနစ်၊ တောင်ငူမင်းနှင့် ရခိုင်မင်းတို့ဟာ ပေါ်တူဂီမှ ရောက်ရှိလာတဲ့ ဖိလစ်ဒီဘရစ်တိုနီကိုတီ(ခ) ငဇင်ကာကို လူနှစ်ထောင်ကျော် သဘောင်္သုံးစင်း လွန်ကျင်တစ်ရာကျော် အပ်ပြီး သန်လျင်မြို့မှာ နေထိုင်စေပါတယ်။ ဒီလိုအင်အား အလုံးအရင်းနှင့် သန်လျင်မြို့ကို အပ်လိုက်ခြင်းဟာ တိုင်းတစ်ပါးသား လူမျိုးခြား ဘာသာခြားကို မြို့ဝန်နယ်စားအဖြစ် အပိုင်စားပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ငဇင်ကာဟာ သန်လျင်မြို့ကို အပိုင်စားရထားပေမယ့် သူရဲ့လောဘက အတောမသတ်နိုင်ဘဲ တောင်ငူဘုရင် နတ်သျှင်နောင်ကို သွားတိုက်ပါတယ်။ ဆယ်ရက်ခန့် အတွင်းမှာပဲ တောင်ငူဘုရင် နတ်သျှင်နောင် ကျရှုံးပြီး နန်းတော်ကိုလည်း မီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။ ဘုရား ကျောင်းကန် အိမ်တွေကိုလည်း ဖျက်စီးပြီး အဖိုးတန်ပစ္စည်းများကိုလည်း လုယက်ယူငင်သွားပါတယ်။ အဲဒီအချိန်ကစပြီး ဒီဘရစ်တို(ခ) ငဇင်ကာဟာ မြန်မာပြည်အတွင်းသို့ ကျူးကျော်ရန်စရေးလမ်းစဉ်ကို ပြောင်ပြောင်တင်းတင်း ချမှတ်လုပ်ဆောင်လာခဲ့ပါတယ်။

နောက်ပြီး သန်လျင်မှာ ဘုရားတစ်ဆူလိုနေပြီး သီးခြားအုပ်ချုပ်မှုကို ပြုလုပ်ပါတယ်။ သူ့နယ်မြေအတွင်းမှာရှိတဲ့ ပုသိမ် ဒလသင်္ဘောများကိုလည်း သိမ်းယူခဲ့သလို ဧရာဝတီမြစ်ဝကျွန်းပေါ်မှာရှိတဲ့ နိုင်ငံခြားကူးသန်း ရောင်းဝယ်ရေး သော့ချက်များကိုလည်း သိမ်းယူပြန်ပါတယ်။ သူရဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကိုပါ သိမ်းယူပြီး ဗုဒ္ဓဘာသာကိုပါ မျိုးဖြုတ်သုတ်သင်ဖို့အထိ အစီအစဉ်များ ချမှတ်ဆောင်ရွတ်လာခဲ့ပါတယ်။
သူပိုင်ဆိုင်တဲ့ နယ်မြေအတွင်းမှာရှိတဲ့ ကျိုက်ခေါက်စေတီတော် အပါအဝင် ဘုရားစေတီ ပုထိုးတော်တွေရဲ့ ထီးတော်၊ ငှက်မြတ်နားတော်တွေမှာ လှူဒါန်းထားတဲ့ အဖိုးတန်၊ စိန်ရွှေရတနာတွေကို ဖြုတ်ယူပါတယ်။ ဘုရားဌာပနာတော်တွေကိုလည်း ဖောက်ထွင်းယူပါတယ်။

ဘုရားဆင်းတုတော်တွေကိုလည်း ဖျက်ဆီးပစ်ခဲ့ပါတယ်။ ကြေးဆင်းတုတော်၊ ကြေးစည်၊ ကြေးခေါင်းလောင်း၊ စတာတွေကိုလည်း ဖြတ်ယူပြီး အမြောက်ဆံကျည်ဆံများပြုလုပ်ပါတယ်။ နောက်ပြီးမြင့်မြတ်တဲ့ ဗုဒ္ဓဘာသာရဟန်းတော်တွေကိုလည်း ညှဉ်းဆဲနှိပ်စက် သတ်ဖြတ်ပြန်ပါတယ်။
ဗုဒ္ဓဘာသာရဟန်းတော်တွေဟာ သူ့ရဲ့ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုတွေကြောင့် မြန်မာ့မြေပေါ်မှာတောင် ထင်ထင်ပေါ်ပေါ် မနေဝံ့ကြတော့ဘဲ တိတ်တိတ်ပုန်းပုန်းနေရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက ရဟန်းသံဃာတော်တွေကို အလှူဒါန်းရဆိုတဲ့ အမိန့်ကို ထုတ်ပြန်ပြီး အမျိုးမျိုးနှောင့်ယှက်ပေးကာ မြန်မာ့မြေ တစ်စိတ်တစ်ဒေသမှာ ဗုဒ္ဓဘာသာ သာသနာကွယ်ပျောက်အောင် လုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို ကြားသိတော်မူသော အင်းဝဘုရင် မဟာသီဟသူမင်းဟာ လွန်စွာမှ စိတ်မချမ်းမြေ့ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် စစ်အင်အားအလုံးအရင်းနဲ့ တပ်ကြီးချီလာပြီး သံလျင်မြို့ကို ဝန်းရံပိတ်ဆို့ တိုက်ခိုက်တော်မူပါတယ် မြို့သိမ်းတိုက်ပွဲဟာ အလွန်ပြင်းထန်လှပါတယ်။ မြန်မာရဲဘက်တော်များဟာ အမျိုး ဘာသာ သာသနာကို ချစ်တဲ့စိတ်နဲ့ မကြောက်မရွံ့ နောက်မတွန့်ဘဲ တိုက်ခိုက်ကြပါတယ်။ အဲဒီအခါ မြို့ရိုးပေါက်ပြီး သာသနာဖျက် ကျူးကျော်ရေးသမား၊ ငရဲသား ငဇင်ကာ(ခ) ဒီဘရစ်တိုကို အရှင်လက်ရဖမ်းဆီးရမိပါတယ်။ အင်းဝဘုရင်လည်း ဒီဘရစ်တို(ခ) ငဇင်ကာကို ကားစင်တင် တံကျင်းထိုးပြီး ကွပ်မျက်လိုက်ပါတယ်။

ဗုဒ္ဓသာသနာဖျက် ငဇင်ကာကြောင့် မြန်မာလူမျိုးတွေအနေနဲ့ အကြီးမားဆုံး ဆုံးရှုံးမှုတွေထဲက တစ်ခုဖြစ်တဲ့ ဓမ္မစေတီခေါင်းလောင်းကြီး အစပျောက်သွားမှုပါပဲ။ ဓမ္မစေတီခေါင်းလောင်းကြီးကို ဓမ္မစေတီမင်းက ခရစ်နှစ် (၁၃၇၆)ခုနှစ်မှာ သွန်းလုပ်ပြီး ရွှေတိဂုံဘုရားကြီးမှာ လှူဒါန်းခဲ့ပါတယ်။ ဓမ္မစေတီခေါင်းလောင်းကြီးရဲ့ ကြီးကျယ်မှုကတော့ ကြေးချိန်ပိဿာ ၁၈၀,၀၀၀၊ တန်ချိန် ၂၇၀၊ အစောက် ၁၂တောင်၊ အဝ ၈-တောင် ရှိပါတယ်။ ဓမ္မစေတီမင်းကြီး လှူဒါန်းပြီးနောက် ၁၃၂-နှစ်ခန့်အကြာ ခရစ်နှစ် ၁၉၀၈-ခုနှစ်မှာ ငဇင်ကာဟာ အမြှောက်များ၊ ကျည်ဆံများပြုလုပ်ရန် ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်မှ ဓမ္မစေတီခေါင်းလောင်းကြီးကို အတင်းအဓမ္မ လုယူသယ်ဆောင်သွားပါတယ်။ သန်လျင်ဘက်သို့ မရောက်မီ ပုဇွန်တောင်ချောင်းဝ အရောက်မှာ တင်ဆောင်ထားတဲ့ သဘောင်္ာဝမ်းဗိုက်ကွဲထွက်သွားပြီး ရန်ကုန်မြစ်အတွင်းထဲ နစ်မြုပ် ပျောက်ကွယ်ခဲ့ရဟာ ယနေ့အချိန်ထိပါပဲ။ ငဇင်ကာဟာ ဒီခေါင်းလောင်းကြီးကို လုယူသယ်ဆောင်ခြင်း မပြုခဲ့ဘူး ဆိုရင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအနေနဲ့ ရွှေတိဂုံဘုရားကြီးအပေါ်မှာ ယနေ့အချိန်ထိ ဂုဏ်ယူဝင့်ကြွားစွာ တွေ့မြင်နိုင်ပါသေးတယ်။

ဒီအကြောင်းတွေကို ဒီနေရာလေးမှာ ထည့်ပြောရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လူမျိုးခြား ဘာသာခြားတွေဟာ မြန်မာ့မြေပေါ်မှာ အခွင့်ကောင်းကို ရတိုင်း ဗုဒ္ဓဘာသာနဲ့ မြန်မာလူမျိုးတွေကို အမြဲတမ်း ဖျက်ဆီးနှောင့်ယှက် ကြတယ်ဆိုတာ သိစေချင်လို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး လူမျိုးခြား ဘာသာခြားတွေကို ရာထူးကြီးကြီး ပေးမိခဲ့တဲ့အတွက် အဲဒီရာထူးကပဲ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေကို နှိပ်စက်ဖျက်ဆီး စော်ကားခံခဲ့ရတယ်ဆိုတဲ့ သတိသံဝေဂကို ရစေချင်လွန်းလို့ပဲဖြစ်ပါတယ်။ အတိတ်က ဖြစ်ရပ်တွေကို သင်္ခန်းစာယူပြီး ပြုပြင်သင့်သည်များကို ပြုပြင်စေချင်ကြောင်း အသိပေးလိုက်ပါသည်။
စာဖတ်သူ(ဗုဒ္ဓဘာသာဝင်) များအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံး တစ်ဝတည်းပြည့်ဝကြပါစေ။
 
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment