Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Friday, May 31, 2013

"အမျိုးပျက်ဘဝ ဘာသာပျက်ဘဝမှ ကင်းဝေးရအောင်"(ဆုံးအောင်ဖတ်ပေး ကြပါ)

"အမျိုးပျက်ဘဝ ဘာသာပျက်ဘဝမှ 
ကင်းဝေးရအောင်"(ဆုံးအောင်ဖတ်ပေးကြပါ)

******************************************************

စာရေးသူဟာ မိမိရေးသားထားတဲ့  စာအုပ်ကလေး ပြီးဆုံးသွားတဲ့အခါ စာဖတ်ပရိသတ် 
များကို စကားလက်ဆောင်အဖြစ်  ပြောလေ့ရှိပါတယ်။ အခုလည်းပဲ ဒီစာမူလေး 
ရေးပြီးသွားတဲ့အခါ စာဖတ် ပရိတ်သတ်တွေကို မိမိတို့ အမျိုးဘာသာ တည်တံ့ 
ပြန့်ပွားဖို့ အတွက် ဘာစကား လက်ဆောင် ပြောရမလဲလို့ စဉ်းစား မိတဲ့အခါ 
အမတ်ကြီး ဦးပေါ်ဦးက ဘိုးတော်ဘုရားမင်းကို လျှောက်တင်တဲ့ ဥပမာ စကားလေး 
တစ်ခုကို အမှတ်ရမိ ပါတယ်။

ဘိုးတော်ဘုရားဟာ အမတ်ကြီး ဦးပေါ်ဦးကို ပညာရှိ အမတ်ကြီး နေတာက တစ်ကြောင်း 
ငယ်ကျွန်လည်း ဖြစ်တာက တစ်ကြောင်းဆိုတော့ အလွန်ပဲ ခင်မင်ရင်းနှီး ပါတယ်။ 
ဦးပေါ်ဦး အနေဖြင့်လည်း မှန်ရာကို လျှောက်တင်ရ မယ်ဆိုရင် ရှင်ဘုရင်ကိုပင် 
ချမ်းသာ မပေးတတ်သလို တစ်ခါတစ်ရံ မှာလည်း အပျင်းတော်ပြေစေရန် 
ဟာသနှောပြီးလည်း လျှောက်တင်တတ်ပါတယ်။

တစ်နေ့ ညီလာခံမှာ ဘိုးတော်ဘုရားက အမတ်ကြီးဦးပေါ်ဦးကို အပျင်းပြေ 
စနောက်တဲ့သဘောနဲ့ “ ပေါ်ဦးရယ် ငါ့နှယ့် ဘုန်းကံ နည်းလိုက်တာ၊ ရှေးတုန်းက 
ဘေးလောင်းတော် ဘိုးလောင်းတော် လက်ထက်မှာ ဆိုရင် ဆဒ္ဒန် ဆင်ဖြူရတာနာ 
ပေါ်တယ်လို့ ကြားဖူးတယ်။ ငါ့မှာ ဆင်နက်ကြီးပဲ စီးနေရတယ်”လို့ ငြီးပြပါတယ်။

အဲဒါနဲ့ ပညာရှိ အမတ်ကြီး ဦးပေါ်ဦးက “ ဘုန်းတော်ကြောင့် 
စိုးရိမ်ကြောင့်ကြတော် မမူပါနဲ့ဘုရား၊ အခု အရှင် မင်းကြီး စီးတော်မူတဲ့ 
ဆင်မည်းကြီးဟာ နောင်အနှစ် တစ်ရာကြာလာတဲ့အခါ ဆွတ်ဆွတ်ဖြူတဲ့ ဆင်ဖြူတော် 
ရတနာကြီး ဖြစ်လာ ပါလိမ့်မယ်ဘုရား”လို့ လျှောက်တင်လိုက်ပါတယ်။



အမတ်ကြီး ဦးပေါ်ဦး လျှောက်တင် စကားကို ဘိုးတော်ဘုရားက ဘာမှပြစ်တင် 
ဝေဖန်မပြောပေမယ့် ဦးပေါ်ဦးနဲ့ အတူ ခစားနေတဲ့ အမတ်ကြီးတစ်ယောက်က 
ဦးပေါ်ဦးကို တစ်ထောင်နဲ့ တွက်လိုက်ပြီးတော့…

“အမတ်ကြီး ကြည့်လဲလျှောက်တင်ပါဦး။ ဆင်ဆင်ခြင်ခြင် လည်းလျှောက်ပါ၊ 
ဆင်မည်းကြီးက ဘယ်လိုလုပ် ဆွတ်ဆွတ်ဖြူတဲ့ ဆင်ဖြူရတနာ ဖြစ်လာမှာတုန်း”လို့ 
ပြောပါတယ်။ အဲဒီအခါ ဦးပေါ်ဦးက ဘာပြန်ပြောသလဲ ဆိုတော့-

“အမတ်ကြီး ဘာမှ ပူမနေနဲ့၊ နောင်အနှစ်တစ်ရာကြာရင် ခင်ဗျားရှင်ဘုရင်လည်း 
မရှိတော့ဘူး၊ ကျုပ်တို့လည်း မရှိတော့ဘူး၊ အဲဒီတော့ အရေးယူမည့် 
ရှင်ဘုရင်လည်း မရှိတော့သလို အရေးယူခံရမယ့် ကျုပ်တို့လည်း မရှိတော့တဲ့ အတွက်
 ဘာမှ့ ပူစရာ မလိုတော့ဘူးပေါ့။ နောင်တော့ ဖြစ်ချင်ရာဖြစ် ပေါ့ဗျာ”လို့ 
ပြောလိုက်မှ ဘေးနားက ခစားနေတဲ့ အမတ်ကြီးလည်း သဘောပေါက် သွားတော့တယ်။



ဒီအကြောင်းလေးကို ဒီစာအုပ်မှာ ဘာလို့ စကားလက်ဆောင်အဖြစ် 
ထည့်ပြောရတာလဲဆိုရင် အချို့ဗုဒ္ဓဘာသာ မြန်မာလူမျိုး တွေဟာ ကိုယ့်အမျိုး 
ကိုယ့်ဘာသာနဲ့ ပတ်သက်ပြီး အမတ်ကြီး ဦးပေါ်ဦး ပြောသလိုမျိုး “နောင်တော့ မှ 
ဖြစ်ချင်ရာဖြစ်ပေါ့ဗျာ”ဆိုတဲ့ အတွေးမျိုးတွေ ဝင်နေတတ်ကြလို့ပဲ ဖြစ်ပါတယ်။



အမတ်ကြီး ဦးပေါ်ဦးပြောခဲ့တဲံ စကားဟာ ဟာသအဖြစ် ပြောခဲ့တာလည်း ဖြစ်သလို 
ဘယ်သူ ဘယ်သူမှလည်း ထိခိုက်နစ်နာစေတဲ့ စကားမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် 
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအနေနဲ့ အမျိုးဘာသာနဲ့ ပတ်သက်လာရင် အဲဒီလို 
စိတ်ဓာတ်မျိုး မထားကြဖို့ ဆိုတာကိုတော့ နားလည် သဘောပေါက်ကြဖို့ လိုပါတယ်။



တကယ်လို့ အဲဒီလို သေးသိမ်တဲ့ စိတ်ဓာတ်မျိုးတွေ ထားခဲ့မယ်ဆိုရင်လည်း 
မိမိတို့ သားသမီး မြေးမြစ်တွေပဲ ဒုက္ခရောက်ပြီး ကျန်ခဲ့ကြမှာ ဖြစ်ပါတယ်။ 
တစ်ချို့ မြန်မာစကားတွေ ရှိပါတယ်။ နောင်ခါလာ နောင်ခါဈေးဆိုတဲ့ စကားပဲ 
ဖြစ်ပါတယ်။ ဒီစကားဟာ အခြားအရာ ဝတ္ထုနေရာတွေမှာ သုံးလို့ရပေမယ့် 
အမျိုးဘာသာနဲ့ ပတ်သက်လာရင်တော့ လုံးဝမှ သုံးလို့မရပါဘူး။

ဒီလိုပြောလို့ စားရေးသူကို အမျိုးသားရေးဝါဒစွဲ၊ ဘာသာရေးဝါဒစွဲလို့ 
ထင်စရာပါပဲ။ စာရေးသူဟာ အမျိုးသားရေး ဝါဒစွဲ၊ ဘာသာရေးဝါဒစွဲ 
ပုဂ္ဂိုလ်မဟုတ်ပါဘူး။ အမျိုးကိုချစ်တဲ့သူ ဘာသာကို လေးစားတန်ဖိုးထားတဲ့ 
သူဆိုရင် ပိုပြီး ပြည့်စုံမယ်လို့ ထင်ပါတယ်။



အမျိုးကို ချစ်တဲ့သူတိုင်း ဘာသာကို လေးစားတန်ဖိုးထားတဲ့ သူတိုင်းဟာ 
ကိုယ့်အမျိုးကိုယ့်ဘာသာကို ပျက်စီး ဆုံးရှုံး ပျောက်ကွယ်သွားမှာကို 
ကြောက်တတ်ကြစမြဲ ဖြစ်ပါတယ်။

ဒါကလည်း စာရေးသူမှ မဟုတ်ပါဘူး။ အခြား ဘာသာ အခြားလူမျိုးတွေလည်း 
ဒီစိတ်မျိုးတွေ ရှိကြပါတယ်။ သူတို့လည်း သူ့လူမျိုး၊ သူတို့ဘာသာကို 
ထိန်းသိမ်းစောင့်ရှောက်ကြမှာ ဖြစ်သလို စာရေးသူတို့လည်း စာရေးသူတို့ရဲ့ 
လူမျိုးနဲ့ ဘာသာကို ရေရှည်တည်တံ့ ပြန်ပွါးအောင် ထိန်းသိမ်း ကာကွယ် စောင့် 
ရှောက်ရမှာ ဖြစ်ပါတယ်။ ဒီလို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်တဲ့ 
နေရာမှာလည်း သူတစ်ပါးကို ထိခိုက် နစ်နာအောင်လည်း လုပ်စရာမလိုပါဘူး။



တစ်ချိန်က ဗုဒ္ဓသာသနာ ရောင်ဝါထွန်းလင်းခဲ့ပေမဲ့ ယခုအချိန်မှာတော့ 
ဗုဒ္ဓသာသနာကွယ်ပ သွားခဲ့ရတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများကြီး ရှိခဲ့ကြပါတယ်။ 
ဒီနိုင်ငံတွေဟာ ဗုဒ္ဓသာသနာ အစရှာမရအောင် ဘာလို့ ပျောက်ကွယ် သွားခဲ့ကြသလဲ 
ဆိုတာ သင်ခန်းစာ ကောင်းကောင်းကြီး ယူတတ်ကြဖို့ လိုပါတယ်။

အတိတ်သမိုင်းကြောင်းဆိုတာ ကောင်းတာပဲ ဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ဘယ်လိုမှ 
ဖျောက်ဖျက်ပစ်လို့မရတဲ့ အရာတွေ လည်းဖြစ်ပါတယ်။ အတိတ်သမိုင်းကြောင်းကို 
ပြန်လည် သတိရပြီး ဒေါပွနေဖို့ ပြောတာ မဟုတ်ပါဘူး။ ဒီသမိုင်းကြောင်းတွေကို 
လေ့လာပြီး သင်ခန်းစာ ယူတတ်အောင် ပြောရတာဖြစ်ပါတယ်။

တစ်ချိန်က ဗုဒ္ဓသာသနာ ထွန်းလင်းတောက်ပခဲ့တဲ့ အိန္ဒိယနိုင်ငံ၊ 
အာဖဂန်နစ္စတန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ မလေးရှား 
အစရှိတဲ့ နိုင်ငံတွေဟာ ဗုဒ္ဓသာသနာထွန်းလင်း တောက်ပခဲ့တယ်ဆိုတာ ဘယ်လိုမှ 
ငြင်းလို့မရပါဘူး။ ဒါပေမယ့် ယခုအချိန်မှာ ဒီနိုင်ငံတွေမှာ ဗုဒ္ဓဘာသာတွေ 
ပျောက်ပြီး ဘယ်ဘာသာတွေ ရောက်နေကြတယ်ဆိုတာ သတိထားမိကြရင် ဘာသာပျောက်မယ့် 
အန္တရာယ်ဟာလည်း တဖြည်းဖြည်း နီးကပ်လာပြီဆိုတာ ဆင်ခြင်မိကြဖို့ ကောင်းပါတယ်။



မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာဟာ မြန်မာလူမျိုးတွေ အပေါ်မှာတည်ပါတယ်။တခြားဘာသာ 
တခြားလူမျိုးတွေ အပေါ်မှာမတည်ပါဘူး။ နောက်ပြီး ဘုရားကျောင်းကန်၊ စေတီပုထိုး၊
 စာအုပ်စာပေစတဲ့ နေရာတွေထဲမှာလည်း မတည်ပါဘူး။ ထင်ရှားတဲ့ သာဓကတစ်ခုကို 
ထုတ်ပြရမယ်ဆိုရင် အင်ဒီနီးရှားနိုင်ငံမှာ “ဗောဓောဗုဓု”စေတီတော်ကြီး ဆိုတာ 
ရှိပါတယ်။

အခု အဲဒီစေတီတော်ကြီးဟာ ရှေးဟောင်းပြယုတ်တစ်ခု အဖြစ်သာ တည်ရှိတော့ပြီး 
ကိုးကွယ်သူမဲ့နေပါတယ်။ သူတို့ နိုင်ငံက အခြားဘာသာဝင်တွေ အနေဖြင့်လည်း 
ဒီစေတီတော်ကြီးကို အုတ်ပုံအဖြစ်သာ ရှုမြင်ပြီး အတွဲတွေထိုင်၊ ဖိနပ်တွေစီး 
လုပ်နေကြပါတယ်။ အဲဒီလို မရိုမသေလုပ်နေကြပေမယ့်လည်း စေတီတော်ကြီးကတော့ ဘာမှ 
မတတ်နိုင်ဘဲ ဒီအတိုင်း ငုတ်တုတ်ပါပဲ။

ယနေ့ မြန်မာနိုင်ငံမှာရှိတဲ့ စေတီပုထိုး၊ ကျောင်းကန်ဇရပ် တန်ဆောင်းတွေမှာ 
ရွှေရောင်၊ ငွေရောင်တွေ တဖိတ်ဖိတ် တလက်လက်နဲ့ အရောက် တောက်နေတာတွေဟာ 
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေက ပြုပြင် ထိန်သိမ်း စောင့်ရှောက် နေကြလို့ပဲ 
ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ များများရှိဖို့ 
လိုပါတယ်။  ဗုဒ္ဓဘာသာတွေ များများ ရှိမှလည်း စေတီပုထိုး၊ ကျောင်းကန် ဇရပ်၊ 
တန်ဆောင်း တွေမှာလည်း ဒီထက်မက အရောက် တောက်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေ 
တဖြည်းဖြည်း လျော့ပါးသွားလေ စေတီပုထိုး၊ ကျောင်းကန်၊ ဇရပ်၊ တန်ဆောင်းတွေ 
မှာလည်း တဖြည်းဖြည်း အရောင်မှိန်လာလေ ဖြစ်မှာပါပဲ။



"ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ မျိုးရိုး စဉ်ဆက် ကတည်းက ရိုးသား 
ဖြူစင်ပြီး ပွင့်လင်းကြပါတယ်။ နောက်ပြီး အေးအေးဆေးဆေး နေတတ်ကြတယ်။ အမှုမဲ့ 
အမှတ်မဲ့ နေတတ်ကြတယ်။ လူတစ်ဖက်သားကိုလည်း သနားကြင်နာ ပိုတတ်ကြပါတယ်။ 
လူမျိုးမရွေး၊ ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေး တန်းတူကူညီ ဆက်ဆံတတ်ကြပြီး 
သူတစ်ပါးတွေရဲ့ အခွင့်အရေး များကိုလည်း ထိပါးနှောင့်ယှက်မှု 
မပြုတတ်ကြပါဘူး"။



ဒါဟာ ချစ်စရာကောင်းတဲ့ မြန်မာ့ဓလေ့ပဲဖြစ်ပါတယ်။ ဒါပေမယ့် အရာရာမှာ ရိုးသား 
ဖြူစင်လွန်းရင်လည်း မကောင်းပါဘူး။ ရိုးလွန်းရင်လည်း အ သွားတတ်ပါတယ်။ 
ဖြူစင်လွန်းရင်လည်း ညစ်ပေလွယ်တတ်ပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ 
အားနာတတ်တဲ့ နေရာမှာလည်း နှစ်ယောက်မရှိပါဘူး။ အားနာရင် ခါးပါတတ်တယ် ဆိုတာ 
သိထားသင့်ပါတယ်။



ယခုအခါ မြန်မာတစ်မျိုးသားလုံးရဲ့ အမျိုးသားရေး အန္တရာယ်၊ ဘာသာရေးအန္တရယ်ဟာ 
တစ်နေ့တစ်ခြား ပိုမို ကြီးထွားလာနေတာကို မေ့လျော့ ပေါ့ဆနေလို့ မဖြစ်ပါဘူး။ 
“ထိပ်ချမှ ဓားပြမှန်းသိ”ကြမယ်ဆိုရင်တော့ အမှားနောင်တ တသသဖြစ်ရတော့မှာ 
သေချာမလွဲ အမှန်ဧကန်ပါပဲ။ ဒါကြောင့်မို့ နေရာတကာမှာ ရိုးရိုးအအနဲ့ အမှုမဲ့ 
အမှတ်မဲ့ မနေကြဘဲ အလေးအနက် ထားစေချင်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာရှိတဲ့ ထေရဝါဒနိုင်ငံတွေထဲမှာ ပရိယတ္တိ၊ ပဋိပတ္တိ၊
 ပဋိဝေဓဆိုတဲ့ သာသနာသုံးရပ်  စည်ပင်ထွန်းကား ပြန့်ပွားရာ 
ဘူမိနက်သန်နေရာမှန် တစ်ခု ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ သာသနာတော်ဟာ 
ပထမမြန်မာနိုင်ငံလို့ခေါ်တဲ့ ဘုရင့်နောင်မင်း တရားခေတ်၊ 
တတိယမြန်မာနိုင်ငံလို့ခေါ်တဲ့ ဦးအောင်ဇေယျခေတ်တိုင် အောင် ယနေ့အချိန်ထိ 
နေလိုလို ထွန်းလင်းတောက်ပခဲ့ပါတယ်။



ယခုအခါ “ဆွမ်းဆန်ထဲ ကြွက်ချးရော”ဆိုတဲ့ စကားလို လူမျိုးခြား ဘာသာခြားတွေဟာ 
ဘာသာရေး အသိစိတ်ဓာတ် ခေါင်းပါးပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မသိနားမလည်တဲ့ 
ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတွေကို စီးပွါး ရေးကို မက်လုံးပေးပြီး 
ရောင်စုံမျက်နှာနဲ့  သူတို့လူမျိုး၊ သူတို့ဘာသာထဲ သွတ်သွင်းနေကြပါတယ်။ 
ဒီလို အမျိုးဘာသာကို ပျက်စီးဆုံးရှုံးစေမယ့် လုပ်ရပ်တွေကို ဗုဒ္ဓဘာသာ 
မြန်မာလူမျိုးတွေ အနေနဲ့ ရိုးလွန်းအလွန်းပြီး အမှုမဲ့ အမှတ်မဲ့ 
မနေသင့်ပါဘူး။

ယခုကဲ့သို့ သွေးအေးအေးနဲ့ အမှုမဲ့အမှတ်မဲ့ နေသွားကြမယ်ဆိုရင် မိမိတို့ရဲ့ 
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေနှင့် 
တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရားယဉ်ကျေးမှုတွေ ပျက်စီးဆုံးရှုံး 
သွားနိုင်ပါတယ်။ မိမိုတို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို 
မိမိတို့ကိုယ်တိုင်ပဲ ထိန်းသိမ်းစောင့်ရှောက်နိုင်မှ ရနိုင်ပါတယ်။ တစ်ခြား 
လူမျိုး တစ်ခြား ဘာသာတွေက ထိန်းသိမ်းစောင့်ရှောက် ပေးတယ်ဆိုတာ ထုံးစံလည်း 
မရှိသလို ရာဇဝင်များလည်း မရှိခဲ့ပါဘူး။



ဒါကြောင့်မို့ မြန်မာလူမျိုးတွေ တည်တံ့ဖို့လိုပါတယ်။ မြန်မာလူမျိုးတွေ 
တည်တဲ့မှလည်း ဗုဒ္ဓဘာသာတည်တံ့မှာ ဖြစ်သလို ဗုဒ္ဓဘာသာ တည်တဲ့မှလည်း 
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ 
တည်တံ့နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုပါပဲ။ မြန်မာ ရိုးရာ ယဉ်ကျေးမှုတွေ 
တည်တဲ့မှလည်း မြန်မာလူမျိုးနှင့် မြန်မာနိုင်ငံဟာ  တည်တံ့နိုင်ပါတယ်။

မြန်မာလူမျိုးနှင့် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာနှင့် မြန်မာ့ယဉ်ကျေးမှု၊ 
မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာနိုင်ငံဟာ အဲသည်လို တစ်ခုနဲ့ တစ်ခု 
ဆက်စပ်မှုတွေ ရှိနေပါတယ်။ ဘယ်လောက်ထိ ဆက်စပ်မှုတွေ ရှိနေသလဲဆိုရင် 
နွားနို့နှင့် ရေ ဆိုတာ ခွဲခြားလို့ မရနိုင်လောက်အောင် ရှိသလိုပဲ 
ဆက်စပ်မှုတွေက ရှိနေပါတယ်။



ယနေ့မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ ရောက်လာတဲ့အခါ မြန်မာ့ယဉ်ကျေးမှု 
အမွေအနှစ်တွေကို လိုက်ပြပါ ဆိုရင် ပုဂံဒေသကိုပဲ သွားရောက်ပြသပေးရပါတယ်။ 
ဘာလို့ ပုဂံ ဒေသကို သွားရောက်ပြသပေးရတာလဲဆို ရင် ပုဂံဒေသမှာ ဗုဒ္ဓဘာသာနဲ့ 
ပတ်သက်တဲ့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေ စုဝေးတည်ရှိနေလို့ပဲ ဖြစ်ပါတယ်။ 
ဒီမြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေကပဲ 
ရှေးအစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက် နိုင်ခဲ့လို့သာ ယခုလို 
ပြသနိုင်တာဖြစ်ပါတယ်။ တကယ်လို့သာ မြန်မာနိုင်ငံမှာ အခြားဘာသာတရားတွေ 
လွမ်းမိုးသွားမယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာ့အကြီးဆုံး ဗောဓော 
ဗုဓုစေတီတော်ကြီးလို အုတ်ပုံအဖြစ်နဲ့ပဲ ဇာတ်သိမ်းသွားနိုင်ပါတယ်။



အာဖဂန်နစ္စတန်နိုင်ငံမှာလည်း ၂၀၀၁ ခုနှစ် နှစ်ဦးပိုင်းတုန်းက 
ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုကို လည်း အမြဲတမ်းပဲ 
အမှတ်ရနေစေချင်ပါတယ်။ အဲဒီနိုင်ငံမှာ အိုစမာဘင်လာဒင်နှင့် 
တာလီဘန်ခေါင်းဆောင်တဲ့ အစိုးရ အဖွဲ့ဟာ သူတို့ဘာသာနှင့် မညီညွတ်ဘူးဆိုပြီး 
အမြောက်တွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖျက်ဆီးပစ်လိုက်ပါတယ်။ ဒီဖြစ် ရပ်ဟာ ဘာမှ
 မကြာသေးလို့ အားလုံးသိပြီးဖြစ်ပါတယ်။



တကယ်လို့သာ အဲဒီနိုင်ငံမှာ ဗုဒ္ဓဘာသာမျိုးဆက်သစ်တွေ ဆက်လက် တည်တံ့နေခဲ့မယ် 
ဆိုရင် ကျောက် တောင် ကျောက်သားတွေကို ထွင်းထုထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီး 
နှစ်ဆူဟာဘယ်လို အကြောင်းကြောင့်တွေနဲ့မှ မြေခကြွေကျစရာအကြောင်းမရှိပါဘူး။

အခုတော့ အဲဒီနိုင်ငံမှာ ဗုဒ္ဓဘာသာရဟန်းတော်များနှင့်တကွ 
ဗုဒ္ဓဘာသာမျိုးဆက်သစ်တွေ ဘယ်ရောက်သွား ကြကုန်တာလဲ။ ဗုဒ္ဓသာသနာတော်ကြီး ဘာလို့
 ကွယ်ခဲ့ရသလဲ၊ ရဟန်းတော်တို့ စာပေမသင်ကြားကြလို့လား၊ ဘုရားရှင်ရဲ့ 
တရားတော်တွေကို လေ့လာအားထုတ်မှု မရှိကြလို့လား၊ အစာရေစာ ရှားပါးကြလို့လား၊ 
အနာရောဂါ ဘေးဆိုးကြောင့်လား၊ ထေရဝါဒ မဟာယာနဂိုဏ်းဂဏ ကွဲပြားသွားကြလို့လား။



အထက်ပါအကြောင်းအရာတွေကြောင့် မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ သမိုင်းဆိုတာ 
လိမ်လို့မရ၊ ညာလို့မရ၊ ဖုံးကွယ်လို့ မရပါဘူး။ သမိုင်းကြောင်း 
အထောက်အထားနှင့် ခိုင်ခိုင် မာမာ ပြည့်ပြည့်စုံစုံ ရေးပြမယ်ဆိုရင် 
တော်တော်ကိုပဲ ထိတ်လန့် ခြောက်ခြားဖွယ်၊ အော့နှလုံးနာဖွယ် 
ရင်နာဖွယ်ရာကောင်းလှပါသည်။



ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ သာသနာနှစ်ငါးထောင် တည်မယ်ဆိုတဲ့ စကားကို 
လှေနံဓားထစ် မှတ်ထားကြပြီး အေးအေးဆေးဆေး ကြောင့်ကြမဲ့ နေကြပါတယ်။ တွေးတော 
ဆင်ခြင်မှုလည်း မရှိသလို လေ့လာစုံစမ်း မှုလည်း မရှိဘဲ ကမ်းကုန်အောင် အ ကြ၊ န 
ကြသည်မှာ စိတ်ညစ်စရာကောင်းလှပါတယ်။



အချို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဆိုရင် မိမိတို့ရဲ့ မြန်မာသမီးပျိုလေး 
လူမျိုးခြား ဘာသာခြားနဲ့ တွဲသွားတွဲလာ လုပ်တာတောင် ဗြဟ္မစိုရ်တရား 
လက်ကိုင်ထားတော့မလို၊ လူမှုရေးရှုထောင့်က ကြည့်တော့မလို စီးပွားရေး ရှုထောင့်က
 ကြည့်တော့မလို၊ ဟိုလိုလို ဒီလိုလိုနဲ့သာ အချိန်တွေကုန်ပြီး 
ဦးတည်ချက်ကင်းကွာနေသော အနာဂတ်ခရီးကို စမ်းတဝါးဝါးနဲ့ 
လျှောက်လှမ်းရင်းခြင့် မိမိတို့သားသမီးများ၊ အမျိုးပျက်ဘဝရောက်ရတဲ့အထိ 
ဖြစ်ကြရပါတယ်။



အချို့မြန်မာအမျိုးသမီးများအနေဖြင့်လည်း လူမျိုးမျက်နှာ၊ ဘာသာမျက်နှာကို 
မထောက်ဘဲ လူမျိုးခြား၊ ဘာသာ ခြား စကားတွေရဲ့ စကားကို ယုံပြီး စေတနာဗလပွနဲ့ 
မိမိရဲ့ ခန္ဓာကိုယ်ကိုပါ ပုံအပ်လိုက်ကြတာဟာလည်း တော်တော်ကိုပဲ 
အသိတရားခေါင်းပါးလွန်းလှပါတယ်။ အားနာတတ်လိုက်ကြတာကလည်း ကလေးဆယ်ယောက် 
အဖေခေါ်စရာ မရှိလောက်အောင်ပါပဲ။ အဲသည်လိုသာ ရှေ့ဆက်ပြီး 
အနားနေကြဦးမယ်ဆိုရင်တော့ “အားနာတက်တာ အရာရာ 
မကြာပျက်စီးကြောင်း"ဆိုတဲ့ စကားလို လူမျိုးခြား ဘာသာခြားကို အားနာတဲ့ 
မိန်းကလေးဟာ မကြာခင်မှာပဲ အမျိုးပျက်ဘဝ ဘာသာပျက်ဘဝ ရောက်ရတော့မှာ အမှန်မလွဲ
 မုချဧကန်ပဲ ဖြစ်ရပါတော့မယ်။

ဒါကြောင့်မို့ ရဟန်းသံဃာတော်များနှင့် ဗုဒ္ဓဘာသာမိဘများအနေနဲ့ မိမိတို့ရဲ့ 
အနာဂတ်မျိုးဆက်သစ် ရင်သွေးငယ်များကို ဗုဒ္ဓရဲ့ ဘာသာရေး အခြေခံသဘောတရားများ၊ 
ယဉ်ကျေးမှုစရိုက် လက္ခဏာများနှင့် အမျိုးသားရေး စိတ်ဓတ်ာများကို သွန်သင်ဆုံးမ
 နားချပေးဖို့ လိုအပ်ပါတယ်။ သို့မှသာ ဘာသာရေးစိတ်ဓာတ်နှင့် အမျိုးသားရေး 
စိတ်ဓာတ်များ ပြည့်ဝ ခိုင်မာမှာ ဖြစ်ပါတယ်။

တကယ်လို့ အနာဂတ်မျိုးဆက်သစ်လေးများ အမျိုးသားရေး စိတ်ဓာတ်နှင့် ဘာသာရေး 
စိတ်ဓာတ်မခိုင်မာပါက ရေမပြည့်တဲ့ အိုးလို ဘောင်ဘင်ခတ်ကာ မျိုးရိုးဗီဇကို 
ခြေကန်ပြီး အမိမြန်မာ တည်းဟူသော ရေအိုးထဲမှာ မတည်ဘဲ ဘာသာခြားထဲကို 
ဖိတ်စင်ကာ အဟောသိကံ ဘဝဖြင့် ပျောက်ကွယ်သွားနိုင်ပါတယ်။



ဒါကြောင့်မို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေနဲ့ အမတ်ကြီး ဦးပေါ်ဦးပြောသလို
 “နောင်တော့မှ ဖြစ်ချင်ရာဖြစ်ပေါ့ဗျာ” ဆိုတဲ့ သဘောမျိုးမထားဘဲ 
အကြောင်းအခြင်းအရာအားလုံးကို ထောက်ရှု၍ နိုးနိုးကြားကြားရှိကြဖို့ 
အချိန်တန်ပါပြီ။ အသိတစ်လုံးဟာ အလွန်ပဲ အရေးကြီးလှပါတယ်။ မသိခင်မှာ 
အမှားလုပ်မိကြပေမယ့် အသိရတဲ့ အချိန်မှာတော့ အမျိုးပျက်ဘဝ ဘာသာပျက်ဘဝမှ 
ကင်းဝေးရအောင် ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာဆောင်ပြီး အမျိုးဘာသာ 
အကျိုးအဆက်တိုးလို့ သယ်ပိုး နိုင်ကြပါစေလို့ 
ဆန္ဒပြုရင်း။ဖိုးပညော(သပိတ်ကျင်း)

 စာဖတ်သူအားလုံးသက်ရှည် 
ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

******************************************************
စာရေးသူဟာ မိမိရေးသားထားတဲ့ စာအုပ်ကလေး ပြီ...းဆုံးသွားတဲ့အခါ စာဖတ်ပရိသတ် များကို စကားလက်ဆောင်အဖြစ် ပြောလေ့ရှိပါတယ်။ အခုလည်းပဲ ဒီစာမူလေး ရေးပြီးသွားတဲ့အခါ စာဖတ် ပရိတ်သတ်တွေကို မိမိတို့ အမျိုးဘာသာ တည်တံ့ ပြန့်ပွားဖို့ အတွက် ဘာစကား လက်ဆောင် ပြောရမလဲလို့ စဉ်းစား မိတဲ့အခါ အမတ်ကြီး ဦးပေါ်ဦးက ဘိုးတော်ဘုရားမင်းကို လျှောက်တင်တဲ့ ဥပမာ စကားလေး တစ်ခုကို အမှတ်ရမိ ပါတယ်။
ဘိုးတော်ဘုရားဟာ အမတ်ကြီး ဦးပေါ်ဦးကို ပညာရှိ အမတ်ကြီး နေတာက တစ်ကြောင်း ငယ်ကျွန်လည်း ဖြစ်တာက တစ်ကြောင်းဆိုတော့ အလွန်ပဲ ခင်မင်ရင်းနှီး ပါတယ်။ ဦးပေါ်ဦး အနေဖြင့်လည်း မှန်ရာကို လျှောက်တင်ရ မယ်ဆိုရင် ရှင်ဘုရင်ကိုပင် ချမ်းသာ မပေးတတ်သလို တစ်ခါတစ်ရံ မှာလည်း အပျင်းတော်ပြေစေရန် ဟာသနှောပြီးလည်း လျှောက်တင်တတ်ပါတယ်။
တစ်နေ့ ညီလာခံမှာ ဘိုးတော်ဘုရားက အမတ်ကြီးဦးပေါ်ဦးကို အပျင်းပြေ စနောက်တဲ့သဘောနဲ့ “ ပေါ်ဦးရယ် ငါ့နှယ့် ဘုန်းကံ နည်းလိုက်တာ၊ ရှေးတုန်းက ဘေးလောင်းတော် ဘိုးလောင်းတော် လက်ထက်မှာ ဆိုရင် ဆဒ္ဒန် ဆင်ဖြူရတာနာ ပေါ်တယ်လို့ ကြားဖူးတယ်။ ငါ့မှာ ဆင်နက်ကြီးပဲ စီးနေရတယ်”လို့ ငြီးပြပါတယ်။
အဲဒါနဲ့ ပညာရှိ အမတ်ကြီး ဦးပေါ်ဦးက “ ဘုန်းတော်ကြောင့် စိုးရိမ်ကြောင့်ကြတော် မမူပါနဲ့ဘုရား၊ အခု အရှင် မင်းကြီး စီးတော်မူတဲ့ ဆင်မည်းကြီးဟာ နောင်အနှစ် တစ်ရာကြာလာတဲ့အခါ ဆွတ်ဆွတ်ဖြူတဲ့ ဆင်ဖြူတော် ရတနာကြီး ဖြစ်လာ ပါလိမ့်မယ်ဘုရား”လို့ လျှောက်တင်လိုက်ပါတယ်။

အမတ်ကြီး ဦးပေါ်ဦး လျှောက်တင် စကားကို ဘိုးတော်ဘုရားက ဘာမှပြစ်တင် ဝေဖန်မပြောပေမယ့် ဦးပေါ်ဦးနဲ့ အတူ ခစားနေတဲ့ အမတ်ကြီးတစ်ယောက်က ဦးပေါ်ဦးကို တစ်ထောင်နဲ့ တွက်လိုက်ပြီးတော့…
“အမတ်ကြီး ကြည့်လဲလျှောက်တင်ပါဦး။ ဆင်ဆင်ခြင်ခြင် လည်းလျှောက်ပါ၊ ဆင်မည်းကြီးက ဘယ်လိုလုပ် ဆွတ်ဆွတ်ဖြူတဲ့ ဆင်ဖြူရတနာ ဖြစ်လာမှာတုန်း”လို့ ပြောပါတယ်။ အဲဒီအခါ ဦးပေါ်ဦးက ဘာပြန်ပြောသလဲ ဆိုတော့-
“အမတ်ကြီး ဘာမှ ပူမနေနဲ့၊ နောင်အနှစ်တစ်ရာကြာရင် ခင်ဗျားရှင်ဘုရင်လည်း မရှိတော့ဘူး၊ ကျုပ်တို့လည်း မရှိတော့ဘူး၊ အဲဒီတော့ အရေးယူမည့် ရှင်ဘုရင်လည်း မရှိတော့သလို အရေးယူခံရမယ့် ကျုပ်တို့လည်း မရှိတော့တဲ့ အတွက် ဘာမှ့ ပူစရာ မလိုတော့ဘူးပေါ့။ နောင်တော့ ဖြစ်ချင်ရာဖြစ် ပေါ့ဗျာ”လို့ ပြောလိုက်မှ ဘေးနားက ခစားနေတဲ့ အမတ်ကြီးလည်း သဘောပေါက် သွားတော့တယ်။

ဒီအကြောင်းလေးကို ဒီစာအုပ်မှာ ဘာလို့ စကားလက်ဆောင်အဖြစ် ထည့်ပြောရတာလဲဆိုရင် အချို့ဗုဒ္ဓဘာသာ မြန်မာလူမျိုး တွေဟာ ကိုယ့်အမျိုး ကိုယ့်ဘာသာနဲ့ ပတ်သက်ပြီး အမတ်ကြီး ဦးပေါ်ဦး ပြောသလိုမျိုး “နောင်တော့ မှ ဖြစ်ချင်ရာဖြစ်ပေါ့ဗျာ”ဆိုတဲ့ အတွေးမျိုးတွေ ဝင်နေတတ်ကြလို့ပဲ ဖြစ်ပါတယ်။

အမတ်ကြီး ဦးပေါ်ဦးပြောခဲ့တဲံ စကားဟာ ဟာသအဖြစ် ပြောခဲ့တာလည်း ဖြစ်သလို ဘယ်သူ ဘယ်သူမှလည်း ထိခိုက်နစ်နာစေတဲ့ စကားမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအနေနဲ့ အမျိုးဘာသာနဲ့ ပတ်သက်လာရင် အဲဒီလို စိတ်ဓာတ်မျိုး မထားကြဖို့ ဆိုတာကိုတော့ နားလည် သဘောပေါက်ကြဖို့ လိုပါတယ်။

တကယ်လို့ အဲဒီလို သေးသိမ်တဲ့ စိတ်ဓာတ်မျိုးတွေ ထားခဲ့မယ်ဆိုရင်လည်း မိမိတို့ သားသမီး မြေးမြစ်တွေပဲ ဒုက္ခရောက်ပြီး ကျန်ခဲ့ကြမှာ ဖြစ်ပါတယ်။ တစ်ချို့ မြန်မာစကားတွေ ရှိပါတယ်။ နောင်ခါလာ နောင်ခါဈေးဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ဒီစကားဟာ အခြားအရာ ဝတ္ထုနေရာတွေမှာ သုံးလို့ရပေမယ့် အမျိုးဘာသာနဲ့ ပတ်သက်လာရင်တော့ လုံးဝမှ သုံးလို့မရပါဘူး။
ဒီလိုပြောလို့ စားရေးသူကို အမျိုးသားရေးဝါဒစွဲ၊ ဘာသာရေးဝါဒစွဲလို့ ထင်စရာပါပဲ။ စာရေးသူဟာ အမျိုးသားရေး ဝါဒစွဲ၊ ဘာသာရေးဝါဒစွဲ ပုဂ္ဂိုလ်မဟုတ်ပါဘူး။ အမျိုးကိုချစ်တဲ့သူ ဘာသာကို လေးစားတန်ဖိုးထားတဲ့ သူဆိုရင် ပိုပြီး ပြည့်စုံမယ်လို့ ထင်ပါတယ်။

အမျိုးကို ချစ်တဲ့သူတိုင်း ဘာသာကို လေးစားတန်ဖိုးထားတဲ့ သူတိုင်းဟာ ကိုယ့်အမျိုးကိုယ့်ဘာသာကို ပျက်စီး ဆုံးရှုံး ပျောက်ကွယ်သွားမှာကို ကြောက်တတ်ကြစမြဲ ဖြစ်ပါတယ်။
ဒါကလည်း စာရေးသူမှ မဟုတ်ပါဘူး။ အခြား ဘာသာ အခြားလူမျိုးတွေလည်း ဒီစိတ်မျိုးတွေ ရှိကြပါတယ်။ သူတို့လည်း သူ့လူမျိုး၊ သူတို့ဘာသာကို ထိန်းသိမ်းစောင့်ရှောက်ကြမှာ ဖြစ်သလို စာရေးသူတို့လည်း စာရေးသူတို့ရဲ့ လူမျိုးနဲ့ ဘာသာကို ရေရှည်တည်တံ့ ပြန်ပွါးအောင် ထိန်းသိမ်း ကာကွယ် စောင့် ရှောက်ရမှာ ဖြစ်ပါတယ်။ ဒီလို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်တဲ့ နေရာမှာလည်း သူတစ်ပါးကို ထိခိုက် နစ်နာအောင်လည်း လုပ်စရာမလိုပါဘူး။

တစ်ချိန်က ဗုဒ္ဓသာသနာ ရောင်ဝါထွန်းလင်းခဲ့ပေမဲ့ ယခုအချိန်မှာတော့ ဗုဒ္ဓသာသနာကွယ်ပ သွားခဲ့ရတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများကြီး ရှိခဲ့ကြပါတယ်။ ဒီနိုင်ငံတွေဟာ ဗုဒ္ဓသာသနာ အစရှာမရအောင် ဘာလို့ ပျောက်ကွယ် သွားခဲ့ကြသလဲ ဆိုတာ သင်ခန်းစာ ကောင်းကောင်းကြီး ယူတတ်ကြဖို့ လိုပါတယ်။
အတိတ်သမိုင်းကြောင်းဆိုတာ ကောင်းတာပဲ ဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ဘယ်လိုမှ ဖျောက်ဖျက်ပစ်လို့မရတဲ့ အရာတွေ လည်းဖြစ်ပါတယ်။ အတိတ်သမိုင်းကြောင်းကို ပြန်လည် သတိရပြီး ဒေါပွနေဖို့ ပြောတာ မဟုတ်ပါဘူး။ ဒီသမိုင်းကြောင်းတွေကို လေ့လာပြီး သင်ခန်းစာ ယူတတ်အောင် ပြောရတာဖြစ်ပါတယ်။
တစ်ချိန်က ဗုဒ္ဓသာသနာ ထွန်းလင်းတောက်ပခဲ့တဲ့ အိန္ဒိယနိုင်ငံ၊ အာဖဂန်နစ္စတန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ မလေးရှား အစရှိတဲ့ နိုင်ငံတွေဟာ ဗုဒ္ဓသာသနာထွန်းလင်း တောက်ပခဲ့တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ယခုအချိန်မှာ ဒီနိုင်ငံတွေမှာ ဗုဒ္ဓဘာသာတွေ ပျောက်ပြီး ဘယ်ဘာသာတွေ ရောက်နေကြတယ်ဆိုတာ သတိထားမိကြရင် ဘာသာပျောက်မယ့် အန္တရာယ်ဟာလည်း တဖြည်းဖြည်း နီးကပ်လာပြီဆိုတာ ဆင်ခြင်မိကြဖို့ ကောင်းပါတယ်။

မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာဟာ မြန်မာလူမျိုးတွေ အပေါ်မှာတည်ပါတယ်။တခြားဘာသာ တခြားလူမျိုးတွေ အပေါ်မှာမတည်ပါဘူး။ နောက်ပြီး ဘုရားကျောင်းကန်၊ စေတီပုထိုး၊ စာအုပ်စာပေစတဲ့ နေရာတွေထဲမှာလည်း မတည်ပါဘူး။ ထင်ရှားတဲ့ သာဓကတစ်ခုကို ထုတ်ပြရမယ်ဆိုရင် အင်ဒီနီးရှားနိုင်ငံမှာ “ဗောဓောဗုဓု”စေတီတော်ကြီး ဆိုတာ ရှိပါတယ်။
အခု အဲဒီစေတီတော်ကြီးဟာ ရှေးဟောင်းပြယုတ်တစ်ခု အဖြစ်သာ တည်ရှိတော့ပြီး ကိုးကွယ်သူမဲ့နေပါတယ်။ သူတို့ နိုင်ငံက အခြားဘာသာဝင်တွေ အနေဖြင့်လည်း ဒီစေတီတော်ကြီးကို အုတ်ပုံအဖြစ်သာ ရှုမြင်ပြီး အတွဲတွေထိုင်၊ ဖိနပ်တွေစီး လုပ်နေကြပါတယ်။ အဲဒီလို မရိုမသေလုပ်နေကြပေမယ့်လည်း စေတီတော်ကြီးကတော့ ဘာမှ မတတ်နိုင်ဘဲ ဒီအတိုင်း ငုတ်တုတ်ပါပဲ။
ယနေ့ မြန်မာနိုင်ငံမှာရှိတဲ့ စေတီပုထိုး၊ ကျောင်းကန်ဇရပ် တန်ဆောင်းတွေမှာ ရွှေရောင်၊ ငွေရောင်တွေ တဖိတ်ဖိတ် တလက်လက်နဲ့ အရောက် တောက်နေတာတွေဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေက ပြုပြင် ထိန်သိမ်း စောင့်ရှောက် နေကြလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ များများရှိဖို့ လိုပါတယ်။ ဗုဒ္ဓဘာသာတွေ များများ ရှိမှလည်း စေတီပုထိုး၊ ကျောင်းကန် ဇရပ်၊ တန်ဆောင်း တွေမှာလည်း ဒီထက်မက အရောက် တောက်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေ တဖြည်းဖြည်း လျော့ပါးသွားလေ စေတီပုထိုး၊ ကျောင်းကန်၊ ဇရပ်၊ တန်ဆောင်းတွေ မှာလည်း တဖြည်းဖြည်း အရောင်မှိန်လာလေ ဖြစ်မှာပါပဲ။

"ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ မျိုးရိုး စဉ်ဆက် ကတည်းက ရိုးသား ဖြူစင်ပြီး ပွင့်လင်းကြပါတယ်။ နောက်ပြီး အေးအေးဆေးဆေး နေတတ်ကြတယ်။ အမှုမဲ့ အမှတ်မဲ့ နေတတ်ကြတယ်။ လူတစ်ဖက်သားကိုလည်း သနားကြင်နာ ပိုတတ်ကြပါတယ်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေး တန်းတူကူညီ ဆက်ဆံတတ်ကြပြီး သူတစ်ပါးတွေရဲ့ အခွင့်အရေး များကိုလည်း ထိပါးနှောင့်ယှက်မှု မပြုတတ်ကြပါဘူး"။

ဒါဟာ ချစ်စရာကောင်းတဲ့ မြန်မာ့ဓလေ့ပဲဖြစ်ပါတယ်။ ဒါပေမယ့် အရာရာမှာ ရိုးသား ဖြူစင်လွန်းရင်လည်း မကောင်းပါဘူး။ ရိုးလွန်းရင်လည်း အ သွားတတ်ပါတယ်။ ဖြူစင်လွန်းရင်လည်း ညစ်ပေလွယ်တတ်ပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ အားနာတတ်တဲ့ နေရာမှာလည်း နှစ်ယောက်မရှိပါဘူး။ အားနာရင် ခါးပါတတ်တယ် ဆိုတာ သိထားသင့်ပါတယ်။

ယခုအခါ မြန်မာတစ်မျိုးသားလုံးရဲ့ အမျိုးသားရေး အန္တရာယ်၊ ဘာသာရေးအန္တရယ်ဟာ တစ်နေ့တစ်ခြား ပိုမို ကြီးထွားလာနေတာကို မေ့လျော့ ပေါ့ဆနေလို့ မဖြစ်ပါဘူး။ “ထိပ်ချမှ ဓားပြမှန်းသိ”ကြမယ်ဆိုရင်တော့ အမှားနောင်တ တသသဖြစ်ရတော့မှာ သေချာမလွဲ အမှန်ဧကန်ပါပဲ။ ဒါကြောင့်မို့ နေရာတကာမှာ ရိုးရိုးအအနဲ့ အမှုမဲ့ အမှတ်မဲ့ မနေကြဘဲ အလေးအနက် ထားစေချင်ပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာရှိတဲ့ ထေရဝါဒနိုင်ငံတွေထဲမှာ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓဆိုတဲ့ သာသနာသုံးရပ် စည်ပင်ထွန်းကား ပြန့်ပွားရာ ဘူမိနက်သန်နေရာမှန် တစ်ခု ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓရဲ့ သာသနာတော်ဟာ ပထမမြန်မာနိုင်ငံလို့ခေါ်တဲ့ ဘုရင့်နောင်မင်း တရားခေတ်၊ တတိယမြန်မာနိုင်ငံလို့ခေါ်တဲ့ ဦးအောင်ဇေယျခေတ်တိုင် အောင် ယနေ့အချိန်ထိ နေလိုလို ထွန်းလင်းတောက်ပခဲ့ပါတယ်။

ယခုအခါ “ဆွမ်းဆန်ထဲ ကြွက်ချးရော”ဆိုတဲ့ စကားလို လူမျိုးခြား ဘာသာခြားတွေဟာ ဘာသာရေး အသိစိတ်ဓာတ် ခေါင်းပါးပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မသိနားမလည်တဲ့ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတွေကို စီးပွါး ရေးကို မက်လုံးပေးပြီး ရောင်စုံမျက်နှာနဲ့ သူတို့လူမျိုး၊ သူတို့ဘာသာထဲ သွတ်သွင်းနေကြပါတယ်။ ဒီလို အမျိုးဘာသာကို ပျက်စီးဆုံးရှုံးစေမယ့် လုပ်ရပ်တွေကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အနေနဲ့ ရိုးလွန်းအလွန်းပြီး အမှုမဲ့ အမှတ်မဲ့ မနေသင့်ပါဘူး။
ယခုကဲ့သို့ သွေးအေးအေးနဲ့ အမှုမဲ့အမှတ်မဲ့ နေသွားကြမယ်ဆိုရင် မိမိတို့ရဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေနှင့် တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရားယဉ်ကျေးမှုတွေ ပျက်စီးဆုံးရှုံး သွားနိုင်ပါတယ်။ မိမိုတို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို မိမိတို့ကိုယ်တိုင်ပဲ ထိန်းသိမ်းစောင့်ရှောက်နိုင်မှ ရနိုင်ပါတယ်။ တစ်ခြား လူမျိုး တစ်ခြား ဘာသာတွေက ထိန်းသိမ်းစောင့်ရှောက် ပေးတယ်ဆိုတာ ထုံးစံလည်း မရှိသလို ရာဇဝင်များလည်း မရှိခဲ့ပါဘူး။

ဒါကြောင့်မို့ မြန်မာလူမျိုးတွေ တည်တံ့ဖို့လိုပါတယ်။ မြန်မာလူမျိုးတွေ တည်တဲ့မှလည်း ဗုဒ္ဓဘာသာတည်တံ့မှာ ဖြစ်သလို ဗုဒ္ဓဘာသာ တည်တဲ့မှလည်း မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ တည်တံ့နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုပါပဲ။ မြန်မာ ရိုးရာ ယဉ်ကျေးမှုတွေ တည်တဲ့မှလည်း မြန်မာလူမျိုးနှင့် မြန်မာနိုင်ငံဟာ တည်တံ့နိုင်ပါတယ်။
မြန်မာလူမျိုးနှင့် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာနှင့် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာနိုင်ငံဟာ အဲသည်လို တစ်ခုနဲ့ တစ်ခု ဆက်စပ်မှုတွေ ရှိနေပါတယ်။ ဘယ်လောက်ထိ ဆက်စပ်မှုတွေ ရှိနေသလဲဆိုရင် နွားနို့နှင့် ရေ ဆိုတာ ခွဲခြားလို့ မရနိုင်လောက်အောင် ရှိသလိုပဲ ဆက်စပ်မှုတွေက ရှိနေပါတယ်။

ယနေ့မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ ရောက်လာတဲ့အခါ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို လိုက်ပြပါ ဆိုရင် ပုဂံဒေသကိုပဲ သွားရောက်ပြသပေးရပါတယ်။ ဘာလို့ ပုဂံ ဒေသကို သွားရောက်ပြသပေးရတာလဲဆို ရင် ပုဂံဒေသမှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေ စုဝေးတည်ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒီမြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေကပဲ ရှေးအစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက် နိုင်ခဲ့လို့သာ ယခုလို ပြသနိုင်တာဖြစ်ပါတယ်။ တကယ်လို့သာ မြန်မာနိုင်ငံမှာ အခြားဘာသာတရားတွေ လွမ်းမိုးသွားမယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာ့အကြီးဆုံး ဗောဓော ဗုဓုစေတီတော်ကြီးလို အုတ်ပုံအဖြစ်နဲ့ပဲ ဇာတ်သိမ်းသွားနိုင်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာလည်း ၂၀၀၁ ခုနှစ် နှစ်ဦးပိုင်းတုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုကို လည်း အမြဲတမ်းပဲ အမှတ်ရနေစေချင်ပါတယ်။ အဲဒီနိုင်ငံမှာ အိုစမာဘင်လာဒင်နှင့် တာလီဘန်ခေါင်းဆောင်တဲ့ အစိုးရ အဖွဲ့ဟာ သူတို့ဘာသာနှင့် မညီညွတ်ဘူးဆိုပြီး အမြောက်တွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖျက်ဆီးပစ်လိုက်ပါတယ်။ ဒီဖြစ် ရပ်ဟာ ဘာမှ မကြာသေးလို့ အားလုံးသိပြီးဖြစ်ပါတယ်။

တကယ်လို့သာ အဲဒီနိုင်ငံမှာ ဗုဒ္ဓဘာသာမျိုးဆက်သစ်တွေ ဆက်လက် တည်တံ့နေခဲ့မယ် ဆိုရင် ကျောက် တောင် ကျောက်သားတွေကို ထွင်းထုထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီး နှစ်ဆူဟာဘယ်လို အကြောင်းကြောင့်တွေနဲ့မှ မြေခကြွေကျစရာအကြောင်းမရှိပါဘူး
အခုတော့ အဲဒီနိုင်ငံမှာ ဗုဒ္ဓဘာသာရဟန်းတော်များနှင့်တကွ ဗုဒ္ဓဘာသာမျိုးဆက်သစ်တွေ ဘယ်ရောက်သွား ကြကုန်တာလဲ။ ဗုဒ္ဓသာသနာတော်ကြီး ဘာလို့ ကွယ်ခဲ့ရသလဲ၊ ရဟန်းတော်တို့ စာပေမသင်ကြားကြလို့လား၊ ဘုရားရှင်ရဲ့ တရားတော်တွေကို လေ့လာအားထုတ်မှု မရှိကြလို့လား၊ အစာရေစာ ရှားပါးကြလို့လား၊ အနာရောဂါ ဘေးဆိုးကြောင့်လား၊ ထေရဝါဒ မဟာယာနဂိုဏ်းဂဏ ကွဲပြားသွားကြလို့လား။

အထက်ပါအကြောင်းအရာတွေကြောင့် မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ သမိုင်းဆိုတာ လိမ်လို့မရ၊ ညာလို့မရ၊ ဖုံးကွယ်လို့ မရပါဘူး။ သမိုင်းကြောင်း အထောက်အထားနှင့် ခိုင်ခိုင် မာမာ ပြည့်ပြည့်စုံစုံ ရေးပြမယ်ဆိုရင် တော်တော်ကိုပဲ ထိတ်လန့် ခြောက်ခြားဖွယ်၊ အော့နှလုံးနာဖွယ် ရင်နာဖွယ်ရာကောင်းလှပါသည်။

ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ သာသနာနှစ်ငါးထောင် တည်မယ်ဆိုတဲ့ စကားကို လှေနံဓားထစ် မှတ်ထားကြပြီး အေးအေးဆေးဆေး ကြောင့်ကြမဲ့ နေကြပါတယ်။ တွေးတော ဆင်ခြင်မှုလည်း မရှိသလို လေ့လာစုံစမ်း မှုလည်း မရှိဘဲ ကမ်းကုန်အောင် အ ကြ၊ န ကြသည်မှာ စိတ်ညစ်စရာကောင်းလှပါတယ်။

အချို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဆိုရင် မိမိတို့ရဲ့ မြန်မာသမီးပျိုလေး လူမျိုးခြား ဘာသာခြားနဲ့ တွဲသွားတွဲလာ လုပ်တာတောင် ဗြဟ္မစိုရ်တရား လက်ကိုင်ထားတော့မလို၊ လူမှုရေးရှုထောင့်က ကြည့်တော့မလို စီးပွားရေး ရှုထောင့်က ကြည့်တော့မလို၊ ဟိုလိုလို ဒီလိုလိုနဲ့သာ အချိန်တွေကုန်ပြီး ဦးတည်ချက်ကင်းကွာနေသော အနာဂတ်ခရီးကို စမ်းတဝါးဝါးနဲ့ လျှောက်လှမ်းရင်းခြင့် မိမိတို့သားသမီးများ၊ အမျိုးပျက်ဘဝရောက်ရတဲ့အထိ ဖြစ်ကြရပါတယ်။

အချို့မြန်မာအမျိုးသမီးများအနေဖြင့်လည်း လူမျိုးမျက်နှာ၊ ဘာသာမျက်နှာကို မထောက်ဘဲ လူမျိုးခြား၊ ဘာသာ ခြား စကားတွေရဲ့ စကားကို ယုံပြီး စေတနာဗလပွနဲ့ မိမိရဲ့ ခန္ဓာကိုယ်ကိုပါ ပုံအပ်လိုက်ကြတာဟာလည်း တော်တော်ကိုပဲ အသိတရားခေါင်းပါးလွန်းလှပါတယ်။ အားနာတတ်လိုက်ကြတာကလည်း ကလေးဆယ်ယောက် အဖေခေါ်စရာ မရှိလောက်အောင်ပါပဲ။ အဲသည်လိုသာ ရှေ့ဆက်ပြီး အနားနေကြဦးမယ်ဆိုရင်တော့ “အားနာတက်တာ အရာရာ မကြာပျက်စီးကြောင်း"ဆိုတဲ့ စကားလို လူမျိုးခြား ဘာသာခြားကို အားနာတဲ့ မိန်းကလေးဟာ မကြာခင်မှာပဲ အမျိုးပျက်ဘဝ ဘာသာပျက်ဘဝ ရောက်ရတော့မှာ အမှန်မလွဲ မုချဧကန်ပဲ ဖြစ်ရပါတော့မယ်။
ဒါကြောင့်မို့ ရဟန်းသံဃာတော်များနှင့် ဗုဒ္ဓဘာသာမိဘများအနေနဲ့ မိမိတို့ရဲ့ အနာဂတ်မျိုးဆက်သစ် ရင်သွေးငယ်များကို ဗုဒ္ဓရဲ့ ဘာသာရေး အခြေခံသဘောတရားများ၊ ယဉ်ကျေးမှုစရိုက် လက္ခဏာများနှင့် အမျိုးသားရေး စိတ်ဓတ်ာများကို သွန်သင်ဆုံးမ နားချပေးဖို့ လိုအပ်ပါတယ်။ သို့မှသာ ဘာသာရေးစိတ်ဓာတ်နှင့် အမျိုးသားရေး စိတ်ဓာတ်များ ပြည့်ဝ ခိုင်မာမှာ ဖြစ်ပါတယ်။
တကယ်လို့ အနာဂတ်မျိုးဆက်သစ်လေးများ အမျိုးသားရေး စိတ်ဓာတ်နှင့် ဘာသာရေး စိတ်ဓာတ်မခိုင်မာပါက ရေမပြည့်တဲ့ အိုးလို ဘောင်ဘင်ခတ်ကာ မျိုးရိုးဗီဇကို ခြေကန်ပြီး အမိမြန်မာ တည်းဟူသော ရေအိုးထဲမှာ မတည်ဘဲ ဘာသာခြားထဲကို ဖိတ်စင်ကာ အဟောသိကံ ဘဝဖြင့် ပျောက်ကွယ်သွားနိုင်ပါတယ်။

ဒါကြောင့်မို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေနဲ့ အမတ်ကြီး ဦးပေါ်ဦးပြောသလို “နောင်တော့မှ ဖြစ်ချင်ရာဖြစ်ပေါ့ဗျာ” ဆိုတဲ့ သဘောမျိုးမထားဘဲ အကြောင်းအခြင်းအရာအားလုံးကို ထောက်ရှု၍ နိုးနိုးကြားကြားရှိကြဖို့ အချိန်တန်ပါပြီ။ အသိတစ်လုံးဟာ အလွန်ပဲ အရေးကြီးလှပါတယ်။ မသိခင်မှာ အမှားလုပ်မိကြပေမယ့် အသိရတဲ့ အချိန်မှာတော့ အမျိုးပျက်ဘဝ ဘာသာပျက်ဘဝမှ ကင်းဝေးရအောင် ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာဆောင်ပြီး အမျိုးဘာသာ အကျိုးအဆက်တိုးလို့ သယ်ပိုး နိုင်ကြပါစေလို့ ဆန္ဒပြုရင်း။
 
ဖိုးပညော(သပိတ်ကျင်း)
 
စာဖတ်သူအားလုံးသက်ရှည် ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
 
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment