Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Sunday, May 5, 2013

ကမ္ဘာတည်သ၍ မြန်မာဟေ့....

ကမ္ဘာတည်သ၍ မြန်မာဟေ့....

**********************



ယနေ့ ဒီခါ၊ ပြည်မြန်မာမှ

မြန်ပြည်သားတို့..



တို့ပြည် ဘာသာ၊ သာသနာနှင့်

တို့လူမျိုးတို့၊ ကမ္ဘာတည်သ၍

တည်တံ့ဖို့ရာ..



သူသူငါသို့၊ ဝေဖန်ထောက်ပြ

မုန်းမာန်ပွားလို့၊ ဖြစ်သင့်တော့ပေ။



ယနေ့ ဒီချိန်၊ မြန်ပြည်တွင်ကား

တို့ တိုင်းရင်းသား၊ သွေးချင်းများသို့



တိုင်းပြည် လူမျိုး၊ မပျောက်ရအောင်..

ထိန်းသိမ်းကာကွယ်၊ စောင့်ရှောက်သင့်ပြီ။



ယနေ့ ခုချိန်၊ တို့မြန်ပြည်ကား

တို့မျိုး၊ ဘာသာ၊ သာသနာတို့အား

အဓွန့်ကြာရှည်၊ တည်တံ့လေအာင်..



ပြည်သူအများ၊ သွေးချင်းများနှင့်

ညီညာပေါင်းစု၊ ကာကွယ်သင့်ပြီမို့..



အို.. ထလော့၊ မြန်မာ

ပြည်သူ၊ ပြည်သား ညီအစ်ကိုများသို့..



တစ်ယောက်အားနှင့် မရသော်ငြား..

အသောင်းအားနှင့် ကာကွယ်ကြလော့..

အသောင်းအားနှင့် မလုံလောက်က

အသိန်းအားနှင့် စောင့်ရှောက်ကြလော့..



တို့ ဘိုး၊ တို့ ဘွားလက်ထက်ကတည်းက

ဂုဏ်မငယ်ခဲ့သည့်၊ တို့မြန်ပြည်အား..

တို့တွေလက်မှ နောင်လာသွေးသစ်..

ရင်သွေးငယ်သို့..

လက်ဆင့်အမွေ၊ ပေးဝေနိုင်အောင်..



တို့များ မြန်ပြည်၊ တူညီကာကွယ် စောင့်ရှောက်ကြစို့..



တို့များ လူမျိုး မပပျောက်ဖို့၊ တူညီကာကွယ် ထိန်းသိမ်းကြစို့..



တို့များ ဘာသာ မတိမ်ကောဖို့၊ တူညီကာကွယ် လုံ့လပြုစို့...။ ။



ကိုမျိုး

**********************
ယနေ့ ဒီခါ၊ ပြည်မြန်မာမှ
မြန်ပြည်သားတို့..
...
တို့ပြည် ဘာသာ၊ သာသနာနှင့်
တို့လူမျိုးတို့၊ ကမ္ဘာတည်သ၍
တည်တံ့ဖို့ရာ..

သူသူငါသို့၊ ဝေဖန်ထောက်ပြ
မုန်းမာန်ပွားလို့၊ ဖြစ်သင့်တော့ပေ။

ယနေ့ ဒီချိန်၊ မြန်ပြည်တွင်ကား
တို့ တိုင်းရင်းသား၊ သွေးချင်းများသို့

တိုင်းပြည် လူမျိုး၊ မပျောက်ရအောင်..
ထိန်းသိမ်းကာကွယ်၊ စောင့်ရှောက်သင့်ပြီ။

ယနေ့ ခုချိန်၊ တို့မြန်ပြည်ကား
တို့မျိုး၊ ဘာသာ၊ သာသနာတို့အား
အဓွန့်ကြာရှည်၊ တည်တံ့လေအာင်..

ပြည်သူအများ၊ သွေးချင်းများနှင့်
ညီညာပေါင်းစု၊ ကာကွယ်သင့်ပြီမို့..

အို.. ထလော့၊ မြန်မာ
ပြည်သူ၊ ပြည်သား ညီအစ်ကိုများသို့..

တစ်ယောက်အားနှင့် မရသော်ငြား..
အသောင်းအားနှင့် ကာကွယ်ကြလော့..
အသောင်းအားနှင့် မလုံလောက်က
အသိန်းအားနှင့် စောင့်ရှောက်ကြလော့..

တို့ ဘိုး၊ တို့ ဘွားလက်ထက်ကတည်းက
ဂုဏ်မငယ်ခဲ့သည့်၊ တို့မြန်ပြည်အား..
တို့တွေလက်မှ နောင်လာသွေးသစ်..
ရင်သွေးငယ်သို့..
လက်ဆင့်အမွေ၊ ပေးဝေနိုင်အောင်..

တို့များ မြန်ပြည်၊ တူညီကာကွယ် စောင့်ရှောက်ကြစို့..

တို့များ လူမျိုး မပပျောက်ဖို့၊ တူညီကာကွယ် ထိန်းသိမ်းကြစို့..

တို့များ ဘာသာ မတိမ်ကောဖို့၊ တူညီကာကွယ် လုံ့လပြုစို့...။ ။


ကိုမျိုး

No comments:

Post a Comment